ဖာနန်ဒက်က ဝုဗ်နဲ့ ပွဲစဉ်မှာ ဘိုင်လီကသာ Man of the Match ဆိုပြီးအသိအမှတ်ပြုခဲ့ပါတယ်…..

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဝုဗ်အသင်းကို ၁ ဂိုး – ဂိုး မရှိနဲ့ အနိုင်ရခဲ့ပြီး အဲ့သည့်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို ရက်ဖို့ဒ်ကရရှိခဲ့ပါတယ်။

ယူနိုက်တက်အနေနဲ့ ဝုဗ်ကို အနိုင်ရရှိဖို့ နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်ခဲ့ရပြီး နာကျင်အချိန်ပို ( ၉၃ ) မိနစ်အရောက်မှာ ရက်ဖို့ဒ်က ဝုဗ်ရဲ့ ခံစစ်ကို ချိုးဖျက်နိုင်ခဲ့ပြီး ဂိုးကန်သွင်းရာ ဝုဗ်နာက်ခံလူ ဆစ်စ် နဲ့ထိပြီး လမ်းကြောင်းပြောင်းသွားတဲ့အတွက် ဂိုးသမား Rui Patricio ကာကွယ်ဖို့ မစွမ်းသာပဲ ဂိုးခွင့်ပြုခဲ့ရပါတယ်။ အနိုင်ရရှိသွားခဲ့ပေမယ့် ယူနိုက်တက်အနေနဲ့ အဲ့သည့်ပွဲစဉ်မှာ အကောင်းဆုံး ပုံစံ ရှိမနေခဲ့ကြောင်း ပွဲအပြီးမှာ ဆိုးရှားရော ရက်ဖို့ဒ်ပါ ဝန်ခံပြောကြားခဲ့ပါတယ်။

အနိုင်ဂိုးကိုသွင်းယူခဲ့တာကလွဲရင် ပွဲစဉ်တစ်ခုလုံးမှာ ရက်ဖို့ဒ်ရဲ့ခြေစွမ်းဟာ အကောင်းဆုံးအနေအထားမှာရှိမနေဘဲ ဘောလုံးကိုင်ကစားတာတွေ တစ်ကိုယ်ကောင်းဆန်မှုတွေရှိခဲ့ပြီး dribble (၁၀ ) ကြိမ်ထိ ပြုလုပ်ခဲ့ပါတယ်။

ရက်ဖို့ဒ်ရဲ့ သွင်းဂိုးအတွက် ဖန်တီးပေးခဲ့တဲ့ ဖာနန်ဒက်ဟာ အဲရစ် ဘိုင်လီရဲ့ အင်စတာဂရမ် post အောက်မှာ သူ့ရဲ့ ” man of the match ” ဟု comment ပေးခဲ့ပြီး ဝုဗ်နဲ့ပွဲစဉ်မှ အိုင်ဗရီကို့စ် လက်ရွေးစင်ရဲ့ ခြေစွမ်းကို အသိအမှတ်ပြုခဲ့ပါတယ်။

ဘိုင်လီကလည်း ဘရူနိုရဲ့ comment ကို ” I love you ” လို့ အမည်ရတဲ့ ” os quiero ” ဟု ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ ယခုနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဒုတိယနေရာ ရောက်ရှိလာပြီး ဇယားထိပ်က လီဗာပူးအသင်းအောက် ( ၂ ) မှတ်လျော့အနေအထားဖြစ်လာပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi




