ပွဲကစားဖို့မရှိတော့တဲ့ စီရော်နယ်ဒိုပဲ ရွှေဖိနပ်ဆုရမလား…သူ့ကိုကျော်တက်မယ့်သူပေါ်လာမလား…

ပေါ်တူဂီအသင်းဟာ ယူရို ၂၀၂၀ ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီဖြစ်ပေမယ့် အသင်းခေါင်းဆောင် စီရော်နယ်ဒိုကတော့ ဂိုးသွင်းဖြစ်ဖို့ အခွင့်အရေးရှိနေဆဲဖြစ်ပါတယ်။
ယူရိုပြိုင်ပွဲက ကွာတားဖိုင်နယ်အဆင့် ရောက်လာတဲ့အချိန်မှာ စီရော်နယ်ဒိုက ၅ဂိုးနဲ့ ဂိုးသွင်းအများဆုံးအဖြစ် ရပ်တည်နေဆဲဖြစ်ပြီး အနီးကပ်ဆုံးပြိုင်ဘက်ကို ၁ဂိုးအသာရနေပါတယ်။


စီရော်နယ်ဒိုဟာ ဘယ်လ်ဂျီယံကို ၁-၀ ဂီုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ ယခုပြိုင်ပွဲတစ်လျှောက် တစ်ပွဲတည်းသောဂိုးပေါက်ပျောက်မှုနဲ့ ရင်ဆိုင်ရခဲ့ပြီးနောက် လက်ရွေးစင်ဂိုးသွင်းအများဆုံးကစားသမားအဖြစ် တစ်ဦးတည်းရပ်တည်နိုင်မယ့်အခွင့်အရေးလည်း အနည်းဆုံးလပိုင်းလောက်တော့ စောင့်ရဦးမှာဖြစ်ပါတယ်။


အသက် ၃၆ နှစ်အရွယ်ရှိ စီရော်နယ်ဒိုဟာ ပြင်သစ်နဲ့ ၂-၂ ဂိုးသရေကျခဲ့တဲ့အုပ်စုပွဲမှာ သူ့အတွက် ၁၀၈ဂိုးနဲ့ ၁၀၉ ဂိုးမြောက်ဂိုးတွေ သွင်းယူနိုင်ခဲ့ပြီးနောက် အီရန်ဂန္ထဝင်အလီဒါယီရဲ့စံချိန်ကို လိုက်မီခဲ့တာပါ။
ဒါပေမဲ့ စီရော်နယ်ဒိုဟာ ဘယ်လ်ဂျီယံနဲ့ပွဲမှာ အဆိုပါအခွင့်အရေးလက်လွှတ်လိုက်ရပြီးနောက် အနည်းဆုံး စက်တင်ဘာလအထိ စောင့်ရတော့မှာဖြစ်ပြီး အဲဒီမှာ ပေါ်တူဂီက ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် အိုင်ယာလန်နဲ့ ရင်ဆိုင်ရမှာပါ။


ယူရိုမှာ ပြိုင်ပွဲဝင်အသင်းအရေအတွက်ကို ၁၆သင်းကနေ ၂၄အသင်းထိ တိုးချဲ့လိုက်တဲ့ ၁၉၈၄ နောက်ပိုင်း ယူရို ၂၀၁၆ ကလွဲလို့ ကျန်ပြိုင်ပွဲတွေမှာ ၅ဂိုးနဲ့ ဂိုးသွင်းဘုရင်ဖြစ်ခဲ့ကြတာမို့လို့ စီရော်နယ်ဒိုအတွက် မျှော်လင့်ချက်ရှိနေပါတယ်။
ယူရို ၂၀၁၆ မှာတော့ ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းက ၆ဂိုးနဲ့ ဂိုးသွင်းဘုရင်ဖြစ်ခဲ့ပြီး ယခုအခါ ပြင်သစ်လည်း ထွက်ခဲ့ရပြီဖြစ်လို့ ၄ဂိုးသွင်းထားတဲ့ တိုက်စစ်မှူး ဘန်ဇီးမားလည်း မျှော်လင့်ချက်အဆုံးသတ်သွားပါတယ်။


