ဖလားရဖို့ မှော်ပညာတွေသုံးလာပြီလား.. ပေါ်တို

ဘောလုံးပွဲတို့ လက်ဝှေ့ပွဲတို့မှာ အဆောင်လက်ဖွဲ့သုံးတာမျိုးတွေရှိပါတယ်။

ကန့်လန့်ကာနောက်ကွယ်မှာ ဓါတ်ရိုက်ဓါတ်ဆင် ခေါက်ဆွဲစားတဲ့

ဆရာကြီးများလည်း ရှိပါတယ်။ မှော်ပညာရှင်တစ်ယောက်ကို ဆရာဝန်ရာထူးနဲ့

အသင်းမှာပင်တိုင် ခန့်ထားရင်တော့ တော်တော် အံ့အားသင့်စရာ ကောင်းနေပါပြီ။

အခုလည်း ပေါ်တူဂီကလာတဲ့သတင်းများအရ ပေါ်တိုတို့ဟာ

ပေါ်တူဂီလိဂ်ချန်ပီယံသေချာပေါက်ဖြစ်အောင် ကူညီပေးဖို့အတွက်

မှော်ဆရာတစ်ယောက်ကို အခပေးငှားခဲ့ကြောင်း သိရပါတယ်။

လွန်ခဲ့တဲ့ငါးလတုန်းက ကလပ်ဥက္ကဌဂျော့ချ်နူနိုပင်တိုဒါကော်စတာက

မက်ဒလီနာအာရိုစိုကို ကလပ်ဝန်ထမ်းတစ်ဦးအဖြစ်ငှားရမ်းခဲ့တယ်လို့ ဆိုပါတယ်။

အသင်းမှာ အမြဲခန့်အပ်ဖို့ အတွက် ပေးထားတဲ့ ရာထူးကတော့

ဒေါက်တာတစ်ယောက်အနေနဲ့ ဖြစ်ပါတယ်။ အာရိုစိုဟာ

တစ်လကိုပေါင်တစ်သောင်းသုံးထောင်ဝန်းကျင်နဲ့ ပေါ်တိုတို့ရဲ့

ငှားရမ်းခြင်းကိုခံရတာလို့ သတင်းအရ သိရပါတယ်။

ဒါကြောင့် တစ်နှစ်ကိုပေါင်တစ်သိန်းငါးထောင်ထက်ပိုတဲ့ပမာဏရနိုင်ပါတယ်။

ကလပ်ဟာ ဘဏ္ဍာရေးမျှခြေဆိုင်ရာစည်းမျဉ်း စည်းကမ်းနဲ့ကိုက်ညီအောင်

ကြိုးစားအားထုတ်နေရတဲ့ကြားထဲက မှော်ဆရာကို မြင့်မားတဲ့ လစာပေးနေရတာပါ။

ဒါ့အပြင် မှော်ဆရာရတဲ့လစာဟာ ကလပ်မှာအမြင့်ဆုံးဝန်ထမ်း လစာ

ဖြစ်နေတာကြောင့် ဒီသတင်းဟာ ကလပ်ပရိသတ်များကြား

ဒေါသတွေပေါက်ကွဲစေခဲ့ပါတယ်။ အာရိုစိုဟာ လစာများများယူထားသလို၊

အသင်းအကျိုးရှိအောင်လည်း ကူညီပေးနိုင်တယ်လို့ ဆိုရပါမယ်။

တိုက်ဆိုင်မှုတစ်ခုဖြစ်နေတယ်လို့ဆိုရမလိုပါပဲ ပေါ်တိုအသင်းဟာ

ဒီရာသီမှာ လိဂ်ပွဲ (၁၄)ပွဲကစားပြီးချိန်အထိ ရှုံးပွဲမရှိသေးဘဲ

လိဂ်ဇယားကိုဦးဆောင်နေပါတယ်။ စပို့တင်းတို့နဲ့အမှတ်တူ၊ ဂိုးကွာခြားချက်၊

ဘင်ဖီကာတို့နဲ့ လေးမှတ်အကွာမှာပါ။ အနာဂတ်ကိုဖတ်နိုင်ပြီး ပွဲရလဒ်တွေကို

ခန့်မှန်းနိုင်တဲ့ အကြားအမြင်ဆရာတစ်ဦးဖြစ်တဲ့အာရိုစိုဟာ

ပေါ်တိုကိုနိုင်ပွဲတွေများအောင်လုပ် ပြီး ပေါ်တူဂီလိဂ် (ပရိုင်မီယာ)မှာ

အမှတ်ပေးချန်ပီယံဖြစ်လာအောင် ကူညီပေးရမှာ ဖြစ်ပါတယ်။

ပေါ်တူဂီဘောလုံးလောကမှာ ဂမ္ဘီရမှော်ပညာနဲ့ပတ်သက်ပြီး အရင်ကတည်းက

ရာဇဝင်တွေရှိခဲ့ပါတယ်။ ၁၉၈၇ မှာ ယခင်ဥရောပဖလားလို့ခေါ်တဲ့

ချန်ပီယံလိဂ်ဖလားကို ပေါ်တိုတို့အနိုင်ရအောင်ကူညီဖို့ ဗီယင်နာစတေဒီယမ်ထဲကို

ဒီလန်နီဗီအဲရာက ဖားနှစ်ကောင်လွှတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေရှိပါတယ်။

