ပွဲကြီးတိုးဖို့လိုတယ်လို့ မန်စီးတီးရှုံးပွဲအပြီးမှာ ဖာနန်ဒက်စ်ကို ဝေဖန်လိုက်တဲ့ ရွိုင်ကိန်း

မြို့ခံပြိုင်ဘက်မန်စီးတီးကိုရှုံးနိမ့်ခဲ့တဲ့ ကာရာဘောင်းဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ ခြေစွမ်းပြနိုင်ခြင်းမရှိတာနဲ့ပတ်သက်လို့ မန်ယူအသင်းခေါင်းဆောင်ဟောင်းရွိုင်ကိန်းဟာ ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်ကို ဝေဖန်လိုက်ပါတယ်။

အဲဒီပေါ်တူဂီသားကို အသင်းဂန္ထဝင်ဟောင်းဖြစ်သူ အဲရစ်ကန်တိုနာနဲ့ တစ်တန်းတစ်စားတည်း မသတ်မှတ်သင့်ကြောင်း ရွိုင်ကိန်းက အခိုင်အမာဆိုခဲ့တာပါ။

၂၀၂၀ ဇန်နဝါရီမှာ စပို့တင်းကနေ ရောက်လာခဲ့ပြီးနောက် မန်ယူအတွက် အရမ်းကိုအဓိကကျခဲ့တဲ့ဖာနန်ဒက်စ်ဟာ အဲဒီပွဲက မန်ယူကွင်းလယ်မှာ ပုံမှန်ခြေစွမ်းအောက်ရောက်နေခဲ့ပြီး မန်စီးတီးရဲ့စိုးမိုးနိုင်မှုအတွက် မန်ယူမှာ အဖြေမရှိခဲ့ပါဘူး။

ဖာနန်ဒက်စ်ဟာ သူ့ရဲ့ခြေစွမ်းပြနိုင်မှုကြောင့် မကြာခဏဆိုသလို ကန်တိုနာနဲ့နှိုင်းယှဉ်ခံရလေ့ရှိပေမယ့် အဲဒီပြင်သစ်အိုင်ကွန်နဲ့ နှိုင်းယှဉ်ခံရချင်တယ်ဆိုရင် ပွဲကြီးတိုးဖို့လိုတယ်လို့ ရွိုင်ကိန်းက အခိုင်အမာပြောခဲ့တာပါ။

”ဘောလုံးမှာ ဆုဖလားတွေရဖို့က မလွယ်ကူပါဘူး။ ဖာနန်ဒက်စ်ဟာ မကြာသေးခင်လတွေမှာ ချီးကျုးမှုတွေရရှိခဲ့ပြီး လူတွေကလည်း သူ့ကို ကန်တိုနာနဲ့နှိုင်းယှဉ်မှုတွေလုပ်ကြပါတယ်။ ဖာနန်ဒက်စ်ဟာ ဒီညမှာတော့ တကယ်ကိုဘာမှမလုပ်နိုင်ခဲ့ပါဘူး”လို့ ရွိုင်ကိန်းက ဆိုပါတယ်။

ဆက်လက်ပြီ ရွိုင်ကိန်းက”ထိပ်တန်းကစားသမားတွေဟာ ပွဲကြီးတိုးပါတယ်။ အဲဒါဟာ ကန်တိုနာလုပ်နေကျဖြစ်ပြီး ဆုဖလားတွေလည်း သိမ်းပိုက်နိုင်ခဲ့တာပါ။ ဒီအသင်းကတော့ နည်းနည်းလိုပါသေးတယ်”လို့ Sky Sports ရုပ်သံမှာ ပြောခဲ့ပါတယ်။

မန်ယူအတွက် ၄၆ ပွဲတည်းမှာတင် ၂၇ ဂိုးသွင်း၊ ၁၇ ဂိုးဖန်တီးနိုင်ခဲ့တဲ့ ဖာနန်ဒက်စ်ဟာ အိုးလ်ထရက်ဖို့ဒ်က အဲဒီပွဲမှာ ဘောလုံးအလွယ်တကူဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။

မန်ယူအနေနဲ့လည်း နည်းပြဆိုးလ်ရှားလက်ထက် ကစားရတဲ့ ဆီမီးဖိုင်နယ် ၄ ပွဲစလုံးကို အရှုံးနဲ့ပဲ အဆုံးသတ်ခဲ့ရတာပါ။

Zawgyi

ပြဲႀကီးတုိးဖုိ႔လိုတယ္လုိ႔ မန္စီးတီးရႈံးပြဲအၿပီးမွာ ဖာနန္ဒက္စ္ကို ေ၀ဖန္လိုက္တဲ့ ရြိဳင္ကိန္း

