ပွဲပျက်ခဲ့တဲ့အဖြစ်အပျက်အတွက် နိုက်စ်နဲ့မာဆေးလ်တို့ အမှတ်လျှော့ပြစ်ဒဏ်ချမှတ်ခံရဖို့ရှိ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က နိုက်စ်နဲ့မာဆေးလ်တို့ကစားခဲ့တဲ့ပွဲမှာ အကြီးအကျယ်ခိုက်ရန်ဖြစ်ပွားခဲ့လို့ ပွဲပျက်ခဲ့ရပြီး အဲဒီအဖြစ်အပျက်အတွက် ပြင်သစ်လီဂူးအဖွဲ့ချုပ်က နှစ်သင်းစလုံးကို အမှတ်လျှော့ပြစ်ဒဏ်ချမှတ်သွားဖို့ရှိနေပါပြီ။

ပွဲကစားချိန်အတွင်း နိုက်စ်ပရိသတ်တွေရှိတဲ့ပွဲကြည့်စင်ဘက်ခြမ်းက မာဆေးလ်တောင်ပံကစားသမားပါယက်ကို ပုလင်းနဲ့ပစ်ပေါက်ခဲ့ချိန်မှာ ပါယက်က အဲဒီပုလင်းနဲ့ ပရိသတ်တွေဆီ ပြန်ပစ်ခဲ့တာကစလို့ ပြဿနာစတက်ခဲ့တာဖြစ်ပြီး

နိုက်စ်ပရိသတ်တွေဟာ ကွင်းထဲအထိဝင်ရောက်ပြီးတော့ ပါယက်နဲ့မာဆေးလ်ကစားသမားတွေကို ရန်ရှာခဲ့ကြသလို နှစ်ဖက်ကစားသမားတွေနဲ့နည်းပြအဖွဲ့ဝင်တွေဟာလည်း အချင်းချင်းတိုက်ခိုက်ခဲ့ကြပါတယ်။

အဲဒီအဖြစ်အပျက်ကြောင့် ပါယက်ဟာ သွေးထွက်သံယိုဖြစ်ခဲ့တဲ့အပြင် ကွင်းလယ်လူဂွမ်ဇူဇီရဲ့လည်ပင်းတစ်ဝိုက်မှာ ဒဏ်ရာရရှိခဲ့ပြီး မာဆေးလ်ကစားသမားတွေက ပွဲဆက်လက်ကစားဖို့ငြင်းဆန်ခဲ့တာကြောင့် ပွဲပျက်ခဲ့ရတာပါ။

ဒီရန်ပွဲနဲ့ပတ်သက်လို့ ပြင်သစ်လီဂူးအဖွဲ့ချုပ်စည်းကမ်းထိန်းသိမ်းရေးကော်မတီက နှစ်ဖက်အသင်းတာဝန်ရှိသူတွေနဲ့ ပြီးခဲ့တဲ့တနင်္လာနေ့ကတွေ့ဆုံခဲ့ပြီး နိုက်စ်နဲ့မာဆေးလ်တို့ကို အမှတ်လျှော့ပြစ်ဒဏ်ချမှတ်သွားမယ့်အနေအထားရှိတယ်လို့ စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့ပါတယ်။

နိုက်စ်အသင်းပရိသတ်တွေဟာ ပြိုင်ဘက်ကစားသမားတွေကို ကိုယ်ထိလက်ရောက်စော်ကားခဲ့တဲ့အဖြစ်အပျက်၊ မာဆေးလ်အသင်းကတော့ ပွဲဆက်လက်ကစားဖို့ငြင်းဆန်ခဲ့တဲ့အတွက် နှစ်သင်းစလုံးကို စွဲချက်တင်ထားတာဖြစ်ပါတယ်။

ဒါ့အပြင် နိုက်စ်ပရိသတ်တစ်ဦးကို လက်သီးနဲ့ထိုးခဲ့တဲ့ မာဆေးလ်အသင်းကြံ့ခိုင်ရေးနည်းပြပတ်ဘလိုဟာနန်ဒက်ဇ်ကို နှစ်ရှည်ပွဲပယ်ပြစ်ဒဏ်ချမှတ်သွားဖို့ရှိနေသလို ပွဲကြည့်စင်ထဲကို ဘောလုံးနဲ့ကန်ခဲ့တဲ့ အယ်လ်ဗာရိုဂွန်ဇာလက်ဇ်နဲ့ တိုဒီဘိုတို့နှစ်ဦးကိုလည်း ပွဲပယ်ပြစ်ဒဏ်တွေအသီးသီးချမှတ်သွားဖို့ရှိနေပါပြီ။

