ဖာဒီနန်ပြောပြခဲ့တဲ့ မန်စီးတီးနဲ့ပတ်သက်လို့ (၁၃)နှစ်ကြာစံချိန်တစ်ခုကျိုးခဲ့ချိန်မှာ ဖာဂူဆန် ဘယ်လောက်တောင်ဒေါသထွက်ခဲ့ရလဲဆိုတဲ့အကြောင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းမှာလက်ရှိကစားနေကြတဲ့ကစားသမားတွေနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုတွေလုပ်လေ့ရှိတဲ့ ရွိုင်ကိန်း၊ နဗီး၊ အီဗရာနဲ့ ဖာဒီနန်တို့ဟာ ဒီကစားသမားတွေရဲ့ အသင်းအပေါ်ထားတဲ့စိတ်ထားကိုအတော်သဘောမကျဖြစ်နေခဲ့ကြတာပါ။ ယှဉ်ပြိုင် အနိုင်ရလိုစိတ်နည်းပါးပြီး အသင်းအပေါ်ပေးဆပ်လိုစိတ်နဲပါးတဲ့ပွဲတွေကိုတွေ့ပြီဆိုရင် ချက်ခြင်းဝေဖန်တတ်ကြတာတွေကိုလည်း အခုနောက်ပိုင်းပိုမို တွေ့မြင်ကြရပါတယ်။

ဖာဂူဆန်ရဲ့မျိုးဆက်ထဲကနောက်ဆုံးကစားသမားတစ်ဦးဖြစ်တဲ့ ဒီဂီယာတောင် သူတို့တွေရဲ့ ဝေဖန်ခံရမှုနဲ့ မလွတ်တော့ပါဘူး။ ပြီးခဲ့တဲ့ စနေနေ့က မြို့ခံပြိုင်ဘက် မန်စီးတီးနဲ့ ကစားခဲ့ကြတဲ့ပွဲစဉ်မှာ နည်းပြတွေရဲ့ နည်းဗျူဟာပိုင်းအရ နှစ်ဘက်စလုံးဟာ ကစားပုံနှေးနှေးနဲ့ကစားခဲ့ကြသလို ချစ်ကြည်ရေးပွဲတစ်ပွဲအလား အတော်ကို ပျင်းရိဖွယ်ကောင်းလောက်အောင် ကစားသွားခဲ့ကြပါတယ်။ ဒါကိုလည်းပရိသတ်တွေက အွန်လိုင်းဆိုရှယ်မီဒီယာတွေပေါ်မှာ ပယ်ပယ်နယ်နယ်ကိုဝေဖန်ခဲ့ကြတာတွေကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

ယူနိုက်တက်ဂန္တဝင် ကစားသမားတွေဆိုရင် ပွဲကြည့်နေရင်းကနေ ဒါဘီပွဲတစ်ပွဲမှာ ပြောစရာစကားမရှိလောက်အောင်ကိုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် အစဉ်အလာအရ ခါးသီးပြိုင်ဘက်နှစ်သင်းရဲ့ ပွဲပြီးချိန်မှာတော့ အတော်ကို ပြောစရာဖြစ်အောင် ကစားသမားတွေအချင်းချင်းချစ်ကြည်ရင်နှီးမှုတွေလုပ်သွားခဲ့ကြတဲ့အချိန်မှာတော့ ရွိုင်ကိန်းတို့တွေ ပြောစရာစကားရရှိသွားခဲ့သလို မီဒီယာတွေထက်မှာလည်း ဒီအကြောင်းတွေကိုပဲ ရေးသားလာခဲ့ကြပါတော့တယ်။

အဲ့ဒီထဲမှာ အသင်း ခေါင်းဆောင် မက်ဂွိုင်းယားနဲ့ မန်စီးတီးက ဂျွန်စတုန်းတို့ ပွေ့ဖက်နှုတ်ဆက်နေ ကြတဲ့ အပေါ် ယူနိုက်တက် အသင်း ခေါင်းဆောင်ဟောင်း ရွိုင်ကိန်းနဲ့ နဗီးတို့က ပေါက်ကွဲပြောဆိုသွားခဲ့ပါသေးတယ် ။

