ဖာဂူဆန်နောက်ပိုင်း မန်ယူရဲ့ချန်ပီယံလိဂ်သွင်းဂိုးဟာ စီရော်နယ်ဒိုတစ်ဦးတည်သွင်းယူမှုထက် ပိုနည်းနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းကနေ သက်တော်ရှည်ဂန္ထဝင်နည်းပြ ဖာဂူဆန်တစ်ယောက် ၂၀၁၃ မှာအနားယူသွားခဲ့ပြီးနောက် မန်ယူအသင်းအခု ထိရုန်းကန်နေရပြီး အရင်လိုအခြေအနေမျိုးပြန်ရောက်ဖို့ အလှမ်းဝေးနေပါသေးတယ်။ မန်ယူဟာ ဖာဂူဆန်ခေတ်လွန်ကာလမှာ ပြည်တွင်းမှာရော ဥရောပအဆင့်မှာပါ စွမ်းဆောင်ရည်ကျဆင်းသွားခဲ့တာပါ။ ဖာဂူဆန်အနားယူသွားတာ ၇ နှစ်ပြည့်နေပေမယ့် အရင်လိုပြန်ဖြစ်မယ့်အရိပ်အရောင် အခုထိမမြင်ရသေးပါဘူး။

မကြာသေးခင်ကလည်း လိုက်ပ်ဇစ်ကို အဝေးကွင်းမှာ ၃-၂ နဲ့အရေးနိမ့်ခဲ့ပြီးနောက် မန်ယူဟာ ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပြီး ယူရိုပါလိဂ်ကို ပြောင်းကစားရတော့မှာဖြစ်ပါတယ်။

သူတို့တွေရုန်းကန်နေရပေမယ့် ကစားသမားဟောင်းဖြစ်သူ စီရော်နယ်ဒိုကတော့ သူ့အောင်မြင်မှုတွေကို အသက် ၃၅ နှစ်အရွယ်အထိဆက်ထိန်းနေဆဲဖြစ်ပါတယ်။ ဒီပေါ်တူဂီသားဟာ မကြာသေးခင်က ဘာစီလိုနာကို ဂျူဗင်တပ်က ၃-၀ နဲ့အနိုင်ရတဲ့ပွဲမှာ ပင်နယ်တီကနေတစ်ဆင့် ၂ ဂိုးသွင်းယူပြီး ကလပ်ကစားသမားဘဝမှာ သွင်းဂိုး ၆၅၀ ပြည့်ခဲ့တာပါ။

နောက်ပြီးစီရော်နယ်ဒိုဟာ ချန်ပီယံလိဂ်မှာ သူ့သွင်းဂိုးမှတ်တမ်းကိုလည်း ဆက်လက်တိုးချဲ့နေပြီး ၁၃၄ ဂိုးအထိရရှိထားပြီးဖြစ်ပါတယ်။ ဒါဟာသမိုင်းမှာသူ့ကို ဂိုးသွင်းအများဆုံးသူအဖြစ်ရပ်တည်စေခဲ့တာပါ။ သူနဲ့ အနီးစပ်ဆုံးပြိုင်ဘက် မက်ဆီတောင်မှ ၁၁၈ ဂိုးသာသွင်းထားတာပါ။

စီရော်နယ်ဒိုရဲ့ ချန်ပီယံလိဂ်ဂိုးအရေအတွက်ဟာ ရိုးမားအသင်း ပြိုင်ပွဲမှာသွင်းယူခဲ့တဲ့ဂိုးထက် များခဲ့တာပါ။ ထူးခြားတဲ့ မှတ်တမ်းကတာ့ စီရော်နယ်ဒိုဟာ ၂၀၁၃ နောက်ပိုင်းချန်ပီယံလိဂ်မှာ ၈၄ ဂိုးအထိသွင်းယူထားတာပါ။ ဒါဟာသူ့အသင်းဟောင်း မန်ယူရဲ့အဲဒီကာလအတွင်း ချန်ပီယံလိဂ်သွင်းဂိုးထက် ၂၂ ဂိုးပိုများခဲ့ပါတယ်။ မန်ယူဟာ ဖာဂူဆန်အနားယူသွားပြီးနောက်ပိုင်း ချန်ပီယံလိဂ်မှာ ၆၂ ဂိုးသာသွင်းနိုင်ခဲ့တာပါ။

ဒီအချက်ကိုကြည့်ရင် မန်ယူဟာ ဖာဂူဆန်ကာလနောက်ပိုင်းမှာ စွမ်းဆောင်ရည်သိသာစွာကျဆင်းခဲ့ရာမှာ တိုက်စစ်အားနည်းမှုကလည်း အဓိက ကျနေတယ်လို့ သုံးသပ်နေကြပါတယ်။

