ပွဲကျပ်တွေ ပွဲဆက်များနေတဲ့အချိန်မှာ သူ့ရဲ့လူထုတ်ပုံက အလုပ်ဖြစ်တယ်လို့ ဆိုးလ်ရှားပြောကြား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချဲလ်ဆီးအသင်းနဲ့ပွဲမှာ ဆိုးလ်ရှားရဲ့ ပွဲထွက်စာရင်းကိုကြည့်ပြီး ပရိသတ်တွေက စိုးရိမ်မှု တွေ ရှိခဲ့ကြပေမယ့် ကာယကံရှင်ကတော့ သူ ရင်ဆိုင်ဖြတ်သန်းနေရတဲ့ ပွဲကျပ်ကာလ မှာ အကောင်းဆုံးလုပ်ဆောင်နေတယ်လို့ ယုံကြည်နေပါတယ်။

မန်ယူဟာ ၁၉၇၂ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အိမ်ကွင်း ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေခဲ့တာလည်း ဖြစ်ပါတယ်။

ချဲလ်ဆီးနဲ့ပွဲမှာ ဆိုးလ်ရှားဟာ ပေါ့ဂ် ဘာ၊ ဗန်ဒီဘိခ်၊ ကာဗာနီတို့ကို အရန်ခုံမှာထားခဲ့ပြီး မာတာ၊ ဒန်နီရယ်ဂျိမ်းစ်၊ ဖရက်ဒ်၊ တွန်မီနေး၊ ရက်ရှ်ဖို့ဒ်၊ မက်ဂွိုင်းယား၊ ဘစ်ဆာကာ၊ လင်ဒီလော့ဖ်၊ လုခ် ရှော၊ ဒီဂီယာတို့ကိုပွဲထုတ်ခဲ့ပြီး နယူးကာဆယ်နဲ့ပွဲတုန်းက ပုံစံမျိုးဖြစ်ခဲ့တာကြောင့် နယူးကာဆယ်ထက် ကစားသမားအင်အားအများကြီးတောင့်တင်းတဲ့ ချဲလ်ဆီးကို ဒီလိုမျိုး ပွဲထွက်လူစာရင်းကြောင့် စိုးရိမ်စရာဖြစ်နေတာပါ။

ဒါပေမဲ့လည်း Sky Sports ရုပ်သံဌာနကို ဆိုးလ်ရှားက “ချန်ပီယံလိဂ်ကစားခဲ့ကြရတဲ့ အသင်း ၂ သင်းရဲ့ပွဲပါ။ ပထမပိုင်းမှာ ကစားအားနည်းနည်းပဲပြနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ကျွန်တော်တို့ ပိုပြီးစိုးမိုးနိုင်ခဲ့ပါတယ်။

အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပြီး ချဲလ်ဆီးနောက်တန်းက တီယာဂိုဆေးလ်ဗားနဲ့ ဂိုးသမား မန်ဒီတို့ ဖျက်ထုတ်ကာ ကွယ်တာတွေကောင်းလွန်းတဲ့အတွက် ဂိုးမရခဲ့တာပါ။ ရက်ရှ်ဖို့ဒ်ကန်သွင်းတဲ့ တစ်လုံးဆိုရင် ဂိုးသွားပြီတောင်ထင်ခဲ့ရပေမယ့် မန်ဒီက အကောင်းဆုံးကာကွယ် သွားနိုင်ခဲ့ပါတယ်။

အကောင်းဆုံးအခွင့်အရေး အနည်းဆုံး ၂ ကြိမ်လောက် ကျွန် တော်တို့ ဖန်တီးနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဂိုးလည်းမပေးခဲ့ရပေမယ့် အိမ်ကွင်း ၂ ပွဲ ဆက်တိုက်ရှုံးနေတာကိုလည်း ရပ်တန့်နိုင်ခဲ့တာပါ။ ကျွန်တော်တို့ နိုင်ပွဲရယူချင် ပါတယ်။ ဒါပေမဲ့ ဒီပွဲမှာ အကောင်းဆုံးကစားပုံကိုပြသနိုင်ခဲ့တယ်လို့ ထင်တယ်။

ဒီ တစ်ပတ်ထဲမှာ ပွဲကျပ် ၃ ပွဲကစားခဲ့ရပြီး နယူးကာဆယ်နဲ့ ပီအက်စ်ဂျီကိုနိုင်ခဲ့သလို ၁ ပွဲသရေကျပြီး ရှုံးပွဲမရှိခဲ့တဲ့အတွက် အလုပ်ဖြစ်ခဲ့တယ်လို့ ပြောနိုင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဆိုးလ်ရှားဟာ ပွဲကျပ်ကာလမှာ အသင်းကို မထင်မှတ် တဲ့ လူထုတ်ပုံတွေပြုလုပ်နေပြီး သူ ပြုလုပ်ခဲ့တဲ့ ၃ ပွဲစလုံး ရှုံးပွဲမရှိခဲ့တာကြောင့် ရီ ယိုဖာဒီနန်၊ အီဗရာ၊ ဂယ်ရီနဗီးလ်တို့လို အသင်းဖော်ဟောင်းတွေက ထောက်ခံ စကားတွေပြောကြားခံထားရတဲ့သူပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပြဲက်ပ္ေတြ ပြဲဆက္မ်ားေနတဲ့အခ်ိန္မွာ သူ႕ရဲ႕လူထုတ္ပံုက အလုပ္ျဖစ္တယ္လို႔ ဆိုးလ္ရွားေျပာၾကား

