ပွဲပြီးသွားတာတောင် ပြောလို့မပြီးသေးတဲ့ နာဂျယ်မန်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လိုက်ဇစ်အသင်းရဲ့ နည်းပြ နာဂျယ်မန်းကတော့ ယူနိုက်တက်အသင်းကို အိမ်ကွင်းမှာ (၃-၂) ဂိုးနဲ့ အနိုင်ယူခဲ့ပြီး အိုးထရက်ဖိုဒ်မှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ရှုံးကြွေးကိုဆပ်နိုင်ခဲ့ကာ နောက်တစ်ဆင့် တက်နိုင်ခဲ့တဲ့ အပေါ် ဂုဏ်ယူနေပါတယ်။

ဒါပေမဲ့ နာဂျယ်မန်းက ပွဲအပြီးမှာ သူတို့ ဂိုး(၂)ဂိုးပြန်ပေးလိုက်ရတဲ့အပေါ်မှာတော့ စိတ်မကျေနပ်စရာဖြစ်ခဲ့ရတယ်လို့ ပြောပြခဲ့ပါတယ်။ ပွဲမတိုင်ခင်ကတည်းက သူ့ရဲ့အသင်းသားတွေကို ယူနိုက်တက်ရဲ့ (come back)အကြောင်းကို ပြောပြထားခဲ့ပြီး ပွဲမပြီးမချင်း မပေါ့စဖို့မှာခဲ့ပေမယ့် ၃ ဂိုးပြတ် ဦးဆောင်နိုင်ပြီးခါမှ စိုးရိမ်စရာ ချေပဂိုး (၂)ဂိုး ပေးလိုက်ရတဲ့အပေါ်မှာ ဒိုင်တွေရဲ့ ဘက်လိုက်မှုရှိတယ်ဆိုပြီး မကျေမနပ်ဖြစ်ခဲ့တာပါ။

“ ပေးလိုက်ရတဲ့ ဂိုး ၂ ဂိုးက ကျွန်တော့်ကို စိတ်ရူပ်ထွေးစေပါတယ်။ ပထမပင်နယ်တီ မှာ ဂရင်းဝုဒ်နဲ့ထိမိပြီး ဘောလုံးလုယူတဲ့ အခြေအနေမျိုးက သာမန်ကိစ္စတစ်ခုသာဖြစ်သင့်ပြီး ပင်နယ်တီ သတ်မှတ်ရမဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။

ပေါ့ဘာခေါင်းခုန်တိုက်ပြီးသွင်းသွားတဲ့ ဒုတိယဂိုးမှာလည်း မက်ဂွဲယားဟာ ဘောလုံးကို လက်နဲ့ ထိခဲ့ပုံရပါတယ်။ ဒါပေမဲ့ ဒိုင်လူကြီးက ဒါကို မသိချင်ယောင်ဆောင်ခဲ့ပါတယ်။ ပွဲပြီးခါနီး၁၀မိနစ်မှာ ဒီချေပဂိုး (၂) ဂိုးပြန်ပေးခဲ့ရတာကတော့ ကျွန်တော့်ကို စိတ်ပူသွားခဲ့စေပါတယ်။ တစ်ကယ်ဆို ဒီ (၂) ဂိုးဟာ မတရားတဲ့ နည်းလမ်းနဲ့ ရသွားတာ လို့တောင် ပြောလို့ရပါတယ်။

ဒါပေမဲ့ အဆုံးသတ်မှာတော့ ကျွန်တော်တို့လိုအပ်တဲ့ အမှတ်ရရှိခဲ့တာကြောင့် ဒါကအရေးမကြီးတော့ပါဘူး။ ဒီရာသီချန်ပီယံလိဂ်မှာ ကျွန်တော်တို့အသင်း ဟာ အုပ်စုတွင်းပြိုင်ဘက် (၃) သင်းလုံးကို အိမ်ကွင်းမှာ အနိုင်ကစားနိုင်ခဲ့တာကတော့ ဂုဏ်ယူစရာကောင်းခဲ့ပါတယ်။ အခုတော့ ပြည်တွင်းက အမှတ်ပေးပွဲတွေကို ကောင်းကောင်းအာရုံစိုက်နိုင်ပြီပေါ့” လို့ ပြောသွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပြဲၿပီးသြားတာေတာင္ ေျပာလို႔မၿပီးေသးတဲ့ နာဂ်ယ္မန္း

