ပွဲပြီးခါနီးမှာ သရဲနီဝိညာဉ်ဝင်ပူးခဲ့တဲ့ မန်ယူ ကြောင့် အသက်ရှုချောင်ခဲ့ရတဲ့ ဆိုးလ်ရှား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အားရစရာမရှိတဲ့ ပွဲထွက်လူစာရင်းနဲ့ ပွဲထွက်လာခဲ့တဲ့ မန်ယူအပေါ် စိုးရိမ်စရာတွေဖြစ်ခဲ့ရသလို အိမ်ရှင်နယူးကာဆဲလ်ခံစစ်နဲ့ ဂိုးသမားဒါလိုးလ်တို့ရဲ့လက်စွမ်းတွေကြောင့် အနိုင်ဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။ နယူးကာဆယ်ရဲ့တိုက်စစ်ကို ဖျက်ထုတ်ရင်း လုခ်ရှောကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တော့ ပိုဆိုးသွားပါတယ်။

ပွဲအစ ၂မိနစ်မှာ လုခ်ရှောကြောင့် အိမ်ရှင် နယူးကာဆယ်အသင်း ပွဲကို ဦးဆောင်ခွင့်ရရှိခဲ့ပေမယ့် မက်ဂွိုင်းယားက ၂၃မိနစ်မှာ ထောင့်ကန်ဘောကနေတဆင့် ခေါင်းတိုက်သွင်းယူခဲ့ပြီး ပြန်လည်ချေပနိုင်ခဲ့ပါတယ်။

ချေပဂိုးရပြီး ယူနိုက်တက်အသင်းဟာ ကစားပုံပိုကောင်းလာပေမယ့် ပထမပိုင်းမှာ ဂိုးထပ်မံသွင်းယူနိုင်ခဲ့ခြင်းမရှိတာကြောင့် ၁-၁နဲ့ ပြီးဆုံးသွားခဲ့ပါတယ်။

ဒုတိယပိုင်းပွဲစပြီး၁၃မိနစ်အကြာမှာ ယူနိုက်တက်အသင်းဟာပင်နယ်တီရရှိခဲ့ပြီး ဖာနန်ဒက်စ်က သူကန်နေကျပုံစံမျိုးမဟုတ်ဘဲ ကန်သွင်းခဲ့တာ နယူးကာဆယ်ဂိုးသမား ဒါလိုးလ် ပုတ်ထုတ်နိုင်ခဲ့တာကြောင့် ဦးဆောင်ဂိုးရရှိနိုင်မယ့်အခွင့်အရေးဆုံးရှုံးခဲ့ရပါတယ်။ ဖာနန်ဒက်စ် အတွက်လည်း ယူနိုက်တက် အသင်းအတွက် ပင်နယ်တီကန်သွင်းခဲ့အကြိမ်တွေထဲမှာ ပထမဆုံး ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့တဲ့ ပင်နယ်တီအဖြစ်မှတ်တမ်းဝင်သွားပါတယ်။

ဒီနေ့ပွဲဟာ ယူနိုက်တက်ပရိသတ်တွေအတွက်ကတော့ ၃မိနစ်အချိန်ကာလတွေကို ပြန်လည်အမှတ်ရစေခဲ့တဲ့ပွဲဖြစ်ခဲ့ပါတယ်။ ပွဲပြီးခါနီးမှာမြင်တွေ့လိုက်ရတာကတော့ တကယ့် ယူနိုက်တက် ရဲ့ ရုန်းအားပါပဲ။ အချိတ်အဆက်နဲ့ ကစားသွားတဲ့ တွဲလုံး တွေကနေ ဖာနန်ဒက်စ်ရဲ့ ယုံကြည်ချက်ရှိပြီး အားပါတဲ့ ကန်ချက်က အနိုင်ဂိုးစဖြစ်စေခဲ့ပါတယ်။

မိနစ် ၉၀မှာ ရက်ဖို့ဒ်နဲ့ချိတ်ဆက်ပြီးသွင်းယူသွားတဲ့ ဝမ်ဘစ်ဆာခါရဲ့ စူပါကန်ချက် တတိယဂိုးနဲ့ နာကျင်အချိန်ပိုမှာ ဖာနန်ဒက်စ်ရဲ့ ပြစ်ဒဏ်ဘော အမြန်ပေးပို့မှုကနေ ရက်ဖို့ဒ်က ဆွဲပြေးကန်သွင်းယူခဲ့တာကြောင့် ပွဲအပြီးမှာယူနိုက်တက်က စိန့်ဂျိမ်းပတ်မှာ နယူးကာဆယ်အသင်းကို ၁-၄နဲ့ ဂိုးပြတ်အောင်ပွဲရစေခဲ့ပါတယ်။

နယူးကာဆယ် 1-4 မန်ချက်စတာယူနိုက်တက် (လုခ်ရှော (og)၂မိနစ်) (မက်ဂွိုင်းယား ၂၃မိနစ် ဖာနန်ဒက်စ် ၈၆မိနစ် ဘစ်ဆာခါ ၉၁မိနစ် ရပ်ဖိုဒ့် ၉၆မိနစ်)

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပြဲၿပီးခါနီးမွာ သရဲနီဝိညာဥ္ဝင္ပူးခဲ့တဲ့ မန္ယူ ေၾကာင့္ အသက္ရႈေခ်ာင္ခဲ့ရတဲ့ ဆိုးလ္ရွား