ဒါပေမဲ့ ပရိသတ်တွေကို ပုလင်းနဲ့ပြန်ပစ်ခဲ့တဲ့ပါယက်ကတော့ ကံကောင်းထောက်မစွာနဲ့ အရေးယူခံရဖို့မရှိပါဘူး။

အခုလောလောဆယ် နိုက်စ်အသင်းဆိုးသွမ်းပရိသတ်တွေအများဆုံးရှိတဲ့ တောင်ဘက်ခြမ်းပွဲကြည့်စင်ကို လာမယ့်အိမ်ကွင်း(၄)ပွဲမှာ ပိတ်ထားဖို့ ပြစ်ဒဏ်ချမှတ်ခဲ့ပြီးဖြစ်ပါတယ်။

မာဆေးလ်ပရိသတ်တွေကို ရန်ပြုခဲ့တယ်လို့ယူဆရတဲ့ အသက်(၂၈)နှစ်အရွယ်အမျိုးသားတစ်ဦးဟာလည်း ဖမ်းဆီးထိမ်းသိန်းခံခဲ့ရတယ်လို့ AFP သတင်းဌာနကဖော်ပြခဲ့ပါတယ်။

ပွဲပျက်ခဲ့ရတဲ့အချိန်မှာ နိုက်စ်အသင်းက (၁-၀)ဂိုးနဲ့အနိုင်ရနေတာကြောင့် ပြင်သစ်လီဂူးအဖွဲ့ချုပ်အနေနဲ့ နိုက်စ်အသင်းကိုပဲ (၁-၀)ဂိုးရလဒ်နဲ့အနိုင်ပေးမလားဆိုတာ မသိရသေးဘဲ ဒီပွဲကို ကွင်းပိတ်ပြန်ကစားခိုင်းမယ်အနေအထားတော့ မရှိနိုင်ပါဘူး။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပြဲပ်က္ခဲ့တဲ့အျဖစ္အပ်က္အတြက္ ႏိုက္စ္နဲ႔မာေဆးလ္တို႔ အမွတ္ေလွ်ာ့ျပစ္ဒဏ္ခ်မွတ္ခံရဖို႔ရွိ

ၿပီးခဲ့တဲ့တနဂၤေႏြေန႔က ႏိုက္စ္နဲ႔မာေဆးလ္တို႔ကစားခဲ့တဲ့ပြဲမွာ အႀကီးအက်ယ္ခိုက္ရန္ျဖစ္ပြားခဲ့လို႔ ပြဲပ်က္ခဲ့ရၿပီး အဲဒီအျဖစ္အပ်က္အတြက္ ျပင္သစ္လီဂူးအဖြဲ႕ခ်ဳပ္က ႏွစ္သင္းစလုံးကို အမွတ္ေလွ်ာ့ျပစ္ဒဏ္ခ်မွတ္သြားဖို႔ရွိေနပါၿပီ။ ပြဲကစားခ်ိန္အတြင္း ႏိုက္စ္ပရိသတ္ေတြရွိတဲ့ပြဲၾကည့္စင္ဘက္ျခမ္းက မာေဆးလ္ေတာင္ပံကစားသမားပါယက္ကို ပုလင္းနဲ႔ပစ္ေပါက္ခဲ့ခ်ိန္မွာ ပါယက္က အဲဒီပုလင္းနဲ႔ ပရိသတ္ေတြဆီ ျပန္ပစ္ခဲ့တာကစလို႔ ျပႆနာစတက္ခဲ့တာျဖစ္ၿပီး ႏိုက္စ္ပရိသတ္ေတြဟာ ကြင္းထဲအထိဝင္ေရာက္ၿပီးေတာ့ ပါယက္နဲ႔မာေဆးလ္ကစားသမားေတြကို ရန္ရွာခဲ့ၾကသလို ႏွစ္ဖက္ကစားသမားေတြနဲ႔နည္းျပအဖြဲ႕ဝင္ေတြဟာလည္း အခ်င္းခ်င္းတိုက္ခိုက္ခဲ့ၾကပါတယ္။ အဲဒီအျဖစ္အပ်က္ေၾကာင့္ ပါယက္ဟာ ေသြးထြက္သံယိုျဖစ္ခဲ့တဲ့အျပင္ ကြင္းလယ္လူဂြမ္ဇူဇီရဲ႕လည္ပင္းတစ္ဝိုက္မွာ ဒဏ္ရာရရွိခဲ့ၿပီး မာေဆးလ္ကစားသမားေတြက ပြဲဆက္လက္ကစားဖို႔ျငင္းဆန္ခဲ့တာေၾကာင့္ ပြဲပ်က္ခဲ့ရတာပါ။ ဒီရန္ပြဲနဲ႔ပတ္သက္လို႔ ျပင္သစ္လီဂူးအဖြဲ႕ခ်ဳပ္စည္းကမ္းထိန္းသိမ္းေရးေကာ္မတီက ႏွစ္ဖက္အသင္းတာဝန္ရွိသူေတြနဲ႔ ၿပီးခဲ့တဲ့တနလၤာေန႔ကေတြ႕ဆုံခဲ့ၿပီး ႏိုက္စ္နဲ႔မာေဆးလ္တို႔ကို အမွတ္ေလွ်ာ့ျပစ္ဒဏ္ခ်မွတ္သြားမယ့္အေနအထားရွိတယ္လို႔ စပိန္အားကစားသတင္းစာ Marca က ေဖာ္ျပခဲ့ပါတယ္။

