ပွဲတိုင်းကန်နေတဲ့ ဖာနန်ဒက်စ်ကို အနားပေးသင့်နေပြီလား ?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ပွဲစဉ်မှာ မြို့ခံ ပြိုင်ဘက် မန်စီးတီးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီး သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေက ဆိုးလ်ရှားကိုဖာနန်ဒက်နဲ့ ပတ်သက်ပြီး မေးခွန်းတစ်ခုမေးခဲ့ပါတယ်။ ဒါကတော့ ဆိုးလ်ရှားအနေနဲ့ လာမယ့်စနေနေ့ မှာ ဝက်ဖို့ဒ်နဲ့ ကစားမယ့် အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်မှာ ဖာနန်ဒက်ကို အနားပေးဖို့ ရှိ ၊ မရှိ ဆိုတဲ့မေးမြန်းမှုပါပဲ။

ယူနိုက်တက်အသင်းအနေနဲ့ ဗုဒ္ဓဟူးနေ့ မှာ ကစားခဲ့တဲ့ ပြည်တွင်းဖလားဆီမီးအဆင့် ရှုံးပွဲကနေ အမြန်ဆုံး နိုင်ပွဲရယူနိုင်မယ့် အခြေအနေတစ်ခုဖြစ်ပါတယ်။ ဝက်ဖို့ဒ် အသင်းနဲ့ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်ဟာ အခုအချိန်မှာ အသင်းအတွက် နိုင်ပွဲရယူဖို့ အရေးပါတဲ့ပွဲတစ်ခုဖြစ်နေပါပြီ။

မန်စီးတီးအသင်းနဲ့ ပွဲစဉ်အပြီး သတင်းစာရှင်းလင်းပွဲမှာ ချန်ပီယံ ရှစ်အသင်း ဝက်ဖို့ဒ်နဲ့ ကစားရမယ့် ပွဲစဉ်နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ နည်းပြ ဆိုးလ်ရှားက ” ကျွန်တော်တို့ ပွဲတိုင်းကို အနိုင်ရလိုစိတ် အပြည့်နဲ့ ကစားနေပါတယ်။ အသင်းပွဲထွက်လူစားရင်း ပြောင်းလဲမှုကတော့ အနည်းငယ် ရှိပါလိမ့်မယ်။

ဒီလို အပြောင်းအလဲ ပြုလုပ်တဲ့ အခါမှာလည်း အသင်းမှာရှိတဲ့ ကစားသမားတွေ ခြေစွမ်းပြ ကစားထားနိုင်တာ တွေ့ရပါတယ်။ မနက်ဖြန်မှာ ဘယ်သူက ကစားဖို့အသင့်ရှိသလဲ ၊ ဘယ်သူက ကြံ့ခိုင်မှု ပြည့်ဝဖို့ လိုအပ်နေသေးလဲဆိုတာ သေချာသိရပါလိမ့်မယ်။ ” လို့ ဖြေကြားခဲ့ပါတယ်။

ဖာနန်ဒက်နဲ့ ပတ်သက်ပြီး ဆိုးလ်ရှားက ” ဘရူနိုက ပွဲတိုင်းကစားချင်ပါတယ်။ ဒါက ရှည်လျားတဲ့ ပြိုင်ပွဲတစ်ခုပါ။ စနေနေ့မှာ ဘယ်လိုပုံစံ အဆင်ပြေနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။ ကျွန်တော် သူနဲ့ တွေ့ပြီး ဘယ်လိုခံစားနေရတယ်ဆိုတာ ဆွေးနွေးသွားဖို့ ရှိပါတယ်။” လို့လည်း ဆက်လက် ပြောကြားခဲ့ပါတယ်။

အိုးထရက်ဖို့ဒ်မှာ ကစားမယ့် ဝက်ဖို့ဒ် အသင်းနဲ့ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်မှာ ကာဗာနီကတော့ သုံးပွဲပယ်ပြစ်ဒဏ်ရဲ့ နောက်ဆုံးပွဲစဉ်အနေနဲ့ဖြစ်နေတာကြောင့် သူကတော့ သေချာပေါက် လွဲချော်ဖို့ ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပြဲတိုင္းကန္ေနတဲ့ ဖာနန္ဒက္စ္ကို အနားေပးသင့္ေနၿပီလား ?

