ဖလားလုပွဲ တွေနဲ့ ပတ်သက်တဲ့ပွဲတွေမှာဆိုရင် ဆိုလ်ရှားကိုမေ့ထားလိုက်ပါ…

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းအနေနဲ့ ဖလားလက်မဲ့ဖြစ်နေခဲ့ရာကနေ အဆုံးသတ်နိုင်မယ့် ပြိုင်ပွဲတစ်ခုဆီကနေ လက်တစ်ကမ်းအလိုမှာ လှည့်ပြန်ခဲ့ရပါပြီ။ ဆိုလ်ရှားအတွက်တော့ ယူနိုက်တက်အသင်းနည်းပြဘဝမှာ (၄)ကြိမ်မြောက် ဆီမီးဖိုင်နယ်အဆင့်မှာ ရှုံးနိမ့်ခဲ့မှုလည်းဖြစ်ပါတယ်။ မန်စီးတီးအသင်းကတော့ ကာရာဘောင်းဖလားဆီမီးဖိုင်နယ်မှာ ယူနိုက်တက်အသင်းကို (ဝ-၂) နဲ့ အနိုင်ရယူသွားခဲ့ပြီး ဗိုလ်လုပွဲကိုတက်ရောက်သွားခဲ့ပါပြီ။

ယူနိုက်တက်ဟာ ဆိုးလ်ရှားရောက်လာပြီး နောက်ပိုင်း အချိန်တွေကို ကြည့်ရင် ရလဒ်တွေ၊ နိုင်ပွဲရာခိုင်နူန်းတွေအရ ဆိုးရွားတဲ့အနေအထားတစ်ခုမှာမရှိခဲ့ပေမယ့် အဆုံးအဖြတ်ပေးမယ့် အရေးကြီးတဲ့ ပွဲတွေမှာဆိုရင် နိုင်ပွဲပျောက်ဆုံးသွားတတ်တာဟာလည်း ဆိုးလ်ရှား ဖြေရှင်းရတော့မယ့် အဓိကပြဿနာတစ်ခုဖြစ်လာပါပြီ။

မနှစ်က ဆီမီးဖိုင်နယ် (၃)ပွဲမှာ ပရီမီးယားလိဂ်မှာတွေ့တိုင်း နိုင်နေကြ ချယ်ဆီးအသင်းကိုလည်း အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့သလို မန်စီးတီးအသင်းကိုလည်း ဆီမီးအဆင့်မှာ ရှုံးနိမ့်ပြီးထွက်ခဲ့ရပါတယ်။ ယူရိုပါလိဂ်မှာလည်း ဆီဗီလာအသင်းနဲ့ တွေဆုံချိန်မှာ လက်စွမ်းကျနေတဲ့ ဒီဂီယာကို ရိုမဲရို အစားဝင်ရောက်ကစားစေခဲ့ပြီး မရူံးသင့်ဘဲ ရူံးခဲ့ရတာကြောင့် ဗိုလ်လုပွဲနဲ့ ဝေးကွာခဲ့ရပြန်ပါတယ်။

ဒီနှစ်မှာလည်း ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်တက်နိုင်ဖို့ (၁)မှတ်သာလိုအပ်နေချိန်မှာ အမှတ်ရအောင်မယူသွားနိုင်ခဲ့တာကြောင့် ပြိုင်ပွဲကနေထွက်ခဲ့ရပြန်ပါတယ်။

ဒီနေ့မန်စီးတီးအသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာလည်း ခြေစွမ်းပြနေတဲ့ ဘိုင်လီနေရာမှာ ဒဏ်ရာကသက်သာလာတဲ့ လင်ဒီလော့ကို ထည့်သွင်းကစားစေခဲ့ပြန်ပါတယ်။ ဆိုလ်ရှားရဲ့ လူစားရင်းပွဲထုတ်ပုံဟာ အရေးကြီးတဲ့ပွဲတွေအပေါ်မှာ စိုးရိမ်စိတ်လွန်ကဲမှုတစ်ခုလို့ယူဆလို့ရပါတယ်။ ဆိုးလ်ရှားလက်ထက်မှာ ယူနိုက်တက်အသင်းအနေနဲ့ ဆီမီးဖိုင်နယ် ကန်သမျှပွဲတွေ ရူံးနိမ့် နေတာက ကံဆိုးမှုသက်သက်လား…?

