အကယ်လို့သာအာဆင်နယ်နဲ့ကစားခဲ့တဲ့ပွဲက ပွဲထွက်စာရင်းမှာ ဗန်ဒီဘိခ် သာပါခဲ့ရင်…

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပွဲထွက်စာရင်းကလည်း ကာဗာနီမပါ ဗန်ဒီဘိခ်မပါနဲ့.. ဘာလဲ? သူတို့ကို အရန်ခုံမှာထိုင်ဖို့ ခေါ်ထားတာလား? ဆိုလ်ရှားရဲ့ အလယ်တန်း ရွေးကွက်က တွန်မီနေးလ်-ဖရက်ဒ်- ပေါ့ဂ်ဘာတဲ့။ ရှေ့မှာ ချာတိတ်အတွဲ ရက်ရှ်ဖို့ဒ်နဲ့ ဂရင်းဝုဒ် ဆိုတော့ ကောင်တာတစ်ပေါက် ကစားမယ့်အထာပဲ။ ဒါပေမဲ့ ငါတို့လိုနေတာ ပြိုင်ဘက်နောက်တန်းကို လဲပြိုစေမယ့် အဓိက တိုက်စစ်မှူး။ ခက်ခဲမယ့်ပွဲပါ ဂိုဂိုးမန်ယူ!…ဒါဟာ အာဆင်နယ်နဲ့မကစားမီ ပွဲထွက်လူစာရင်းကို Facebook ပေါ်တင်လိုက်ချိန်မှာ ယူနိုက်တက် ပရိသတ်တစ်ဦးရေးသားခဲ့တဲ့ စာပဲဖြစ်ပါတယ်။

သူရေးထားသလိုပါပဲ မန်ယူကိုရောက်ရှိလာပြီးနောက်ပိုင်းကတည်း ပုံမှန်ပွဲထွက်ခွင့်မရခဲ့ဘဲ ပရိသတ်တွေနဲ့ နည်းပြဆိုးလ်ရှားအကြား အမြဲစကားလုံးတိုက်ပွဲတွေဖြစ်နေတဲ့ ဗန်ဒီဘိခ်ကလည်း ဒီတစ်ခေါက်မှာတော့ အာဆင်နယ်နဲ့ကစားမယ့် ပွဲမတိုင်ခင်မှာ သူကိုယ်တိုင် ဖွင့်ဟပြောကြားလာပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိတဲ့ ဗန်ဒီဘိခ်ဟာ ပေါင်သန်း ၄၀ နီးပါးနဲ့ မန်ယူကိုပြောင်းရွှေ့လာခဲ့ တာဖြစ်ပြီး ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ဖြစ်တဲ့ ပဲလေ့စ်နဲ့ပွဲမှာ တစ်ဂိုးသွင်းနိုင်ခဲ့ပေမယ့် ပုံမှန်ပွဲထွက်ခွင့်မရဘဲ အရန်ခုံမှာသာ အချိန်ကုန်နေရတာများပါတယ်။

ဗန်ဒီဘိခ်က “ဘောလုံးသမားတွေဆိုတာ အမြဲပဲပွဲတွေကစားချင်နေတာပါ။ လေ့ကျင့် ခန်းဆင်းနေရတာလည်း ကောင်းပေမယ့် ဘယ်သူမဆို ပွဲကစားရတာ ပိုကောင်းပါ တယ်။ ပွဲကစားချင်လို့ပဲ ကျွန်တော်တို့ ဘောလုံးကစားနေကြတာမလား။ ပွဲစဉ် တော်တော်များများကို ပိုကောင်းအောင်ကစားနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါ တယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

ဗန်ဒီဘိခ်ဟာ ပြီးခဲ့တဲ့ချန်ပီယံလိဂ် လိုက်ဇစ်နဲ့ပွဲ စဉ်မှာ ပွဲထွက်ကစားခွင့်ရခဲ့ပေမယ့်လည်း ပွဲချိန် ၆၈ မိနစ်မှာ ဘရူနိုဖာနန်ဒက်နဲ့ လူစားလဲခံခဲ့ရပါတယ်။ ဗန်ဒီဘိခ်ကိုခေါ်ယူခဲ့တာနဲ့ပတ်သက်ပြီး မန်ယူဂန္ထဝင် ကစားသမားတွေအကြားမှာလည်း အမြင်တွေကွဲလွဲနေကြသလို အချို့ပရိသတ် တွေကလည်း ကွင်းလယ်ကစားသမားမလိုဘူးလို့ ယူဆနေတာတွေရှိပါတယ်။