အားရစရာမရွိတဲ့ ပြဲထြက္လူစာရင္းနဲ႔ ပြဲထြက္လာခဲ့တဲ့ မန္ယူအေပၚ စိုးရိမ္စရာေတြျဖစ္ခဲ့ရသလို အိမ္ရွင္နယူးကာဆဲလ္ခံစစ္နဲ႔ ဂိုးသမားဒါလိုးလ္တို႔ရဲ႕လက္စြမ္းေတြေၾကာင့္ အႏိုင္ဂိုးရဖို႔ ႐ုန္းကန္ခဲ့ရပါတယ္။ နယူးကာဆယ္ရဲ႕တိုက္စစ္ကို ဖ်က္ထုတ္ရင္း လုခ္ေရွာကိုယ့္ဂိုးကိုယ္သြင္းမိခဲ့ေတာ့ ပိုဆိုးသြားပါတယ္။

ပြဲအစ ၂မိနစ္မွာ လုခ္ေရွာေၾကာင့္ အိမ္ရွင္ နယူးကာဆယ္အသင္း ပြဲကို ဦးေဆာင္ခြင့္ရရွိခဲ့ေပမယ့္ မက္ဂြိဳင္းယားက ၂၃မိနစ္မွာ ေထာင့္ကန္ေဘာကေနတဆင့္ ေခါင္းတိုက္သြင္းယူခဲ့ၿပီး ျပန္လည္ေခ်ပႏိုင္ခဲ့ပါတယ္။ ေခ်ပဂိုးရၿပီး ယူႏိုက္တက္အသင္းဟာ ကစားပုံပိုေကာင္းလာေပမယ့္ ပထမပိုင္းမွာ ဂိုးထပ္မံသြင္းယူႏိုင္ခဲ့ျခင္းမရွိတာေၾကာင့္ ၁-၁နဲ႔ ၿပီးဆံုးသြားခဲ့ပါတယ္။

ဒုတိယပိုင္းပြဲစၿပီး၁၃မိနစ္အၾကာမွာ ယူႏိုက္တက္အသင္းဟာပင္နယ္တီရရွိခဲ့ၿပီး ဖာနန္ဒက္စ္က သူကန္ေနက်ပုံစံမ်ိဳးမဟုတ္ဘဲ ကန္သြင္းခဲ့တာ နယူးကာဆယ္ဂိုးသမား ဒါလိုးလ္ ပုတ္ထုတ္ႏိုင္ခဲ့တာေၾကာင့္ ဦးေဆာင္ဂိုးရရွိႏိုင္မယ့္အခြင့္အေရးဆံုးရႈံးခဲ့ရပါတယ္။ ဖာနန္ဒက္စ္ အတြက္လည္း ယူႏိုက္တက္ အသင္းအတြက္ ပင္နယ္တီကန္သြင္းခဲ့အၾကိမ္ေတြထဲမွာ ပထမဆံုး ဂိုးအျဖစ္မေျပာင္းလဲႏိုင္ခဲ့တဲ့ ပင္နယ္တီအျဖစ္မွတ္တမ္းဝင္သြားပါတယ္။

ဒီေန႔ပြဲဟာ ယူႏိုက္တက္ပရိသတ္ေတြအတြက္ကေတာ့ ၃မိနစ္အခ်ိန္ကာလေတြကို ျပန္လည္အမွတ္ရေစခဲ့တဲ့ပြဲျဖစ္ခဲ့ပါတယ္။ ပြဲၿပီးခါနီးမွာျမင္ေတြ႕လိုက္ရတာကေတာ့ တကယ့္ ယူႏိုက္တက္ ရဲ႕ ႐ုန္းအားပါပဲ။ အခ်ိတ္အဆက္နဲ႔ ကစားသြားတဲ့ တြဲလံုး ေတြကေန ဖာနန္ဒက္စ္ရဲ႕ ယုံၾကည္ခ်က္ရွိၿပီး အားပါတဲ့ ကန္ခ်က္က အႏိုင္ဂိုးစျဖစ္ေစခဲ့ပါတယ္။

မိနစ္ ၉၀မွာ ရက္ဖို႔ဒ္နဲ႕ခ်ိတ္ဆက္ၿပီးသြင္းယူသြားတဲ့ ဝမ္ဘစ္ဆာခါရဲ႕ စူပါကန္ခ်က္ တတိယဂိုးနဲ႔ နာက်င္အခ်ိန္ပိုမွာ ဖာနန္ဒက္စ္ရဲ႕ ျပစ္ဒဏ္ေဘာ အျမန္ေပးပို႔မႈကေန ရက္ဖို႔ဒ္က ဆြဲေျပးကန္သြင္းယူခဲ့တာေၾကာင့္ ပြဲအၿပီးမွာယူႏိုက္တက္က စိန႔္ဂ်ိမ္းပတ္မွာ နယူးကာဆယ္အသင္းကို ၁-၄နဲ႕ ဂိုးျပတ္ေအာင္ပြဲရေစခဲ့ပါတယ္။

နယူးကာဆယ္ 1-4 မန္ခ်က္စတာယူႏိုက္တက္ (လုခ္ေရွာ (og)၂မိနစ္) (မက္ဂြိဳင္းယား ၂၃မိနစ္ ဖာနန္ဒက္စ္ ၈၆မိနစ္ ဘစ္ဆာခါ ၉၁မိနစ္ ရပ္ဖိုဒ့္ ၉၆မိနစ္)