ပွဲအပြီးမှာ မိမိတို့ အသင်းဟာ အရှုံးရလဒ်နဲ့ ထိုက်တန်ခဲ့ပါတယ်လို့ ပေါ့ဘာ ပြောဆို

မန်ယူအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၈) အဖြစ် မနေ့ညက ကစားခဲ့တဲ့

လက်စတာအသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာ (၄−၂) ဂိုး နဲ့ အရေးနိမ့်ခဲ့ရပါတယ်။

အိမ်ကွင်းမှာ နှစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ရတဲ့ မန်ယူအသင်းအနေနဲ့

အဆိုပါ ရှုံးပွဲကြောင့် အဝေးကွင်း ရှုံးပွဲမရှိ စံချိန်ကောင်းကိုပါ လက်လွှတ်လိုက်ရပြီဖြစ်ပါတယ်။

မန်ယူကွင်းလယ်လူ ပေါ့ဘာကတော့ အဆိုပါ ပွဲရဲ့ ရလဒ် နဲ့ ပတ်သက်ပြီး

ပွဲအပြီးမှာ မိမိ တို့ အသင်းဟာ အရှုံးရလဒ်နဲ့ ထိုက်တန်ခဲ့ပါတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

” ကျွန်တော်တို့တွေ တစ်ခုခုကိုတော့ ပြောင်းလဲဖို့ လိုအပ်နေပါပြီ။

ဒီလိုပွဲမျိုး ၊ ဒီလို ရလဒ်မျိုးတွေ ကြုံတွေ့နေရတာ မနည်းတော့ပါဘူး။

တချို့ဂိုးတွေက ပြိုက်ဘက်အသင်း ကံကောင်းလို့ ရသွားတာဖြစ်ပေမယ့်

တချို့ဂိုးတွေကတော့ မပေးသင့်ဘဲ လွယ်လွယ်ကူကူ ခွင့်ပြုပေးလိုက်ရတာတွေ များနေပါပြီ”

” ကျွန်တော်တို့အနေနဲ့ အခုထက် ပိုပြီး ရင့်ကျက်ဖို့ လိုအပ်နေပါတယ်။

အရှုံးတွေကို သင်ခန်းစာယူပြီး လမ်းကြောင်းမှန်ပေါ် ပြန်ရောက်အောင်သွားနိုင်ဖို့

လိုအပ်နေပါတယ်။ ကျွန်တော်တို့ တစ်ခုခုလုပ်ဖို့တော့ လိုအပ်နေပြီ။

ဒီနေ့ပွဲရဲ့ အရှုံးရလဒ်ကလည်း ကျွန်တော်တို့ အတွက် ထိုက်တန်ပါတယ်” လို့

ကွင်းလယ်လူ ပေါ့ဘာက ဆိုပါတယ်။

မန်ယူအသင်းဟာ လာမယ့် ကြာသပတေးနေ့မှာ

အတ္တလန်တာအသင်းနဲ့ ချန်ပီယံလိဂ် တတိယမြောက် အုပ်စုပွဲစဉ် ၊

အောက်တိုဘာ (၂၄) ရက်နေ့မှာ လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ်

အိမ်ကွင်းပွဲစဉ် ၊ အောက်တိုဘာ (၃၀) ရက်နေ့မှာ စပါးအသင်းနဲ့

ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်တွေကို ဆက်တိုက် ကစားရဖို့ ရှိနေပြီး

