ဖာဂူဆန်ထက်ပိုကောင်းမယ့် ဆိုးလ်ရှားရဲ့မန်ယူနည်းပြပွဲ ၁၀၀ မှတ်တမ်း

ကွဲပြားခြားနားတဲ့ရာသီအစအပြီးမှာ ဆိုးလ်ရှားရဲ့မန်ယူဟာ ပုံစံကောင်းပြန်ရသွားပုံရပြီး အထူးသဖြင့် ချန်ပီယံလိဂ်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ကြားရက် အိုးလ်ထရက်ဖို့ဒ်မှာ လစ်ဇစ်ကို ၅ ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့ပွဲဟာ ဆိုးလ်ရှားရဲ့မန်ယူနည်းပြဘ၀ ၉၉ ပွဲမြောက်ဖြစ်ခဲ့တာပါ။

တနင်္ဂနွေညကစားမယ့် အာဆင်နယ်နဲ့ပွဲမှာဆိုရင် ၄၇ နှစ်အရွယ် အဲဒီနော်ဝေသားနည်းပြဟာ မန်ယူနည်းပြအဖြစ် ပွဲရာပြည့်ဖြစ်သွားမှာပါ။ ဆိုးလ်ရှားတောင် ပွဲ ၁၀၀ ပြည့်တော့မယ်ဆိုတော့ အချိန်တွေကုန်တာမြန်လွန်းသလိုပါပဲ။

မန်ယူအသင်းကို သူကိုင်တွယ်ခဲ့တဲ့ ၉၉ ပွဲမှာတော့ ၅၅ ပွဲနိုင်ခဲ့ပြီး ၂၁ ပွဲသရေနဲ့ ၂၃ ပွဲရှုံးခဲ့ကာ အနိုင်ရာခိုင်နှုန်း ၅၆ ရှိခဲ့ပါတယ်။ ဒါဟာ ဖာဂူဆန်ရဲ့မန်ယူနည်းပြပွဲ ၁၀၀ မှတ်တမ်းထက် သိသိသာသာကို ပိုကောင်းပါတယ်။

ဖာဂူဆန်ဟာ မန်ယူနဲ့ပထမဆုံးပွဲ ၁၀၀ မှာ ၄၈ ပွဲနိုင်၊ ၃၁ ပွဲသရေ၊ ၂၁ ပွဲရှုံးနဲ့ အနိုင်ရာခိုင်နှုန်း ၄၈ သာ ရှိခဲ့တာပါ။ ဒါပေမဲ့ ဆိုးလ်ရှားရဲ့ပွဲ ၁၀၀ မှတ်တမ်းဟာ မော်ရင်ဟိုနဲ့ယှဉ်ရင်တော့ တောင်တော်နိမ့်သွားပြီး မော်ရင်ဟို မန်ယူနည်းပြဘ၀ ပထမဆုံးပွဲ ၁၀၀ မှာ ၆၂ ပွဲနိုင်၊ ၂၃ ပွဲသရေနဲ့ ၁၅ ပွဲသာရှုံးခဲ့ကာ အနိုင်ရာခိုင်နှုန်း ၆၂ ရှိခဲ့တာပါ။

Zawgyi

ဖာဂူဆန္ထက္ပိုေကာင္းမယ့္ ဆုိးလ္ရွားရဲ႕မန္ယူနည္းျပပြဲ ၁၀၀ မွတ္တမ္း

ကြဲျပားျခားနားတဲ့ရာသီအစအၿပီးမွာ ဆုိးလ္ရွားရဲ႕မန္ယူဟာ ပုံစံေကာင္းျပန္ရသြားပုံရၿပီး အထူးသျဖင့္ ခ်န္ပီယံလိဂ္မွာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ၾကားရက္ အုိးလ္ထရက္ဖုိ႔ဒ္မွာ လစ္ဇစ္ကို ၅ ဂိုးျပတ္နဲ႔အႏိုင္ရခဲ့တဲ့ပြဲဟာ ဆုိးလ္ရွားရဲ႕မန္ယူနည္းျပဘ၀ ၉၉ ပြဲေျမာက္ျဖစ္ခဲ့တာပါ။

တနဂၤေႏြညကစားမယ့္ အာဆင္နယ္နဲ႔ပြဲမွာဆိုရင္ ၄၇ ႏွစ္အရြယ္ အဲဒီေနာ္ေ၀သားနည္းျပဟာ မန္ယူနည္းျပအျဖစ္ ပြဲရာျပည့္ျဖစ္သြားမွာပါ။ ဆုိးလ္ရွားေတာင္ ပြဲ ၁၀၀ ျပည့္ေတာ့မယ္ဆိုေတာ့ အခ်ိန္ေတြကုန္တာျမန္လြန္းသလုိပါပဲ။

မန္ယူအသင္းကို သူကိုင္တြယ္ခဲ့တဲ့ ၉၉ ပြဲမွာေတာ့ ၅၅ ပြဲႏိုင္ခဲ့ၿပီး ၂၁ ပြဲသေရနဲ႔ ၂၃ ပြဲရႈံးခဲ့ကာ အႏိုင္ရာခိုင္ႏႈန္း ၅၆ ရွိခဲ့ပါတယ္။ ဒါဟာ ဖာဂူဆန္ရဲ႕မန္ယူနည္းျပပြဲ ၁၀၀ မွတ္တမ္းထက္ သိသိသာသာကို ပိုေကာင္းပါတယ္။

ဖာဂူဆန္ဟာ မန္ယူနဲ႔ပထမဆုံးပြဲ ၁၀၀ မွာ ၄၈ ပြဲႏိုင္၊ ၃၁ ပြဲသေရ၊ ၂၁ ပြဲရႈံးနဲ႔ အႏိုင္ရာခိုင္ႏႈန္း ၄၈ သာ ရွိခဲ့တာပါ။ ဒါေပမဲ့ ဆုိးလ္ရွားရဲ႕ပြဲ ၁၀၀ မွတ္တမ္းဟာ ေမာ္ရင္ဟိုနဲ႔ယွဥ္ရင္ေတာ့ ေတာင္ေတာ္နိမ့္သြားၿပီး ေမာ္ရင္ဟို မန္ယူနည္းျပဘ၀ ပထမဆုံးပြဲ ၁၀၀ မွာ ၆၂ ပြဲႏိုင္၊ ၂၃ ပြဲသေရနဲ႔ ၁၅ ပြဲသာရႈံးခဲ့ကာ အႏုိင္ရာခိုင္ႏႈန္း ၆၂ ရွိခဲ့တာပါ။