ဖာနန်ဒက်စ်ကို ဘာကြောင့်လူစားလဲခဲ့တယ်ဆိုတာ ရှင်းပြလိုက်တဲ့ ဆိုးလ်ရှား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့တနင်္ဂနွေည လီဗာပူးနဲ့ဂိုးမရှိသရေပွဲမှာ ပွဲပြီးခါနီးအရောက် ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်ကို လူစားလဲခဲ့တာဟာ နည်းဗျူဟာပိုင်းဆုံးဖြတ်ချက်တစ်ခုဖြစ်ကြောင်း မန်ယူနည်းပြဆိုးလ်ရှားက ရှင်းပြလိုက်ပါတယ်။

ဖာနန်ဒက်စ်ဟာ အဲဒီပွဲမှာတော့ ပုံမှန်ခြေစွမ်းအောက်ရောက်နေခဲ့ပြီး သူ့ရဲ့ဘောလုံးပေးပို့မှုတွေထဲမှာ ၅၈ ရာခိုင်နှုန်းဟာ လိုရာမရောက်ခဲ့တာကြောင့် ပွဲထွက်ပါတဲ့ နှစ်သင်းကစားသမားတွေထဲမှာ ပေးပို့အောင်မြင်နှုန်း အနည်းဆုံးဖြစ်ခဲ့ပါတယ်။

ဒါကြောင့်လည်း ၈၉ မိနစ်အရောက်မှာ ဖာနန်ဒက်စ်ဟာ ဂရင်းဝုဒ်နဲ့ လူစားလဲခံလိုက်ရပြီး အဲဒီလို သူလူစားလဲခံလိုက်ရတာကို ကျေနပ်နေပုံတော့ မပေါ်ပါဘူး။

သူလူစားလဲခံရချိန်မှာ တွမ်မီနေးက ကုသမှုခံယူနေရလို့ ဖာနန်ဒက်စ်ဟာ ကွင်းထဲက ထွက်ဖု့ိအရေးကို အချိန်ဆွဲခဲ့ပါသေးတယ်။

ဆိုးလ်ရှားကတော့ ဖာနန်ဒက်စ်ကို လူစားလဲတာဟာ အချိန်ဆွဲဖို့အတွက် မဟုတ်ဘဲ အနိုင်ဂိုးရှာနိုင်ဖို့ ကြိုးစားတဲ့အနေနဲ့ အပြောင်းအလဲလုပ်ခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ပွဲအပြီးမှာ ဖာနန်ဒက်စ်ကို လူစားလဲမှုနဲ့ပတ်သက်လို့ ဆိုးလ်ရှားကိုမေးမြန်းတော့ ”အဲဒါက နည်းဗျူဟာပိုင်းဆုံးဖြတ်ချက်တစ်ခုပါ။ ဘရူနိုဟာ ဒီကိုရောက်လာပြီးကတည်းက ပွဲတိုင်းမှာ ပြေးပြေးလွှားလွှားကစားခဲ့သူပါ”လို့ ပြန်ဖြေခဲ့ပါတယ်။

ဆက်လက်ပြီး ဆိုးလ်ရှားက”သူ့နေရာ ဂရင်းဝုဒ်နဲ့အစားထိုးတယ်ဆိုတာဟာ ပွဲပြီးခါနီးအခွင့်အရေးရရင် ဂိုးသွင်းနိုင်မလားဆိုပြီးတော့ပေါ့။ ဒါကြောင့် စွန့်စားကြည့်တဲ့သဘောပါ”လို့ ပြောကြားခဲ့ပါတယ်။

အဲဒီပွဲမှာ ဖာနန်ဒက်စ်တစ်ယောက်ခြေစွမ်းပြနိုင်ခြင်းမရှိခဲ့ပေမယ့် ဘယ်နောက်ခံလူလုခ်ရှောကတော့ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပြီး အဲဒီအင်္ဂလန်သားရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီး ဆိုးလ်ရှားဟာ ဝမ်းမြောက်ကြောင်း ဆိုခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဖာနန္ဒက္စ္ကို ဘာေၾကာင့္လူစားလဲခဲ့တယ္ဆိုတာ ရွင္းျပလုိက္တဲ့ ဆုိးလ္ရွား