ပွဲကြည့်စဉ်မှာ ကြည့်ရှုနေတဲ့ ဆာ အဲလက်စ် ဖာဂူဆန်သာ နည်းပြအဖြစ်ရှိနေသေးမယ်ဆိုရင် မက်ဂွိုင်းယားတော့ အသင်းနိုင်ပွဲမရခဲ့ချိန်မှာ ဒီလို မြို့ခံပြိုင်ဘက်နဲ့ ရင်နှီးတဲ့ဆက်ဆံပုံကြောင့် ပယ်ပယ်နယ်နယ်ကို ပစ်တင်ဝေဖန်ခံရမယ်လို့ ဖာဒီနန်က ပြောကြား သွားခဲ့ပါတယ် ။

ဖာဒီနန်က “ဒီမျိုးဆက်သစ်ကလေးတွေက ကျွန်တော်တို့တုန်းကနဲ့မတူတော့ဘူးဗျ။ ခေတ်အခြေအနေတွေက ပြောင်းလဲနေပြီး ကျွန်တော်တို့တုန်းကလိုဘဲမျှော်လင့်ထားလို့မရတော့ဘူးဆိုတာကို ကျွန်တော်သိပါတယ်။ ပွဲပြီးရင်ကျွန်တော်တို့တုန်းက နမ်းတာ၊ပွေ့ဖက်တာတွေလုပ်လေ့မရှိပါဘူး။ အထူးသဖြင့်တော့ မန်စီးတီးနဲ့ လီဗာပူးလ်ကစားသမားတွေ ဘယ်သူနဲ့မှဒါမျိုးမလုပ်ခဲ့မိပါဘူး။ အဲ့အချိန်တုန်းက သူတို့နဲ့ကျွန်တော်တို့က ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပြိုင်ဖက်တွေပါ။ ကျွန်တော်တို့တွေက အဲ့သည်အသင်းဂျာစီဝတ်ထားတဲ့ သူတွေဆိုရင် တစက်ကလေးမှသဘောမကျပါဘူး။

အဲ့အချိန်တုန်းက အင်္ဂလန်အသင်းမှာ ကစားဖော်တွေဖြစ်တဲ့ လက်စ်ကော့ ၊ ဂျိုးဟတ် ၊ ဂါးရက် ဘယ်ရီ တို့တွေနဲ့ ခင်မင်မှုတွေရှိနေပေမယ့် ယူနိုက်တက်နဲ့စီးတီး ဂျာစီဝတ်ဆင်ထားချိန်မှာတော့ ကျွန်တော်တို့အချင်းချင်းအဲ့သည်လောက်ရင်းရင်းနှီးနှီး မရှိခဲ့ကြပါဘူး။ အခုသူတို့တွေဘာလို့ဒီလောက် ရင်းနှီးဖော်ရွေနေကြလဲဆိုတာကျွန်တော်နားမလည်ပေမယ့်လည်း သူတို့မျိုးဆက်တွေကဒီလိုဘဲဆိုတာကိုတော့ ကျွန်တော်နားလည်ပေးလို့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တိုခေတ်ကကစားသမားတွေဆိုရင်တော့ဒါမျိုးလုပ်ဖြစ်မှာ မဟုတ်ပါဘူး။

မန်စီးတီးနဲ့ ကစားခဲ့ပြီး ကျွန်တော် လုံးဝ မေ့မရ သေးတဲ့ အဖြစ်အပျက် တစ်ခုတော့ ရှိတယ်ဗျ။ ဒီအဖြစ်အပျက်ကကြာခဲ့ပြီဆိုပေမယ့် ဖာဂူဆန်ရဲ့ ဒေါသထွက်ပြီး နီရဲနေတဲ့ မျက်နှာပုံစံနဲ့ ပြောခဲ့တဲ့စကားတွေကို အခုအချိန်ထိ မှတ်မိနေပါသေးတယ်။

