ဖရက်ဒ်ရဲ့ ဆေးထိုးအောင်မြင်မှုက  ဒီဂီယာကို ၀ိုင်းဆော်နေကြပြီလေ… 

ဒေးဗစ်ဒီဂီယာဟာမနေ့ညတုန်းကအိုးထရက်ဖို့ဒ်တွင် အာဆင်နယ်ကိုအနိုင်

ရရှိတဲ့ပွဲတွင်ပွဲ အစောပိုင်းတွင်အာဆင်နယ်ဘက်သို့ပေးလိုက်ရတဲ့ဂိုးအတွက်

ဝေဖန်ခြင်းခံနေရပါတယ်။
စပိန်ဂိုးသမားဟာကြာသပတေးနေ့ညတုန်းကပွဲတွင်ပွဲချိန်၁၃မိနစ်မှာအာဆင်နယ်ရဲ့

ထောင့်ကန်ဘောကိုကာကွယ်စဉ်ကစားဖော်ဖရက်ရဲ့ မတော်တဆနင်းမိမှုခံခဲ့ကာ

လဲကျခဲ့ပါတယ်။ ယူနိုက်တက်ဂိုးဧရိယာမှရှင်းထုတ်လိုက်တဲ့ဘောလုံးကို ဧရိယာ

ထိပ်ရှိ အီမီလီစမစ်ကရရှိကာ မြေမကန်ဘောကန်သွင်းခဲ့ပါတယ်။


ကွင်းလယ်ဒိုင်လူကြီးဟာအထက်ပါအဖြစ်အပျက်ကို ကွင်းဘေးရှိမော်နီတာတွင်

စစ်ဆေးမှုပြုလုပ်ပြီးနောက်အီမီလီစမစ်ရဲ့ဂိုးကို ခွင့်ပြုခဲ့ပါတယ်။

နယူးကာဆယ်ဂန္ထဝင်အလန်ရှီးယားက “ဒိုင်လူကြီးဝီစီမမှုတ်ခဲ့ပါဘူး။ဂိုးသမားကို

ကြီးကြီးမားမားပြစ်ဒဏ်ဘောကျူးလွန်တာလည်းမမြင်လိုက်ပါဘူး။ဂိုးသမားကို

သူ့ကစားသမားကနင်းမိတာပါ။ဒီလောက်ပြင်းထန်တယ်လို့လည်းမထင်ဘူး။

ဒါပေမယ့်ပွဲကိုအများကြီးပြောင်းလဲသွားစေတယ်လို့လည်းမထင်ပါဘူး။

ပွဲတိုင်းမှာဒါမျိုးကမြင်တွေ့နေကြပါ။တစ်ယောက်ကတော့ကိုယ့်ခြေထောက်(သို့မဟုတ်)

ခြေကျင်းဝတ်ကိုလာနင်းတာပါပဲ။သူကဘောလုံးကိုလုံးဝဂရုမစိုက်တော့ဘဲ

လဲချလိုက်တာ။ဒါပေမယ့်သူဟာဘာလို့ပြန်ထလာတာလဲ။မိနစ်အနည်းငယ်လည်း

ကျရောထလာတယ်။ဒီတော့ဘာမှမနာဘူးဆိုတာသိသာတယ်။တကယ်လို့ဒဏ်ရာ

အပြင်းအထန်ရတယ်။မကစားနိုင်တော့ဘူး။ထမ်းစင်နဲ့ထမ်းထွက်ရတယ်ဆိုရင်

တော့ငြင်းစရာရှိလာပါမယ်”လို့ပြောကြားသွားပါတယ်။

Zawgyi

ဖရက္ဒ္ရဲ႕ ေဆးထိုးေအာင္ျမင္မႈက  ဒီဂီယာကို ၀ိုင္းေဆာ္ေနၾကၿပီေလ…
ေဒးဗစ္ဒီဂီယာဟာမေန႔ညတုန္းကအိုးထရက္ဖို႔ဒ္တြင္ အာဆင္နယ္ကိုအႏိုင္

ရရွိတဲ့ပြဲတြင္ပြဲ အေစာပိုင္းတြင္အာဆင္နယ္ဘက္သို႔ေပးလိုက္ရတဲ့ဂိုးအတြက္

ေဝဖန္ျခင္းခံေနရပါတယ္။
စပိန္ဂိုးသမားဟာၾကာသပေတးေန႔ညတုန္းကပြဲတြင္ပြဲခ်ိန္၁၃မိနစ္မွာအာဆင္နယ္ရဲ႕

ေထာင့္ကန္ေဘာကိုကာကြယ္စဥ္ကစားေဖာ္ဖရက္ရဲ႕ မေတာ္တဆနင္းမိမႈခံခဲ့ကာ

လဲက်ခဲ့ပါတယ္။ ယူႏိုက္တက္ဂိုးဧရိယာမွရွင္းထုတ္လိုက္တဲ့ေဘာလုံးကို ဧရိယာ

ထိပ္ရွိ အီမီလီစမစ္ကရရွိကာ ေျမမကန္ေဘာကန္သြင္းခဲ့ပါတယ္။
ကြင္းလယ္ဒိုင္လူႀကီးဟာအထက္ပါအျဖစ္အပ်က္ကို ကြင္းေဘးရွိေမာ္နီတာတြင္

စစ္ေဆးမႈျပဳလုပ္ၿပီးေနာက္အီမီလီစမစ္ရဲ႕ဂိုးကို ခြင့္ျပဳခဲ့ပါတယ္။

နယူးကာဆယ္ဂႏၴဝင္အလန္ရွီးယားက “ဒိုင္လူႀကီးဝီစီမမႈတ္ခဲ့ပါဘူး။ဂိုးသမားကို

ႀကီးႀကီးမားမားျပစ္ဒဏ္ေဘာက်ဴးလြန္တာလည္းမျမင္လိုက္ပါဘူး။ဂိုးသမားကို

သူ႔ကစားသမားကနင္းမိတာပါ။ဒီေလာက္ျပင္းထန္တယ္လို႔လည္းမထင္ဘူး။

ဒါေပမယ့္ပြဲကိုအမ်ားႀကီးေျပာင္းလဲသြားေစတယ္လို႔လည္းမထင္ပါဘူး။ပြဲတိုင္းမွ

ာဒါမ်ိဳးကျမင္ေတြ႕ေနၾကပါ။တစ္ေယာက္ကေတာ့ကိုယ့္ေျခေထာက္(သို႔မဟုတ္)

ေျခက်င္းဝတ္ကိုလာနင္းတာပါပဲ။သူကေဘာလုံးကိုလုံးဝဂ႐ုမစိုက္ေတာ့ဘဲ

လဲခ်လိုက္တာ။ဒါေပမယ့္သူဟာဘာလို႔ျပန္ထလာတာလဲ။မိနစ္အနည္းငယ္လည္း

က်ေရာထလာတယ္။ဒီေတာ့ဘာမွမနာဘူးဆိုတာသိသာတယ္။တကယ္လို႔ဒဏ္ရာ

အျပင္းအထန္ရတယ္။မကစားႏိုင္ေတာ့ဘူး။ထမ္းစင္နဲ႔ထမ္းထြက္ရတယ္ဆိုရင္

ေတာ့ျငင္းစရာရွိလာပါမယ္”လို႔ေျပာၾကားသြားပါတယ္။