ၿပီးခဲ့တဲ့တနဂၤေႏြည လီဗာပူးနဲ႔ဂိုးမရွိသေရပြဲမွာ ပြဲၿပီးခါနီးအေရာက္ ကြင္းလယ္လူဘရူႏိုဖာနန္ဒက္စ္ကို လူစားလဲခဲ့တာဟာ နည္းဗ်ဴဟာပိုင္းဆုံးျဖတ္ခ်က္တစ္ခုျဖစ္ေၾကာင္း မန္ယူနည္းျပဆုိးလ္ရွားက ရွင္းျပလုိက္ပါတယ္။ ဖာနန္ဒက္စ္ဟာ အဲဒီပြဲမွာေတာ့ ပုံမွန္ေျခစြမ္းေအာက္ေရာက္ေနခဲ့ၿပီး သူ႔ရဲ႕ေဘာလုံးေပးပို႔မႈေတြထဲမွာ ၅၈ ရာခုိင္ႏႈန္းဟာ လုိရာမေရာက္ခဲ့တာေၾကာင့္ ပြဲထြက္ပါတဲ့ ႏွစ္သင္းကစားသမားေတြထဲမွာ ေပးပို႔ေအာင္ျမင္ႏႈန္း အနည္းဆုံးျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္လည္း ၈၉ မိနစ္အေရာက္မွာ ဖာနန္ဒက္္စ္ဟာ ဂရင္း၀ုဒ္နဲ႔ လူစားလဲခံလိုက္ရၿပီး အဲဒီလို သူလူစားလဲခံလိုက္ရတာကို ေက်နပ္ေနပုံေတာ့ မေပၚပါဘူး။

သူလူစားလဲခံရခ်ိန္မွာ တြမ္မီေနးက ကုသမႈခံယူေနရလုိ႔ ဖာနန္ဒက္စ္ဟာ ကြင္းထဲက ထြက္ဖု႔ိအေရးကို အခ်ိန္ဆြဲခဲ့ပါေသးတယ္။ ဆိုးလ္ရွားကေတာ့ ဖာနန္ဒက္စ္ကို လူစားလဲတာဟာ အခ်ိန္ဆြဲဖုိ႔အတြက္ မဟုတ္ဘဲ အႏိုင္ဂိုးရွာႏိုင္ဖို႔ ႀကိဳးစားတဲ့အေနနဲ႔ အေျပာင္းအလဲလုပ္ျခင္းသာျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ပြဲအၿပီးမွာ ဖာနန္ဒက္္စ္ကို လူစားလဲမႈနဲ႔ပတ္သက္လုိ႔ ဆုိးလ္ရွားကိုေမးျမန္းေတာ့ ”အဲဒါက နည္းဗ်ဴဟာပိုင္းဆုံးျဖတ္ခ်က္တစ္ခုပါ။ ဘရူႏိုဟာ ဒီကိုေရာက္လာၿပီးကတည္းက ပြဲတိုင္းမွာ ေျပးေျပးလႊားလႊားကစားခဲ့သူပါ”လို႔ ျပန္ေျဖခဲ့ပါတယ္။

ဆက္လက္ၿပီး ဆုိးလ္ရွားက”သူ႔ေနရာ ဂရင္း၀ုဒ္နဲ႔အစားထုိးတယ္ဆိုတာဟာ ပြဲၿပီးခါနီးအခြင့္အေရးရရင္ ဂိုးသြင္းႏိုင္မလားဆိုၿပီးေတာ့ေပါ့။ ဒါေၾကာင့္ စြန္႔စားၾကည့္တဲ့သေဘာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။အဲဒီပြဲမွာ ဖာနန္ဒက္စ္တစ္ေယာက္ေျခစြမ္းျပႏိုင္ျခင္းမရွိခဲ့ေပမယ့္ ဘယ္ေနာက္ခံလူလုခ္ေရွာကေတာ့ အေကာင္းဆုံးစြမ္းေဆာင္ႏိုင္ခဲ့ၿပီး အဲဒီအဂၤလန္သားရဲ႕ေျခစြမ္းနဲ႔ပတ္သက္ၿပီး ဆုိးလ္ရွားဟာ ၀မ္းေျမာက္ေၾကာင္း ဆုိခဲ့ပါတယ္။