ကျွန်တော်လိဒ်ကနေပြောင်းရွှေ့လာခဲ့ပြီးယူနိုက်တက်ကစားသမားဘဝမှာ ပထမဆုံးကစားခဲ့ရတဲ့ မန်ချက်စတာဒါဘီတုန်းက ကျွန်တော်တို့ ၃ဂိုး ၁ဂိုးနဲ့ရှုံးခဲ့တာပါ။ အဲ့သည်ဒါဘီပွဲက မန်စီတီးရဲ့ ကွင်းဟောင်း( maine road ) မှာသွားကစားခဲ့ရတဲ့ပွဲပေါ့။ ကျွန်တော်တို့အသင်းကို ၁၉၈၉ခုနှစ်မှာ နောက်ဆုံးနိုင်ခဲ့ပြီးနောက် (၁၃)နှစ်အကြာမှာ ပထမဆုံးအနိုင်ရသွားခဲ့တာပေါ့၊ကျွန်တော်တို့နဲ့တွေ့တိုင်းရှုံးခဲ့တဲ့ စံချိန်တစ်ခုလည်း ကျိုးသွားခဲ့တာပေါ့ဗျာ”

ပွဲပြီးတော့အဝတ်လဲခန်းထဲမှာ ကျွန်တော်တို့ ထိုင်နေတုန်း ရုဒ် (နစ္စတယ်ရွိုင်း) က မန်စီးတီး ဂျာစီဝတ်ပြီး အခန်းထဲ ဝင်လာခဲ့ ပါတယ် ။ သူက မန်စီးတီးအသင်းကကစားသမားတစ်ယောက်နဲ့ဂျာစီလဲလှယ် ခဲ့တာပါ။ ဒါကိုမြင်တော့ ဆာအဲလက်စ်တစ်ယောက် ဘယ်လောက်ဒေါသထွက်သလဲဆိုရင် သူ့မျက်နှာကြီးတစ်ခုလုံး နီတာကိုမှ အတော်ကိုရဲပြီး စိတ်တွေဆိုးနေလိုက်တာများဗျာ အခုအချိန်ထိမှတ်မိနေပါသေးတယ်။

ဆာအဲလက်စ်က ရုဒ် ကိုသေချာကြည့်ပြီး ဘာပြောခဲ့လဲဆိုရင် “ဒါဘီပွဲပြီးပြီဆိုတိုင်းဒီအဝတ်လဲခန်းထဲကို အဲ့ကောင်တွေအသင်းအင်္ကျီနဲ့ ဘယ်တော့မှဝင်မလာခဲ့နဲ့၊ သူတို့ရဲ့ ဂျာစီကို ဝတ်ပြီး အဝတ်လဲခန်းထဲ ဝင်လာစရာ အကြောင်း မရှိဘူးကွ။ အဝတ်လဲခန်းထဲထိ သူတို့ရဲ့ ဂျာစီ တစ်ထည်ကိုတောင် ယူလာစရာ အကြောင်းမရှိဘူး” ဆိုပြီဒေါသထွက်နေတဲ့လေသံနဲ့ကို ပြောချခဲ့တာပေါ့ဗျာ။ အဲဒီ့အဖြစ်အပျက်ပြီးကတည်းက မန်ချက်စတာဒါဘီမှာဖက်ပြီးနှုတ်ဆက်တာတွေ၊အင်္ကျီချင်းလဲတာတွေ ကျွန်တော်တို့ခေတ်မှာ လုံးဝမရှိခဲ့တော့ပါဘူး။” လို့ ဖာဒီနန် က ပြောကြား သွားခဲ့လိုက် ပါတယ် ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဖာဒီနန္ေျပာျပခဲ့တဲ့ မန္စီးတီးနဲ႔ပတ္သက္လို႕ (၁၃)ႏွစ္ၾကာစံခ်ိန္တစ္ခုကိ်ဳးခဲ့ခ်ိန္မွာ ဖာဂူဆန္ ဘယ္ေလာက္ေတာင္ေဒါသထြက္ခဲ့ရလဲဆိုတဲ့အေၾကာင္း