ဖာဂူဆန်နောက်ပိုင်းနှစ် တွေမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကိုဝင်ရောက်ခွင့်ရခဲ့ပေမယ့် အမြင့်ဆုံး အဆင့်အနေနဲ့ ကွာတာဖိုင်နယ်အဆင့်အထိသာရောက်ရှိခဲ့ပါတယ်။ ဗန်ဂေါလက်ထက်ဟာ ယူနိုက်တက်အသင်းသမိုင်းတစ်လျှောက် အဆိုးဆုံးကာလဖြစ်ခဲ့ပြီးမော်ရင်ဟို နည်းပြအဖြစ်ရောက်ရှိလာခဲ့ချိန်မှသာ ဖလားအောင်မြင်မှုတွေကို ပြန်လည်ရရှိခဲ့ပါတယ်။ ၂၀၁၆-၁၇ မှာ ယူရိုပါလိဂ် မှာသာ ကစားခွင့်ရရှိခဲ့ပေမယ့် ယူရိုပါလိဂ်ဖလားကိုရရှိခဲ့ပါတယ်။

မော်ရင်ဟိုဟာ အသင်းကိုဆုဖလားတွေရရှိအောင် တည်ဆောက်ခဲ့ပေမယ့် သူ့လက်ထက်မှာ ခံစစ်ဦးစားပေးကစားဟန်ကြောင့် ယူနိုက်တက် အသင်းဟာ သွင်းဂိုးနှုန်းတွေကျဆင်းခဲ့ရပါတယ်။ ဆိုလ်ရှား ယာယီနည်းပြဖြစ်လာချိန်မှာ မြိုင်ဆိုင်တဲ့ ကစားဟန်တွေကြောင့်ပရိသတ်တွေက ယူနိုက်တက်အတွက် သင့်တော်တဲ့နည်းပြရပြီလို့ယူဆလာချိန်မှာ ဆိုလ်ရှားရဲ့ နည်းဗျူဟာပိုင်းက နိုင်သင့်တဲ့ပွဲတွေမှာ အနိုင်မရရှိခဲ့တာကြောင့် အခုအချိန်မှာ ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ် ပြိုင်ပွဲကို ရောက်ရှိသွားခဲ့ပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဖာဂူဆန္ေနာက္ပိုင္း မန္ယူရဲ႕ခ်န္ပီယံလိဂ္သြင္းဂိုးဟာ စီေရာ္နယ္ဒိုတစ္ဦးတည္သြင္းယူမႈထက္ ပိုနည္းေန

မန္ယူအသင္းကေန သက္ေတာ္ရွည္ဂႏၴဝင္နည္းျပ ဖာဂူဆန္တစ္ေယာက္ ၂၀၁၃ မွာအနားယူသြားခဲ့ၿပီးေနာက္ မန္ယူအသင္းအခု ထိ႐ုန္းကန္ေနရၿပီး အရင္လိုအေျခအေနမ်ိဳးျပန္ေရာက္ဖို႔ အလွမ္းေဝးေနပါေသးတယ္။ မန္ယူဟာ ဖာဂူဆန္ေခတ္လြန္ကာလမွာ ျပည္တြင္းမွာေရာ ဥေရာပအဆင့္မွာပါ စြမ္းေဆာင္ရည္က်ဆင္းသြားခဲ့တာပါ။ ဖာဂူဆန္အနားယူသြားတာ ၇ ႏွစ္ျပည့္ေနေပမယ့္ အရင္လိုျပန္ျဖစ္မယ့္အရိပ္အေရာင္ အခုထိမျမင္ရေသးပါဘူး။

မၾကာေသးခင္ကလည္း လိုက္ပ္ဇစ္ကို အေဝးကြင္းမွာ ၃-၂ နဲ႔အေရးနိမ့္ခဲ့ၿပီးေနာက္ မန္ယူဟာ ခ်န္ပီယံလိဂ္ကေန ထြက္ခဲ့ရၿပီး ယူ႐ိုပါလိဂ္ကို ေျပာင္းကစားရေတာ့မွာျဖစ္ပါတယ္။ သူတို႔ေတြ႐ုန္းကန္ေနရေပမယ့္ ကစားသမားေဟာင္းျဖစ္သူ စီေရာ္နယ္ဒိုကေတာ့ သူ႔ေအာင္ျမင္မႈေတြကို အသက္ ၃၅ ႏွစ္အ႐ြယ္အထိဆက္ထိန္းေနဆဲျဖစ္ပါတယ္။ ဒီေပၚတူဂီသားဟာ မၾကာေသးခင္က ဘာစီလိုနာကို ဂ်ဴဗင္တပ္က ၃-၀ နဲ႔အႏိုင္ရတဲ့ပြဲမွာ ပင္နယ္တီကေနတစ္ဆင့္ ၂ ဂိုးသြင္းယူၿပီး ကလပ္ကစားသမားဘဝမွာ သြင္းဂိုး ၆၅၀ ျပည့္ခဲ့တာပါ။ ေနာက္ၿပီးစီေရာ္နယ္ဒိုဟာ ခ်န္ပီယံလိဂ္မွာ သူ႔သြင္းဂိုးမွတ္တမ္းကိုလည္း ဆက္လက္တိုးခ်ဲ႕ေနၿပီး ၁၃၄ ဂိုးအထိရရွိထားၿပီးျဖစ္ပါတယ္။ ဒါဟာသမိုင္းမွာသူ႔ကို ဂိုးသြင္းအမ်ားဆုံးသူအျဖစ္ရပ္တည္ေစခဲ့တာပါ။ သူနဲ႔ အနီးစပ္ဆုံးၿပိဳင္ဘက္ မက္ဆီေတာင္မွ ၁၁၈ ဂိုးသာသြင္းထားတာပါ။

