ပွဲပြီး အင်တာဗျူးအပြီး အနာဂတ် အသင်းခေါင်းဆောင်အဖြစ် တော်မီနေးကို ယူနိုက်တက်ပရိသတ်တွေ သတ်မှတ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စနေနေ့က ဝက်ဖို့ဒ်အသင်းကို အသင်းခေါင်းဆောင်အဖြစ်ဦးဆောင်ကာ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် ပွဲအပြီးမှာအင်တာဗျူးချိန်မှာ ပရိသတ်တွေက တော်မီနေးကို ယူနိုက်တက်အသင်းခေါင်းဆောင်အဖြစ် ချီးကျူးခဲ့ကြပါတယ်။

ယူနိုက်တက်ဟာ အက်ဖ်အေဖလားတတိယအဆင့်မှာ ဝက်ဖို့ဒ်ကို တော်မီနေးရဲ့တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရရှိပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

စကော့တလန်သားအတွက် စနေညဟာ အကောင်းဆုံးညတစ်ညဖြစ်ခဲ့ပြီး ဆိုးလ်ရှားကလည်း တော်မီနေးကို အဆိုပါပွဲမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ကျွန်တော် ခေါင်းတိုက်ဂိုးနဲ့အများကြီးသွင်းယူထားတာပါ။ နည်းပြက ကျွန်တော့်ကို အသင်းခေါင်းဆောင်အဖြစ် ကစားရမယ်လို့ပြောလိုက်ချိန်မှာ ကျွန်တော်အိပ်မက်လားလို့တောင် ထင်ခဲ့မိပါတယ်။

ကျွန်တော် ယူနိုက်တက်ကို အသက် ၅ နှစ်ကတည်းက ရောက်နေခဲ့တာပါ။ အခုလိုအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူရတဲ့ အခိုက်အတန့်က ကျွန်တော့်အတွက် ဂုဏ်ယူရဆုံးပါ”လို့ တိုမီနေးက ပြောကြားခဲ့ပါတယ်။

“တိုမီနေးအတွက် ဒီရာသီက အကောင်းဆုံးရာသီတစ်ခုပါ။ သူက ပိုပိုပြီး အန္တရာယ်ရှိတဲ့ကစားသမားတစ်ဦးဖြစ်လာပါတယ်။

သူက box-to-box ကစားသမားပါ။ ဂိုးတွေအနည်းငယ်လောက်ပဲသွင်းယူနိုင်တဲ့ကစားသမားဖြစ်ပေမယ့် ဒီနေ့ညသူသွင်းဂိုးရယူနိုင်ခဲ့တဲ့အတွက် အရမ်းပျော်ပါတယ်”လို့ ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။

အသက် ၂၄ နှစ်သားဟာ ပွဲအပြီးအင်တာဗျူးဖြေချိန်မှာလည်း ရင့်ကျက်မှုကိုပြသခဲ့တာကြောင် ယူနိုက်တက်ပရိသတ်တွေက လူမှုမီဒီယာကနေတစ်ဆင့် ချီးကျူးခဲ့ပါတယ်။

“ကျွန်တော်ကတော့ တိုမီနေးကို အသင်းရဲ့မရှိမဖြစ်ကစားသမားလို့ ထင်ပါတယ်။ ကျွန်တော့်ထင်မြင်ချက်မမှားဘူးလို့ ထင်ပါတယ်”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပါတယ်။

“အနာဂတ်အသင်းခေါင်းဆောင်ဖြစ်လာနိုင်မယ့်သူတစ်ဦးပါ”လို့ နောက်ထပ်ပရိသတ်တစ်ဦးက ရေးသားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ပြဲျပီး အင္တာဗ်ဴးအျပီး အနာဂတ္ အသင္းေခါင္းေဆာင္အျဖစ္ ေတာ္မီေနးကို ယူႏုိက္တက္ပရိသတ္ေတြ သတ္မွတ္