လိုက္ဇစ္အသင္းရဲ႕ နည္းျပ နာဂ်ယ္မန္းကေတာ့ ယူႏိုက္တက္အသင္းကို အိမ္ကြင္းမွာ (၃-၂) ဂိုးနဲ႔ အႏိုင္ယူခဲ့ၿပီး အိုးထရက္ဖိုဒ္မွာ ဂိုးျပတ္ရႈံးနိမ့္ခဲ့တဲ့ရႈံးေၾကြးကိုဆပ္ႏိုင္ခဲ့ကာ ေနာက္တစ္ဆင့္ တက္ႏိုင္ခဲ့တဲ့ အေပၚ ဂုဏ္ယူေနပါတယ္။ ဒါေပမဲ့ နာဂ်ယ္မန္းက ပြဲအၿပီးမွာ သူတို႕ ဂိုး(၂)ဂိုးျပန္ေပးလိုက္ရတဲ့အေပၚမွာေတာ့ စိတ္မေက်နပ္စရာျဖစ္ခဲ့ရတယ္လို႕ ေျပာျပခဲ့ပါတယ္။ ပြဲမတိုင္ခင္ကတည္းက သူ႕ရဲ႕အသင္းသားေတြကို ယူႏိုက္တက္ရဲ႕ (come back)အေၾကာင္းကို ေျပာျပထားခဲ့ၿပီး ပြဲမၿပီးမခ်င္း မေပါ့စဖို႕မွာခဲ့ေပမယ့္ ၃ ဂိုးျပတ္ ဦးေဆာင္ႏိုင္ၿပီးခါမွ စိုးရိမ္စရာ ေခ်ပဂိုး (၂)ဂိုး ေပးလိုက္ရတဲ့အေပၚမွာ ဒိုင္ေတြရဲ႕ ဘက္လိုက္မႈရွိတယ္ဆိုၿပီး မေက်မနပ္ျဖစ္ခဲ့တာပါ။

“ ေပးလိုက္ရတဲ့ ဂိုး ၂ ဂိုးက ကြၽန္ေတာ့္ကို စိတ္႐ူပ္ေထြးေစပါတယ္။ ပထမပင္နယ္တီ မွာ ဂရင္းဝုဒ္နဲ႕ထိမိၿပီး ေဘာလုံးလုယူတဲ့ အေျခအေနမ်ိဳးက သာမန္ကိစၥတစ္ခုသာျဖစ္သင့္ၿပီး ပင္နယ္တီ သတ္မွတ္ရမဲ့ ကိစၥမ်ိဳး မဟုတ္ပါဘူး။ ေပါ့ဘာေခါင္းခုန္တိုက္ၿပီးသြင္းသြားတဲ့ ဒုတိယဂိုးမွာလည္း မက္ဂြဲယားဟာ ေဘာလုံးကို လက္နဲ႔ ထိခဲ့ပံုရပါတယ္။ ဒါေပမဲ့ ဒိုင္လူႀကီးက ဒါကို မသိခ်င္ေယာင္ေဆာင္ခဲ့ပါတယ္။ ပြဲၿပီးခါနီး၁၀မိနစ္မွာ ဒီေခ်ပဂိုး (၂) ဂိုးျပန္ေပးခဲ့ရတာကေတာ့ ကြၽန္ေတာ့္ကို စိတ္ပူသြားခဲ့ေစပါတယ္။ တစ္ကယ္ဆို ဒီ (၂) ဂိုးဟာ မတရားတဲ့ နည္းလမ္းနဲ႔ ရသြားတာ လို႔ေတာင္ ေျပာလို႔ရပါတယ္။

ဒါေပမဲ့ အဆုံးသတ္မွာေတာ့ ကၽြန္ေတာ္တို႕လိုအပ္တဲ့ အမွတ္ရရွိခဲ့တာေၾကာင့္ ဒါကအေရးမႀကီးေတာ့ပါဘူး။ ဒီရာသီခ်န္ပီယံလိဂ္မွာ ကြၽန္ေတာ္တို႔အသင္း ဟာ အုပ္စုတြင္းၿပိဳင္ဘက္ (၃) သင္းလုံးကို အိမ္ကြင္းမွာ အႏိုင္ကစားႏိုင္ခဲ့တာကေတာ့ ဂုဏ္ယူစရာေကာင္းခဲ့ပါတယ္။ အခုေတာ့ ျပည္တြင္းက အမွတ္ေပးပြဲေတြကို ေကာင္းေကာင္းအာ႐ုံစိုက္ႏိုင္ၿပီေပါ့” လို႔ ေျပာသြားခဲ့ပါတယ္။