
မန်ယူအသင်းဟာ မနေ့ညက ဝုဗ်ကိုအိမ်ကွင်းမှာ ၁-၀ နဲ့အရေးနိမ့်ခဲ့ပေမယ့်ဒီပွဲမှာ
မန်ယူအတွက် ၂ နှစ်ကြာမကစားနိုင်ခဲ့တဲ့ ဖီးလ်ဂျုံးစ်တစ်ယောက်
ပထမဆုံးပြန်ပါပြီး ဗာရန်းနဲ့အတူတွဲဖက်ခြေစွမ်းပြနိုင်ခဲ့လို့
ဖာဂူဆန်ကသူ့ကိုဘာကြောင့်ခေါ်ခဲ့သလဲဆိုတာသိသွားကြပြီလို့ ဆိုနေကြပါတယ်။
ဖာဂူဆန်ဟာပြီးခဲ့တဲ့ ၂၀၁၁ ကဖီးလ်ဂျုံးစ်ကိုဘလက်ဘန်းကနေခေါ်ယူခဲ့တာဖြစ်ပါတယ်။
သူဟာဒဏ်ရာမကြာခဏရသလို ဖာဂူဆန်ခေတ်လွန်ကာလမှာ
ဝေဖန်မှုတွေအမျိုးမျိုးကြုံခဲ့ရတာပါ။ ဒါပေမယ့် ဝုဗ်နဲ့ပွဲအတွက်
ဘိုင်လီ၊မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်တို့အားလုံးမပါနိုင်တဲ့အတွက်
မန်ယူရဲ့အမေ့ခံဖြစ်နေတဲ့ ဖီးဂျုံးစ်က ဗာရန်းနဲ့အတူပွဲထွက်ကစားခဲ့ရတာပါ။
ဒါပေမယ့်ဒီပွဲမှာ ဂျုံးစ်ဟာမထင်မှတ်ထားလောက်အောင် ခြေစွမ်းပြနိုင်ခဲ့လို့
ဖာဂူဆန်ကသူ့ကိုဘာကြောင့်ခေါ်ခဲ့သလဲဆိုတာကိုပြသသွားနိုင်ခဲ့ပါတယ်။
ကွင်းထဲကိုမန်ယူကစားသမားတွေဝင်လာတဲ့အချိန်ကတည်းက
ပရိသတ်တွေကဂျုံးစ်ရဲ့အမည်ကိုအော်ဟစ် ကာအားပေးခဲ့ပြီး
ဒါကိုလည်းသူကအလကားမဖြစ်စေခဲ့ဘဲ ဗာရန်းနဲ့အတူတွဲပြီး ခြေစွမ်းပြနိုင်ခဲ့တာပါ။
အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ ဂျုံးစ်ဟာခြေစွမ်းပြနိုင်ခဲ့လို့ ပထမပိုင်းအပြီး
အကဲဖြတ်မှုမှာ မန်ယူရဲ့အကောင်းဆုံးကစားသမားဖြစ်ခဲ့တာပါ။
ဘောလုံးရင်ဆိုင်လုရတိုင်းသူက ရာနှုန်းပြည့်အသာရခဲ့လို ပေးပို့မှု
၉၆ ရာခိုင်နှုန်းတိကျခဲ့ပြီး ဘောလုံးပြန်ဆယ်နိုင်မှု ၄ကြိမ်၊
ပြိုင်ဘက်ကန်ချက်ကိုဟန့်တားနိုင်မှု ၃ ကြိမ်၊ ကြားဖြတ်ဟန့်တားနိုင်မှု ၂ ကြိမ်၊
ဖျက်ထုတ်မှု ၂ ကြိမ်နဲ့ ဘောလုံးရှင်းထုတ်နိုင်မှု တစ်ကြိမ်ပြုလုပ်နိုင်ခဲ့တာပါ။
ဒီပွဲမှာ ဝုဗ်အတွက် မော်တင်ဟိုက အနိုင်ဂိုးသွင်းနိုင်မှုက ဂျုံးစ်ရဲ့
ခေါင်းတိုက်ရှင်းထုတ်မှုကနေတစ်ဆင့်ရသွားတာဖြစ်ပေမယ့် ဒီပေါ်တူဂီသားကို
