ဖာနန်ဒက်စ်တို့ ရက်ရှ်ဖို့ဒ်တို့ကိုမေ့လိုက်..ယူနိုက်တက်အသင်း အခုလို အမှတ်ပေးဇယားထိပ်မှာ ရပ်တည်နေနိုင်အောင်လုပ်ပေးတဲ့ တကယ့်ကယ်တင်ရှင်က….

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းဟာ ပြီးခဲ့တဲ့အင်္ဂါနေ့တုန်းက ဝုဗ်ကိုအိမ်ကွင်းမှာ ၁-၀ နဲ့နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဖာနန်ဒက်စ်ရဲ့ဖန်တီးပေးမှုကနေတစ်ဆင့် ရက်ရှ်ဖို့ဒ်က နာကျင်အချိန်ပိုမှာ အရေးပါတဲ့အနိုင်ဂိုးကိုသွင်းယူပေးခဲ့တာ အားလုံးသိထားပြီးဖြစ်ပါတယ်။

မန်ယူဟာ ဒီပွဲအနိုင်ကြောင့် အမှတ်ပေးဇယားမှာ ဒုတိယနေရာအထိ တက်လှမ်းလာလို့ ၇ နှစ်ကြာလက်လွှတ်ထားရတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရေး မျှော်လင့်ချက်တွေဟာလည်း ပိုမိုတောက်ပလာခဲ့ပါတယ်။ ဒါကြောင့် ဖန်တီးပေးခဲ့တဲ့ ဖာနန်ဒက်စ်နဲ့ တစ်လုံးတည်းသော သွင်းဂိုးရှင် ရက်ရှ်ဖို့ဒ်တို့ကို ချီးကျူးဂုဏ်ပြုမှုတွေ သောသောညံနေခဲ့တာပါ။

ဒါပေမယ့် အဲဒီပွဲက မန်ယူအတွက်အရေးပါခဲ့တဲ့ သူရဲကောင်းတစ်ဦးကိုတော့ ပရိသတ်တွေကမေ့နေကြတာပါ။ သူကတော့ နောက်ခံလူ အဲရစ်ဘိုင်လီဘဲ ဖြစ်ပါတယ်။ ဘိုင်လီဟာ ဒီပွဲရဲ့အဓိကဇာတ်ဆောင်မဟုတ်ခဲ့ပေမယ့် ပထမပိုင်းပြီးကာနီးမှာ မန်ယူက ၁-၀ ရှုံးရမယ့်အခြေအနေမရောက်အောင် စွမ်းဆောင်ပြခဲ့သူဖြစ်ပါတယ်။

သူ့ရဲ့ကာကွယ်မှုသာမရှိခဲ့ရင် မန်ယူဟာ ဦးဆောင်ဂိုးသွင်းခံရပြီး ၁-၀ နဲ့အရေးနိမ့်မယ့်အခြေအနေရှိခဲ့တာပါ။ ဝုဗ်ဟာသူသာဦးဆောင်ဂိုးရခဲ့ရင် ဒီဂိုးကိုခိုင်မာစွာကာကွယ်နိုင်တဲ့ စွမ်းရည်ရှိလို့ မန်ယူသရေထက်ပိုရနိုင်မှာ မဟုတ်ပါဘူး။ ဖြစ်ရပ်ကဒီလိုပါ။

ပွဲချိန် ၄၄ မိနစ်မှာ ဖာနန်ဒက်စ်တစ်ယောက် ဖျက်ထုတ်ခံလိုက်ရပြီး ရူဘင်နီဗက်စ်က နီတိုဆီကို ဘောလုံးပေးပို့လိုက်ပါတယ်။ အဲဒီအချိန်မှာ နီတိုဟာ မက်ဂွိုင်းယားနဲ့ တစ်ယောက်ချင်းယှဉ်ခဲ့ရတာဖြစ်ပြီး ဒီအင်္ဂလန်သားထက် ပိုပြီးမြန်အောင်လည်း ပြေးနိုင်ခဲ့တာပါ။