လက်ရှိခြေစွမ်းအရ စိုးရိမ်ရေမှန်ထက်ကျော်လွန်နေတဲ့ အနေအထားတစ်ရပ်ဖြစ်လို့နေပါတယ်။

zawgyi

ပြဲအၿပီးမွာ မိမိတို႔ အသင္းဟာ အရႈံးရလဒ္နဲ႔ ထိုက္တန္ခဲ့ပါတယ္လို႔ ေပါ့ဘာ ေျပာဆို

မန္ယူအသင္းဟာ ပရီးမီးယားလိဂ္ ပြဲစဥ္ (၈) အျဖစ္ မေန႔ညက ကစားခဲ့တဲ့

လက္စတာအသင္းနဲ႔ အေဝးကြင္းပြဲစဥ္မွာ (၄−၂) ဂိုး နဲ႔ အေရးနိမ့္ခဲ့ရပါတယ္။

အိမ္ကြင္းမွာ ႏွစ္ပြဲဆက္တိုက္ ႏိုင္ပြဲေပ်ာက္ခဲ့ရတဲ့ မန္ယူအသင္းအေနနဲ႔

အဆိုပါ ရႈံးပြဲေၾကာင့္ အေဝးကြင္း ရႈံးပြဲမရွိ စံခ်ိန္ေကာင္းကိုပါ လက္လႊတ္လိုက္ရၿပီျဖစ္ပါတယ္။

မန္ယူကြင္းလယ္လူ ေပါ့ဘာကေတာ့ အဆိုပါ ပြဲရဲ႕ ရလဒ္ နဲ႔ ပတ္သက္ၿပီး

ပြဲအၿပီးမွာ မိမိ တို႔ အသင္းဟာ အရႈံးရလဒ္နဲ႔ ထိုက္တန္ခဲ့ပါတယ္လို႔ ေျပာဆိုသြားခဲ့ပါတယ္။

” ကြၽန္ေတာ္တို႔ေတြ တစ္ခုခုကိုေတာ့ ေျပာင္းလဲဖို႔ လိုအပ္ေနပါၿပီ။

ဒီလိုပြဲမ်ိဳး ၊ ဒီလို ရလဒ္မ်ိဳးေတြ ႀကဳံေတြ႕ေနရတာ မနည္းေတာ့ပါဘူး။

တခ်ိဳ႕ဂိုးေတြက ၿပိဳက္ဘက္အသင္း ကံေကာင္းလို႔ ရသြားတာျဖစ္ေပမယ့္

တခ်ိဳ႕ဂိုးေတြကေတာ့ မေပးသင့္ဘဲ လြယ္လြယ္ကူကူ ခြင့္ျပဳေပးလိုက္ရတာေတြ မ်ားေနပါၿပီ”

” ကြၽန္ေတာ္တို႔အေနနဲ႔ အခုထက္ ပိုၿပီး ရင့္က်က္ဖို႔ လိုအပ္ေနပါတယ္။

အရႈံးေတြကို သင္ခန္းစာယူၿပီး လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္ေအာင္သြားႏိုင္ဖို႔

လိုအပ္ေနပါတယ္။ ကြၽန္ေတာ္တို႔ တစ္ခုခုလုပ္ဖို႔ေတာ့ လိုအပ္ေနၿပီ။

ဒီေန႔ပြဲရဲ႕ အရႈံးရလဒ္ကလည္း ကြၽန္ေတာ္တို႔ အတြက္ ထိုက္တန္ပါတယ္” လို႔

ကြင္းလယ္လူ ေပါ့ဘာက ဆိုပါတယ္။ မန္ယူအသင္းဟာ လာမယ့္ ၾကာသပေတးေန႔မွာ

အတၱလန္တာအသင္းနဲ႔ ခ်န္ပီယံလိဂ္ တတိယေျမာက္ အုပ္စုပြဲစဥ္ ၊

ေအာက္တိုဘာ (၂၄) ရက္ေန႔မွာ လီဗာပူးလ္အသင္းနဲ႔ ပရီးမီးယားလိဂ္

အိမ္ကြင္းပြဲစဥ္ ၊ ေအာက္တိုဘာ (၃၀) ရက္ေန႔မွာ စပါးအသင္းနဲ႔

ပရီးမီးယားလိဂ္ အေဝးကြင္းပြဲစဥ္ေတြကို ဆက္တိုက္ ကစားရဖို႔ ရွိေနၿပီး

လက္ရွိေျခစြမ္းအရ စိုးရိမ္ေရမွန္ထက္ေက်ာ္လြန္ေနတဲ့ အေနအထားတစ္ရပ္ျဖစ္လို႔ေနပါတယ္။