ဆိုးလ်ရှားဟာ မိုဒီမှာနည်းပြကတည်းက နော်ဝေ ဖလား ဆီမီးဖိုင်နယ် (၂) ကြိမ်မှာ (၂) ကြိမ်စလုံး ရူံးနိမ့်ခဲ့ဖူးပါတယ်။ စပါးအသင်းနည်းပြ မော်ရင်ဟိုဟာ ဒီလိုနိုင်သင့်တဲ့ပွဲတွေကိုဆိုရင် နိုင်ပွဲရအောင် ကစားသမားတွေဆီက အစွမ်းအစတွေကို ညှစ်ထုတ်နိုင်စွမ်းရှိတဲ့သူတစ်ယောက်ပါ။ အသင်းတစ်သင်းအနေနဲ့ ဒီရာသီမှာ ပုံမှန်ခြေစွမ်းတွေတည်ငြိမ်နေဖို့ အတော်ကိုကြိုးစားနေရပေမယ့် နိုင်ဖို့လိုအပ်တဲ့ပွဲတွေမှာ နိုင်ပွဲရယူဖို့မလွယ်ကူရင် အသင်းအနေနဲ့ ခြေစွမ်းပိုင်းတွေ နည်းစနစ်ပိုင်းတွေထက် စိတ်ပိုင်းဆိုင်ရာမှာ ပြဿနာတစ်ခုခုရှိလာနေပါပြီ။

အခုပွဲမှာ နှစ်သင်းစလုံးဟာ ပရီးမီးယားလိဂ်မှာ တွေ့ဆုံတုန်းကထက်တော့ ကစားပုံပိုမိုပြင်းထန်ခဲ့ပါတယ်။ ပွဲအစ (၂)မိနစ်မှာ ဂျွန်စတုန်းနဲ့ထိပြီးဂိုးဝင်သွားခဲ့ပေမယ့် ရက်ဖိုဒ် လူကျွံနေခဲ့တာကြောင့် ယူနိုက်တက်တို့ဦးဆောင်ဂိုးရမယ့်အခွင့်အရေး နစ်နာခဲ့ရသလို ပွဲချိန် (၅)မိနစ်မှာ မန်စီးတီးအသင်းက ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဂန်ဒိုဂန်လူကျွံနေခဲ့လို့ လူကျွံဘောအဖြစ်သာသတ်မှတ်ခဲ့ပါတယ်။

ပွဲချိန် (၂၃)မိနစ်မှာ ဘယ်တောင်ပံကနေဆွဲယူပြီး ဖိုဒင်သွင်းယူခဲ့တဲ့ဂိုးဟာလည်းလူကျွံဘောဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် ပထမပိုင်းမှာ နှစ်သင်းပေါင်း သုံးဂိုး (မန်ယူ ၁ ဂိုး၊ မန်စီးတီး ၂ ဂိုး) ထိ ရခဲ့ပေမယ့် သုံးဂိုးလုံးဟာ လူကျွံဘောတွေဖြစ်နေခဲ့တာကြောင့်သာ ပထမပိုင်းမှာတင် သွင်းဂိုးများသွားနိုင်တဲ့ ပွဲတစ်ပွဲမဖြစ်ခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ မန်စီးတီး အသင်းဟာ သွင်းဂိုး နှစ်ဂိုးရယူသွားနိုင်ခဲ့ပြီး နှစ်ဂိုးစလုံးဟာ Set-piece တွေကနေတစ်ဆင့် ရခဲ့တာဖြစ်ပါတယ်။ ပွဲချိန် မိနစ် (၅၀) မှာ ဖိုဒန်ရဲ့ ပြစ်ဒဏ်ဘောကန်ချက်ကနေ ပေးပို့လိုက်တဲ့ ဘောလုံးကို ဂျွန်စတုန်းစ် ပိတ်သွင်းယူခဲ့သလို

ဒုတိယဂိုးကိုလည်း (၈၃) မိနစ်မှာ ထောင့်ကန်ဘောကနေ ဝမ်ဘစ်ဆာကာ ခေါင်းတိုက်ရှင်းထုတ်လိုက်ရာက ထွက်လာတဲ့ ဘောလုံးကို ဖာနန်ဒင်ဟိုက ဂိုးဧရိယာထိပ်ကနေ ကန်သွင်းသွားခဲ့တာပါ။

