ပွဲထွက်ခွင့် ဆက်လက်ပျောက်ဆုံးနေရင် ဗန်ဒီဘိခ် အသင်းပြောင်းတော့မယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အသင်းပြောင်းရွှေ့လာတဲ့ ကစားသမားအသစ်တစ်ယောက်က ပွဲထွက်ကစားခွင့်သေချာပေါက်လိုချင်ပါတယ်။ အသင်းပြောင်းလာတာ အရန်ခုံမှာထိုင်ပြီး တခြားသူတွေ ကစားနေတာကို ကြည့်နေဖို့ မဟုတ်ပါဘူး။

သရဲနီ အသစ်ဘဝကို ခံယူပြီးလို့ ဟောင်းတောင်ဟောင်းတော့မယ့် ဗန်ဒီဘိခ်တစ်ယောက် ခုဆို ရင် နည်းပြဆိုးလ်ရှားကို တော်တော်စိတ်ပျက်နေပါပြီ။

သတင်းတွေအရ မန်စီးတီးနဲ့ ယှဉ်ပြိုင်ကစားမယ့် ကာရာဘောင်ဖလားပွဲစဉ်မှာ သာ ဗန်ဒီဘိခ်ပွဲထွက်ခွင့် မရဘူးဆိုရင် အသင်းပြောင်းတော့မယ်လို့ သိရပါတယ်။

ဟော်လန်လက်ရွေးစင်ဟာ ပြီးခဲ့တဲ့နွေရာသီက ယူနိုက်တက်ဆီကို ပေါင် ၃၅ သန်းနဲ့ အပြီးသတ် ပြောင်းရွေ့လာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ ရက်နေ့က အဲဗာတန်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကာရာဘောင်ဖလားပွဲစဉ်မှာတော့ နည်းပြဆိုးလ်ရှားက ဒတ်ချ်ကစားသမားကို ပွဲထွက်ကစားသမားစာရင်းမှာ အသုံးပြုခဲ့ပါတယ်။

ဒါ့အပြင် ဗန်ဒီဘိခ်ဟာ လိဒ်စ်ယူနိုက်တက်ကို အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာတော့ လူစားဝင်ကစားသမားအဖြစ်နောက်ဆုံးမိနစ်မှာ ပါဝင်ကစားခဲ့ရပါတယ်။ ဒါပေမယ့် ယူနိုက်တက်မှာ ဗန်ဒီဘိခ်ရှိသေးရဲ့ လားထင်ရအောင် ခရစ္စမတ်ကာလကနေ နှစ်သစ်ကူးတဲ့ ပွဲစဉ်တွေအထိ အဲဒီကောင်လေးကို ပွဲထဲမှာ မမြင်ရပါဘူး။

အသက် ၂၃ နှစ်အရွယ် ကစားသမားကို နည်းပြဆိုးလ်ရှား ဆက်ဆံပုံနဲ့ပတ်သက်ပြီး ဟော်လန်နိုင်ငံက သူတွေနဲ့ တခြားက ဗန်ဒီဘိခ် ပရိသတ်တွေကတော့ မကျေမနပ်ဖြစ်နေကြပါတယ်။ဒါကြောင့် အခုလာမယ့် ဗုဒ္ဓဟူးနေ့မှာ ကစားမယ့် မန်ချက်စတာ ဒါဘီပွဲစဉ်ဟာ ဗန်ဒီဘိခ် အတွက် ခြိမ်းခြောက်သံပွဲစဉ်ဖြစ်လာတာပါ။

တခြားတစ်ဖက်မှာတော့ ကစားသမားကိုယ်တိုင်က ယူရို ၂၀၂၀ ပြိုင်ပွဲမှာ နယ်သာလန်လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားခွင့် မရရှိမှာကို စိုးရိမ်နေပါတယ်။

နည်းပြဆိုးလ်ရှားကတော့ ပွဲထွက်ကစားခွင့်မရတဲ့ ဗန်ဒီဘိခ်နဲ့ ပတ်သက်ပြီး အခုလို ကာကွယ်ပြောဆိုထားပါတယ်။“ကစားသမားတွေက လိဂ်အသစ်က အသင်းအသစ်သို့ ရောက်လာပြီဆိုရင် အမြဲတမ်း အချိန်ယူရပါတယ်။”

“ကျွန်တော်တို့ ကစားသမားစာရင်းက အရည်အချင်းရှိတယ်လို့ ပြောဆိုနေကြလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဗန်ဒီဘိခ်ကလည်း အရည်အချင်းရှိပြီး၊ ပွဲထွက်ခဲ့တဲ့ ပွဲစဉ်တွေမှာ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က သူ့ကို ပွဲစဉ်တိုင်းမှာ မသုံးတဲ့အကြောင်းလည်းရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာ တခြားကစားသမားတွေလည်း ရှိနေလို့ပါ။”ဆိုပြီး ပြောပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပြဲထြက္ခြင့္ ဆက္လက္​ေပ်ာက္ဆုံး​ေနရင္ ဗန္ဒီဘိခ္ အသင္း​ေျပာင္း​ေတာ့မယ္