စီေရာ္နယ္ဒိုရဲ႕ ခ်န္ပီယံလိဂ္ဂိုးအေရအတြက္ဟာ ႐ိုးမားအသင္း ၿပိဳင္ပြဲမွာသြင္းယူခဲ့တဲ့ဂိုးထက္ မ်ားခဲ့တာပါ။ ထူးျခားတဲ့ မွတ္တမ္းကတာ့ စီေရာ္နယ္ဒိုဟာ ၂၀၁၃ ေနာက္ပိုင္းခ်န္ပီယံလိဂ္မွာ ၈၄ ဂိုးအထိသြင္းယူထားတာပါ။ ဒါဟာသူ႔အသင္းေဟာင္း မန္ယူရဲ႕အဲဒီကာလအတြင္း ခ်န္ပီယံလိဂ္သြင္းဂိုးထက္ ၂၂ ဂိုးပိုမ်ားခဲ့ပါတယ္။ မန္ယူဟာ ဖာဂူဆန္အနားယူသြားၿပီးေနာက္ပိုင္း ခ်န္ပီယံလိဂ္မွာ ၆၂ ဂိုးသာသြင္းႏိုင္ခဲ့တာပါ။ ဒီအခ်က္ကိုၾကည့္ရင္ မန္ယူဟာ ဖာဂူဆန္ကာလေနာက္ပိုင္းမွာ စြမ္းေဆာင္ရည္သိသာစြာက်ဆင္းခဲ့ရာမွာ တိုက္စစ္အားနည္းမႈကလည္း အဓိက က်ေနတယ္လို႔ သုံးသပ္ေနၾကပါတယ္။

ဖာဂူဆန္ေနာက္ပိုင္းႏွစ္ ေတြမွာ ခ်န္ပီယံလိဂ္ျပိဳင္ပြဲကိုဝင္ေရာက္ခြင့္ရခဲ့ေပမယ့္ အျမင့္ဆံုး အဆင့္အေနနဲ႕ ကြာတာဖိုင္နယ္အဆင့္အထိသာေရာက္ရွိခဲ့ပါတယ္။ ဗန္ေဂါလက္ထက္ဟာ ယူႏိုက္တက္အသင္းသမိုင္းတစ္ေလွ်ာက္ အဆိုးဆံုးကာလျဖစ္ခဲ့ၿပီးေမာ္ရင္ဟို နည္းျပအျဖစ္ေရာက္ရွိလာခဲ့ခ်ိန္မွသာ ဖလားေအာင္ျမင္မႈေတြကို ျပန္လည္ရရွိခဲ့ပါတယ္။ ၂၀၁၆-၁၇ မွာ ယူရိုပါလိဂ္ မွာသာ ကစားခြင့္ရရွိခဲ့ေပမယ့္ ယူရိုပါလိဂ္ဖလားကိုရရွိခဲ့ပါတယ္။ ေမာ္ရင္ဟိုဟာ အသင္းကိုဆုဖလားေတြရရွိေအာင္ တည္ေဆာက္ခဲ့ေပမယ့္ သူ႕လက္ထက္မွာ ခံစစ္ဦးစားေပးကစားဟန္ေၾကာင့္ ယူႏိုက္တက္ အသင္းဟာ သြင္းဂိုးႏႈန္းေတြက်ဆင္းခဲ့ရပါတယ္။ ဆိုလ္ရွား ယာယီနည္းျပျဖစ္လာခ်ိန္မွာ ျမိဳင္ဆိုင္တဲ့ ကစားဟန္ေတြေၾကာင့္ပရိသတ္ေတြက ယူႏိုက္တက္အတြက္ သင့္ေတာ္တဲ့နည္းျပရၿပီလို႕ယူဆလာခ်ိန္မွာ ဆိုလ္ရွားရဲ႕ နည္းဗ်ဴဟာပိုင္းက ႏိုင္သင့္တဲ့ပြဲေတြမွာ အႏိုင္မရရွိခဲ့တာေၾကာင့္ အခုအခ်ိန္မွာ ယူႏိုက္တက္အသင္းဟာ ယူရိုပါလိိဂ္ ျပိဳင္ပြဲကို ေရာက္ရွိသြားခဲ့ပါၿပီ။