ယူနိုက်တက်အသင်းနဲ့ မန်စီးတီးအသင်းတို့ ရဲ့ ပွဲမှာ အသင်းနှစ်သင်းစလုံးရဲ့ ခြေစွမ်းတွေဟာ အထူးအထွေအပြစ်ပြောစရာနဲပေမယ့် ဘရူနိုရဲ့ ဘောလုံးပေးပို့မှုတွေကတော့ ဒီနေ့ပွဲမှာ အားရစရာမကောင်းခဲ့ပါဘူး။ ဒီနိုင်ပွဲဟာ ခြေစွမ်းပိုသာတဲ့အသင်းအနိုင်ရသွားခဲ့တဲ့ပွဲတစ်ပွဲပါပဲ။

ယူနိုက်တက်အသင်းအနေနဲ့ ဒီရှုံးပွဲကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကောင်းမွန်နေတဲ့ အခြေအနေကို မထိခိုက်စေဖို့လိုအပ်ပါတယ်။ ဆိုးလ်ရှားအနေနဲ့ အဆုံးအဖြတ်ပွဲတွေ မှာရလဒ်မကောင်းချိန်မှာ အမှတ်ပေးပြိုင်ပွဲကိုသာ သေချာ ကစားခဲ့လာမယ်ဆိုရင် ဒီရာသီဟာ ယူနိုက်တက်အသင်းအတွက် ဖလားတစ်လုံးတော့ မျှော်လင့်လို့ရနိုင်ပါတယ်။

ဖလားလုပွဲ တွေနဲ့ ပတ်သက်တဲ့ပွဲတွေမှာတော့ ဆိုလ်ရှားကိုမေ့ထားလိုက်ပြီး မျှော်လင့်ချက်မထားတာ ယူနိုက်တက်ပရိသတ်တွေအတွက် ပိုမိုသင့်တော်ပါလိမ့်မယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဖလားလုပြဲ ေတြနဲ႔ ပတ္သက္တဲ့ပြဲေတြမွာဆိုရင္ ဆိုလ္ရွားကိုေမ့ထားလိုက္ပါ…

ယူႏိုက္တက္အသင္းအေနနဲ႕ ဖလားလက္မဲ့ျဖစ္ေနခဲ့ရာကေန အဆုံးသတ္ႏိုင္မယ့္ ၿပိဳင္ပြဲတစ္ခုဆီကေန လက္တစ္ကမ္းအလိုမွာ လွည့္ျပန္ခဲ့ရပါၿပီ။ ဆိုလ္ရွားအတြက္ေတာ့ ယူႏိုက္တက္အသင္းနည္းျပဘဝမွာ (၄)ႀကိမ္ေျမာက္ ဆီမီးဖိုင္နယ္အဆင့္မွာ ရႈံးနိမ့္ခဲ့မႈလည္းျဖစ္ပါတယ္။ မန္စီးတီးအသင္းကေတာ့ ကာရာေဘာင္းဖလားဆီမီးဖိုင္နယ္မွာ ယူႏိုက္တက္အသင္းကို (၀-၂) နဲ႔ အႏိုင္ရယူသြားခဲ့ၿပီး ဗိုလ္လုပြဲကိုတက္ေရာက္သြားခဲ့ပါၿပီ။ ယူႏိုက္တက္ဟာ ဆိုးလ္ရွားေရာက္လာၿပီး ေနာက္ပိုင္း အခ်ိန္ေတြကို ၾကည့္ရင္ ရလဒ္ေတြ၊ ႏိုင္ပြဲရာခိုင္ႏူန္းေတြအရ ဆိုးရြားတဲ့အေနအထားတစ္ခုမွာမရွိခဲ့ေပမယ့္ အဆံုးအျဖတ္ေပးမယ့္ အေရးႀကီးတဲ့ ပြဲေတြမွာဆိုရင္ ႏိုင္ပြဲေပ်ာက္ဆံုးသြားတတ္တာဟာလည္း ဆိုးလ္ရွား ေျဖရွင္းရေတာ့မယ့္ အဓိကျပႆနာတစ္ခုျဖစ္လာပါၿပီ။ မႏွစ္က ဆီမီးဖိုင္နယ္ (၃)ပြဲမွာ ပရီမီးယားလိဂ္မွာေတြ႕တိုင္း ႏိုင္ေနၾက ခ်ယ္ဆီးအသင္းကိုလည္း အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္မွာ ရံႈးနိမ့္ခဲ့သလို မန္စီးတီးအသင္းကိုလည္း ဆီမီးအဆင့္မွာ ရႈံးနိမ့္ၿပီးထြက္ခဲ့ရပါတယ္။ ယူရိုပါလိဂ္မွာလည္း ဆီဗီလာအသင္းနဲ႕ ေတြဆံုခ်ိန္မွာ လက္စြမ္းက်ေနတဲ့ ဒီဂီယာကို ရိုမဲရို အစားဝင္ေရာက္ကစားေစခဲ့ၿပီး မ႐ူံးသင့္ဘဲ ႐ူံးခဲ့ရတာေၾကာင့္ ဗိုလ္လုပြဲနဲ႔ ေဝးကြာခဲ့ရျပန္ပါတယ္။

