ဖရီးကစ်မှာ ဘက်ခမ်းထက်တောင်ပိုကောင်းသူအဖြစ် ဝက်ပရောက်စ်ကို ဝဲလ်ကော့ ချီးကျူး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဆောက်သမ်တန်အသင်းတောင်ပံတိုက်စစ်မှူး သီယိုဝဲလ်ကော့က အသင်းဖော်ကွင်းလယ်လူ ဝက်ပရောက်စ်ကို ချီးကျူးခဲ့ပြီး ဝက်ပရောက်စ်က အင်္ဂလန်ဂန္ထဝင်ကစားသမားကြီး ဒေးဗစ်ဘက်ခမ်းထက်တောင် ဖရီးကစ်ကန်သွင်းရာမှာ ပိုကောင်းတယ်လို့ ဆိုသွားပါတယ်။


ဝက်ပရောက်စ်ဟာ ယခုရာသီမှာ ဖရီးကစ်ကနေ ၃ဂိုးသွင်းယူထားပြီးဖြစ်ရာ ဘက်ခမ်းရဲ့တစ်ရာသီအတွင်း ဖရီးကစ်သွင်းဂိုးအများဆုံးစံချိန်ကို လိုက်မီဖို့ ၂ဂိုးပဲ လိုတော့ပြီး ပြိုင်ဘက်အသင်းတွေအတွက် တည်ကန်ဘောကနေ အကောင်းဆုံးခြိမ်းခြေက်နိုင်သူဖြစ်လာပါတယ်။


ဝဲလ်ကော့ဟာ အင်္ဂလန်အသင်းမှာ ဘက်ခမ်းနဲ့အတူ တွဲကစားခဲ့ဖူးပြီး သူ့ရဲ့ဝေ့ဝိုက်ကန်သွင်းတဲ့ဖရီးကစ်ကန်ချက်တွေက ကမ္ဘာ့ဘောလုံးလောကမှာ ထင်ရှားကျော်ကြားပေမယ့် ဝဲလ်ကော့ကတော့ ဝက်ပရောက်စ်က ဘက်ခမ်းထက်တောင် ပိုကောင်းသေးတယ်လို့ ဆိုပါတယ်။


”အသင်းရဲ့ထရိန်နင်ဆက်ရှင်ပြီးတိုင်းမှာ ဂျိမ်းစ်(ဝက်ပရောက်စ်)က အမြဲတမ်း ဖရီးကစ်ကန်တာ လေ့ကျင့်တာ မြင်ရပါတယ်။ ကျွန်တော်လည်း သူကန်နေတာ ထိုင်ကြည့်ပြီး စိတ်ထဲမှာ ဘက်ခမ်းရဲ့ကန်သွင်းချက်တွေကို မြင်ယောင်လာပါတယ်”

”ကျွန်တော့်အနေနဲ့ ဖရီးကစ်တွေ ကန်တဲ့အခါ ကိုယ်လည်းကန်သင့်တယ်လို့ အမြဲတမ်းထင်ခဲ့ပေမယ့် သူက အရမ်းကောင်းလွန်းနေပါတယ်။ အခုလည်း ကျွန်တော် အဲဒီပုံစံအတိုင်း မြင်နေရပါတယ်။ ဘက်ခမ်းထက်တောင် ဂျိမ်းစ်က ပိုကောင်းပါတယ်”


”သူက ကန်ဖို့ ပြေးသွားတာကအစ သေချာပြင်ဆင်လေ့ရှိပါတယ်။ ဂျိမ်းစ်က စောင့်ကြည့်ချင်စရာကောင်းတဲ့ကစားသမားဖြစ်ပြီး ပြိုင်ဘက်ကိုလည်း အမြဲတမ်းခြိမ်းခြောက်နိုင်ပါတယ်။ အထူးသဖြင့် အသင်းသားတွေ ထိုးဖောက်ရင်း နေရာကောင်းမှာ ပြစ်ဒဏ်ဘောတွေ ကန်ခွင့်ရတဲ့အခါမှာပေါ့”


”သူ့အတွက်တော့ ဖရီးကစ်ကန်တာက ပင်နယ်တီကန်သွင်းသလိုပါပဲ။ သူ့အတွက် သိပ်ကောင်းတဲ့လက်နက်ပေါ့”လို့ ဝဲလ်ကော့က ပြောပါတယ်။ ဆောက်သမ်တန်ဟာ ယခုရာသီမှာ ခြေစွမ်းပြရလဒ်တွေကောင်းမွန်နေပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဖရီးကစ္မွာ ဘက္ခမ္းထက္ေတာင္ပိုေကာင္းသူအျဖစ္ ၀က္ပေရာက္စ္ကို ၀ဲလ္ေကာ့ ခ်ီးက်ဴး

