
မန်ယူအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ လီဗာပူးလ် ကို (၅) ဂိုးပြတ် ၊
မန်စီးတီးကို (၂) ဂိုးပြတ် ၊ အစရှိတဲ့ ရလဒ်တွေနဲ့ အိမ်ကွင်း ရှုံးပွဲတွေ
ဆက်တိုက်ကြုံတွေ့ထားခဲ့ရတာပါ။
အသင်းရဲ့ ခံစစ်ကစားပုံကလည်း အတော်လေးဆိုးရွားနေပြီး နောက်ခံလူ
ဗာရန်း ဒဏ်ရာကြောင့် မပါဝင်နိုင်တဲ့ (၆) ပွဲမှာ မန်ယူအသင်းဟာ (၅) ပွဲအထိ
ရှုံးနိမ့်ထားခဲ့ရပါတယ်။ ဒီရာသီမှာ ဂိုးသမား ဒီဂီယာ လက်စွမ်းပြ ကာကွယ်နေ
ခဲ့ပေမယ့်လည်း ခံစစ်ပိုင်းရဲ့ ဆိုးရွားတဲ့ အမှားတွေကြောင့် မန်ယူအသင်းဟာ
ပွဲတိုင်းနီးပါး ဂိုးပေးထားခဲ့ရပါတယ်။ မန်စီးတီးနဲ့ပွဲစဉ်မှာလည်း ဒီဂီယာဟာ ပြိုင်ဘက်
အသင်းရဲ့ တိုက်စစ်ဆင်မှုတွေအပြင် အသင်းဖော် ခံစစ်ကစားသမားတွေရဲ့
ကိုယ့်ဂိုး ကိုယ် ပြန်သွင်းမလိုဖြစ်တဲ့ အခြေအနေတွေကိုပါ ကာကွယ်ပေးနေရခဲ့ပြီး
ဒီဂီယာသာ လက်စွမ်းမပြနိုင်ရင် အဆိုပါပွဲမှာ အခုထက်ပိုပြီး ဂိုးပြတ်သွားနိုင်ကြောင်း နဲ့
ကစားဖော်တွေအနေနဲ့ ဒီဂီယာ အပေါ် အားနာစိတ်ရှိကြဖို့ ကွင်းလယ်လူ
ဖာနန်ဒက်စ်က တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။
” ဒီရာသီမှာ ဒီဂီယာ ရဲ့ အရေးပါတဲ့ ဂိုးကာကွယ်မှုတွေသာ မရှိခဲ့ရင် ကျွန်တော်တို့
အသင်းရဲ့ အခြေအနေက ဒီထက်ပိုပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်သွားနိုင်ပါတယ်။
သူ့အနေနဲ့ ဂိုးပေါက်ကာကွယ်မှုတွေနဲ့ ကျွန်တော်တို့ကို ကူညီပေးနေသလို
ကျွန်တော်တို့ကလည်း သူ့အတွက် သက်သာမှုရှိအောင် ပြန်ပြီးကူညီပေးကြရမှာပါ”
” ဒီဂီယာက ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတစ်ယောက်ဆိုတာ ကျွန်တော်
အမြဲပြောပါတယ်။ ဒါပေမယ့် ပွဲစဉ်တိုင်းမှာ (၈) ကြိမ် ၊ (၉) ကြိမ်လောက်အထိ
ဂိုးပေါက် ကာကွယ်မှု လုပ်နေရဖို့ဆိုတာ သူ့အတွက်လည်း ခက်ခဲတဲ့ ကိစ္စတစ်ခုပါ။
သူလည်း ပွဲစဉ်တိုင်း လက်စွမ်းကောင်းပြသနိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။
ကျွန်တော်တို့တွေ ဒီဂီယာအပေါ်မှာ အားနာစိတ်ရှိကြဖို့လိုအပ်ပါတယ်” လို့
ဖာနန်ဒက်စ်က ပြောဆိုခဲ့ပါတယ်။
မန်စီးတီးအသင်းကို (၂) ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ပွဲမှာလည်း
နောက်ခံလူ ဘိုင်လီရဲ့ ကိုယ့်ဂိုး ကိုယ်ပြန်သွင်းမှုကြောင့် သွင်းဂိုးတစ်ဂိုး
ခွင့်ပြုခဲ့ရသလို ခံစစ်ကစားသမားတွေရဲ့ လူကပ်ပုံ အားနည်းမှုကြောင့် ဒုတိယဂိုး
ထပ်မံခွင့်ပြုရပြီးနောက် ပထမပိုင်းအပြီး အဝတ်လဲခန်းကို ပြန်သွားတဲ့လမ်းမှာ
ဒီဂီယာဟာ အတော်လေး ဒေါသပေါက်ကွဲနေခဲ့တဲ့ မြင်ကွင်းတွေကိုလည်း
