ဖယ်လ်ကာအိုရဲ့ဂိုးသွင်းမှတ်တမ်းကို လိုက်မီနိုင်ခဲ့တဲ့ ဆွာရက်ဇ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အက်သလက်တီကိုအသင်းတိုက်စစ်မှူး ဆွာရက်ဇ်ဟာ ယမန်နေ့ညက ဂီတာဖေးကို ၁-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ တစ်လုံးတည်းသောအနိုင်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် တိုက်စစ်မှူးဟောင်း ဖယ်လ်ကာအိုရဲ့ဂိုးသွင်းစံချိန်ကို လိုက်မီနိုင်ခဲ့ကြောင်း သိရပါတယ်။

ဆွာရက်ဇ်ဟာ ပွဲချိန်မိနစ် ၂၀မှာ ကာရက်စ်ကိုရဲ့ပေးပို့မှုကနေ အနိုင်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး အက်သလက်တီကိုနည်းပြဘ၀ ဆီမြွန်နီရဲ့ ပွဲ၅၀၀ ပြည့်မှာ အမှတ်ပြည့်ရခဲ့လို့ အသင်းလည်း ရီးရဲလ်ကို ၂ မှတ်ဖြတ်ကာ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပါတယ်။

ဆွာရက်ဇ်ကလည်း ပြီးခဲ့တဲ့နွေရာသီက ဘာစီလိုနာကနေ ရောက်လာပြီးနောက် လိဂ် ၁၁ပွဲမှာ ၈ဂိုးမြောက်သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ၂၀၁၁ ခုနှစ်က ပေါ်တိုကနေ ရောက်လာပြီးနောက် သွင်းယူနိုင်ခဲ့တဲ့ ဖယ်လ်ကာအိုရဲ့အကောင်းဆုံးဂိုးသွင်းမှတ်တမ်းကို လိုက်မီနိုင်ခဲ့တာဖြစ်ပါတယ်။


ဆွာရက်ဇ်ဟာ ယခုရာစုနှစ်အတွင်း အက်သလက်တီကိုအသင်းသမိုင်းတစ်လျှောက် ဖယ်လ်ကာအိုနဲ့အတူ လာလီဂါမှာ အကောင်းဆုံးဂိုးသွင်းမှတ်တမ်းရရှိသူအဖြစ် ပူးတွဲစံချိန်တင်နိုင်ခဲ့ပါတယ်။

ဆွာရက်ဇ်ဟာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံခဲ့ရတာကြောင့် နိုဝင်ဘာလက တစ်လကြာမပါဝင်နိုင်ခဲ့ပေမယ့် ဂိုးသွင်းစွမ်းရည်ထက်မြက်နေပြီး ဘာစီလိုနာအသင်းကို နည်းပြသစ်ရော်နယ်ကိုးမန်း ကိုင်တွယ်ခဲ့ပြီးနောက် အသင်းမှာ မလိုအပ်တော့ဘူးလို့ အသိပေးခံခဲ့ရပါတယ်။

ဆွာရက်ဇ်ရဲ့ထွက်ခွာမှုက အသင်းဖော်ဟောင်းလည်းဖြစ်၊ ရင်းနှီးတဲ့သူငယ်ချင်းလည်းဖြစ်တဲ့ ဘာစီလိုနာအသင်းခေါင်းဆာင် မက်ဆီအတွက် ယခုအချိန်အထိ စိတ်ပျက်စရာဖြစ်နေဆဲဖြစ်ပြီး တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ဆွာရက်ဇ်ကို အသင်းပြောင်းရွှေ့ခွင့်ပြုခဲ့တဲ့ အသင်းတာဝန်ရှိသူတွေရဲ့ဆုံးဖြတ်ချက်အပေါ် ဝေဖန်ခဲ့ပါတယ်။

အက်သလက်တီကိုဟာ တနင်္ဂနွေနေ့မှာ အလာဗက်စ်နဲ့ လိဂ်ပွဲဆက်ကစားရမှာဖြစ်ပြီး လာလီဂါမှာ ရီးရဲလ်နဲ့ ဘာစီလိုနာတို့ ၆နှစ်ဆက် လွှမ်းမိုးလာမှုကို အဆုံးသတ်နိုင်ရေးအတွက် မျှော်လင့်နေသလို သူတို့ကိုယ်တိုင်လည်း ၂၀၁၃-၁၄ ရာသီနောက်ပိုင်း ပထမဆုံးလာလီဂါချန်ပီယံဖြစ်ဖို့ ကြိုးစားနေပါတယ်။

ဆွာရက်ဇ်ကို အလိုမရှိတော့ဘူးလို့ အသိပေးခဲ့တဲ့ ဘာစီလိုနာအသင်းက လာလီဂါမှာ ရုန်းကန်နေရချိန်မှာ ဆွာရက်ဇ်ဦးဆောင်တဲ့အက်သလက်တီကိုကတော့ အဆင့် ၆ နေရာက ဘာစီလိုနာကို တစ်ပွဲလျော့ ၁၀ မှတ်အထိ ဖြတ်ထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဖယ္လ္ကာအိုရဲ႕ဂိုးသြင္းမွတ္တမ္းကို လုိက္မီႏုိင္ခဲ့တဲ့ ဆြာရက္ဇ္