ကာရာေဘာင္ဖလား ဆီမီးဖိုင္နယ္ ပြဲစဥ္မွာ ၿမိဳ႕ခံ ၿပိဳင္ဘက္ မန္စီးတီးအသင္းကို ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္အၿပီး သတင္းစာရွင္းလင္းပြဲမွာ မီဒီယာေတြက ဆိုးလ္ရွားကိုဖာနန္ဒက္နဲ႔ ပတ္သက္ၿပီး ေမးခြန္းတစ္ခုေမးခဲ့ပါတယ္။ ဒါကေတာ့ ဆိုးလ္ရွားအေနနဲ႕ လာမယ့္စေနေန႔ မွာ ဝက္ဖို႕ဒ္နဲ႕ ကစားမယ့္ အက္ဖ္ေအဖလားတတိယအဆင့္ပြဲစဥ္မွာ ဖာနန္ဒက္ကို အနားေပးဖို႔ ရွိ ၊ မရွိ ဆိုတဲ့ေမးျမန္းမႈပါပဲ။ ယူႏိုက္တက္အသင္းအေနနဲ႕ ဗုဒၶဟူးေန႔ မွာ ကစားခဲ့တဲ့ ျပည္တြင္းဖလားဆီမီးအဆင့္ ရႈံးပြဲကေန အျမန္ဆံုး ႏိုင္ပြဲရယူႏိုင္မယ့္ အေျခအေနတစ္ခုျဖစ္ပါတယ္။ ဝက္ဖို႔ဒ္ အသင္းနဲ႔ အက္ဖ္ေအဖလား တတိယအဆင့္ ပြဲစဥ္ဟာ အခုအခ်ိန္မွာ အသင္းအတြက္ ႏိုင္ပြဲရယူဖို႔ အေရးပါတဲ့ပြဲတစ္ခုျဖစ္ေနပါၿပီ။

မန္စီးတီးအသင္းနဲ႔ ပြဲစဥ္အၿပီး သတင္းစာရွင္းလင္းပြဲမွာ ခ်န္ပီယံ ရွစ္အသင္း ဝက္ဖို႔ဒ္နဲ႔ ကစားရမယ့္ ပြဲစဥ္နဲ႔ ပတ္သက္ၿပီး ေမးျမန္းရာမွာ နည္းျပ ဆိုးလ္ရွားက ” ကြၽန္ေတာ္တို႔ ပြဲတိုင္းကို အႏိုင္ရလိုစိတ္ အျပည့္နဲ႔ ကစားေနပါတယ္။ အသင္းပြဲထြက္လူစားရင္း ေျပာင္းလဲမႈကေတာ့ အနည္းငယ္ ရွိပါလိမ့္မယ္။ ဒီလို အေျပာင္းအလဲ ျပဳလုပ္တဲ့ အခါမွာလည္း အသင္းမွာရွိတဲ့ ကစားသမားေတြ ေျခစြမ္းျပ ကစားထားႏိုင္တာ ေတြ႕ရပါတယ္။ မနက္ျဖန္မွာ ဘယ္သူက ကစားဖို႔အသင့္ရွိသလဲ ၊ ဘယ္သူက ႀကံ့ခိုင္မႈ ျပည့္ဝဖို႔ လိုအပ္ေနေသးလဲဆိုတာ ေသခ်ာသိရပါလိမ့္မယ္။ ” လို႔ ေျဖၾကားခဲ့ပါတယ္။

ဖာနန္ဒက္နဲ႔ ပတ္သက္ၿပီး ဆိုးလ္ရွားက ” ဘ႐ူႏိုက ပြဲတိုင္းကစားခ်င္ပါတယ္။ ဒါက ရွည္လ်ားတဲ့ ၿပိဳင္ပြဲတစ္ခုပါ။ စေနေန႔မွာ ဘယ္လိုပုံစံ အဆင္ေျပႏိုင္မလဲဆိုတာ ေစာင့္ၾကည့္ရမွာပါ။ ကြၽန္ေတာ္ သူနဲ႔ ေတြ႕ၿပီး ဘယ္လိုခံစားေနရတယ္ဆိုတာ ေဆြးေႏြးသြားဖို႔ ရွိပါတယ္။” လို႕လည္း ဆက္လက္ ေျပာၾကားခဲ့ပါတယ္။ အိုးထရက္ဖို႔ဒ္မွာ ကစားမယ့္ ဝက္ဖို႔ဒ္ အသင္းနဲ႔ အက္ဖ္ေအဖလား တတိယအဆင့္ ပြဲစဥ္မွာ ကာဗာနီကေတာ့ သုံးပြဲပယ္ျပစ္ဒဏ္ရဲ႕ ေနာက္ဆုံးပြဲစဥ္အေနနဲ႔ျဖစ္ေနတာေၾကာင့္ သူကေတာ့ ေသခ်ာေပါက္ လြဲေခ်ာ္ဖို႔ ရွိေနပါတယ္။