ဗန်ဒီဘိခ်ရဲ့ပြဿနာနဲ့ပတ်သက်ပြီး လီဗာပူးအသင်းခေါင်းဆောင်ဟောင်းဖြစ်တဲ့ ဂျေမီရက်နပ်ကလည်း မလိုအပ်တဲ့ခေါ်ယူမှုအဖြစ်ထင်မြင်နေပြီး ဗန်ဒီဘိခ်အစား နောက်ခံလူကောင်းတစ်ဦးကို ခေါ်ယူသင့်တယ်လို့ ထောက်ပြခဲ့ပါတယ်။ ဗန်ဒီဘိခ် ဟာ ဆိုးလ်ရှားရဲ့လက်အောက်မှာ ဒီရာသီအတွက် ၂ ပွဲသာ ပွဲထွက်ပါဝင်ကစား ခွင့်ရရှိပါသေးတယ်။

မန်ယူနည်းပြဆိုးလ်ရှားဟာ အသင်းကွင်းလယ်မှာ ပေါ့ဂ်ဘာ၊ ဖရက်ဒ်၊ တွန်မီနေး၊ မာတာ၊ ဖာနန်ဒက်စ်၊ ဗန်ဒီဘိခ်၊ မာတစ်စတဲ့ ကွင်းလယ်ကစားသမား ၇ ဦးအထိရှိနေတဲ့အတွက် ပိုလျှံနေတဲ့ပုံစံရှိနေပြီး အသင်း မှာ အသုံးမပြုတာကြာပြီဖြစ်တဲ့ လင်ဂတ်လည်းပါမယ်ဆိုရင် ၈ ဦးအထိ ရှိနေမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဂရင်းဝုဒ်နဲ့ ဒန်နီရယ်ဂျိမ်းစ်တို့ကလည်း အလယ်တန်း တောင်ပံတိုက်စစ်ကစားတဲ့သူတွေဖြစ်တာကြောင့် မန်ယူမှာ အလယ်တန်းကစား သမားတွေ အတော်လေးများပြားနေပါတယ်။

တနင်္ဂနွေနေ့ညက အာဆင်နယ်နဲ့ကစားခဲ့တဲ့ပွဲမှာလည်း ပွဲထွက်ကစားခွင့်မရခဲ့ဘဲ ၇၅ မိနစ်မှသာ ဖာနန်ဒက်စ်နဲ့ လူစားလဲကစားခွင့်ရခဲ့ပါတယ်။ သူဝင်ရောက်ကစားခဲ့ချိန်မှာ မန်ယူဟာ (၁-ဝ)နဲ့ ရှုံးနိမ့်နေပြီး အာဆင်နယ်အသင်းကလည်း ခံစစ်ပိတ်ဆော့နေတဲ့အခြေအနေဖြစ်နေပါတယ်။

သူကစားခွင့်ရတဲ့ ၁၅မိနစ်အချိန်မှာလည်း သူဟာ ဂိုးရနိုင်မယ့်အခွင့်အရေးတွေကို ကြိုးစားရှာဖွေခဲ့ပေမယ့် အာဆင်နယ်အသင်းက တစ်သင်းလုံး ခံစစ်မှာ ဝန်းရံပိတ်ဆို့နေခဲ့တာကြောင့် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ယူနိုက်တက်အသင်းအတွက်လည်း ၁၄နှစ်တာကာလလုံး အိုးထရက်ဖိုဒ်မှာ အာဆင်နယ်မနိုင်ခဲ့တဲ့ စံချိန်တစ်ခုလည်းကျိုးပျက်ခဲ့ရပြီး ဒီရာသီမှာ နောက်ထပ်အိမ်ကွင်းရှုံးပွဲ ထပ်မံရရှိသွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အကယ္လို႕သာအာဆင္နယ္နဲ႔ကစားခဲ့တဲ့ပြဲက ပြဲထြက္စာရင္းမွာ ဗန္ဒီဘိခ္ သာပါခဲ့ရင္..

