ပွဲပန်းမှုကြောင့် နိုင်ပွဲပျောက်ဆုံးခဲ့တာလို့ အာတီတာ ပြောကြား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ် နည်းပြ မီခဲလ် အာတီတာက ပွဲပန်းနေမှုကြောင့် အသင်းရဲ့ စွမ်းဆောင်ရည် ကျဆင်းခဲ့ရတာလို့ ကြာသပတေးနေ့က ခရစ္စတယ်ပဲလေ့အသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အပြီးမှာ ပြောကြားလိုက်ပါတယ်။ ဂန်နားတို့ဟာ ပရီးမီးယားလိဂ် ( ၃ ) ပွဲဆက် အနိုင်ရရှိထားခဲ့ပေမယ့် အမ်းမရိတ်ကွင်းမှာ ပဲလေ့ကို သရေကျခဲ့တာကြောင့် ( ၄ ) ပွဲဆက် အနိုင်ရရှိမယ့် အခွင့်အရေး ဆုံးရှုံးခဲ့ရတယ်။

အာတီတာက အဆိုပါ ပွဲစဉ်အပြီး Sky Sports နဲ့ တွေ့ဆုံရာမှာ ” ကျွန်တော်တို့ ပွဲစဉ်အများကြီး ကစားနေရပါတယ်။ ပွဲပန်းမှုက ကျွန်တော့်တို့ကို ဒုက္ခရောက်စေခဲ့ပါတယ်။ ကစားသမား အများစုက လန်းဆန်းမှု မရှိကြပါဘူး။ ” ဟု ပြောကြားခဲ့ပါတယ်။ ” ပွဲပန်းမှုကြောင့် ဘောလုံးပေးပို့မှု မှားယွင်းတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ final third မှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခြင်း မရှိခဲ့တဲ့အတွက် ဒီပွဲကို အနိုင်မရခဲ့တာပါ။ ”

အာဆင်နယ်အသင်းဟာ ဒုတိယပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှုအသာစီး ကစားနိုင်ခဲ့ပေမယ့် ပဲလေ့ဂိုးသမား Vicete Guaita ကို ထိရောက်တဲ့ ခြိမ်းခြောက်မှုတွေ မပြုလုပ်နိုင်ခဲ့ပါဘူး။ အာတီတာက ဂိုးပေါက်ရှေ့ စွမ်းဆောင်ရည် ကျဆင်းမှုအပေါ် ယခုလို ထောက်ပြပြောဆိုခဲ့ပါတယ်။ ” final third မှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပါတယ်။ final third ထဲကို အကြိမ်များစွာ ရောက်ရှိအောင် ကစားနိုင်ခဲ့ပေမယ့် အခွင့်အရေးတွေ မဖန်တီးနိုင်ခဲ့ပါဘူး။ ” ” ဒီနေ့ပွဲစဉ်မှာ သွင်းဂိုးတွေနဲ့ အနိုင်ရရှိချင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပွဲပန်းနေပါတယ်။ ”

” ကီရင် တီယာနေးက ပြိုင်ဘက်အသင်းအတွက် အန္တရာယ်ကောင်ပါ။ ဘယ်ခြမ်းတစ်လျှောက် သူ့ရဲ့ တိုက်စစ်ဆင်မှုတွေက အသင်းအတွက် အရေးကြီးပါတယ်။ ဒါပေမယ့် သူက ဒဏ်ရာရသွားပါတယ်။ သူ့နေနဲ့ မနက်ဖြန်မှာ ဓာတ်မှန်ရိုက် စစ်ဆေးရဖို့ရှိပါတယ်။ ” အာဆင်နယ်အသင်းဟာ ယခု သရေရလာဒ်ကြောင့် အမှတ်ပေးဇယား အဆင့် ( ၁၁ ) နေရာမှာ ရပ်တည်နေပြီး နောက်ထပ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လာမယ့် တနင်္လာနေ့မှာ နယူးကာဆယ်အသင်းကို လက်ခံကစားရဖို့ ရှိနေပါတယ်။ Source : ESPN