ပြီးခဲ့တဲ့ရာသီက ကလပ်အသင်းဖြစ်တဲ့ ဘိုင်ယန်နဲ့အတူ ဂိုးမြူးခဲ့တဲ့ ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးလည်း အုပ်စုတွင်းမှာ ၃ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် အသင်းက ထွက်ခဲ့ရပြီးဖြစ်လို့ သူလည်း မျှော်လင့်ခွင့်မရှိတော့ပါဘူး။
စီရော်နယ်ဒိုရဲ့အနီးကပ်ဆုံးပြိုင်ဘက်အဖြစ် ရပ်တည်နေတာက ၄ဂိုးသွင်းထားတဲ့ ချက်တိုက်စစ်မှူး ပက်ထရစ်ရှစ်ခ်ဖြစ်ပြီး ချက်ကလည်း ကွာတားဖိုင်နယ်မှာ ဒိန်းမတ်နဲ့ရင်ဆိုင်ရမှာမို့လို့ ပက်ထရစ်ရှစ်ခ် ဂိုးသွင်းနိုင်ဖို့ မျှော်လင့်ချက်ရှိနေပါတယ်။


ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူက ၃ဂိုးပဲသွင်းယူထားပေမယ့် ဂိုးသွင်းဘုရင်ဖြစ်ဖို့ ရေပန်းစားမှုမှာ စီရော်နယိဒိုရဲ့အနောက်မှာ ရပ်တည်နေပြီး ဘယ်လ်ဂျီယံက အီတလီနဲ့ ကွာတားဖိုင်နယ်ပွဲကစားရမှာဖြစ်ပါတယ်။

တကယ်လို့ သွင်းဂိုးအရေအတွက်တူနေရင်တော့ ယူအီးအက်ဖ်အေက ဂိုးဖန်တီးမှုပိုများသူကို ဦးစားပေးမှာဖြစ်သလို အဲဒီမှာပါ လိုက်တူနေရင် ပွဲကစားချိန်ပိုနည်းသူကို ရွေးချယ်မှာဖြစ်ကာ အဲဒီအထိ တူနေရင်တော့ ခြေစစ်ပွဲသွင်းဂိုးတွေနဲ့ ဆုံးဖြတ်မှာဖြစ်ပါတယ်။

