ပွဲများတဲ့ကာလမှာ မက်ဂွိုင်းယားနဲ့ ဖာနန်ဒက်စ်ကို အနားမပေးဖို့ ဂယ်ရီနဗီးလ်သတိပေး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လက်ရှိမန်ယူအသင်း ခြေစွမ်းကောင်းရရှိနေရာမှာ နောက်ခံလူ မက်ဂွိုင်းယားနဲ့ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ် တို့က အရမ်းအရေးပါနေတဲ့အတွက် သူတို့နှစ်ယောက်ကို ပွဲစဉ်များပြားတဲ့ကာလမှာ အနားပေးရင်မှားလိမ့်မယ်လို့ မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က သတိပေးလိုက်ပါတယ်။

ဖာနန်ဒက်စ်ဟာ မန်ယူသမိုင်းမှာအကောင်းဆုံးခေါ်ယူမှုတွေထဲက တစ်ခုဖြစ်ခဲ့ပြီး မန်ယူတိုက်စစ်ပိုမိုကောင်းမွန်လာဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့သူ ဖြစ်ခဲ့ပါတယ်။ သူဟာဒီရာသီမှာ မန်ယူအတွက် ပြိုင်ပွဲအရပ်ရပ်ပွဲ ၂၀ ကစားပြီး ၁၃ ဂိုးသွင်းယူခဲ့ သူဖြစ်ပြီး ကလပ်ရဲ့ထိပ်တန်းဂိုးသွင်းရှင်လည်း ဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်ဖြစ်တဲ့ မက်ဂွိုင်းယားဟာ ဒီရာသီအစမှာ မန်ယူရလဒ်မကောင်းမှုနဲ့အတူ ခြေစွမ်းနဲ့ပတ်သက်ပြီး ဝေဖန်ခံခဲ့ရသေးပေမယ့် လက်ရှိမှာတော့ အကောင်းဆုံးပုံစံကိုရရှိနေတာပါ။

သူတို့နှစ်ဦးရဲ့စွမ်းဆောင်ရည်အဓိက ကျမှုနဲ့အတူမန်ယူဟာ ပရီးမီးယားလိဂ်မှာ လိဒ်ကို ၆-၂ နဲ့နိုင်ပြီး တတိယနေရာတက်လှမ်းခဲ့သလို လိဂ်ဖလားမှာလည်း အဲဗာတန်ကို ၂-၀ နဲ့
နိုင်ပြီး ဆီမီးဖိုင်နယ်ကိုတက်ရောက်သွားခဲ့တာပါ။

နဗီးလ်က” မက်ဂွိုင်းယားနဲ့ ဖာနန်ဒက်စ် တို့နှစ်ဦးဟာ မန်ယူအတွက် သူတို့နေရာကို လွယ်လွယ်နဲ့ အစားထိုးလို့ရတဲ့သူတွေမဟုတ်ဖူးလို့ ကျွန်တော်ထင်တယ်။ ဖာနန်ဒက်စ်မပါရင် မန်ယူတိုက်စစ်က လမ်းကြောင်းလွဲမှာဖြစ်ပြီး တိုက်စစ်မှာသူဟာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်နေတယ်။

မက်ဂွိုင်းယား ကိုဆိုရင်လည်း အကောင်းဆုံးနောက်ခံလူ မဟုတ်ဖူးလို့ ဆိုကြတာကို ကျွန်တော်ကြားနေရတယ်။ ဒါပေမယ့် သူဟာမန်ယူခံစစ်ရဲ့အသည်းနှလုံးဖြစ်နေပြီးနောက်ခံလူတွေထဲမှာ ကြီးမားတဲ့ရပ်တည်မှုဖြစ်နေတာပါ။

သူဟာဘောလုံးကို မြေပြင်ပေါ်မှာရော လေထဲမှာပါကောင်းစွာ နိုင်နင်းတဲ့သူပါ။ အမှားလည်းအများကြီးလုပ်တဲ့သူမဟုတ်ဘူး။ ဒါကြောင့် သူတို့ကို အနားပေးဖို့ဆိုတာ သိပ်မလွယ်တဲ့ ကိစ္စလို့ကျွန်တော်ယုံကြည်တယ်” လို့ ပြောသွားပါတယ်။

မန်ယူဟာ ဘောက်ဆင်ဒေး(ဒီဇင်ဘာ ၂၆) မှာ လက်စတာနဲ့အဝေးကွင်း ကစားရမှာဖြစ်ပါတယ်။ မန်ယူအသင်းအနေနဲ့ ဒီပွဲမှာသာအနိုင်ရရှိခဲ့မယ်ဆိုရင် အမှတ်ပေးဇယားမှာ အဆင့်(၂)နေရာကို တက်ရောက်သွားမှာ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပြဲမ်ားတဲ့ကာလမွာ မက္ဂြိဳင္းယားနဲ႔ ဖာနန္ဒက္စ္ကို အနားမေပးဖို႔ ဂယ္ရီနဗီးလ္သတိေပး

