ပွဲဆက်ကာလအတွင်း ထိပ်ပိုင်းမှာ အပြောင်းအလဲတွေဖြစ်လာနိုင်တယ်လို့ ဆိုးလ်ရှား သုံးသပ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်း အကောင်းဆုံးပုံစံပြသပြီး ပွဲဆက်တွေကစားရမယ့် ခရစ္စမတ်ကာလအပြီးမှာ ဇယားထိပ်ပိုင်းတက်ရောက်နိုင်ဖို့ မျှော်လင့်ကြောင်း ဆိုပါတယ်။


ယူနိုက်တက်ဟာ ရာသီအစက ရလဒ်တွေဆိုးရွားခဲ့ပေမယ့် စနေညမှာ မန်စီးတီးနဲ့ဂိုးမရှိသရေကျခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးက စပါးနဲ့ တစ်ပွဲလျော့ ၅ မှတ်အကွာမှာ ရပ်တည်နေပါတယ်။


ယူနိုက်တက်ဟာ ပွဲဆက်ကာလအတွင်း ကြာသပတေးနေ့မှာ ရှက်ဖီးယူနိုက်တက်နဲ့အဝေးကွင်း။ နောက်တစ်ပတ်ပိတ်ရက်မှာ လိဒ်ယူနိုက်တက်နဲ့ အိမ်ကွင်းပြီးရင် နှစ်သစ်ကူးမတိုင်ခင် လက်စတာ၊ ဝုဗ်တို့နဲ့ ဆက်တိုက်ကစားရမှာဖြစပြီး ဆိုးလ်ရှားက ဇယားထိပ်ပိုင်းက ရပ်တည်မှုတွေပြောင်းလဲဖို့ မျှော်လင့်နေပါတယ်။


”ခရစ္စမတ်ကာလမှာ အချိန်တိုအတွင်း ပွဲတွေအများကြီးကစားရမှာဖြစ်ပြီး ပွဲတွေအများကြီးမကစားရတဲ့ဒီလိုအချိန်မှာတောင် ဇယားရပ်တည်မှုတွေက ပြောင်းလဲနေပါတယ်။ ကျွန်တော်တို့က တစ်ပွဲလျော့ကစားထားပေမယ့် ဒီရာသီရဲ့တကယ့်အချိန်ကောင်းဖြစ်တဲ့ ခရစ္စမတ်ကာလကို ဖြတ်သန်းရတော့မှာဖြစ်ပြီး ပြီးရင် နှစ်သစ်ကူးလာပါတော့မယ်”

”နှစ်သစ်ကူးပြီးရင် အက်ဖ်အေဖလားတွေလာတော့မှာဖြစ်ပြီး အဲဒီအချိန်ရောက်ရင်တော့ ကျွန်တော်တို့အသင်းအနေနဲ့ လိုက်ပ်ဇစ်နဲ့ပွဲကနေ ဘယ်လိုရုန်းထနိုင်လဲဆိုတာ သိရမှာပါ။ စီးတီးနဲ့ပွဲမှာ အမှတ်ပြည့်ရချင်ခဲ့ပေမယ့် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တေ်ာတို့ဟာ အခုချိန်မှာတော့ ရှက်ဖီးယူ၊ လိဒ်တို့နဲ့ပွဲတွေအတွက်ပဲ ပြင်ဆင်နေပါတယ်”လို့ ဆိုးလ်ရှားက ပြောပါတယ်။