ဒီႏွစ္မွာလည္း ခ်န္ပီယံလိဂ္မွာ ေနာက္တစ္ဆင့္တက္ႏိုင္ဖို႕ (၁)မွတ္သာလိုအပ္ေနခ်ိန္မွာ အမွတ္ရေအာင္မယူသြားႏိုင္ခဲ့တာေၾကာင့္ ျပိဳင္ပြဲကေနထြက္ခဲ့ရျပန္ပါတယ္။ ဒီေန႕မန္စီးတီးအသင္းနဲ႔ ကစားခဲ့တဲ့ပြဲမွာလည္း ေျခစြမ္းျပေနတဲ့ ဘိုင္လီေနရာမွာ ဒဏ္ရာကသက္သာလာတဲ့ လင္ဒီေလာ့ကို ထည့္သြင္းကစားေစခဲ့ျပန္ပါတယ္။ ဆိုလ္ရွားရဲ႕ လူစားရင္းပြဲထုတ္ပံုဟာ အေရးၾကီးတဲ့ပြဲေတြအေပၚမွာ စိုးရိမ္စိတ္လြန္ကဲမႈတစ္ခုလို႕ယူဆလို႕ရပါတယ္။ ဆိုးလ္ရွားလက္ထက္မွာ ယူႏိုက္တက္အသင္းအေနနဲ႕ ဆီမီးဖိုင္နယ္ ကန္သမွ်ပြဲေတြ ႐ူံးနိမ့္ ေနတာက ကံဆိုးမႈသက္သက္လား…?

ဆိုးလ္ရွားဟာ မိုဒီမွာနည္းျပကတည္းက ေနာ္ေဝ ဖလား ဆီမီးဖိုင္နယ္ (၂) ႀကိမ္မွာ (၂) ႀကိမ္စလုံး ႐ူံးနိမ့္ခဲ့ဖူးပါတယ္။ စပါးအသင္းနည္းျပ ေမာ္ရင္ဟိုဟာ ဒီလိုႏိုင္သင့္တဲ့ပြဲေတြကိုဆိုရင္ ႏိုင္ပြဲရေအာင္ ကစားသမားေတြဆီက အစြမ္းအစေတြကို ညွစ္ထုတ္ႏိုင္စြမ္းရွိတဲ့သူတစ္ေယာက္ပါ။ အသင္းတစ္သင္းအေနနဲ႕ ဒီရာသီမွာ ပံုမွန္ေျခစြမ္းေတြတည္ျငိမ္ေနဖို႕ အေတာ္ကိုၾကိဳးစားေနရေပမယ့္ ႏိုင္ဖို႕လိုအပ္တဲ့ပြဲေတြမွာ ႏိုင္ပြဲရယူဖို႔မလြယ္ကူရင္ အသင္းအေနနဲ႕ ေျခစြမ္းပိုင္းေတြ နည္းစနစ္ပိုင္းေတြထက္ စိတ္ပိုင္းဆိုင္ရာမွာ ျပႆနာတစ္ခုခုရွိလာေနပါၿပီ။

