ဖာနန်ဒက်စ်ကို စာချုပ်သက်တမ်းတိုးဖို့စီစဉ်နေပေမယ့် အချက်နှစ်ချက်ကြောင့်ကြန့်ကြာနေတဲ့ သရဲနီ

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့အဓိကကွင်းလယ်လူတစ်ဦးဖြစ်သူ

ဘရူနိုဖာနန်ဒက်စ်ကို စာချုပ်သက်တမ်းတိုးဖို့စီစဉ်နေပေမယ့် အချက်နှစ်ချက်ကြောင့်

ကြန့်ကြာနေရပါတယ်။ ပြီးခဲတဲ့နှစ်၊ ဇန်နဝါရီလက စပို့တင်းလစ္စဘွန်းအသင်းကနေ

ယူနိုက်တက်အသင်းဆီပြောင်းရွှေ့ခဲ့ချိန်ကစလို့ တောက်လျှောက်ခြေစွမ်းကောင်း

ပြသနေတဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းနဲ့ ၂၀၂၅ ခုနှစ်အထိ

စာချုပ်သက်တမ်းကျန်နေသေးပေမယ့် တာဝန်ရှိသူတွေက ဘရူနိုဖာနန်ဒက်စ်ကို

အသင်းမှာနောက်ထပ်နှစ်တော်တော်ကြာတဲ့အထိဆက်ရှိနေအောင် စာချုပ်သစ်

ချုပ်ဆိုဖို့စီစဉ်နေတာဖြစ်ပါတယ်။

ဒါပေမဲ့လည်း အီတလီနာမည်ကျော်အားကစားဂျာနယ်လစ်တစ်ဦးဖြစ်သူ

ဖာဘရစ်ဇီယိုရိုမာနိုက ယူနိုက်တက်နဲ့ ဘရူနိုဖာနန်ဒက်စ်တို့

စာချုပ်သစ်ချုပ်ဆိုမယ့်ကိစ္စက အကြောင်းရင်းနှစ်ခုကြောင့်

ကြန့်ကြာနေတယ်လို့ဆိုလိုက်ပါတယ်။ ပထမတစ်ခုက လစာငွေကိစ္စဖြစ်ပြီး

ဘရူနိုဖာနန်ဒက်စ်ဟာ အခုလောလောဆယ် တစ်ပတ်ကို ပေါင်(၁၈၀,၀၀၀)သာ

ရရှိနေတာကြောင့် ယူနိုက်တက်အသင်းရဲ့လစာငွေအနည်းဆုံးကစားသမားတွေထဲမှာ

တစ်ဦးအပါအဝင်ဖြစ်နေတာပါ။ ယူနိုက်တက်အသင်းအနေနဲ့ ဘရူနိုဖာနန်ဒက်စ်ကို

လစာငွေတိုးမြှင့်ပေးပြီးတော့ စာချုပ်သစ်ချုပ်လိုနေပေမယ့် နောက်ထပ်ပြဿနာတစ်ခုက

စာချုပ်သက်တမ်းပဲဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ အခုအချိန်မှာအသက်(၂၇)နှစ်အရွယ်ရှိပြီဖြစ်တာကြောင့်

လက်ရှိစာချုပ်သက်တမ်းကုန်ဆုံးမယ့်အချိန်ကျရင် သူ့အသက်က (၃၃)နှစ်လောက်

ရှိနေမှာဖြစ်တဲ့အတွက် ယူနိုက်တက်အသင်းက အဲဒီလောက်အသက်အရွယ်နဲ့

ကစားသမားတစ်ဦးကိုလစာငွေတိုးမြှင့်ပေးပြီးတော့ စာချုပ်သက်တမ်းတိုးဖို့

ဆန္ဒမရှိဖြစ်နေတာကြောင့်စာချုပ်သက်တမ်းတိုးမယ့်ကိစ္စက ကြန့်ကြာနေတာပဲဖြစ်ပါတယ်။

zawgyi

ဖာနန္ဒက္စ္ကို စာခ်ဳပ္သက္တမ္းတိုးဖို႔စီစဥ္ေနေပမယ့္ အခ်က္ႏွစ္ခ်က္ေၾကာင့္ၾကန႔္ၾကာေနတဲ့ သရဲနီ