တကယ်လို့ ယူနိုက်တက်အနေနဲ့ ဇယားထိပ်ပိုင်းတက်ရောက်ချင်တယ်ဆိုရင် တိုက်စစ်ပိုင်းက ဒီထက်ပိုမိုတိုးတက်လာဖို့ လိုအပ်နေပြီး ယခုရာသီ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲမှာ ၃ဂိုးသာသွင်းယူထားတဲ့အနက် ၂ဂိုးက ပင်နယ်တီသွင်းဂိုးတွေဖြစ်ပါတယ်။ ဒါပေမဲ့ ဆိုးလ်ရှားကတော့ စိုးရိမ်မနေပါဘူး။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
ပဲြဆက္ကာလအတြင္း ထိပ္ပိုင္းမွာ အေျပာင္းအလဲေတြျဖစ္လာႏိုင္တယ္လုိ႔ ဆုိးလ္ရွား သုံးသပ္
ယူႏုိက္တက္အသင္းနည္းျပ ဆုိးလ္ရွားက လာမယ့္ရက္သတၱပတ္အနည္းငယ္အတြင္း အေကာင္းဆုံးပုံစံျပသၿပီး ပြဲဆက္ေတြကစားရမယ့္ ခရစၥမတ္ကာလအၿပီးမွာ ဇယားထိပ္ပိုင္းတက္ေရာက္ႏုိင္ဖို႔ ေမွ်ာ္လင့္ေၾကာင္း ဆုိပါတယ္။
ယူႏုိက္တက္ဟာ ရာသီအစက ရလဒ္ေတြဆုိးရြားခဲ့ေပမယ့္ စေနညမွာ မန္စီးတီးနဲ႔ဂိုးမရွိသေရက်ခဲ့ၿပီးေနာက္ အမွတ္ေပးဇယားထိပ္ဆုံးက စပါးနဲ႔ တစ္ပြဲေလ်ာ့ ၅ မွတ္အကြာမွာ ရပ္တည္ေနပါတယ္။
ယူႏုိက္တက္ဟာ ပဲြဆက္ကာလအတြင္း ၾကာသပေတးေန႔မွာ ရွက္ဖီးယူႏုိက္တက္နဲ႔အေ၀းကြင္း။ ေနာက္တစ္ပတ္ပိတ္ရက္မွာ လိဒ္ယူႏုိက္တက္နဲ႔ အိမ္ကြင္းၿပီးရင္ ႏွစ္သစ္ကူးမတုိင္ခင္ လက္စတာ၊ ၀ုဗ္တုိ႔နဲ႔ ဆက္တုိက္ကစားရမွာျဖစၿပီး ဆုိးလ္ရွားက ဇယားထိပ္ပိုင္းက ရပ္တည္မႈေတြေျပာင္းလဲဖို႔ ေမွ်ာ္လင့္ေနပါတယ္။

”ခရစၥမတ္ကာလမွာ အခ်ိန္တိုအတြင္း ပြဲေတြအမ်ားႀကီးကစားရမွာျဖစ္ၿပီး ပြဲေတြအမ်ားႀကီးမကစားရတဲ့ဒီလုိအခ်ိန္မွာေတာင္ ဇယားရပ္တည္မႈေတြက ေျပာင္းလဲေနပါတယ္။ ကၽြန္ေတာ္တို႔က တစ္ပြဲေလ်ာ့ကစားထားေပမယ့္ ဒီရာသီရဲ႕တကယ့္အခ်ိန္ေကာင္းျဖစ္တဲ့ ခရစၥမတ္ကာလကို ျဖတ္သန္းရေတာ့မွာျဖစ္ၿပီး ၿပီးရင္ ႏွစ္သစ္ကူးလာပါေတာ့မယ္”
”ႏွစ္သစ္ကူးၿပီးရင္ အက္ဖ္ေအဖလားေတြလာေတာ့မွာျဖစ္ၿပီး အဲဒီအခ်ိန္ေရာက္ရင္ေတာ့ ကၽြန္ေတာ္တုိ႔အသင္းအေနနဲ႔ လုိက္ပ္ဇစ္နဲ႔ပြဲကေန ဘယ္လုိ႐ုန္းထႏုိင္လဲဆိုတာ သိရမွာပါ။ စီးတီးနဲ႔ပြဲမွာ အမွတ္ျပည့္ရခ်င္ခဲ့ေပမယ့္ မစြမ္းေဆာင္ႏုိင္ခဲ့ပါဘူး။ ဒါေပမဲ့ ကၽြန္ေတ္ာတို႔ဟာ အခုခ်ိန္မွာေတာ့ ရွက္ဖီးယူ၊ လိဒ္တုိ႔နဲ႔ပြဲေတြအတြက္ပဲ ျပင္ဆင္ေနပါတယ္”လုိ႔ ဆုိးလ္ရွားက ေျပာပါတယ္။
တကယ္လုိ႔ ယူႏုိက္တက္အေနနဲ႔ ဇယားထိပ္ပိုင္းတက္ေရာက္ခ်င္တယ္ဆုိရင္ တုိက္စစ္ပိုင္းက ဒီထက္ပိုမုိတုိးတက္လာဖို႔ လုိအပ္ေနၿပီး ယခုရာသီ ပရီးမီးယားလိဂ္အိမ္ကြင္းပြဲမွာ ၃ဂိုးသာသြင္းယူထားတဲ့အနက္ ၂ဂိုးက ပင္နယ္တီသြင္းဂိုးေတြျဖစ္ပါတယ္။ ဒါေပမဲ့ ဆုိးလ္ရွားကေတာ့ စိုးရိမ္မေနပါဘူး။