ပြဲထြက္စာရင္းကလည္း ကာဗာနီမပါ ဗန္ဒီဘိခ္မပါနဲ႔.. ဘာလဲ? သူတို႔ကို အရန္ခုံမွာထိုင္ဖို႔ ေခၚထားတာလား? ဆိုလ္ရွားရဲ႕ အလယ္တန္း ေ႐ြးကြက္က တြန္မီေနးလ္-ဖရက္ဒ္- ေပါ့ဂ္ဘာတဲ့။ ေရွ႕မွာ ခ်ာတိတ္အတြဲ ရက္ရွ္ဖို႔ဒ္နဲ႔ ဂရင္းဝုဒ္ ဆိုေတာ့ ေကာင္တာတစ္ေပါက္ ကစားမယ့္အထာပဲ။ ဒါေပမဲ့ ငါတို႔လိုေနတာ ၿပိဳင္ဘက္ေနာက္တန္းကို လဲၿပိဳေစမယ့္ အဓိက တိုက္စစ္မႉး။ ခက္ခဲမယ့္ပြဲပါ ဂိုဂိုးမန္ယူ!…ဒါဟာ အာဆင္နယ္နဲ႔မကစားမီ ပြဲထြက္လူစာရင္းကို Facebook ေပၚတင္လိုက္ခ်ိန္မွာ ယူႏိုက္တက္ ပရိသတ္တစ္ဦးေရးသားခဲ့တဲ့ စာပဲျဖစ္ပါတယ္။

သူေရးထားသလိုပါပဲ မန္ယူကိုေရာက္ရွိလာၿပီးေနာက္ပိုင္းကတည္း ပုံမွန္ပြဲထြက္ခြင့္မရခဲ့ဘဲ ပရိသတ္ေတြနဲ႔ နည္းျပဆိုးလ္ရွားအၾကား အၿမဲစကားလုံးတိုက္ပြဲေတြျဖစ္ေနတဲ့ ဗန္ဒီဘိခ္ကလည္း ဒီတစ္ေခါက္မွာေတာ့ အာဆင္နယ္နဲ႔ကစားမယ့္ ပြဲမတိုင္ခင္မွာ သူကိုယ္တိုင္ ဖြင့္ဟေျပာၾကားလာပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ရွိတဲ့ ဗန္ဒီဘိခ္ဟာ ေပါင္သန္း ၄၀ နီးပါးနဲ႔ မန္ယူကိုေျပာင္းေ႐ႊ႕လာခဲ့ တာျဖစ္ၿပီး ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္ျဖစ္တဲ့ ပဲေလ့စ္နဲ႔ပြဲမွာ တစ္ဂိုးသြင္းႏိုင္ခဲ့ေပမယ့္ ပုံမွန္ပြဲထြက္ခြင့္မရဘဲ အရန္ခုံမွာသာ အခ်ိန္ကုန္ေနရတာမ်ားပါတယ္။

ဗန္ဒီဘိခ္က “ေဘာလုံးသမားေတြဆိုတာ အၿမဲပဲပြဲေတြကစားခ်င္ေနတာပါ။ ေလ့က်င့္ ခန္းဆင္းေနရတာလည္း ေကာင္းေပမယ့္ ဘယ္သူမဆို ပြဲကစားရတာ ပိုေကာင္းပါ တယ္။ ပြဲကစားခ်င္လို႔ပဲ ကြၽန္ေတာ္တို႔ ေဘာလုံးကစားေနၾကတာမလား။ ပြဲစဥ္ ေတာ္ေတာ္မ်ားမ်ားကို ပိုေကာင္းေအာင္ကစားႏိုင္မယ္လို႔ ကြၽန္ေတာ္ ယုံၾကည္ပါ တယ္” လို႔ ေျပာဆိုသြားခဲ့ပါတယ္။

ဗန္ဒီဘိခ္ဟာ ၿပီးခဲ့တဲ့ခ်န္ပီယံလိဂ္ လိုက္ဇစ္နဲ႔ပြဲ စဥ္မွာ ပြဲထြက္ကစားခြင့္ရခဲ့ေပမယ့္လည္း ပြဲခ်ိန္ ၆၈ မိနစ္မွာ ဘ႐ူႏိုဖာနန္ဒက္နဲ႔ လူစားလဲခံခဲ့ရပါတယ္။ ဗန္ဒီဘိခ္ကိုေခၚယူခဲ့တာနဲ႔ပတ္သက္ၿပီး မန္ယူဂႏၴဝင္ ကစားသမားေတြအၾကားမွာလည္း အျမင္ေတြကြဲလြဲေနၾကသလို အခ်ိဳ႕ပရိသတ္ ေတြကလည္း ကြင္းလယ္ကစားသမားမလိုဘူးလို႔ ယူဆေနတာေတြရွိပါတယ္။

