ဖရက်ဒ်၊ တွန်မီနေး၊ မာတစ်တို့အဆင့်နဲ့ မန်ယူ ဖလားရမှာမဟုတ်ဘူးလို့ ရွိုင်ကိန်း ဒဲ့ပြောပြီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းရဲ့ သံမဏိအသင်းခေါင်းဆောင်အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ရွိုင်ကိန်း ဟာ ကစားသမားဘဝတုန်းက ရဲရင့်တဲ့တိုက်ပွဲဝင်စိတ်ဓာတ်ကြောင့် ပရိသတ်တွေ ရဲ့ အချစ်တော်ဖြစ်ခဲ့ရသလို မှန်ရာကိုဒဲ့ဒိုးပြောတတ်တဲ့သူ့ရဲ့အကျင့်ကြောင့်လည်း အသင်းကနေ ရောင်းထုတ်ခံခဲ့ရတဲ့အထိဖြစ်ခဲ့ဖူးသူပါ။

နည်းပြမလုပ်တော့ဘဲ ဘောလုံးပွဲဝေဖန်သူလုပ်နေတဲ့ ရွိုင်ကိန်းဟာ အာဆင်နယ်နဲ့ပွဲအပြီးမှာတော့ မန်ယူ အနေနဲ့ ဖရက်ဒ်၊ တွန်မီနေး၊ မာတစ်တို့လို ကစားသမားတွေနဲ့ ချန်ပီယံဆုဖလား မရနိုင်ဘူးလို့ ဝေဖန်ခဲ့သလို ပေါ့ဂ်ဘာရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ ကစားအားကို လည်း ပြစ်တင်ခဲ့ပါတယ်။

ပေါ့ဂ်ဘာနဲ့ မာတစ်ကိုဝေဖန်တာမထူးဆန်းပေမယ့် ကစားအားကောင်းတဲ့ ဖရက်ဒ်နဲ့ တွန်မီနေးကိုဝေဖန်မှုအပေါ်မှာ ပရိသတ်တွေ အံ့ အားသင့်ခဲ့ကြပါတယ်။

 

ရွိုင်ကိန်းက “ဖရက်ဒ်နဲ့ တွန်မီနေးတို့ကို မကောင်းတဲ့ ကစားသမားတွေလို့ မဆိုလိုပါဘူး။ ဒါပေမဲ့ မန်ယူအနေနဲ့ ဆုဖလားအောင်မြင်မှု တွေ ရချင်တယ်ဆိုရင်တော့ ဒီအဆင့်လောက်ကစားသမားတွေနဲ့ မဖြစ်ပါဘူး။ ကျွန်တော်တို့က အလယ်အလတ်အသင်းတွေနဲ့ ယှဉ်ပြိုင်နေရတယ်လို့ ယူဆနေ ရင်တော့ မပြောတတ်ဘူး။

မန်စီးတီး၊ လီဗာပူးတို့လို အသင်းတွေနဲ့ယှဉ်ပြိုင်မယ်ဆိုရင် ဒီအဆင့်လောက်နဲ့ တက်မလာနဲ့ပြောရမှာပါ။ ပြီးခဲ့တဲ့ရာသီတုန်းက မန်ယူ ထက် ချဲလ်ဆီးနဲ့ လက်စတာက ဂိုးတွေပိုသွင်းနိုင်ခဲ့ပါတယ်။ အဲဒီလိုမျိုးလုပ်နိုင်ဖို့ က ဖရက်ဒ်၊ တွန်မီနေး၊ မာတစ်တို့ရဲ့အဆင့်ထက် ပိုလိုအပ်ပါတယ်”လို့ ပြော ကြားသွားခဲ့ပါတယ်။

ဒ့ါအပြင် ပေါ့ဂ်ဘာနဲ့ပတ်သက်ပြီးတော့လည်း မန်ယူမှာ ကစားရင် လုပ်အားနှုန်းအပြင် ဖန်တီးနိုင်မှုအပိုင်းမှာပါ စွမ်းဆောင်ရည်ကောင်းပြ ဖို့လိုတယ်လို့ ပြောဆိုသွားခဲ့ပါသေးတယ်။

ရွိုင်ကိန်းက မန်ယူကွင်းလယ်နဲ့ပတ် သက်ပြီး သူ့ရဲ့အမြင်ကို အခုလိုပြောပြထားပါတယ်။ “ဖာနန်ဒက်စ်က ဖန်တီးမှု အားကောင်းတဲ့ကစားသမားဖြစ်ပါတယ်။ ဗန်ဒီဘိခ်ကလည်း မန်ယူအတွက် လို အပ်တဲ့သူပါ။ နောက်တန်း ၄ ယောက်ရဲ့အရှေ့မှာ Cover လုပ်ပေးနိုင်ဖို့လူလိုနေ တယ်။

မန်ယူအတွက်ကစားမယ်ဆိုရင် ကျွမ်းကျင်မှုတစ်ခုတည်းနဲ့မရဘဲ အသင်း စိတ်ဓာတ်၊ ပေးဆပ်လိုစိတ်နဲ့ ဖန်တီးမှုအပိုင်းတွေလည်း လိုအပ်ပါတယ်။ ဗန်ဒီဘိခ် လိုကစားသမားက ဘာလို့ပွဲအများကြီးမကစားနိုင်ရမှာလဲ” လို့ ပြောကြားသွားခဲ့ ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဖရက္ဒ္၊ တြန္မီေနး၊ မာတစ္တို႔အဆင့္နဲ႔ မန္ယူ ဖလားရမွာမဟုတ္ဘူးလို႔ ရြိဳင္ကိန္း ဒဲ့ေျပာၿပီ