ယူႏိုက္တက္အသင္းမွာလက္ရွိကစားေနၾကတဲ့ကစားသမားေတြနဲ႔ ပတ္သက္ၿပီး ေဝဖန္ေျပာဆိုမႈေတြလုပ္ေလ့ရွိတဲ့ ရြိဳင္ကိန္း၊ နဗီး၊ အီဗရာနဲ႕ ဖာဒီနန္တို႔ဟာ ဒီကစားသမားေတြရဲ႕ အသင္းအေပၚထားတဲ့စိတ္ထားကိုအေတာ္သေဘာမက်ျဖစ္ေနခဲ့ၾကတာပါ။ ယွဥ္ျပိဳင္ အႏိုင္ရလိုစိတ္နည္းပါးၿပီး အသင္းအေပၚေပးဆပ္လိုစိတ္နဲပါးတဲ့ပြဲေတြကိုေတြ႕ၿပီဆိုရင္ ခ်က္ျခင္းေဝဖန္တတ္ၾကတာေတြကိုလည္း အခုေနာက္ပိုင္းပိုမို ေတြ႕ျမင္ၾကရပါတယ္။

ဖာဂူဆန္ရဲ႕မ်ိဳးဆက္ထဲကေနာက္ဆံုးကစားသမားတစ္ဦးျဖစ္တဲ့ ဒီဂီယာေတာင္ သူတို႕ေတြရဲ႕ ေဝဖန္ခံရမႈနဲ႕ မလြတ္ေတာ့ပါဘူး။ ၿပီးခဲ့တဲ့ စေနေန႕က ျမိဳ႕ခံျပိဳင္ဘက္ မန္စီးတီးနဲ႕ ကစားခဲ့ၾကတဲ့ပြဲစဥ္မွာ နည္းျပေတြရဲ႕ နည္းဗ်ဴဟာပိုင္းအရ ႏွစ္ဘက္စလံုးဟာ ကစားပံုေႏွးေႏွးနဲ႔ကစားခဲ့ၾကသလို ခ်စ္ၾကည္ေရးပြဲတစ္ပြဲအလား အေတာ္ကို ပ်င္းရိဖြယ္ေကာင္းေလာက္ေအာင္ ကစားသြားခဲ့ၾကပါတယ္။ ဒါကိုလည္းပရိသတ္ေတြက အြန္လိုင္းဆိုရွယ္မီဒီယာေတြေပၚမွာ ပယ္ပယ္နယ္နယ္ကိုေဝဖန္ခဲ့ၾကတာေတြကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။

ယူႏိုက္တက္ဂႏၱဝင္ ကစားသမားေတြဆိုရင္ ပြဲၾကည့္ေနရင္းကေန ဒါဘီပြဲတစ္ပြဲမွာ ေျပာစရာစကားမရွိေလာက္ေအာင္ကိုျဖစ္ခဲ့ရပါတယ္။ ဒါေပမယ့္ အစဥ္အလာအရ ခါးသီးျပိဳင္ဘက္ႏွစ္သင္းရဲ႕ ပြဲၿပီးခ်ိန္မွာေတာ့ အေတာ္ကို ေျပာစရာျဖစ္ေအာင္ ကစားသမားေတြအခ်င္းခ်င္းခ်စ္ၾကည္ရင္ႏွီးမႈေတြလုပ္သြားခဲ့ၾကတဲ့အခ်ိန္မွာေတာ့ ရြိဳင္ကိန္းတို႕ေတြ ေျပာစရာစကားရရွိသြားခဲ့သလို မီဒီယာေတြထက္မွာလည္း ဒီအေၾကာင္းေတြကိုပဲ ေရးသားလာခဲ့ၾကပါေတာ့တယ္။

အဲ့ဒီထဲမွာ အသင္း ေခါင္းေဆာင္ မက္ဂြိဳင္းယားနဲ႔ မန္စီးတီးက ဂြၽန္စတုန္းတို႔ ေပြ႕ဖက္ႏႈတ္ဆက္ေန ၾကတဲ့ အေပၚ ယူႏိုက္တက္ အသင္း ေခါင္းေဆာင္ေဟာင္း ႐ြိဳင္ကိန္းနဲ႔ နဗီးတို႕က ေပါက္ကြဲေျပာဆိုသြားခဲ့ပါေသးတယ္ ။ ပြဲၾကည့္စဥ္မွာ ၾကည့္ရႈေနတဲ့ ဆာ အဲလက္စ္ ဖာဂူဆန္သာ နည္းျပအျဖစ္ရွိေနေသးမယ္ဆိုရင္ မက္ဂြိဳင္းယားေတာ့ အသင္းႏိုင္ပြဲမရခဲ့ခ်ိန္မွာ ဒီလို ျမိဳ႕ခံျပိဳင္ဘက္နဲ႕ ရင္ႏွီးတဲ့ဆက္ဆံပံုေၾကာင့္ ပယ္ပယ္နယ္နယ္ကို ပစ္တင္ေဝဖန္ခံရမယ္လို႕ ဖာဒီနန္က ေျပာၾကား သြားခဲ့ပါတယ္ ။