ေဆာက္သမ္တန္အသင္းေတာင္ပံတုိက္စစ္မွဴး သီယို၀ဲလ္ေကာ့က အသင္းေဖာ္ကြင္းလယ္လူ ၀က္ပေရာက္စ္ကို ခ်ီးက်ဴးခဲ့ၿပီး ၀က္ပေရာက္စ္က အဂၤလန္ဂႏၳ၀င္ကစားသမားႀကီး ေဒးဗစ္ဘက္ခမ္းထက္ေတာင္ ဖရီးကစ္ကန္သြင္းရာမွာ ပိုေကာင္းတယ္လုိ႔ ဆုိသြားပါတယ္။

၀က္ပေရာက္စ္ဟာ ယခုရာသီမွာ ဖရီးကစ္ကေန ၃ဂုိးသြင္းယူထားၿပီးျဖစ္ရာ ဘက္ခမ္းရဲ႕တစ္ရာသီအတြင္း ဖရီးကစ္သြင္းဂိုးအမ်ားဆုံးစံခ်ိန္ကို လုိက္မီဖို႔ ၂ဂိုးပဲ လုိေတာ့ၿပီး ၿပိဳင္ဘက္အသင္းေတြအတြက္ တည္ကန္ေဘာကေန အေကာင္းဆုံးၿခိမ္းေျခက္ႏုိင္သူျဖစ္လာပါတယ္။ ၀ဲလ္ေကာ့ဟာ အဂၤလန္အသင္းမွာ ဘက္ခမ္းနဲ႔အတူ တြဲကစားခဲ့ဖူးၿပီး သူ႕ရဲ႕ေ၀့၀ုိက္ကန္သြင္းတဲ့ဖရီးကစ္ကန္ခ်က္ေတြက ကမၻာ့ေဘာလုံးေလာကမွာ ထင္ရွားေက်ာ္ၾကားေပမယ့္ ၀ဲလ္ေကာ့ကေတာ့ ၀က္ပေရာက္စ္က ဘက္ခမ္းထက္ေတာင္ ပိုေကာင္းေသးတယ္လုိ႔ ဆုိပါတယ္။

”အသင္းရဲ႕ထရိန္နင္ဆက္ရွင္ၿပီးတုိင္းမွာ ဂ်ိမ္းစ္(၀က္ပေရာက္စ္)က အၿမဲတမ္း ဖရီးကစ္ကန္တာ ေလ့က်င့္တာ ျမင္ရပါတယ္။ ကၽြန္ေတာ္လည္း သူကန္ေနတာ ထုိင္ၾကည့္ၿပီး စိတ္ထဲမွာ ဘက္ခမ္းရဲ႕ကန္သြင္းခ်က္ေတြကို ျမင္ေယာင္လာပါတယ္။ ကၽြန္ေတာ့္အေနနဲ႔ ဖရီးကစ္ေတြ ကန္တဲ့အခါ ကိုယ္လည္းကန္သင့္တယ္လုိ႔ အၿမဲတမ္းထင္ခဲ့ေပမယ့္ သူက အရမ္းေကာင္းလြန္းေနပါတယ္။ အခုလည္း ကၽြန္ေတာ္ အဲဒီပုံစံအတုိင္း ျမင္ေနရပါတယ္။ ဘက္ခမ္းထက္ေတာင္ ဂ်ိမ္းစ္က ပိုေကာင္းပါတယ္”

”သူက ကန္ဖုိ႔ ေျပးသြားတာကအစ ေသခ်ာျပင္ဆင္ေလ့ရွိပါတယ္။ ဂ်ိမ္းစ္က ေစာင့္ၾကည့္ခ်င္စရာေကာင္းတဲ့ကစားသမားျဖစ္ၿပီး ၿပိဳင္ဘက္ကုိလည္း အၿမဲတမ္းၿခိမ္းေျခာက္ႏိုင္ပါတယ္။ အထူးသျဖင့္ အသင္းသားေတြ ထိုးေဖာက္ရင္း ေနရာေကာင္းမွာ ျပစ္ဒဏ္ေဘာေတြ ကန္ခြင့္ရတဲ့အခါမွာေပါ့။ သူ႕အတြက္ေတာ့ ဖရီးကစ္ကန္တာက ပင္နယ္တီကန္သြင္းသလုိပါပဲ။ သူ႕အတြက္ သိပ္ေကာင္းတဲ့လက္နက္ေပါ့”လုိ႔ ၀ဲလ္ေကာ့က ေျပာပါတယ္။ ေဆာက္သမ္တန္ဟာ ယခုရာသီမွာ ေျခစြမ္းျပရလဒ္ေတြေကာင္းမြန္ေနၿပီး အမွတ္ေပးဇယားရဲ႕ အဆင့္ ၄ ေနရာမွာ ရပ္တည္ေနပါတယ္။