ပွဲမတိုင်ခင် ခြင်္သေ့ပြာတွေကို စကားလုံးလှလှတွေသုံးပြီး အချိုတွေကျွေးဖို့ကြံနေတာလား လိုပီတီဂူ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဆီဗီလာအသင်းနည်းပြ လိုပီတီဂူကတော့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲအဖြစ် ရင်ဆိုင်ရမယ့် ပြိုင်ဘက်ချဲလ်ဆီးအသင်းရဲ့ စွမ်းဆောင်ရည်အပေါ် ပွဲမတိုင်ခင်မှာ ချီးကျူးဂုဏ်ပြုစကားတွေ ဆိုသွားခဲ့ပါတယ်။ လိုပီတီဂူက ချဲလ်ဆီးအသင်းအနေနဲ့ လက်ရှိရာသီအစ ရလဒ်ပိုင်းမှာ စွမ်းဆောင်ရည်နဲ့ ရလဒ်ပိုင်းမတည်ငြိမ်မှုတွေ ရှိနေပေမယ့် ဒီအသင်းဟာ လက်ရှိချန်ပီယံလိဂ်ပြိုင်ပွဲမှ ဗိုလ်စွဲဖို့ လုံလောက်ကောင်းမွန်မှုတွေ ရှိနေတယ်လို့ ဆိုသွားခဲ့တာပါ။

ချဲလ်ဆီးအသင်းဟာ လက်ရှိအချိန်မှာ လိဂ်ပွဲစဉ် ၅ ပွဲအတွင်း အနိုင်နဲ့သရေ ၂ ပွဲစီရှိခဲ့ပြီး ၁ ပွဲရှုံးနိမ့်ထားပါတယ်။

ဒါပေမယ့် ဆီဗီလာအသင်းနည်းပြကြီး လိုပီတီဂူကတော့ သူ့ရဲ့ပြိုင်ဘက်အသင်းဟာ ချန်ပီယံလိဂ်ကို ကိုင်မြှောက်ခွင့်ရဖို့ လုံလောက်တဲ့ စုဖွဲ့မှုတွေရှိနေတယ်လို့ ဆိုထားတာပါ။

ဆီဗီလာအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အင်တာအသင်းကိုကျော်ဖြတ်ပြီး ယူရိုပါလိဂ်ဖလားအောင်မြင်မှုကို ရယူထားနိုင်ခဲ့တာပါ။ လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းကတော့ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ရာသီ ရှုံးထွက်အဆင့်မှာ ဘိုင်ယန်ကို ၂ ကျော့ပေါင်း (ရး၁) ဂိုးနဲ့ ရှုံးနိမ့်ထားခဲ့ပြီး ပြိုင်ပွဲကထွက်ခွာ သွားခဲ့ရပါတယ်။

ဒါပေမယ့် လိုပီတီဂူက ” ရာသီအစနဲ့ ရာသီကြိုကာလအနေအထားတွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ မဖြစ်နိုင်ပါဘူး။ ချန်ပီယံလိဂ်ပွဲတိုင်းက ခက်ခဲမှာပါ။ ပြိုင်ဘက် ချဲလ်ဆီးအသင်းဟာ ဒီရာသီချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့အထိ လုံလောက်ကောင်းမွန်မှုမျိုးတွေရှိနေတယ်။သူတို့နဲ့ ရင်ဆိုင်ရမယ့် ဒီပွဲစဉ်မှာ ကျွန်တော်တို့အနေနဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ပြသနိုင်ဖို့ လိုအပ်ပါတယ် ။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ ဘယ်ကွင်းမှာမဆို ပြိုင်ဘက်တိုင်းကို အနိုင်ယူနိုင်ဖို့ပါ ” လို့ ဆိုသွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပြဲမတိုင္ခင္ ​ျခေသၤ့ျပာေတြကို စကားလုံးလွလွေတြသုံးၿပီး အခ်ိဳေတြေကြၽးဖို႔ႀကံေနတာလား လိုပီတီဂူ