ဖာဒီနန္က “ဒီမ်ိဳးဆက္သစ္ကေလးေတြက ကြၽန္ေတာ္တို႔တုန္းကနဲ႔မတူေတာ့ဘူးဗ်။ ေခတ္အေျခအေနေတြက ေျပာင္းလဲေနၿပီး ကြၽန္ေတာ္တို႔တုန္းကလိုဘဲေမွ်ာ္လင့္ထားလို႔မရေတာ့ဘူးဆိုတာကို ကြၽန္ေတာ္သိပါတယ္။ ပြဲၿပီးရင္ကြၽန္ေတာ္တို႔တုန္းက နမ္းတာ၊ေပြ႕ဖက္တာေတြလုပ္ေလ့မရွိပါဘူး။ အထူးသျဖင့္ေတာ့ မန္စီးတီးနဲ႕ လီဗာပူးလ္ကစားသမားေတြ ဘယ္သူနဲ႔မွဒါမ်ိဳးမလုပ္ခဲ့မိပါဘူး။ အဲ့အခ်ိန္တုန္းက သူတို႔နဲ႔ကြၽန္ေတာ္တို႔က ၿပိဳင္ဆိုင္မႈျပင္းထန္တဲ့ၿပိဳင္ဖက္ေတြပါ။ ကြၽန္ေတာ္တို႔ေတြက အဲ့သည္အသင္းဂ်ာစီဝတ္ထားတဲ့ သူေတြဆိုရင္ တစက္ကေလးမွသေဘာမက်ပါဘူး။

အဲ့အခ်ိန္တုန္းက အဂၤလန္အသင္းမွာ ကစားေဖာ္ေတြျဖစ္တဲ့ လက္စ္ေကာ့ ၊ ဂ်ိဳးဟတ္ ၊ ဂါးရက္ ဘယ္ရီ တို႕ေတြနဲ႔ ခင္မင္မႈေတြရွိေနေပမယ့္ ယူႏိုက္တက္နဲ႕စီးတီး ဂ်ာစီဝတ္ဆင္ထားခ်ိန္မွာေတာ့ ကြၽန္ေတာ္တို႔အခ်င္းခ်င္းအဲ့သည္ေလာက္ရင္းရင္းႏွီးႏွီး မရွိခဲ့ၾကပါဘူး။ အခုသူတို႕ေတြဘာလို႔ဒီေလာက္ ရင္းႏွီးေဖာ္ေ႐ြေနၾကလဲဆိုတာကြၽန္ေတာ္နားမလည္ေပမယ့္လည္း သူတို႔မ်ိဳးဆက္ေတြကဒီလိုဘဲဆိုတာကိုေတာ့ ကြၽန္ေတာ္နားလည္ေပးလို႔ရပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တိုေခတ္ကကစားသမားေတြဆိုရင္ေတာ့ဒါမ်ိဳးလုပ္ျဖစ္မွာ မဟုတ္ပါဘူး။

မန္စီးတီးနဲ႕ ကစားခဲ့ၿပီး ကြၽန္ေတာ္ လုံးဝ ေမ့မရ ေသးတဲ့ အျဖစ္အပ်က္ တစ္ခုေတာ့ ရွိတယ္ဗ်။ ဒီအျဖစ္အပ်က္ကၾကာခဲ့ၿပီဆိုေပမယ့္ ဖာဂူဆန္ရဲ႕ ေဒါသထြက္ၿပီး နီရဲေနတဲ့ မ်က္ႏွာပံုစံနဲ႕ ေျပာခဲ့တဲ့စကားေတြကို အခုအခ်ိန္ထိ မွတ္မိေနပါေသးတယ္။