ခ်ဲလ္ဆီးအသင္းနဲ႔ပြဲမွာ ဆိုးလ္ရွားရဲ႕ ပြဲထြက္စာရင္းကိုၾကည့္ၿပီး ပရိသတ္ေတြက စိုးရိမ္မႈ ေတြ ရွိခဲ့ၾကေပမယ့္ ကာယကံရွင္ကေတာ့ သူ ရင္ဆိုင္ျဖတ္သန္းေနရတဲ့ ပြဲက်ပ္ကာလ မွာ အေကာင္းဆံုးလုပ္ေဆာင္ေနတယ္လို႔ ယံုၾကည္ေနပါတယ္။

မန္ယူဟာ ၁၉၇၂ ေနာက္ပိုင္း ပထမဆံုးအႀကိမ္အျဖစ္ အိမ္ကြင္း ၃ ပြဲဆက္တိုက္ ႏိုင္ပြဲေပ်ာက္ဆံုးေနခဲ့တာလည္း ျဖစ္ပါတယ္။

ခ်ဲလ္ဆီးနဲ႔ပြဲမွာ ဆိုးလ္ရွားဟာ ေပါ့ဂ္ ဘာ၊ ဗန္ဒီဘိခ္၊ ကာဗာနီတို႔ကို အရန္ခံုမွာထားခဲ့ၿပီး မာတာ၊ ဒန္နီရယ္ဂ်ိမ္းစ္၊ ဖရက္ဒ္၊ တြန္မီေနး၊ ရက္ရွ္ဖို႔ဒ္၊ မက္ဂြိဳင္းယား၊ ဘစ္ဆာကာ၊ လင္ဒီေလာ့ဖ္၊ လုခ္ ေရွာ၊ ဒီဂီယာတို႔ကိုပြဲထုတ္ခဲ့ၿပီး နယူးကာဆယ္နဲ႔ပြဲတုန္းက ပံုစံမ်ဳိးျဖစ္ခဲ့တာေၾကာင့္ နယူးကာဆယ္ထက္ ကစားသမားအင္အားအမ်ားႀကီးေတာင့္တင္းတဲ့ ခ်ဲလ္ဆီးကို ဒီလိုမ်ဳိး ပြဲထြက္လူစာရင္းေၾကာင့္ စိုးရိမ္စရာျဖစ္ေနတာပါ။

ဒါေပမဲ့လည္း Sky Sports ရုပ္သံဌာနကို ဆိုးလ္ရွားက “ခ်န္ပီယံလိဂ္ကစားခဲ့ၾကရတဲ့ အသင္း ၂ သင္းရဲ႕ပြဲပါ။ ပထမပိုင္းမွာ ကစားအားနည္းနည္းပဲျပႏိုင္ခဲ့ေပမယ့္ ဒုတိယပိုင္းမွာ ကၽြန္ေတာ္တို႔ ပိုၿပီးစိုးမိုးႏိုင္ခဲ့ပါတယ္။
အခြင့္အေရးေတြလည္း ဖန္တီးႏိုင္ခဲ့ၿပီး ခ်ဲလ္ဆီးေနာက္တန္းက တီယာဂိုေဆးလ္ဗားနဲ႔ ဂိုးသမား မန္ဒီတို႔ ဖ်က္ထုတ္ကာ ကြယ္တာေတြေကာင္းလြန္းတဲ့အတြက္ ဂိုးမရခဲ့တာပါ။ ရက္ရွ္ဖို႔ဒ္ကန္သြင္းတဲ့ တစ္လံုးဆိုရင္ ဂိုးသြားၿပီေတာင္ထင္ခဲ့ရေပမယ့္ မန္ဒီက အေကာင္းဆံုးကာကြယ္ သြားႏိုင္ခဲ့ပါတယ္။
အေကာင္းဆံုးအခြင့္အေရး အနည္းဆံုး ၂ ႀကိမ္ေလာက္ ကၽြန္ ေတာ္တို႔ ဖန္တီးႏိုင္ခဲ့ပါတယ္။ ဒီပြဲမွာ ဂိုးလည္းမေပးခဲ့ရေပမယ့္ အိမ္ကြင္း ၂ ပြဲ ဆက္တုိက္ရႈံးေနတာကိုလည္း ရပ္တန္႔ႏိုင္ခဲ့တာပါ။ ကၽြန္ေတာ္တို႔ ႏိုင္ပြဲရယူခ်င္ ပါတယ္။ ဒါေပမဲ့ ဒီပြဲမွာ အေကာင္းဆံုးကစားပံုကိုျပသႏိုင္ခဲ့တယ္လုိ႔ ထင္တယ္။
ဒီ တစ္ပတ္ထဲမွာ ပြဲက်ပ္ ၃ ပြဲကစားခဲ့ရၿပီး နယူးကာဆယ္နဲ႔ ပီအက္စ္ဂ်ီကိုႏိုင္ခဲ့သလို ၁ ပြဲသေရက်ၿပီး ရံႈးပြဲမရွိခဲ့တဲ့အတြက္ အလုပ္ျဖစ္ခဲ့တယ္လုိ႔ ေျပာႏိုင္ပါတယ္” လို႔ ေျပာၾကားသြားခဲ့ပါတယ္။
ဆိုးလ္ရွားဟာ ပြဲက်ပ္ကာလမွာ အသင္းကို မထင္မွတ္ တဲ့ လူထုတ္ပံုေတြျပဳလုပ္ေနၿပီး သူ ျပဳလုပ္ခဲ့တဲ့ ၃ ပြဲစလံုး ရႈံးပြဲမရွိခဲ့တာေၾကာင့္ ရီ ယိုဖာဒီနန္၊ အီဗရာ၊ ဂယ္ရီနဗီးလ္တုိ႔လို အသင္းေဖာ္ေဟာင္းေတြက ေထာက္ခံ စကားေတြေျပာၾကားခံထားရတဲ့သူပါ။