အက္သလက္တီကိုအသင္းတုိက္စစ္မွဴး ဆြာရက္ဇ္ဟာ ယမန္ေန႔ညက ဂီတာေဖးကို ၁-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ တစ္လုံးတည္းေသာအႏိုင္ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ တုိက္စစ္မွဴးေဟာင္း ဖယ္လ္ကာအိုရဲ႕ဂုိးသြင္းစံခ်ိန္ကို လုိက္မီႏိုင္ခဲ့ေၾကာင္း သိရပါတယ္။ ဆြာရက္ဇ္ဟာ ပြဲခ်ိန္မိနစ္ ၂၀မွာ ကာရက္စ္ကုိရဲ႕ေပးပို႔မႈကေန အႏိုင္ဂုိးသြင္းယူႏုိင္ခဲ့တာျဖစ္ၿပီး အက္သလက္တီကိုနည္းျပဘ၀ ဆီျမြန္နီရဲ႕ ပြဲ၅၀၀ ျပည့္မွာ အမွတ္ျပည့္ရခဲ့လုိ႔ အသင္းလည္း ရီးရဲလ္ကို ၂ မွတ္ျဖတ္ကာ အမွတ္ေပးဇယားကို ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဆြာရက္ဇ္ကလည္း ၿပီးခဲ့တဲ့ေႏြရာသီက ဘာစီလိုနာကေန ေရာက္လာၿပီးေနာက္ လိဂ္ ၁၁ပြဲမွာ ၈ဂိုးေျမာက္သြင္းယူႏုိင္ခဲ့တာျဖစ္ၿပီး ၂၀၁၁ ခုႏွစ္က ေပၚတိုကေန ေရာက္လာၿပီးေနာက္ သြင္းယူႏိုင္ခဲ့တဲ့ ဖယ္လ္ကာအိုရဲ႕အေကာင္းဆုံးဂိုးသြင္းမွတ္တမ္းကို လုိက္မီႏိုင္ခဲ့တာျဖစ္ပါတယ္။ ဆြာရက္ဇ္ဟာ ယခုရာစုႏွစ္အတြင္း အက္သလက္တီကိုအသင္းသမုိင္းတစ္ေလွ်ာက္ ဖယ္လ္ကာအိုနဲ႔အတူ လာလီဂါမွာ အေကာင္းဆုံးဂိုးသြင္းမွတ္တမ္းရရွိသူအျဖစ္ ပူးတြဲစံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။

ဆြာရက္ဇ္ဟာ ကို႐ိုနာဗုိင္းရပ္စ္ပုိးကူးစက္ခံခဲ့ရတာေၾကာင့္ ႏို၀င္ဘာလက တစ္လၾကာမပါ၀င္ႏိုင္ခဲ့ေပမယ့္ ဂိုးသြင္းစြမ္းရည္ထက္ျမက္ေနၿပီး ဘာစီလုိနာအသင္းကို နည္းျပသစ္ေရာ္နယ္ကိုးမန္း ကိုင္တြယ္ခဲ့ၿပီးေနာက္ အသင္းမွာ မလိုအပ္ေတာ့ဘူးလုိ႔ အသိေပးခံခဲ့ရပါတယ္။ဆြာရက္ဇ္ရဲ႕ထြက္ခြာမႈက အသင္းေဖာ္ေဟာင္းလည္းျဖစ္၊ ရင္းႏွီးတဲ့သူငယ္ခ်င္းလည္းျဖစ္တဲ့ ဘာစီလုိနာအသင္းေခါင္းဆာင္ မက္ဆီအတြက္ ယခုအခ်ိန္အထိ စိတ္ပ်က္စရာျဖစ္ေနဆဲျဖစ္ၿပီး တနဂၤေႏြေန႔က ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးတစ္ခုမွာ ဆြာရက္ဇ္ကို အသင္းေျပာင္းေရႊ႕ခြင့္ျပဳခဲ့တဲ့ အသင္းတာ၀န္ရွိသူေတြရဲ႕ဆုံးျဖတ္ခ်က္အေပၚ ေ၀ဖန္ခဲ့ပါတယ္။

အက္သလက္တီကိုဟာ တနဂၤေႏြေန႔မွာ အလာဗက္စ္နဲ႔ လိဂ္ပဲြဆက္ကစားရမွာျဖစ္ၿပီး လာလီဂါမွာ ရီးရဲလ္နဲ႔ ဘာစီလုိနာတို႔ ၆ႏွစ္ဆက္ လႊမ္းမုိးလာမႈကို အဆုံးသတ္ႏိုင္ေရးအတြက္ ေမွ်ာ္လင့္ေနသလုိ သူတုိ႔ကိုယ္တုိင္လည္း ၂၀၁၃-၁၄ ရာသီေနာက္ပိုင္း ပထမဆုံးလာလီဂါခ်န္ပီယံျဖစ္ဖုိ႔ ႀကိဳးစားေနပါတယ္။ဆြာရက္ဇ္ကို အလုိမရွိေတာ့ဘူးလုိ႔ အသိေပးခဲ့တဲ့ ဘာစီလုိနာအသင္းက လာလီဂါမွာ ႐ုန္းကန္ေနရခ်ိန္မွာ ဆြာရက္ဇ္ဦးေဆာင္တဲ့အက္သလက္တီကိုကေတာ့ အဆင့္ ၆ ေနရာက ဘာစီလုိနာကို တစ္ပြဲေလ်ာ့ ၁၀ မွတ္အထိ ျဖတ္ထားပါတယ္။