ႏိုက္စ္အသင္းပရိသတ္ေတြဟာ ၿပိဳင္ဘက္ကစားသမားေတြကို ကိုယ္ထိလက္ေရာက္ေစာ္ကားခဲ့တဲ့အျဖစ္အပ်က္၊ မာေဆးလ္အသင္းကေတာ့ ပြဲဆက္လက္ကစားဖို႔ျငင္းဆန္ခဲ့တဲ့အတြက္ ႏွစ္သင္းစလုံးကို စြဲခ်က္တင္ထားတာျဖစ္ပါတယ္။ ဒါ့အျပင္ ႏိုက္စ္ပရိသတ္တစ္ဦးကို လက္သီးနဲ႔ထိုးခဲ့တဲ့ မာေဆးလ္အသင္းႀကံ့ခိုင္ေရးနည္းျပပတ္ဘလိုဟာနန္ဒက္ဇ္ကို ႏွစ္ရွည္ပြဲပယ္ျပစ္ဒဏ္ခ်မွတ္သြားဖို႔ရွိေနသလို ပြဲၾကည့္စင္ထဲကို ေဘာလုံးနဲ႔ကန္ခဲ့တဲ့ အယ္လ္ဗာ႐ိုဂြန္ဇာလက္ဇ္နဲ႔ တိုဒီဘိုတို႔ႏွစ္ဦးကိုလည္း ပြဲပယ္ျပစ္ဒဏ္ေတြအသီးသီးခ်မွတ္သြားဖို႔ရွိေနပါၿပီ။ ဒါေပမဲ့ ပရိသတ္ေတြကို ပုလင္းနဲ႔ျပန္ပစ္ခဲ့တဲ့ပါယက္ကေတာ့ ကံေကာင္းေထာက္မစြာနဲ႔ အေရးယူခံရဖို႔မရွိပါဘူး။ အခုေလာေလာဆယ္ ႏိုက္စ္အသင္းဆိုးသြမ္းပရိသတ္ေတြအမ်ားဆုံးရွိတဲ့ ေတာင္ဘက္ျခမ္းပြဲၾကည့္စင္ကို လာမယ့္အိမ္ကြင္း(၄)ပြဲမွာ ပိတ္ထားဖို႔ ျပစ္ဒဏ္ခ်မွတ္ခဲ့ၿပီးျဖစ္ပါတယ္။ မာေဆးလ္ပရိသတ္ေတြကို ရန္ျပဳခဲ့တယ္လို႔ယူဆရတဲ့ အသက္(၂၈)ႏွစ္အ႐ြယ္အမ်ိဳးသားတစ္ဦးဟာလည္း ဖမ္းဆီးထိမ္းသိန္းခံခဲ့ရတယ္လို႔ AFP သတင္းဌာနကေဖာ္ျပခဲ့ပါတယ္။ ပြဲပ်က္ခဲ့ရတဲ့အခ်ိန္မွာ ႏိုက္စ္အသင္းက (၁-၀)ဂိုးနဲ႔အႏိုင္ရေနတာေၾကာင့္ ျပင္သစ္လီဂူးအဖြဲ႕ခ်ဳပ္အေနနဲ႔ ႏိုက္စ္အသင္းကိုပဲ (၁-၀)ဂိုးရလဒ္နဲ႔အႏိုင္ေပးမလားဆိုတာ မသိရေသးဘဲ ဒီပြဲကို ကြင္းပိတ္ျပန္ကစားခိုင္းမယ္အေနအထားေတာ့ မရွိႏိုင္ပါဘူး။