စေနေန႔က ၀က္ဖို႔ဒ္အသင္းကို အသင္းေခါင္းေဆာင္အျဖစ္ဦးေဆာင္ကာ အႏိုင္ရရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ျပီးေနာက္ ပြဲအျပီးမွာအင္တာဗ်ဴးခ်ိန္မွာ ပရိသတ္ေတြက ေတာ္မီေနးကို ယူႏုိက္တက္အသင္းေခါင္းေဆာင္အျဖစ္ ခ်ီးက်ဴးခဲ့ၾကပါတယ္။ ယူႏုိက္တက္ဟာ အက္ဖ္ေအဖလားတတိယအဆင့္မွာ ၀က္ဖို႔ဒ္ကို ေတာ္မီေနးရဲ႕တစ္လံုးတည္းေသာဂိုးနဲ႔ အႏိုင္ရရွိျပီး ေနာက္တစ္ဆင့္ကို တက္ေရာက္ႏုိင္ခဲ့ပါတယ္။ စေကာ့တလန္သားအတြက္ စေနညဟာ အေကာင္းဆံုးညတစ္ညျဖစ္ခဲ့ျပီး ဆိုးလ္ရွားကလည္း ေတာ္မီေနးကို အဆိုပါပြဲမွာ အသင္းေခါင္းေဆာင္အျဖစ္ တာ၀န္ေပးခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

“ကြ်န္ေတာ္ ေခါင္းတိုက္ဂိုးနဲ႔အမ်ားၾကီးသြင္းယူထားတာပါ။ နည္းျပက ကြ်န္ေတာ့္ကို အသင္းေခါင္းေဆာင္အျဖစ္ ကစားရမယ္လို႔ေျပာလိုက္ခ်ိန္မွာ ကြ်န္ေတာ္အိပ္မက္လားလို႔ေတာင္ ထင္ခဲ့မိပါတယ္။
ကြ်န္ေတာ္ ယူႏုိက္တက္ကို အသက္ ၅ ႏွစ္ကတည္းက ေရာက္ေနခဲ့တာပါ။ အခုလိုအသင္းေခါင္းေဆာင္အျဖစ္ တာ၀န္ယူရတဲ့ အခိုက္အတန္႔က ကြ်န္ေတာ့္အတြက္ ဂုဏ္ယူရဆံုးပါ”လို႔ တိုမီေနးက ေျပာၾကားခဲ့ပါတယ္။“တုိမီေနးအတြက္ ဒီရာသီက အေကာင္းဆံုးရာသီတစ္ခုပါ။ သူက ပိုပိုျပီး အႏၱရာယ္ရွိတဲ့ကစားသမားတစ္ဦးျဖစ္လာပါတယ္။

သူက box-to-box ကစားသမားပါ။ ဂိုးေတြအနည္းငယ္ေလာက္ပဲသြင္းယူႏိုင္တဲ့ကစားသမားျဖစ္ေပမယ့္ ဒီေန႔ညသူသြင္းဂိုးရယူႏိုင္ခဲ့တဲ့အတြက္ အရမ္းေပ်ာ္ပါတယ္”လို႔ ဆိုးလ္ရွားက ေျပာၾကားခဲ့ပါတယ္။ အသက္ ၂၄ ႏွစ္သားဟာ ပြဲအျပီးအင္တာဗ်ဴးေျဖခ်ိန္မွာလည္း ရင့္က်က္မႈကိုျပသခဲ့တာေၾကာင္ ယူႏိုက္တက္ပရိသတ္ေတြက လူမႈမီဒီယာကေနတစ္ဆင့္ ခ်ီးက်ဴးခဲ့ပါတယ္။ “ကြ်န္ေတာ္ကေတာ့ တိုမီေနးကို အသင္းရဲ႕မရွိမျဖစ္ကစားသမားလို႔ ထင္ပါတယ္။ ကြ်န္ေတာ့္ထင္ျမင္ခ်က္မမွားဘူးလို႔ ထင္ပါတယ္”လို႔ ပရိသတ္တစ္ဦးက ေရးသားခဲ့ပါတယ္။“အနာဂတ္အသင္းေခါင္းေဆာင္ျဖစ္လာႏိုင္မယ့္သူတစ္ဦးပါ”လို႔ ေနာက္ထပ္ပရိသတ္တစ္ဦးက ေရးသားခဲ့ပါတယ္။