ဒီအချိန်မှာ နေရာလွတ်ကနေတစ်ဆင့် ထရာအိုရေးက ပြေးတက်လာခဲ့ပြီး နီတို ကလည်းသူ့ကစားဖော်ဆီ ဘောလုံးကို ကွက်တိပေးပို့ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဘိုင်ဘီက ပါးနပ်စွာနဲ့ဘဲ လမ်းကြောင်းပြောင်းကာ ပြေးခဲ့လို့ ထရာအိုရေး ဆီမရောက်ခင်မှာ ဘောလုံးကိုကြားဖြတ် ဟန့်တားနိုင်ခဲ့ပါတယ်။ သူသာမတားနိုင်ခဲ့ရင် ထရာအိုရေးဟာ ဒီဂီယာနဲ့ တစ်ဦးချင်းရင်ဆိုင်တွေ့မှာ ဖြစ်ပါတယ်။

ဘိုင်လီရဲ့ အဲဒီလှုပ်ရှားမှုဟာ မက်ဂွိုင်းယားကိုရော ဝမ်ဘစ်ဆာကာ ကိုပါဖြည့်ပေးနိုင်ခဲ့လို့ key defensive contribution (အရေးပါလှတဲ့ ခံစစ်ပိုင်းစွမ်းဆောင်ရည်) ဖြစ်ခဲ့တယ်လို့လည်း မှတ်ချက်ပြုခဲ့ကြပါတယ်။

ဒါကြောင့်လည်း အသက် ၂၆ နှစ်ရှိတဲ့ အိုင်ဗရီကို့စ်လက်ရွေးစင် ဘိုင်လီရဲ့ လှုပ်ရှားမှုဟာ တကယ့်ကို အံမခန်းဖြစ်ခဲ့တယ်လို့ ဆိုကြတာပါ။ သူသာကြံ့ခိုင်မှုပြည့်နေမယ်ဆိုရင် မက်ဂွိုင်းယားရဲ့ ဗဟိုခံစစ် တွဲဖက်က လင်ဒီလော့ဖ်မဖြစ်သင့်ဘဲ မြန်ဆန်စွာလှုပ်ရှားနိုင်တဲ့ ဘိုင်လီသာ ဖြစ်သင့်တယ်လို့လည်း မှတ်ချက်ပြုနေကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဖာနန္ဒက္စ္တို႔ ရက္ရွ္ဖို႔ဒ္တို႔ကိုေမ့လိုက္..ယူႏိုက္တက္အသင္း အခုလို အမွတ္ေပးဇယားထိပ္မွာ ရပ္တည္ေနႏိုင္ေအာင္လုပ္ေပးတဲ့ တကယ့္ကယ္တင္ရွင္က….

မန္ယူအသင္းဟာ ၿပီးခဲ့တဲ့အဂၤါေန႔တုန္းက ဝုဗ္ကိုအိမ္ကြင္းမွာ ၁-၀ နဲ႔ႏိုင္ခဲ့ပါတယ္။ ဒီပြဲမွာ ဖာနန္ဒက္စ္ရဲ႕ဖန္တီးေပးမႈကေနတစ္ဆင့္ ရက္ရွ္ဖို႔ဒ္က နာက်င္အခ်ိန္ပိုမွာ အေရးပါတဲ့အႏိုင္ဂိုးကိုသြင္းယူေပးခဲ့တာ အားလုံးသိထားၿပီးျဖစ္ပါတယ္။ မန္ယူဟာ ဒီပြဲအႏိုင္ေၾကာင့္ အမွတ္ေပးဇယားမွာ ဒုတိယေနရာအထိ တက္လွမ္းလာလို႔ ၇ ႏွစ္ၾကာလက္လႊတ္ထားရတဲ့ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ေရး ေမွ်ာ္လင့္ခ်က္ေတြဟာလည္း ပိုမိုေတာက္ပလာခဲ့ပါတယ္။ ဒါေၾကာင့္ ဖန္တီးေပးခဲ့တဲ့ ဖာနန္ဒက္စ္နဲ႔ တစ္လုံးတည္းေသာ သြင္းဂိုးရွင္ ရက္ရွ္ဖို႔ဒ္တို႔ကို ခ်ီးက်ဴးဂုဏ္ျပဳမႈေတြ ေသာေသာညံေနခဲ့တာပါ။