Zawgyi
ပြဲကစားဖို႔မရွိေတာ့တဲ့ စီေရာ္နယ္ဒိုပဲ ေရႊဖိနပ္ဆုရမလား…သူ႕ကိုေက်ာ္တက္မယ့္သူေပၚလာမလား…
ေပၚတူဂီအသင္းဟာ ယူ႐ို ၂၀၂၀ ျပိဳင္ပြဲကေန ထြက္ခဲ့ရၿပီျဖစ္ေပမယ့္ အသင္းေခါင္းေဆာင္ စီေရာ္နယ္ဒိုကေတာ့ ဂိုးသြင္းျဖစ္ဖို႔ အခြင့္အေရးရွိေနဆဲျဖစ္ပါတယ္။
ယူ႐ိုၿပိဳင္ပြဲက ကြာတားဖိုုင္နယ္အဆင့္ ေရာက္လာတဲ့အခ်ိန္မွာ စီေရာ္နယ္ဒိုက ၅ဂိုးနဲ႔ ဂိုးသြင္းအမ်ားဆုံးအျဖစ္ ရပ္တည္ေနဆဲျဖစ္ၿပီး အနီးကပ္ဆုံးၿပိဳင္ဘက္ကို ၁ဂိုးအသာရေနပါတယ္။
စီေရာ္နယ္ဒိုဟာ ဘယ္လ္ဂ်ီယံကို ၁-၀ ဂီုးနဲ႔ အေရးနိမ့္ခဲ့တဲ့ပြဲမွာ ယခုၿပိဳင္ပြဲတစ္ေလွ်ာက္ တစ္ပြဲတည္းေသာဂိုးေပါက္ေပ်ာက္မႈနဲ႔ ရင္ဆိုင္ရခဲ့ၿပီးေနာက္ လက္ေရြးစင္ဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္ တစ္ဦးတည္းရပ္တည္ႏိုင္မယ့္အခြင့္အေရးလည္း အနည္းဆုံးလပိုင္းေလာက္ေတာ့ ေစာင့္ရဦးမွာျဖစ္ပါတယ္။
အသက္ ၃၆ ႏွစ္အရြယ္ရွိ စီေရာ္နယ္ဒိုဟာ ျပင္သစ္နဲ႔ ၂-၂ ဂိုးသေရက်ခဲ့တဲ့အုပ္စုပြဲမွာ သူ႕အတြက္ ၁၀၈ဂိုးနဲ႔ ၁၀၉ ဂိုးေျမာက္ဂိုးေတြ သြင္းယူႏိုင္ခဲ့ၿပီးေနာက္ အီရန္ဂႏၴ၀င္အလီဒါယီရဲ႕စံခ်ိန္ကို လိုက္မီခဲ့တာပါ။
ဒါေပမဲ့ စီေရာ္နယ္ဒိုဟာ ဘယ္လ္ဂ်ီယံနဲ႔ပြဲမွာ အဆိုပါအခြင့္အေရးလက္လႊတ္လိုက္ရၿပီးေနာက္ အနည္းဆုံး စက္တင္ဘာလအထိ ေစာင့္ရေတာ့မွာျဖစ္ၿပီး အဲဒီမွာ ေပၚတူဂီက ကမၻာ့ဖလားေျခစစ္ပြဲအျဖစ္ အိုင္ယာလန္နဲ႔ ရင္ဆိုင္ရမွာပါ။
ယူ႐ိုမွာ ၿပိဳင္ပြဲ၀င္အသင္းအေရအတြက္ကို ၁၆သင္းကေန ၂၄အသင္းထိ တိုးခ်ဲ႕လိုက္တဲ့ ၁၉၈၄ ေနာက္ပိုင္း ယူ႐ို ၂၀၁၆ ကလြဲလို႔ က်န္ၿပိဳင္ပြဲေတြမွာ ၅ဂိုးနဲ႔ ဂိုးသြင္းဘုရင္ျဖစ္ခဲ့ၾကတာမို႔လို႔ စီေရာ္နယ္ဒိုအတြက္ ေမွ်ာ္လင့္ခ်က္ရွိေနပါတယ္။
ယူ႐ို ၂၀၁၆ မွာေတာ့ ျပင္သစ္တိုက္စစ္မွဴး ဂရစ္ဇ္မန္းက ၆ဂိုးနဲ႔ ဂိုးသြင္းဘုရင္ျဖစ္ခဲ့ၿပီး ယခုအခါ ျပင္သစ္လည္း ထြက္ခဲ့ရၿပီျဖစ္လို႔ ၄ဂိုးသြင္းထားတဲ့ တိုက္စစ္မွဴး ဘန္ဇီးမားလည္း ေမွ်ာ္လင့္ခ်က္အဆုံးသတ္သြားပါတယ္။
ၿပီးခဲ့တဲ့ရာသီက ကလပ္အသင္းျဖစ္တဲ့ ဘိုင္ယန္နဲ႔အတူ ဂိုးျမဴးခဲ့တဲ့ ပိုလန္တိုက္စစ္မွဴး လီ၀န္ေဒါစကီးလည္း အုပ္စုတြင္းမွာ ၃ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္ အသင္းက ထြက္ခဲ့ရၿပီးျဖစ္လို႔ သူလည္း ေမွ်ာ္လင့္ခြင့္မရွိေတာ့ပါဘူး။
စီေရာ္နယ္ဒိုရဲ႕အနီးကပ္ဆုံးၿပိဳင္ဘက္အျဖစ္ ရပ္တည္ေနတာက ၄ဂိုးသြင္းထားတဲ့ ခ်က္တိုက္စစ္မွဴး ပက္ထရစ္ရွစ္ခ္ျဖစ္ၿပီး ခ်က္ကလည္း ကြာတားဖိုင္နယ္မွာ ဒိန္းမတ္နဲ႔ရင္ဆိုင္ရမွာမို႔လို႔ ပက္ထရစ္ရွစ္ခ္ ဂိုးသြင္းႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ရွိေနပါတယ္။
ဘယ္လ္ဂ်ီယံတိုက္စစ္မွဴး လူကာကူက ၃ဂိုးပဲသြင္းယူထားေပမယ့္ ဂိုးသြင္းဘုရင္ျဖစ္ဖို႔ ေရပန္းစားမႈမွာ စီေရာ္နယ္ိဒိုရဲ႕အေနာက္မွာ ရပ္တည္ေနၿပီး ဘယ္လ္ဂ်ီယံက အီတလီနဲ႔ ကြာတားဖိုင္နယ္ပြဲကစားရမွာျဖစ္ပါတယ္။
တကယ္လို႔ သြင္းဂိုးအေရအတြက္တူေနရင္ေတာ့ ယူအီးအက္ဖ္ေအက ဂိုးဖန္တီးမႈပိုမ်ားသူကို ဦးစားေပးမွာျဖစ္သလို အဲဒီမွာပါ လိုက္တူေနရင္ ပြဲကစားခ်ိန္ပိုနည္းသူကို ေရြးခ်ယ္မွာျဖစ္ကာ အဲဒီအထိ တူေနရင္ေတာ့ ေျခစစ္ပြဲသြင္းဂိုးေတြနဲ႔ ဆုံးျဖတ္မွာျဖစ္ပါတယ္။