အစဉ်အလာနှင့် အယူသီးမှုတို့ဟာ ဘောလုံးလောကတွင်

ထင်ရှားစွာတည်ရှိနေပေမယ့်လည်း အောင်မြင်မှုကို ဆွဲဆောင်ရယူနိုင်ဖို့ ဆိုတဲ့

မျှော်လင့်ချက်ဖြင့် ပေါင် 150,000 ဝန်းကျင် ပေးချေတာကတော့

အမြော်အမြင်ရှိတဲ့ ရင်းနှီးမြုပ်နှံမှုလို့ မဆိုနိုင်ပါဘူး။

Zawgyi

ဖလားရဖို႔ ေမွာ္ပညာေတြသုံးလာၿပီလား.. ေပၚတို

ေဘာလုံးပြဲတို႔ လက္ေဝွ႔ပြဲတို႔မွာ အေဆာင္လက္ဖြဲ႕သုံးတာမ်ိဳးေတြရွိပါတယ္။

ကန႔္လန႔္ကာေနာက္ကြယ္မွာ ဓါတ္႐ိုက္ဓါတ္ဆင္ ေခါက္ဆြဲစားတဲ့

ဆရာႀကီးမ်ားလည္း ရွိပါတယ္။ ေမွာ္ပညာရွင္တစ္ေယာက္ကို ဆရာဝန္ရာထူးနဲ႔

အသင္းမွာပင္တိုင္ ခန႔္ထားရင္ေတာ့ ေတာ္ေတာ္ အံ့အားသင့္စရာ ေကာင္းေနပါၿပီ။

အခုလည္း ေပၚတူဂီကလာတဲ့သတင္းမ်ားအရ ေပၚတိုတို႔ဟာ

ေပၚတူဂီလိဂ္ခ်န္ပီယံေသခ်ာေပါက္ျဖစ္ေအာင္ ကူညီေပးဖို႔အတြက္

ေမွာ္ဆရာတစ္ေယာက္ကို အခေပးငွားခဲ့ေၾကာင္း သိရပါတယ္။

လြန္ခဲ့တဲ့ငါးလတုန္းက ကလပ္ဥကၠဌေဂ်ာ့ခ်္ႏူႏိုပင္တိုဒါေကာ္စတာက

မက္ဒလီနာအာ႐ိုစိုကို ကလပ္ဝန္ထမ္းတစ္ဦးအျဖစ္ငွားရမ္းခဲ့တယ္လို႔ ဆိုပါတယ္။

အသင္းမွာ အၿမဲခန႔္အပ္ဖို႔ အတြက္ ေပးထားတဲ့ ရာထူးကေတာ့

ေဒါက္တာတစ္ေယာက္အေနနဲ႔ ျဖစ္ပါတယ္။ အာ႐ိုစိုဟာ

တစ္လကိုေပါင္တစ္ေသာင္းသုံးေထာင္ဝန္းက်င္နဲ႔ ေပၚတိုတို႔ရဲ႕

ငွားရမ္းျခင္းကိုခံရတာလို႔ သတင္းအရ သိရပါတယ္။

ဒါေၾကာင့္ တစ္ႏွစ္ကိုေပါင္တစ္သိန္းငါးေထာင္ထက္ပိုတဲ့ပမာဏရႏိုင္ပါတယ္။

ကလပ္ဟာ ဘ႑ာေရးမွ်ေျခဆိုင္ရာစည္းမ်ဥ္း စည္းကမ္းနဲ႔ကိုက္ညီေအာင္

ႀကိဳးစားအားထုတ္ေနရတဲ့ၾကားထဲက ေမွာ္ဆရာကို ျမင့္မားတဲ့ လစာေပးေနရတာပါ။