ဒါေပမယ့္ အဲဒီပြဲက မန္ယူအတြက္အေရးပါခဲ့တဲ့ သူရဲေကာင္းတစ္ဦးကိုေတာ့ ပရိသတ္ေတြကေမ့ေနၾကတာပါ။ သူကေတာ့ ေနာက္ခံလူ အဲရစ္ဘိုင္လီဘဲ ျဖစ္ပါတယ္။ ဘိုင္လီဟာ ဒီပြဲရဲ႕အဓိကဇာတ္ေဆာင္မဟုတ္ခဲ့ေပမယ့္ ပထမပိုင္းၿပီးကာနီးမွာ မန္ယူက ၁-၀ ရႈံးရမယ့္အေျခအေနမေရာက္ေအာင္ စြမ္းေဆာင္ျပခဲ့သူျဖစ္ပါတယ္။ သူ႔ရဲ႕ကာကြယ္မႈသာမရွိခဲ့ရင္ မန္ယူဟာ ဦးေဆာင္ဂိုးသြင္းခံရၿပီး ၁-၀ နဲ႔အေရးနိမ့္မယ့္အေျခအေနရွိခဲ့တာပါ။ ဝုဗ္ဟာသူသာဦးေဆာင္ဂိုးရခဲ့ရင္ ဒီဂိုးကိုခိုင္မာစြာကာကြယ္ႏိုင္တဲ့ စြမ္းရည္ရွိလို႔ မန္ယူသေရထက္ပိုရႏိုင္မွာ မဟုတ္ပါဘူး။ ျဖစ္ရပ္ကဒီလိုပါ။

ပြဲခ်ိန္ ၄၄ မိနစ္မွာ ဖာနန္ဒက္စ္တစ္ေယာက္ ဖ်က္ထုတ္ခံလိုက္ရၿပီး ႐ူဘင္နီဗက္စ္က နီတိုဆီကို ေဘာလုံးေပးပို႔လိုက္ပါတယ္။ အဲဒီအခ်ိန္မွာ နီတိုဟာ မက္ဂြိဳင္းယားနဲ႔ တစ္ေယာက္ခ်င္းယွဥ္ခဲ့ရတာျဖစ္ၿပီး ဒီအဂၤလန္သားထက္ ပိုၿပီးျမန္ေအာင္လည္း ေျပးႏိုင္ခဲ့တာပါ။ ဒီအခ်ိန္မွာ ေနရာလြတ္ကေနတစ္ဆင့္ ထရာအိုေရးက ေျပးတက္လာခဲ့ၿပီး နီတို ကလည္းသူ႔ကစားေဖာ္ဆီ ေဘာလုံးကို ကြက္တိေပးပို႔ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ဘိုင္ဘီက ပါးနပ္စြာနဲ႔ဘဲ လမ္းေၾကာင္းေျပာင္းကာ ေျပးခဲ့လို႔ ထရာအိုေရး ဆီမေရာက္ခင္မွာ ေဘာလုံးကိုၾကားျဖတ္ ဟန႔္တားႏိုင္ခဲ့ပါတယ္။ သူသာမတားႏိုင္ခဲ့ရင္ ထရာအိုေရးဟာ ဒီဂီယာနဲ႔ တစ္ဦးခ်င္းရင္ဆိုင္ေတြ႕မွာ ျဖစ္ပါတယ္။ ဘိုင္လီရဲ႕ အဲဒီလႈပ္ရွားမႈဟာ မက္ဂြိဳင္းယားကိုေရာ ဝမ္ဘစ္ဆာကာ ကိုပါျဖည့္ေပးႏိုင္ခဲ့လို႔ key defensive contribution (အေရးပါလွတဲ့ ခံစစ္ပိုင္းစြမ္းေဆာင္ရည္) ျဖစ္ခဲ့တယ္လို႔လည္း မွတ္ခ်က္ျပဳခဲ့ၾကပါတယ္။

ဒါေၾကာင့္လည္း အသက္ ၂၆ ႏွစ္ရွိတဲ့ အိုင္ဗရီကို႔စ္လက္ေ႐ြးစင္ ဘိုင္လီရဲ႕ လႈပ္ရွားမႈဟာ တကယ့္ကို အံမခန္းျဖစ္ခဲ့တယ္လို႔ ဆိုၾကတာပါ။ သူသာႀကံ့ခိုင္မႈျပည့္ေနမယ္ဆိုရင္ မက္ဂြိဳင္းယားရဲ႕ ဗဟိုခံစစ္ တြဲဖက္က လင္ဒီေလာ့ဖ္မျဖစ္သင့္ဘဲ ျမန္ဆန္စြာလႈပ္ရွားႏိုင္တဲ့ ဘိုင္လီသာ ျဖစ္သင့္တယ္လို႔လည္း မွတ္ခ်က္ျပဳေနၾကပါတယ္။