အသင္း​​ေျပာင္း​ေ႐ႊ႕လာတဲ့ ကစားသမားအသစ္တစ္​ေယာက္က ပြဲထြက္ကစားခြင့္​ေသခ်ာ​ေပါက္လိုခ်င္ပါတယ္။ အသင္း​ေျပာင္းလာတာ အရန္ခုံမွာထိုင္ၿပီး တျခားသူ​ေတြ ကစား​ေနတာကို ၾကည့္​ေနဖို႔ မဟုတ္ပါဘူး။ သရဲနီ အသစ္ဘ၀ကို ခံယူၿပီးလို႔ ​ေဟာင္း​ေတာင္​ေဟာင္း​ေတာ့မယ့္ ဗန္ဒီဘိခ္တစ္​ေယာက္ ခုဆို ရင္ နည္းျပဆိုးလ္ရွားကို ​​ေတာ္​ေတာ္စိတ္ပ်က္​ေနပါၿပီ။ သတင္း​ေတြအရ မန္စီးတီးနဲ႔ ယွဥ္ၿပိဳင္ကစားမယ့္ ကာရာေဘာင္ဖလားပြဲစဥ္မွာ သာ ဗန္ဒီဘိခ္ပြဲထြက္ခြင့္ မရဘူးဆိုရင္ အသင္း​ေျပာင္း​ေတာ့မယ္လို႔ သိရပါတယ္။

ေဟာ္လန္လက္ေ႐ြးစင္ဟာ ၿပီးခဲ့တဲ့ေႏြရာသီက ယူႏိုက္တက္ဆီကို ေပါင္ ၃၅ သန္းနဲ႔ အၿပီးသတ္ ေျပာင္းေ႐ြ႕လာခဲ့တာျဖစ္ပါတယ္။ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၂၃ ရက္ေန႔က အဲဗာတန္နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ကာရာေဘာင္ဖလားပြဲစဥ္မွာေတာ့ နည္းျပဆိုးလ္ရွားက ဒတ္ခ်္ကစားသမားကို ပြဲထြက္ကစားသမားစာရင္းမွာ အသုံးျပဳခဲ့ပါတယ္။

ဒါ့အျပင္ ဗန္ဒီဘိခ္ဟာ လိဒ္စ္ယူႏိုက္တက္ကို အႏိုင္ယူခဲ့တဲ့ပြဲစဥ္မွာေတာ့ လူစားဝင္ကစားသမားအျဖစ္ေနာက္ဆုံးမိနစ္မွာ ပါ၀င္ကစားခဲ့ရပါတယ္။ ဒါ​ေပမယ့္ ယူႏိုက္တက္မွာ ဗန္ဒီဘိခ္ရွိ​ေသးရဲ႕ လားထင္ရ​ေအာင္ ခရစၥမတ္ကာလက​ေန ႏွစ္သစ္ကူးတဲ့ ပြဲစဥ္​ေတြအထိ အဲဒီ​​ေကာင္​ေလးကို ပြဲထဲမွာ မျမင္ရပါဘူး။ အသက္ ၂၃ ႏွစ္အ႐ြယ္ ကစားသမားကို နည္းျပဆိုးလ္ရွား ဆက္ဆံပုံနဲ႔ပတ္သက္ၿပီး ေဟာ္လန္ႏိုင္ငံက သူ​ေတြနဲ႔ တျခားက ဗန္ဒီဘိခ္ ပရိသတ္​ေတြက​ေတာ့ မေက်မနပ္ျဖစ္ေနၾကပါတယ္။ဒါ​ေၾကာင့္ အခုလာမယ့္ ဗုဒၶဟူးေန႔မွာ ကစားမယ့္ မန္ခ်က္စတာ ဒါဘီပြဲစဥ္ဟာ ဗန္ဒီဘိခ္ အတြက္ ၿခိမ္း​ေျခာက္သံပြဲစဥ္ျဖစ္လာတာပါ။

တျခားတစ္ဖက္မွာ​ေတာ့ ကစားသမားကိုယ္တိုင္က ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာ နယ္သာလန္လက္ေ႐ြးစင္အသင္းအတြက္ ပါဝင္ကစားခြင့္ မရရွိမွာကို စိုးရိမ္ေနပါတယ္။ နည္းျပဆိုးလ္ရွားကေတာ့ ပြဲထြက္ကစားခြင့္မရတဲ့ ဗန္ဒီဘိခ္နဲ႔ ပတ္သက္ၿပီး အခုလို ကာကြယ္ေျပာဆိုထားပါတယ္။“ကစားသမားေတြက လိဂ္အသစ္က အသင္းအသစ္သို႔ ေရာက္လာၿပီဆိုရင္ အၿမဲတမ္း အခ်ိန္ယူရပါတယ္။”

“ကြၽန္ေတာ္တို႔ ကစားသမားစာရင္းက အရည္အခ်င္းရွိတယ္လို႔ ေျပာဆိုေနၾကလိမ့္မယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ ဗန္ဒီဘိခ္ကလည္း အရည္အခ်င္းရွိၿပီး၊ ပြဲထြက္ခဲ့တဲ့ ပြဲစဥ္​ေတြမွာ အ​ေကာင္းဆုံး ႀကိဳးစားခဲ့ပါတယ္။ ဒါ​ေပမယ့္ ကြၽန္ေတာ္တို႔က သူ႔ကို ပြဲစဥ္တိုင္းမွာ မသုံးတဲ့အေၾကာင္းလည္းရွိပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ္တို႔မွာ တျခားကစားသမားေတြလည္း ရွိေနလို႔ပါ။”ဆိုၿပီး ​ေျပာပါတယ္။