ဒါ့အျပင္ ေမွာ္ဆရာရတဲ့လစာဟာ ကလပ္မွာအျမင့္ဆုံးဝန္ထမ္း လစာ

ျဖစ္ေနတာေၾကာင့္ ဒီသတင္းဟာ ကလပ္ပရိသတ္မ်ားၾကား

ေဒါသေတြေပါက္ကြဲေစခဲ့ပါတယ္။ အာ႐ိုစိုဟာ လစာမ်ားမ်ားယူထားသလို၊

အသင္းအက်ိဳးရွိေအာင္လည္း ကူညီေပးႏိုင္တယ္လို႔ ဆိုရပါမယ္။

တိုက္ဆိုင္မႈတစ္ခုျဖစ္ေနတယ္လို႔ဆိုရမလိုပါပဲ ေပၚတိုအသင္းဟာ

ဒီရာသီမွာ လိဂ္ပြဲ (၁၄)ပြဲကစားၿပီးခ်ိန္အထိ ရႈံးပြဲမရွိေသးဘဲ

လိဂ္ဇယားကိုဦးေဆာင္ေနပါတယ္။ စပို႔တင္းတို႔နဲ႔အမွတ္တူ၊ ဂိုးကြာျခားခ်က္၊

ဘင္ဖီကာတို႔နဲ႔ ေလးမွတ္အကြာမွာပါ။ အနာဂတ္ကိုဖတ္ႏိုင္ၿပီး ပြဲရလဒ္ေတြကို

ခန႔္မွန္းႏိုင္တဲ့ အၾကားအျမင္ဆရာတစ္ဦးျဖစ္တဲ့အာ႐ိုစိုဟာ

ေပၚတိုကိုႏိုင္ပြဲေတြမ်ားေအာင္လုပ္ ၿပီး ေပၚတူဂီလိဂ္ (ပ႐ိုင္မီယာ)မွာ

အမွတ္ေပးခ်န္ပီယံျဖစ္လာေအာင္ ကူညီေပးရမွာ ျဖစ္ပါတယ္။

ေပၚတူဂီေဘာလုံးေလာကမွာ ဂမၻီရေမွာ္ပညာနဲ႔ပတ္သက္ၿပီး အရင္ကတည္းက

ရာဇဝင္ေတြရွိခဲ့ပါတယ္။ ၁၉၈၇ မွာ ယခင္ဥေရာပဖလားလို႔ေခၚတဲ့

ခ်န္ပီယံလိဂ္ဖလားကို ေပၚတိုတို႔အႏိုင္ရေအာင္ကူညီဖို႔ ဗီယင္နာစေတဒီယမ္ထဲကို

ဒီလန္နီဗီအဲရာက ဖားႏွစ္ေကာင္လႊတ္ခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြရွိပါတယ္။

အစဥ္အလာႏွင့္ အယူသီးမႈတို႔ဟာ ေဘာလုံးေလာကတြင္

ထင္ရွားစြာတည္ရွိေနေပမယ့္လည္း ေအာင္ျမင္မႈကို ဆြဲေဆာင္ရယူႏိုင္ဖို႔ ဆိုတဲ့

ေမွ်ာ္လင့္ခ်က္ျဖင့္ ေပါင္ 150,000 ဝန္းက်င္ ေပးေခ်တာကေတာ့

အေျမာ္အျမင္ရွိတဲ့ ရင္းႏွီးျမဳပ္ႏွံမႈလို႔ မဆိုႏိုင္ပါဘူး။