ဆီဗီလာအသင္းနည္းျပ လိုပီတီဂူကေတာ့ ခ်န္ပီယံလိဂ္ အုပ္စုအဖြင့္ပြဲအျဖစ္ ရင္ဆိုင္ရမယ့္ ၿပိဳင္ဘက္ခ်ဲလ္ဆီးအသင္းရဲ႕ စြမ္းေဆာင္ရည္အေပၚ ပြဲမတိုင္ခင္မွာ ခ်ီးက်ဴးဂုဏ္ျပဳစကားေတြ ဆိုသြားခဲ့ပါတယ္။ လိုပီတီဂူက ခ်ဲလ္ဆီးအသင္းအေနနဲ႔ လက္ရွိရာသီအစ ရလဒ္ပိုင္းမွာ စြမ္းေဆာင္ရည္နဲ႔ ရလဒ္ပိုင္းမတည္ၿငိမ္မႈေတြ ရွိေနေပမယ့္ ဒီအသင္းဟာ လက္ရွိခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွ ဗိုလ္စြဲဖို႔ လုံေလာက္ေကာင္းမြန္မႈေတြ ရွိေနတယ္လို႔ ဆိုသြားခဲ့တာပါ။

ခ်ဲလ္ဆီးအသင္းဟာ လက္ရွိအခ်ိန္မွာ လိဂ္ပြဲစဥ္ ၅ ပြဲအတြင္း အႏိုင္နဲ႔သေရ ၂ ပြဲစီရွိခဲ့ၿပီး ၁ ပြဲရႈံးနိမ့္ထားပါတယ္။ ဒါေပမယ့္ ဆီဗီလာအသင္းနည္းျပႀကီး လိုပီတီဂူကေတာ့ သူ႔ရဲ႕ၿပိဳင္ဘက္အသင္းဟာ ခ်န္ပီယံလိဂ္ကို ကိုင္ေျမႇာက္ခြင့္ရဖို႔ လုံေလာက္တဲ့ စုဖြဲ႕မႈေတြရွိေနတယ္လို႔ ဆိုထားတာပါ။

ဆီဗီလာအသင္းဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ အင္တာအသင္းကိုေက်ာ္ျဖတ္ၿပီး ယူ႐ိုပါလိဂ္ဖလားေအာင္ျမင္မႈကို ရယူထားႏိုင္ခဲ့တာပါ။
လမ္းပတ္ရဲ႕ ခ်ဲလ္ဆီးအသင္းကေတာ့ ၿပီးခဲ့တဲ့ ခ်န္ပီယံလိဂ္ရာသီ ရႈံးထြက္အဆင့္မွာ ဘိုင္ယန္ကို ၂ ေက်ာ့ေပါင္း (၇း၁) ဂိုးနဲ႔ ရႈံးနိမ့္ထားခဲ့ၿပီး ၿပိဳင္ပြဲကထြက္ခြာ သြားခဲ့ရပါတယ္။

ဒါေပမယ့္ လိုပီတီဂူက ” ရာသီအစနဲ႔ ရာသီႀကိဳကာလအေနအထားေတြနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ မျဖစ္ႏိုင္ပါဘူး။ ခ်န္ပီယံလိဂ္ပြဲတိုင္းက ခက္ခဲမွာပါ။ ၿပိဳင္ဘက္ ခ်ဲလ္ဆီးအသင္းဟာ ဒီရာသီခ်န္ပီယံလိဂ္ဖလားကို ရယူႏိုင္ဖို႔အထိ လုံေလာက္ေကာင္းမြန္မႈမ်ိဳးေတြရွိေနတယ္။သူတို႔နဲ႔ ရင္ဆိုင္ရမယ့္ ဒီပြဲစဥ္မွာ ကြၽန္ေတာ္တို႔အေနနဲ႔ အေကာင္းဆုံး စြမ္းေဆာင္ရည္ျပသႏိုင္ဖို႔ လိုအပ္ပါတယ္ ။ ကြၽန္ေတာ္တို႔ရဲ႕ ရည္မွန္းခ်က္ကေတာ့ ဘယ္ကြင္းမွာမဆို ၿပိဳင္ဘက္တိုင္းကို အႏိုင္ယူႏိုင္ဖို႔ပါ ” လို႔ ဆိုသြားခဲ့ပါတယ္။