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အာဆင္နယ္ နည္းျပ မီခဲလ္ အာတီတာက ပြဲပန္းေနမႈေၾကာင့္ အသင္းရဲ႕ စြမ္းေဆာင္ရည္ က်ဆင္းခဲ့ရတာလို႔ ၾကာသပေတးေန႔က ခရစၥတယ္ပဲေလ့အသင္းနဲ႔ ဂိုးမရွိ သေရက်ခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္အၿပီးမွာ ေျပာၾကားလိုက္ပါတယ္။ ဂန္နားတို႔ဟာ ပရီးမီးယားလိဂ္ ( ၃ ) ပြဲဆက္ အႏိုင္ရရွိထားခဲ့ေပမယ့္ အမ္းမရိတ္ကြင္းမွာ ပဲေလ့ကို သေရက်ခဲ့တာေၾကာင့္ ( ၄ ) ပြဲဆက္ အႏိုင္ရရွိမယ့္ အခြင့္အေရး ဆုံးရႈံးခဲ့ရတယ္။

အာတီတာက အဆိုပါ ပြဲစဥ္အၿပီး Sky Sports နဲ႔ ေတြ႕ဆုံရာမွာ ” ကြၽန္ေတာ္တို႔ ပြဲစဥ္အမ်ားႀကီး ကစားေနရပါတယ္။ ပြဲပန္းမႈက ကြၽန္ေတာ့္တို႔ကို ဒုကၡေရာက္ေစခဲ့ပါတယ္။ ကစားသမား အမ်ားစုက လန္းဆန္းမႈ မရွိၾကပါဘူး။ ” ဟု ေျပာၾကားခဲ့ပါတယ္။ ” ပြဲပန္းမႈေၾကာင့္ ေဘာလုံးေပးပို႔မႈ မွားယြင္းတာေတြ ျဖစ္ေပၚခဲ့ပါတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ final third မွာ စြမ္းေဆာင္ရည္ေကာင္းေတြ ျပသႏိုင္ျခင္း မရွိခဲ့တဲ့အတြက္ ဒီပြဲကို အႏိုင္မရခဲ့တာပါ။ ” အာဆင္နယ္အသင္းဟာ ဒုတိယပိုင္းမွာ ေဘာလုံးပိုင္ဆိုင္မႈအသာစီး ကစားႏိုင္ခဲ့ေပမယ့္ ပဲေလ့ဂိုးသမား Vicete Guaita ကို ထိေရာက္တဲ့ ၿခိမ္းေျခာက္မႈေတြ မျပဳလုပ္ႏိုင္ခဲ့ပါဘူး။

အာတီတာက ဂိုးေပါက္ေရွ႕ စြမ္းေဆာင္ရည္ က်ဆင္းမႈအေပၚ ယခုလို ေထာက္ျပေျပာဆိုခဲ့ပါတယ္။ ” final third မွာ ေျခစြမ္းျပဖို႔ ႐ုန္းကန္ခဲ့ရပါတယ္။ final third ထဲကို အႀကိမ္မ်ားစြာ ေရာက္ရွိေအာင္ ကစားႏိုင္ခဲ့ေပမယ့္ အခြင့္အေရးေတြ မဖန္တီးႏိုင္ခဲ့ပါဘူး။ ” ” ဒီေန႔ပြဲစဥ္မွာ သြင္းဂိုးေတြနဲ႔ အႏိုင္ရရွိခ်င္ခဲ့ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ပြဲပန္းေနပါတယ္။ ” ” ကီရင္ တီယာေနးက ၿပိဳင္ဘက္အသင္းအတြက္ အႏၲရာယ္ေကာင္ပါ။ ဘယ္ျခမ္းတစ္ေလွ်ာက္ သူ႔ရဲ႕ တိုက္စစ္ဆင္မႈေတြက အသင္းအတြက္ အေရးႀကီးပါတယ္။ ဒါေပမယ့္ သူက ဒဏ္ရာရသြားပါတယ္။ သူ႔ေနနဲ႔ မနက္ျဖန္မွာ ဓာတ္မွန္႐ိုက္ စစ္ေဆးရဖို႔ရွိပါတယ္။ ” အာဆင္နယ္အသင္းဟာ ယခု သေရရလာဒ္ေၾကာင့္ အမွတ္ေပးဇယား အဆင့္ ( ၁၁ ) ေနရာမွာ ရပ္တည္ေနၿပီး ေနာက္ထပ္ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ လာမယ့္ တနလၤာေန႔မွာ နယူးကာဆယ္အသင္းကို လက္ခံကစားရဖို႔ ရွိေနပါတယ္။ Source : ESPN