ယူနိုက်တက်မှာ ဖာဂူဆန်ကို စနောက်နိုင်တဲ့ တစ်ဦးတည်းသောသူကို ထုတ်ဖော်လိုက်တဲ့ ဖာဒီနန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်နောက်ခံလူဟောင်း ဖာဒီနန်က ကလပ်အသင်း ၂၇ နှစ်တာကာလအတွင်း ဖာဂူဆန်ကို စနောက်ခွင့်ရှိတဲ့ ကလပ်အသင်းကတစ်ဦးတည်းသောသူကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဖာဂူဆန်ဟာ ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်ဖလား ၁၃ ကြိမ်အထိရယူနိုင်ခဲ့ပြီး ကစားသမားတော်တော်များများကဖာဂူဆန်ရဲ့ နာမည်ကျော်ကြားတဲ့ ဒေါသနဲ့ အော်ဟစ်ပြောဆိုတတ်တဲ့ပုံစံ (hairdryer treatment)၊ တိကျတဲ့ အချိန်ဇယား စည်းကမ်းပိုင်းတွေနဲ့ ပတ်သက်လို့ ကြောက်ရွံ့ခဲ့ကြရတာဖြစ်ပါတယ်။

ဖာဂူဆန်လက်အောက်မှာ ၁၁ နှစ်ကြာကစားခဲ့တဲ့ ဖာဒီနန်က ယူနိုက်တက်ဟာအသင်းမှာ ဖာဒီနန်ကို စနောက်ခဲ့တဲ့ တစ်ဦးတည်းသောသူဟာ စားဖိုဆောင်က လေဒီကာရိုးလ်ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။


“ကာရိုးလ်က ဟာသအရမ်းဆန်တဲ့လေဒီတစ်ဦးပါ။ ကျွန်တော်ကတော့ သူနဲ့စကားပြောရတာ ကြိုက်ပါတယ်။ အသင်းမှာရှိတဲ့ကစားသမားတိုင်းက သူနဲ့စကားပြောရတာကြိုက်ပါတယ်။ သူက ဖာဂူဆန်လို လူရိုသေရှင်ရိုသေနည်းပြကြီးကိုတောင် နောက်ပြောင်ခဲ့ပါတယ်”လို့ ဖာဒီနန်က ပြောကြားခဲ့ပါတယ်။

ဖာဒီနန်က ကာရိုးလ်ကို မန်ချက်စတာရဲ့အန်တီလို့ ထုတ်ဖော်ပြောကြားခဲ့ပြီး သူမဟာ ကြင်နာတတ်တဲ့သူတစ်ဦးဖြစ်တယ်လို့လည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဖာဒီနန်ဟာ ဖာဂူဆန်နဲ့အတူ အက်ဖ်အေဖလား ၅ ကြိမ် ၊ လိဂ်ဖလား ၄ ကြိမ် နဲ့ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်တို့ကို ရယူနိုင်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်ယူနိုက်တက်ကနေ ဖာဂူဆန်ထွက်ခွာပြီးနောက်ပိုင်း ယူနိုက်တက်ဟာ မိုယက်ချ် ၊ ရိုင်ယန်ဂစ် ၊ ဗန်ဟားလ် ၊ မော်ရင်ဟိုတို့နဲ့ ဆက်သွားခဲ့ပေမယ့် ရုန်းကန်ခဲ့ရပါတယ်။

လက်ရှိအချိန်မှာတော့ ယူနိုက်တက်ကို ဖာဂူဆန်လက်ထက်ကအတိုင်း အသက်သွင်းဖို့ ဆိုးလ်ရှားက ကြိုးပမ်းနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဖာဂူဆန္ကို စေနာက္ခဲ့တဲ့ တစ္ဦးတည္းေသာသူကို ထုတ္ေဖာ္လုိက္တဲ့ ဖာဒီနန္

ယူႏိုက္တက္ေနာက္ခံလူေဟာင္း ဖာဒီနန္က ကလပ္အသင္း ၂၇ ႏွစ္တာကာလအတြင္း ဖာဂူဆန္ကို စေနာက္ခြင့္ရွိတဲ့ ကလပ္အသင္းကတစ္ဦးတည္းေသာသူကို ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။
ဖာဂူဆန္ဟာ ယူႏိုက္တက္နဲ႔အတူ ပရီးမီးယားလိဂ္ဖလား ၁၃ ၾကိမ္အထိရယူႏိုင္ခဲ့ျပီး ကစားသမားေတာ္ေတာ္မ်ားမ်ားက ဖာဂူဆန္ရဲ႕ နာမည္ေက်ာ္ၾကားတဲ့ ေဒါသနဲ႔ ေအာ္ဟစ္ေျပာဆိုတတ္တဲ့ပုံစံ (hairdryer treatment)၊ တိက်တဲ့ အခ်ိန္ဇယား စည္းကမ္းပိုင္းေတြနဲ႔ ပတ္သက္လို႔ ေၾကာက္ရြ႔ံ႕ခဲ့ၾကရတာျဖစ္ပါတယ္။

ဖာဂူဆန္လက္ေအာက္မွာ ၁၁ ႏွစ္ၾကာကစားခဲ့တဲ့ ဖာဒီနန္က ယူႏိုက္တက္ဟာအသင္းမွာ ဖာဒီနန္ကို စေနာက္ခဲ့တဲ့ တစ္ဦးတည္းေသာသူဟာ စားဖိုေဆာင္က ေလဒီကာရိုးလ္ျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

“ကာရိုးလ္က ဟာသအရမ္းဆန္တဲ့ေလဒီတစ္ဦးပါ။ ကြ်န္ေတာ္ကေတာ့ သူနဲ႔စကားေျပာရတာ ၾကိဳက္ပါတယ္။ အသင္းမွာရွိတဲ့ကစားသမားတိုင္းက သူနဲ႔စကားေျပာရတာၾကိဳက္ပါတယ္။ သူက ဖာဂူဆန္လို လူရိုေသရွင္ရိုေသနည္းျပၾကီးကိုေတာင္ ေနာက္ေျပာင္ခဲ့ပါတယ္”လို႔ ဖာဒီနန္က ေျပာၾကားခဲ့ပါတယ္။

ဖာဒီနန္က ကာရုိးလ္ကို မန္ခ်က္စတာရဲ႕အန္တီလို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ျပီး သူမဟာ ၾကင္နာတတ္တဲ့သူတစ္ဦးျဖစ္တယ္လို႔လည္း ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ဖာဒီနန္ဟာ ဖာဂူဆန္နဲ႔အတူ အက္ဖ္ေအဖလား ၅ ၾကိမ္ ၊ လိဂ္ဖလား ၄ ၾကိမ္ နဲ႔ ခ်န္ပီယံလိဂ္ဖလား ၁ ၾကိမ္တို႔ကို ရယူႏိုင္ခဲ့ပါတယ္။ ၂၀၁၃ ခုႏွစ္ယူႏိုက္တက္ကေန ဖာဂူဆန္ထြက္ခြာျပီးေနာက္ပိုုင္း ယူႏိုက္တက္ဟာ မိုယက္ခ်္ ၊ ရိုင္ယန္ဂစ္ ၊ ဗန္ဟားလ္ ၊ ေမာ္ရင္ဟိုတို႔နဲ႔ ဆက္သြားခဲ့ေပမယ့္ ရုန္းကန္ခဲ့ရပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ယူႏုိက္တက္ကို ဖာဂူဆန္လက္ထက္ကအတိုင္း အသက္သြင္းဖို႔ ဆိုးလ္ရွားက ၾကိဳးပမ္းေနပါတယ္။