ၿမိဳ႕ခံၿပိဳင္ဘက္မန္စီးတီးကိုရႈံးနိမ့္ခဲ့တဲ့ ကာရာေဘာင္းဖလားဆီမီးဖိုင္နယ္ပြဲစဥ္မွာ ေျခစြမ္းျပႏိုင္ျခင္းမရွိတာနဲ႔ပတ္သက္လို႔ မန္ယူအသင္းေခါင္းေဆာင္ေဟာင္းရြိဳင္ကိန္းဟာ ကြင္းလယ္လူဘရူႏိုဖာနန္ဒက္စ္ကို ေ၀ဖန္လိုက္ပါတယ္။

အဲဒီေပၚတူဂီသားကို အသင္းဂႏၳ၀င္ေဟာင္းျဖစ္သူ အဲရစ္ကန္တိုနာနဲ႔ တစ္တန္းတစ္စားတည္း မသတ္မွတ္သင့္ေၾကာင္း ရြိဳင္ကိန္းက အခိုင္အမာဆုိခဲ့တာပါ။

၂၀၂၀ ဇန္န၀ါရီမွာ စပို႔တင္းကေန ေရာက္လာခဲ့ၿပီးေနာက္ မန္ယူအတြက္ အရမ္းကိုအဓိကက်ခဲ့တဲ့ဖာနန္ဒက္စ္ဟာ အဲဒီပြဲက မန္ယူကြင္းလယ္မွာ ပုံမွန္ေျခစြမ္းေအာက္ေရာက္ေနခဲ့ၿပီး မန္စီးတီးရဲ႕စိုးမိုးႏိုင္မႈအတြက္ မန္ယူမွာ အေျဖမရွိခဲ့ပါဘူး။

ဖာနန္ဒက္စ္ဟာ သူ႔ရဲ႕ေျခစြမ္းျပႏိုင္မႈေၾကာင့္ မၾကာခဏဆုိသလို ကန္တိုနာနဲ႔ႏႈိင္းယွဥ္ခံရေလ့ရွိေပမယ့္ အဲဒီျပင္သစ္အိုင္ကြန္နဲ႔ ႏႈိင္းယွဥ္ခံရခ်င္တယ္ဆုိရင္ ပြဲႀကီးတိုးဖုိ႔လိုတယ္လုိ႔ ရြိဳင္ကိန္းက အခုိင္အမာေျပာခဲ့တာပါ။

”ေဘာလုံးမွာ ဆုဖလားေတြရဖုိ႔က မလြယ္ကူပါဘူး။ ဖာနန္ဒက္စ္ဟာ မၾကာေသးခင္လေတြမွာ ခ်ီးက်ဳးမႈေတြရရွိခဲ့ၿပီး လူေတြကလည္း သူ႔ကို ကန္တိုနာနဲ႔ႏႈိုင္းယွဥ္မႈေတြလုပ္ၾကပါတယ္။ ဖာနန္ဒက္စ္ဟာ ဒီညမွာေတာ့ တကယ္ကိုဘာမွမလုပ္ႏိုင္ခဲ့ပါဘူး”လို႔ ရြိဳင္ကိန္းက ဆိုပါတယ္။

ဆက္လက္ၿပီ ရြိဳင္ကိန္းက”ထိပ္တန္းကစားသမားေတြဟာ ပြဲႀကီးတိုးပါတယ္။ အဲဒါဟာ ကန္တိုနာလုပ္ေနက်ျဖစ္ၿပီး ဆုဖလားေတြလည္း သိမ္းပိုက္ႏိုင္ခဲ့တာပါ။ ဒီအသင္းကေတာ့ နည္းနည္းလိုပါေသးတယ္”လုိ႔ Sky Sports ရုပ္သံမွာ ေျပာခဲ့ပါတယ္။

မန္ယူအတြက္ ၄၆ ပြဲတည္းမွာတင္ ၂၇ ဂိုးသြင္း၊ ၁၇ ဂိုးဖန္တီးႏိုင္ခဲ့တဲ့ ဖာနန္ဒက္စ္ဟာ အိုးလ္ထရက္ဖို႔ဒ္က အဲဒီပြဲမွာ ေဘာလံုးအလြယ္တကူဆုံးရႈံးမႈေတြ ရွိခဲ့ပါတယ္။

မန္ယူအေနနဲ႔လည္း နည္းျပဆိုးလ္ရွားလက္ထက္ ကစားရတဲ့ ဆီမီးဖိုင္နယ္ ၄ ပြဲစလုံးကို အရႈံးနဲ႔ပဲ အဆုံးသတ္ခဲ့ရတာပါ။