ကြၽန္ေတာ္လိဒ္ကေနေျပာင္းေရႊ႕လာခဲ့ၿပီးယူႏိုက္တက္ကစားသမားဘဝမွာ ပထမဆုံးကစားခဲ့ရတဲ့ မန္ခ်က္စတာဒါဘီတုန္းက ကြၽန္ေတာ္တို႔ ၃ဂိုး ၁ဂိုးနဲ႔ရႈံးခဲ့တာပါ။ အဲ့သည္ဒါဘီပြဲက မန္စီတီးရဲ႕ ကြင္းေဟာင္း( maine road ) မွာသြားကစားခဲ့ရတဲ့ပြဲေပါ့။ ကၽြန္ေတာ္တို႕အသင္းကို ၁၉၈၉ခုႏွစ္မွာ ေနာက္ဆံုးႏိုင္ခဲ့ၿပီးေနာက္ (၁၃)ႏွစ္အၾကာမွာ ပထမဆံုးအႏိုင္ရသြားခဲ့တာေပါ့၊ကၽြန္ေတာ္တို႕နဲ႔ေတြ႕တိုင္းရႈံးခဲ့တဲ့ စံခ်ိန္တစ္ခုလည္း က်ိဳးသြားခဲ့တာေပါ့ဗ်ာ”

ပြဲၿပီးေတာ့အဝတ္လဲခန္းထဲမွာ ကြၽန္ေတာ္တို႔ ထိုင္ေနတုန္း ႐ုဒ္ (နစၥတယ္႐ြိဳင္း) က မန္စီးတီး ဂ်ာစီဝတ္ၿပီး အခန္းထဲ ဝင္လာခဲ့ ပါတယ္ ။ သူက မန္စီးတီးအသင္းကကစားသမားတစ္ေယာက္နဲ႕ဂ်ာစီလဲလွယ္ ခဲ့တာပါ။ ဒါကိုျမင္ေတာ့ ဆာအဲလက္စ္တစ္ေယာက္ ဘယ္ေလာက္ေဒါသထြက္သလဲဆိုရင္ သူ႔မ်က္ႏွာၾကီးတစ္ခုလံုး နီတာကိုမွ အေတာ္ကိုရဲၿပီး စိတ္ေတြဆိုးေနလိုက္တာမ်ားဗ်ာ အခုအခ်ိန္ထိမွတ္မိေနပါေသးတယ္။

ဆာအဲလက္စ္က ႐ုဒ္ ကိုေသခ်ာၾကည့္ၿပီး ဘာေျပာခဲ့လဲဆိုရင္ “ဒါဘီပြဲၿပီးၿပီဆိုတိုင္းဒီအဝတ္လဲခန္းထဲကို အဲ့ေကာင္ေတြအသင္းအက်ႌနဲ႔ ဘယ္ေတာ့မွဝင္မလာခဲ့နဲ႔၊ သူတို႔ရဲ႕ ဂ်ာစီကို ဝတ္ၿပီး အဝတ္လဲခန္းထဲ ဝင္လာစရာ အေၾကာင္း မရွိဘူးကြ။ အဝတ္လဲခန္းထဲထိ သူတို႔ရဲ႕ ဂ်ာစီ တစ္ထည္ကိုေတာင္ ယူလာစရာ အေၾကာင္းမရွိဘူး” ဆိုၿပီေဒါသထြက္ေနတဲ့ေလသံနဲ႕ကို ေျပာခ်ခဲ့တာေပါ့ဗ်ာ။ အဲဒီ့အျဖစ္အပ်က္ၿပိီးကတည္းက မန္ခ်က္စတာဒါဘီမွာဖက္ၿပီးႏႈတ္ဆက္တာေတြ၊အက်ႌခ်င္းလဲတာေတြ ကၽြန္ေတာ္တို႔ေခတ္မွာ လံုးဝမရွိခဲ့ေတာ့ပါဘူး။” လို႔ ဖာဒီနန္ က ေျပာၾကား သြားခဲ့လိုက္ ပါတယ္ ။