ဗန္ဒီဘိခ္ရဲ႕ျပႆနာနဲ႔ပတ္သက္ၿပီး လီဗာပူးအသင္းေခါင္းေဆာင္ေဟာင္းျဖစ္တဲ့ ေဂ်မီရက္နပ္ကလည္း မလိုအပ္တဲ့ေခၚယူမႈအျဖစ္ထင္ျမင္ေနၿပီး ဗန္ဒီဘိခ္အစား ေနာက္ခံလူေကာင္းတစ္ဦးကို ေခၚယူသင့္တယ္လို႔ ေထာက္ျပခဲ့ပါတယ္။ ဗန္ဒီဘိခ္ ဟာ ဆိုးလ္ရွားရဲ႕လက္ေအာက္မွာ ဒီရာသီအတြက္ ၂ ပြဲသာ ပြဲထြက္ပါဝင္ကစား ခြင့္ရရွိပါေသးတယ္။

မန္ယူနည္းျပဆိုးလ္ရွားဟာ အသင္းကြင္းလယ္မွာ ေပါ့ဂ္ဘာ၊ ဖရက္ဒ္၊ တြန္မီေနး၊ မာတာ၊ ဖာနန္ဒက္စ္၊ ဗန္ဒီဘိခ္၊ မာတစ္စတဲ့ ကြင္းလယ္ကစားသမား ၇ ဦးအထိရွိေနတဲ့အတြက္ ပိုလွ်ံေနတဲ့ပုံစံရွိေနၿပီး အသင္း မွာ အသုံးမျပဳတာၾကာၿပီျဖစ္တဲ့ လင္ဂတ္လည္းပါမယ္ဆိုရင္ ၈ ဦးအထိ ရွိေနမွာ ျဖစ္ပါတယ္။

ဒါ့အျပင္ ဂရင္းဝုဒ္နဲ႔ ဒန္နီရယ္ဂ်ိမ္းစ္တို႔ကလည္း အလယ္တန္း ေတာင္ပံတိုက္စစ္ကစားတဲ့သူေတြျဖစ္တာေၾကာင့္ မန္ယူမွာ အလယ္တန္းကစား သမားေတြ အေတာ္ေလးမ်ားျပားေနပါတယ္။

တနဂၤေႏြေန႔ညက အာဆင္နယ္နဲ႔ကစားခဲ့တဲ့ပြဲမွာလည္း ပြဲထြက္ကစားခြင့္မရခဲ့ဘဲ ၇၅ မိနစ္မွသာ ဖာနန္ဒက္စ္နဲ႔ လူစားလဲကစားခြင့္ရခဲ့ပါတယ္။ သူဝင္ေရာက္ကစားခဲ့ခ်ိန္မွာ မန္ယူဟာ (၁-၀)နဲ႕ ရႈံးနိမ့္ေနၿပီး အာဆင္နယ္အသင္းကလည္း ခံစစ္ပိတ္ေဆာ့ေနတဲ့အေျခအေနျဖစ္ေနပါတယ္။ သူကစားခြင့္ရတဲ့ ၁၅မိနစ္အခ်ိန္မွာလည္း သူဟာ ဂိုးရႏိုင္မယ့္အခြင့္အေရးေတြကို ၾကိဳးစားရွာေဖြခဲ့ေပမယ့္ အာဆင္နယ္အသင္းက တစ္သင္းလုံး ခံစစ္မွာ ဝန္းရံပိတ္ဆို႔ေနခဲ့တာေၾကာင့္ ဂိုးသြင္းယူႏိုင္ခဲ့ျခင္းမရွိခဲ့ပါဘူး။ ယူႏိုက္တက္အသင္းအတြက္လည္း ၁၄ႏွစ္တာကာလလံုး အိုးထရက္ဖိုဒ္မွာ အာဆင္နယ္မႏိုင္ခဲ့တဲ့ စံခ်ိန္တစ္ခုလည္းက်ိဳးပ်က္ခဲ့ရၿပီး ဒီရာသီမွာ ေနာက္ထပ္အိမ္ကြင္းရႈံးပြဲ ထပ္မံရရွိသြားခဲ့ပါတယ္။