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အသင္းရဲ႕အဓိကကြင္းလယ္လူတစ္ဦးျဖစ္သူ

ဘ႐ူႏိုဖာနန္ဒက္စ္ကို စာခ်ဳပ္သက္တမ္းတိုးဖို႔စီစဥ္ေနေပမယ့္ အခ်က္ႏွစ္ခ်က္ေၾကာင့္

ၾကန႔္ၾကာေနရပါတယ္။ ၿပီးခဲတဲ့ႏွစ္၊ ဇန္နဝါရီလက စပို႔တင္းလစၥဘြန္းအသင္းကေန

ယူႏိုက္တက္အသင္းဆီေျပာင္းေ႐ႊ႕ခဲ့ခ်ိန္ကစလို႔ ေတာက္ေလွ်ာက္ေျခစြမ္းေကာင္း

ျပသေနတဲ့ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ယူႏိုက္တက္အသင္းနဲ႔ ၂၀၂၅ ခုႏွစ္အထိ

စာခ်ဳပ္သက္တမ္းက်န္ေနေသးေပမယ့္ တာဝန္ရွိသူေတြက ဘ႐ူႏိုဖာနန္ဒက္စ္ကို

အသင္းမွာေနာက္ထပ္ႏွစ္ေတာ္ေတာ္ၾကာတဲ့အထိဆက္ရွိေနေအာင္ စာခ်ဳပ္သစ္

ခ်ဳပ္ဆိုဖို႔စီစဥ္ေနတာျဖစ္ပါတယ္။ ဒါေပမဲ့လည္း အီတလီနာမည္ေက်ာ္

အားကစားဂ်ာနယ္လစ္တစ္ဦးျဖစ္သူ ဖာဘရစ္ဇီယို႐ိုမာႏိုက ယူႏိုက္တက္နဲ႔

ဘ႐ူႏိုဖာနန္ဒက္စ္တို႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုမယ့္ကိစၥက အေၾကာင္းရင္းႏွစ္ခုေၾကာင့္

ၾကန႔္ၾကာေနတယ္လို႔ဆိုလိုက္ပါတယ္။ ပထမတစ္ခုက လစာေငြကိစၥျဖစ္ၿပီး

ဘ႐ူႏိုဖာနန္ဒက္စ္ဟာ အခုေလာေလာဆယ္ တစ္ပတ္ကို ေပါင္(၁၈၀,၀၀၀)သာ

ရရွိေနတာေၾကာင့္ ယူႏိုက္တက္အသင္းရဲ႕လစာေငြအနည္းဆုံးကစားသမားေတြထဲမွာ

တစ္ဦးအပါအဝင္ျဖစ္ေနတာပါ။ ယူႏိုက္တက္အသင္းအေနနဲ႔ ဘ႐ူႏိုဖာနန္ဒက္စ္ကို

လစာေငြတိုးျမႇင့္ေပးၿပီးေတာ့ စာခ်ဳပ္သစ္ခ်ဳပ္လိုေနေပမယ့္ ေနာက္ထပ္ျပႆနာတစ္ခုက

စာခ်ဳပ္သက္တမ္းပဲျဖစ္ပါတယ္။ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ အခုအခ်ိန္မွာ

အသက္(၂၇)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တာေၾကာင့္ လက္ရွိစာခ်ဳပ္သက္တမ္း

ကုန္ဆုံးမယ့္အခ်ိန္က်ရင္ သူ႔အသက္က (၃၃)ႏွစ္ေလာက္ရွိေနမွာျဖစ္တဲ့အတြက္

ယူႏိုက္တက္အသင္းက အဲဒီေလာက္အသက္အ႐ြယ္နဲ႔ကစားသမားတစ္ဦးကို

လစာေငြတိုးျမႇင့္ေပးၿပီးေတာ့ စာခ်ဳပ္သက္တမ္းတိုးဖို႔ဆႏၵမရွိျဖစ္ေနတာေၾကာင့္

စာခ်ဳပ္သက္တမ္းတိုးမယ့္ကိစၥက ၾကန႔္ၾကာေနတာပဲျဖစ္ပါတယ္။