ကျန်တဲ့သူတွေကလူကပ်ထားခြင်းမရှိလို့ ဂျုံးစ်ကိုအပြစ်တင်လို့မရဘူးလို့
ကျွမ်းကျင်သူတွေကသုံးသပ်ခဲ့ကြပါတယ်။ ဒီပွဲအတွက်မန်ယူကစားသမားတွေကို
အဆင့်သတ်မှတ်မှုမှာလည်း ဂျုံးစ်ဟာ ကစားဖော်
ဒီဂီယာနဲ့အတူ ၈ အထိရရှိပြီးအများဆုံးဖြစ်ခဲ့ပါတယ်။
နောက်ထပ်ထူးခြားချက် ဗာရန်းနဲ့ ဂျုံးစ်ကို ဗဟိုခံစစ်မှာရေရှည်အထိုင်ချဖို့
ကြံစည်ခဲ့တဲ့ ဖာဂူဆန်ရဲ့လွန်ခဲ့တဲ့ ၁၁ နှစ်ကအိပ်မက်တကယ်ဖြစ်လာခဲ့တာပါ။
ပြီးခဲ့တဲ့၂၀၁၁ မှာ လန်းစ်အသင်းမှာရှိနေတဲ့ ဗာရန်းကိုခေါ်ယူပြီး
ဂျုံးစ်နဲ့တွဲကာ မန်ယူဗဟိုခံစစ်အတွက်အသုံးပြုဖို့ ဖာဂူဆန်ကစီစဥ်ခဲ့တာပါ။
ဒါပေမယ့် ဗာရန်းက ရီးရဲလ်မက်ဒရစ်ကိုရွေးချယ်သွားခဲ့တဲ့အတွက်
ဖာဂူဆန်ရဲ့အကြံမဖြစ်မြောက်ခဲ့ပါဘူး။ ဒီစကော့သားကြီးက ဂျုံးစ် ဟာ
မန်ယူကစားသမားတွေထဲမှာအကောင်းဆုံးသောတစ်ယောက်လို့ ဖာဂူဆန်က
ထုတ်ပြောထားတာကြောင့် ဖာဂူဆန်အိပ်မက်ကို လက်ရှိနည်းပြရန်းနစ်ခ်က
ဆက်လက်အသက်သွင်းပေးဦးမလားဆိုတာစောင့်ကြည့်ရမှာပါ။
zawgyi
ဖာဂူဆန္က သူ႔ကိုဘာေၾကာင့္ေခၚခဲ့သလဲဆိုတာကိုျပသသြားႏိုင္ခဲ့တဲ့ ဖီးလ္ဂ်ဳံးစ္
မန္ယူအသင္းဟာ မေန႔ညက ဝုဗ္ကိုအိမ္ကြင္းမွာ ၁-၀ နဲ႔အေရးနိမ့္ခဲ့ေပမယ့္ဒီပြဲမွာ
မန္ယူအတြက္ ၂ ႏွစ္ၾကာမကစားႏိုင္ခဲ့တဲ့ ဖီးလ္ဂ်ဳံးစ္တစ္ေယာက္
ပထမဆုံးျပန္ပါၿပီး ဗာရန္းနဲ႔အတူတြဲဖက္ေျခစြမ္းျပႏိုင္ခဲ့လို႔
ဖာဂူဆန္ကသူ႔ကိုဘာေၾကာင့္ေခၚခဲ့သလဲဆိုတာသိသြားၾကၿပီလို႔ ဆိုေနၾကပါတယ္။
ဖာဂူဆန္ဟာၿပီးခဲ့တဲ့ ၂၀၁၁ ကဖီးလ္ဂ်ဳံးစ္ကိုဘလက္ဘန္းကေနေခၚယူခဲ့တာျဖစ္ပါတယ္။
သူဟာဒဏ္ရာမၾကာခဏရသလို ဖာဂူဆန္ေခတ္လြန္ကာလမွာ
ေဝဖန္မႈေတြအမ်ိဳးမ်ိဳးႀကဳံခဲ့ရတာပါ။ ဒါေပမယ့္ ဝုဗ္နဲ႔ပြဲအတြက္
ဘိုင္လီ၊မက္ဂြိဳင္းယားနဲ႔ လင္ဒီေလာ့ဖ္တို႔အားလုံးမပါႏိုင္တဲ့အတြက္
မန္ယူရဲ႕အေမ့ခံျဖစ္ေနတဲ့ ဖီးဂ်ဳံးစ္က ဗာရန္းနဲ႔အတူပြဲထြက္ကစားခဲ့ရတာပါ။
ဒါေပမယ့္ဒီပြဲမွာ ဂ်ဳံးစ္ဟာမထင္မွတ္ထားေလာက္ေအာင္ ေျခစြမ္းျပႏိုင္ခဲ့လို႔
ဖာဂူဆန္ကသူ႔ကိုဘာေၾကာင့္ေခၚခဲ့သလဲဆိုတာကိုျပသသြားႏိုင္ခဲ့ပါတယ္။
ကြင္းထဲကိုမန္ယူကစားသမားေတြဝင္လာတဲ့အခ်ိန္ကတည္းက
ပရိသတ္ေတြကဂ်ဳံးစ္ရဲ႕အမည္ကိုေအာ္ဟစ္ ကာအားေပးခဲ့ၿပီး
ဒါကိုလည္းသူကအလကားမျဖစ္ေစခဲ့ဘဲ ဗာရန္းနဲ႔အတူတြဲၿပီး ေျခစြမ္းျပႏိုင္ခဲ့တာပါ။
အသက္ ၂၉ ႏွစ္ရွိၿပီျဖစ္တဲ့ ဂ်ဳံးစ္ဟာေျခစြမ္းျပႏိုင္ခဲ့လို႔ ပထမပိုင္းအၿပီး
အကဲျဖတ္မႈမွာ မန္ယူရဲ႕အေကာင္းဆုံးကစားသမားျဖစ္ခဲ့တာပါ။
ေဘာလုံးရင္ဆိုင္လုရတိုင္းသူက ရာႏႈန္းျပည့္အသာရခဲ့လို ေပးပို႔မႈ
၉၆ ရာခိုင္ႏႈန္းတိက်ခဲ့ၿပီး ေဘာလုံးျပန္ဆယ္ႏိုင္မႈ ၄ႀကိမ္၊
ၿပိဳင္ဘက္ကန္ခ်က္ကိုဟန႔္တားႏိုင္မႈ ၃ ႀကိမ္၊ ၾကားျဖတ္ဟန႔္တားႏိုင္မႈ ၂ ႀကိမ္၊
ဖ်က္ထုတ္မႈ ၂ ႀကိမ္နဲ႔ ေဘာလုံးရွင္းထုတ္ႏိုင္မႈ တစ္ႀကိမ္ျပဳလုပ္ႏိုင္ခဲ့တာပါ။
ဒီပြဲမွာ ဝုဗ္အတြက္ ေမာ္တင္ဟိုက အႏိုင္ဂိုးသြင္းႏိုင္မႈက ဂ်ဳံးစ္ရဲ႕
ေခါင္းတိုက္ရွင္းထုတ္မႈကေနတစ္ဆင့္ရသြားတာျဖစ္ေပမယ့္ ဒီေပၚတူဂီသားကို
က်န္တဲ့သူေတြကလူကပ္ထားျခင္းမရွိလို႔ ဂ်ဳံးစ္ကိုအျပစ္တင္လို႔မရဘူးလို႔
ကြၽမ္းက်င္သူေတြကသုံးသပ္ခဲ့ၾကပါတယ္။ ဒီပြဲအတြက္မန္ယူကစားသမားေတြကို
အဆင့္သတ္မွတ္မႈမွာလည္း ဂ်ဳံးစ္ဟာ ကစားေဖာ္
ဒီဂီယာနဲ႔အတူ ၈ အထိရရွိၿပီးအမ်ားဆုံးျဖစ္ခဲ့ပါတယ္။
ေနာက္ထပ္ထူးျခားခ်က္ ဗာရန္းနဲ႔ ဂ်ဳံးစ္ကို ဗဟိုခံစစ္မွာေရရွည္အထိုင္ခ်ဖို႔
ႀကံစည္ခဲ့တဲ့ ဖာဂူဆန္ရဲ႕လြန္ခဲ့တဲ့ ၁၁ ႏွစ္ကအိပ္မက္တကယ္ျဖစ္လာခဲ့တာပါ။
ၿပီးခဲ့တဲ့၂၀၁၁ မွာ လန္းစ္အသင္းမွာရွိေနတဲ့ ဗာရန္းကိုေခၚယူၿပီး
ဂ်ဳံးစ္နဲ႔တြဲကာ မန္ယူဗဟိုခံစစ္အတြက္အသုံးျပဳဖို႔ ဖာဂူဆန္ကစီစဥ္ခဲ့တာပါ။
ဒါေပမယ့္ ဗာရန္းက ရီးရဲလ္မက္ဒရစ္ကိုေ႐ြးခ်ယ္သြားခဲ့တဲ့အတြက္
ဖာဂူဆန္ရဲ႕အႀကံမျဖစ္ေျမာက္ခဲ့ပါဘူး။ ဒီစေကာ့သားႀကီးက ဂ်ဳံးစ္ ဟာ
မန္ယူကစားသမားေတြထဲမွာအေကာင္းဆုံးေသာတစ္ေယာက္လို႔ ဖာဂူဆန္က
ထုတ္ေျပာထားတာေၾကာင့္ ဖာဂူဆန္အိပ္မက္ကို လက္ရွိနည္းျပရန္းနစ္ခ္က
ဆက္လက္အသက္သြင္းေပးဦးမလားဆိုတာေစာင့္ၾကည့္ရမွာပါ။