အခုပြဲမွာ ႏွစ္သင္းစလုံးဟာ ပရီးမီးယားလိဂ္မွာ ေတြ႕ဆုံတုန္းကထက္ေတာ့ ကစားပုံပိုမိုျပင္းထန္ခဲ့ပါတယ္။ ပြဲအစ (၂)မိနစ္မွာ ဂြၽန္စတုန္းနဲ႔ထိၿပီးဂိုးဝင္သြားခဲ့ေပမယ့္ ရက္ဖိုဒ္ လူကြၽံေနခဲ့တာေၾကာင့္ ယူႏိုက္တက္တို႔ဦးေဆာင္ဂိုးရမယ့္အခြင့္အေရး နစ္နာခဲ့ရသလို ပြဲခ်ိန္ (၅)မိနစ္မွာ မန္စီးတီးအသင္းက ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္ ဂန္ဒိုဂန္လူကြၽံေနခဲ့လို႔ လူကြၽံေဘာအျဖစ္သာသတ္မွတ္ခဲ့ပါတယ္။ ပြဲခ်ိန္ (၂၃)မိနစ္မွာ ဘယ္ေတာင္ပံကေနဆြဲယူၿပီး ဖိုဒင္သြင္းယူခဲ့တဲ့ဂိုးဟာလည္းလူကၽြံေဘာျဖစ္ေနခဲ့ပါတယ္။ ဒါေၾကာင့္ ပထမပိုင္းမွာ ႏွစ္သင္းေပါင္း သုံးဂိုး (မန္ယူ ၁ ဂိုး၊ မန္စီးတီး ၂ ဂိုး) ထိ ရခဲ့ေပမယ့္ သုံးဂိုးလုံးဟာ လူကြၽံေဘာေတြျဖစ္ေနခဲ့တာေၾကာင့္သာ ပထမပိုင္းမွာတင္ သြင္းဂိုးမ်ားသြားႏိုင္တဲ့ ပြဲတစ္ပြဲမျဖစ္ခဲ့တာပါ။

ဒုတိယပိုင္းမွာေတာ့ မန္စီးတီး အသင္းဟာ သြင္းဂိုး ႏွစ္ဂိုးရယူသြားႏိုင္ခဲ့ၿပီး ႏွစ္ဂိုးစလုံးဟာ Set-piece ေတြကေနတစ္ဆင့္ ရခဲ့တာျဖစ္ပါတယ္။ ပြဲခ်ိန္ မိနစ္ (၅၀) မွာ ဖိုဒန္ရဲ႕ ျပစ္ဒဏ္ေဘာကန္ခ်က္ကေန ေပးပို႔လိုက္တဲ့ ေဘာလံုးကို ဂြၽန္စတုန္းစ္ ပိတ္သြင္းယူခဲ့သလို ဒုတိယဂိုးကိုလည္း (၈၃) မိနစ္မွာ ေထာင့္ကန္ေဘာကေန ဝမ္ဘစ္ဆာကာ ေခါင္းတိုက္ရွင္းထုတ္လိုက္ရာက ထြက္လာတဲ့ ေဘာလံုးကို ဖာနန္ဒင္ဟိုက ဂိုးဧရိယာထိပ္ကေန ကန္သြင္းသြားခဲ့တာပါ။ ယူႏိုက္တက္အသင္းနဲ႕ မန္စီးတီးအသင္းတို႕ ရဲ႕ ပြဲမွာ အသင္းႏွစ္သင္းစလံုးရဲ႕ ေျခစြမ္းေတြဟာ အထူးအေထြအျပစ္ေျပာစရာနဲေပမယ့္ ဘရူႏိုရဲ႕ ေဘာလံုးေပးပို႔မႈေတြကေတာ့ ဒီေန႔ပြဲမွာ အားရစရာမေကာင္းခဲ့ပါဘူး။ ဒီႏိုင္ပြဲဟာ ေျခစြမ္းပိုသာတဲ့အသင္းအႏိုင္ရသြားခဲ့တဲ့ပြဲတစ္ပြဲပါပဲ။

ယူႏိုက္တက္အသင္းအေနနဲ႔ ဒီရႈံးပြဲေၾကာင့္ ပရီးမီးယားလိဂ္ျပိဳင္ပြဲမွာ ေကာင္းမြန္ေနတဲ့ အေျခအေနကို မထိခိုက္ေစဖို႕လိုအပ္ပါတယ္။ ဆိုးလ္ရွားအေနနဲ႔ အဆံုးအျဖတ္ပြဲေတြ မွာရလဒ္မေကာင္းခ်ိန္မွာ အမွတ္ေပးျပိဳင္ပြဲကိုသာ ေသခ်ာ ကစားခဲ့လာမယ္ဆိုရင္ ဒီရာသီဟာ ယူႏိုက္တက္အသင္းအတြက္ ဖလားတစ္လံုးေတာ့ ေမွ်ာ္လင့္လို႕ရႏိုင္ပါတယ္။ ဖလားလုပြဲ ေတြနဲ႔ ပတ္သက္တဲ့ပြဲေတြမွာေတာ့ ဆိုလ္ရွားကိုေမ့ထားလိုက္ၿပီး ေမွ်ာ္လင့္ခ်က္မထားတာ ယူႏိုက္တက္ပရိသတ္ေတြအတြက္ ပိုမိုသင့္ေတာ္ပါလိမ့္မယ္။