မန္ယူအသင္းရဲ႕ သံမဏိအသင္းေခါင္းေဆာင္အျဖစ္ သတ္မွတ္ခံခဲ့ရတဲ့ ရြိဳင္ကိန္း ဟာ ကစားသမားဘ၀တုန္းက ရဲရင့္တဲ့တုိက္ပြဲ၀င္စိတ္ဓာတ္ေၾကာင့္ ပရိသတ္ေတြ ရဲ႕ အခ်စ္ေတာ္ျဖစ္ခဲ့ရသလို မွန္ရာကိုဒဲ့ဒိုးေျပာတတ္တဲ့သူ႕ရဲ႕အက်င့္ေၾကာင့္လည္း အသင္းကေန ေရာင္းထုတ္ခံခဲ့ရတဲ့အထိျဖစ္ခဲ့ဖူးသူပါ။

နည္းျပမလုပ္ေတာ့ဘဲ ေဘာလံုးပြဲေ၀ဖန္သူလုပ္ေနတဲ့ ရြိဳင္ကိန္းဟာ အာဆင္နယ္နဲ႔ပြဲအၿပီးမွာေတာ့ မန္ယူ အေနနဲ႔ ဖရက္ဒ္၊ တြန္မီေနး၊ မာတစ္တို႔လို ကစားသမားေတြနဲ႔ ခ်န္ပီယံဆုဖလား မရႏိုင္ဘူးလို႔ ေ၀ဖန္ခဲ့သလို ေပါ့ဂ္ဘာရဲ႕ တိုက္ပြဲ၀င္စိတ္ဓာတ္နဲ႔ ကစားအားကို လည္း ျပစ္တင္ခဲ့ပါတယ္။

ေပါ့ဂ္ဘာနဲ႔ မာတစ္ကိုေ၀ဖန္တာမထူးဆန္းေပမယ့္ ကစားအားေကာင္းတဲ့ ဖရက္ဒ္နဲ႔ တြန္မီေနးကိုေ၀ဖန္မႈအေပၚမွာ ပရိသတ္ေတြ အံ့ အားသင့္ခဲ့ၾကပါတယ္။

ရြိဳင္ကိန္းက “ဖရက္ဒ္နဲ႔ တြန္မီေနးတို႔ကို မေကာင္းတဲ့ ကစားသမားေတြလို႔ မဆိုလိုပါဘူး။ ဒါေပမဲ့ မန္ယူအေနနဲ႔ ဆုဖလားေအာင္ျမင္မႈ ေတြ ရခ်င္တယ္ဆိုရင္ေတာ့ ဒီအဆင့္ေလာက္ကစားသမားေတြနဲ႔ မျဖစ္ပါဘူး။ ကၽြန္ေတာ္တို႔က အလယ္အလတ္အသင္းေတြနဲ႔ ယွဥ္ၿပိဳင္ေနရတယ္လို႔ ယူဆေန ရင္ေတာ့ မေျပာတတ္ဘူး။

မန္စီးတီး၊ လီဗာပူးတို႔လို အသင္းေတြနဲ႔ယွဥ္ၿပိဳင္မယ္ဆိုရင္ ဒီအဆင့္ေလာက္နဲ႔ တက္မလာနဲ႔ေျပာရမွာပါ။ ၿပီးခဲ့တဲ့ရာသီတုန္းက မန္ယူ ထက္ ခ်ဲလ္ဆီးနဲ႔ လက္စတာက ဂိုးေတြပိုသြင္းႏိုင္ခဲ့ပါတယ္။ အဲဒီလိုမ်ဳိးလုပ္ႏိုင္ဖို႔ က ဖရက္ဒ္၊ တြန္မီေနး၊ မာတစ္တို႔ရဲ႕အဆင့္ထက္ ပိုလုိအပ္ပါတယ္”လို႔ ေျပာ ၾကားသြားခဲ့ပါတယ္။

ဒ့ါအျပင္ ေပါ့ဂ္ဘာနဲ႔ပတ္သက္ၿပီးေတာ့လည္း မန္ယူမွာ ကစားရင္ လုပ္အားႏႈန္းအျပင္ ဖန္တီးႏိုင္မႈအပိုုင္းမွာပါ စြမ္းေဆာင္ရည္ေကာင္းျပ ဖို႔လိုတယ္လို႔ ေျပာဆိုသြားခဲ့ပါေသးတယ္။

ရြိဳင္ကိန္းက မန္ယူကြင္းလယ္နဲ႔ပတ္ သက္ၿပီး သူ႕ရဲ႕အျမင္ကို အခုလိုေျပာျပထားပါတယ္။ “ဖာနန္ဒက္စ္က ဖန္တီးမႈ အားေကာင္းတဲ့ကစားသမားျဖစ္ပါတယ္။ ဗန္ဒီဘိခ္ကလည္း မန္ယူအတြက္ လို အပ္တဲ့သူပါ။ ေနာက္တန္း ၄ ေယာက္ရဲ႕အေရွ႕မွာ Cover လုပ္ေပးႏိုင္ဖို႔လူလုိေန တယ္။

မန္ယူအတြက္ကစားမယ္ဆုိရင္ ကၽြမ္းက်င္မႈတစ္ခုတည္းနဲ႔မရဘဲ အသင္း စိတ္ဓာတ္၊ ေပးဆပ္လိုစိတ္နဲ႔ ဖန္တီးမႈအပိုင္းေတြလည္း လိုအပ္ပါတယ္။ ဗန္ဒီဘိခ္ လိုကစားသမားက ဘာလို႔ပြဲအမ်ားႀကီးမကစားႏိုင္ရမွာလဲ” လို႔ ေျပာၾကားသြားခဲ့ ပါတယ္။