မြင်တွေ့ခဲ့ရပါတယ်။
zawgyi
ဖာနန္ဒက္စ္က ဒီဂီယာကို အားနာၾကပါဦးလို႔ ကစားေဖာ္ေတြကို ဒဲ့ေျပာ
မန္ယူအသင္းဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ လီဗာပူးလ္ ကို (၅) ဂိုးျပတ္ ၊
မန္စီးတီးကို (၂) ဂိုးျပတ္ ၊ အစရွိတဲ့ ရလဒ္ေတြနဲ႔ အိမ္ကြင္း ရႈံးပြဲေတြ
ဆက္တိုက္ႀကဳံေတြ႕ထားခဲ့ရတာပါ။
အသင္းရဲ႕ ခံစစ္ကစားပုံကလည္း အေတာ္ေလးဆိုး႐ြားေနၿပီး ေနာက္ခံလူ
ဗာရန္း ဒဏ္ရာေၾကာင့္ မပါဝင္ႏိုင္တဲ့ (၆) ပြဲမွာ မန္ယူအသင္းဟာ (၅) ပြဲအထိ
ရႈံးနိမ့္ထားခဲ့ရပါတယ္။ ဒီရာသီမွာ ဂိုးသမား ဒီဂီယာ လက္စြမ္းျပ ကာကြယ္ေန
ခဲ့ေပမယ့္လည္း ခံစစ္ပိုင္းရဲ႕ ဆိုး႐ြားတဲ့ အမွားေတြေၾကာင့္ မန္ယူအသင္းဟာ
ပြဲတိုင္းနီးပါး ဂိုးေပးထားခဲ့ရပါတယ္။ မန္စီးတီးနဲ႔ပြဲစဥ္မွာလည္း ဒီဂီယာဟာ ၿပိဳင္ဘက္
အသင္းရဲ႕ တိုက္စစ္ဆင္မႈေတြအျပင္ အသင္းေဖာ္ ခံစစ္ကစားသမားေတြရဲ႕
ကိုယ့္ဂိုး ကိုယ္ ျပန္သြင္းမလိုျဖစ္တဲ့ အေျခအေနေတြကိုပါ ကာကြယ္ေပးေနရခဲ့ၿပီး
ဒီဂီယာသာ လက္စြမ္းမျပႏိုင္ရင္ အဆိုပါပြဲမွာ အခုထက္ပိုၿပီး ဂိုးျပတ္သြားႏိုင္ေၾကာင္း နဲ႔
ကစားေဖာ္ေတြအေနနဲ႔ ဒီဂီယာ အေပၚ အားနာစိတ္ရွိၾကဖို႔ ကြင္းလယ္လူ
ဖာနန္ဒက္စ္က တိုက္တြန္းေျပာဆိုသြားခဲ့ပါတယ္။
” ဒီရာသီမွာ ဒီဂီယာ ရဲ႕ အေရးပါတဲ့ ဂိုးကာကြယ္မႈေတြသာ မရွိခဲ့ရင္ ကြၽန္ေတာ္တို႔
အသင္းရဲ႕ အေျခအေနက ဒီထက္ပိုၿပီး ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္သြားႏိုင္ပါတယ္။
သူ႔အေနနဲ႔ ဂိုးေပါက္ကာကြယ္မႈေတြနဲ႔ ကြၽန္ေတာ္တို႔ကို ကူညီေပးေနသလို
ကြၽန္ေတာ္တို႔ကလည္း သူ႔အတြက္ သက္သာမႈရွိေအာင္ ျပန္ၿပီးကူညီေပးၾကရမွာပါ”
” ဒီဂီယာက ကမာၻ႔အေကာင္းဆုံး ဂိုးသမားတစ္ေယာက္ဆိုတာ ကြၽန္ေတာ္
အၿမဲေျပာပါတယ္။ ဒါေပမယ့္ ပြဲစဥ္တိုင္းမွာ (၈) ႀကိမ္ ၊ (၉) ႀကိမ္ေလာက္အထိ
ဂိုးေပါက္ ကာကြယ္မႈ လုပ္ေနရဖို႔ဆိုတာ သူ႔အတြက္လည္း ခက္ခဲတဲ့ ကိစၥတစ္ခုပါ။
သူလည္း ပြဲစဥ္တိုင္း လက္စြမ္းေကာင္းျပသႏိုင္ဖို႔ဆိုတာ မလြယ္ကူပါဘူး။
ကြၽန္ေတာ္တို႔ေတြ ဒီဂီယာအေပၚမွာ အားနာစိတ္ရွိၾကဖို႔လိုအပ္ပါတယ္” လို႔
ဖာနန္ဒက္စ္က ေျပာဆိုခဲ့ပါတယ္။ မန္စီးတီးအသင္းကို (၂) ဂိုးျပတ္ အေရးနိမ့္ခဲ့တဲ့
ပြဲမွာလည္း ေနာက္ခံလူ ဘိုင္လီရဲ႕ ကိုယ့္ဂိုး ကိုယ္ျပန္သြင္းမႈေၾကာင့္ သြင္းဂိုးတစ္ဂိုး
ခြင့္ျပဳခဲ့ရသလို ခံစစ္ကစားသမားေတြရဲ႕ လူကပ္ပုံ အားနည္းမႈေၾကာင့္ ဒုတိယဂိုး
ထပ္မံခြင့္ျပဳရၿပီးေနာက္ ပထမပိုင္းအၿပီး အဝတ္လဲခန္းကို ျပန္သြားတဲ့လမ္းမွာ
ဒီဂီယာဟာ အေတာ္ေလး ေဒါသေပါက္ကြဲေနခဲ့တဲ့ ျမင္ကြင္းေတြကိုလည္း
ျမင္ေတြ႕ခဲ့ရပါတယ္။