လက္ရွိမန္ယူအသင္း ေျခစြမ္းေကာင္းရရွိေနရာမွာ ေနာက္ခံလူ မက္ဂြိဳင္းယားနဲ႔ ကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္ တို႔က အရမ္းအေရးပါေနတဲ့အတြက္ သူတို႔ႏွစ္ေယာက္ကို ပြဲစဥ္မ်ားျပားတဲ့ကာလမွာ အနားေပးရင္မွားလိမ့္မယ္လို႔ မန္ယူေနာက္ခံလူေဟာင္း ဂယ္ရီနဗီးလ္က သတိေပးလိုက္ပါတယ္။

ဖာနန္ဒက္စ္ဟာ မန္ယူသမိုင္းမွာအေကာင္းဆုံးေခၚယူမႈေတြထဲက တစ္ခုျဖစ္ခဲ့ၿပီး မန္ယူတိုက္စစ္ပိုမိုေကာင္းမြန္လာဖို႔အတြက္ မရွိမျဖစ္ လိုအပ္တဲ့သူ ျဖစ္ခဲ့ပါတယ္။ သူဟာဒီရာသီမွာ မန္ယူအတြက္ ၿပိဳင္ပြဲအရပ္ရပ္ပြဲ ၂၀ ကစားၿပီး ၁၃ ဂိုးသြင္းယူခဲ့ သူျဖစ္ၿပီး ကလပ္ရဲ႕ထိပ္တန္းဂိုးသြင္းရွင္လည္း ျဖစ္ပါတယ္။

အဂၤလန္လက္ေ႐ြးစင္ျဖစ္တဲ့ မက္ဂြိဳင္းယားဟာ ဒီရာသီအစမွာ မန္ယူရလဒ္မေကာင္းမႈနဲ႔အတူ ေျခစြမ္းနဲ႔ပတ္သက္ၿပီး ေဝဖန္ခံခဲ့ရေသးေပမယ့္ လက္ရွိမွာေတာ့ အေကာင္းဆုံးပုံစံကိုရရွိေနတာပါ။ သူတို႔ႏွစ္ဦးရဲ႕စြမ္းေဆာင္ရည္အဓိက က်မႈနဲ႔အတူမန္ယူဟာ ပရီးမီးယားလိဂ္မွာ လိဒ္ကို ၆-၂ နဲ႔ႏိုင္ၿပီး တတိယေနရာတက္လွမ္းခဲ့သလို လိဂ္ဖလားမွာလည္း အဲဗာတန္ကို ၂-၀ နဲ႔
ႏိုင္ၿပီး ဆီမီးဖိုင္နယ္ကိုတက္ေရာက္သြားခဲ့တာပါ။ နဗီးလ္က” မက္ဂြိဳင္းယားနဲ႔ ဖာနန္ဒက္စ္ တို႔ႏွစ္ဦးဟာ မန္ယူအတြက္ သူတို႕ေနရာကို လြယ္လြယ္နဲ႕ အစားထိုးလို႔ရတဲ့သူေတြမဟုတ္ဖူးလို႔ ကြၽန္ေတာ္ထင္တယ္။ ဖာနန္ဒက္စ္မပါရင္ မန္ယူတိုက္စစ္က လမ္းေၾကာင္းလြဲမွာျဖစ္ၿပီး တိုက္စစ္မွာသူဟာ အေရးပါတဲ့ အစိတ္အပိုင္းတစ္ရပ္ျဖစ္ေနတယ္။ မက္ဂြိဳင္းယား ကိုဆိုရင္လည္း အေကာင္းဆုံးေနာက္ခံလူ မဟုတ္ဖူးလို႔ ဆိုၾကတာကို ကြၽန္ေတာ္ၾကားေနရတယ္။

ဒါေပမယ့္ သူဟာမန္ယူခံစစ္ရဲ႕အသည္းႏွလုံးျဖစ္ေနၿပီးေနာက္ခံလူေတြထဲမွာ ႀကီးမားတဲ့ရပ္တည္မႈျဖစ္ေနတာပါ။ သူဟာေဘာလုံးကို ေျမျပင္ေပၚမွာေရာ ေလထဲမွာပါေကာင္းစြာ ႏိုင္နင္းတဲ့သူပါ။ အမွားလည္းအမ်ားႀကီးလုပ္တဲ့သူမဟုတ္ဘူး။ ဒါေၾကာင့္ သူတို႔ကို အနားေပးဖို႔ဆိုတာ သိပ္မလြယ္တဲ့ ကိစၥလို႔ကြၽန္ေတာ္ယုံၾကည္တယ္” လို႔ ေျပာသြားပါတယ္။ မန္ယူဟာ ေဘာက္ဆင္ေဒး(ဒီဇင္ဘာ ၂၆) မွာ လက္စတာနဲ႔အေဝးကြင္း ကစားရမွာျဖစ္ပါတယ္။ မန္ယူအသင္းအေနနဲ႕ ဒီပြဲမွာသာအႏိုင္ရရွိခဲ့မယ္ဆိုရင္ အမွတ္ေပးဇယားမွာ အဆင့္(၂)ေနရာကို တက္ေရာက္သြားမွာ ျဖစ္ပါတယ္။