ဖာနန်ဒက်စ်ထက် ပီပီ ပိုကောင်းတယ်ဆိုတဲ့ အာဆင်နယ်ဖန်တစ်ယောက်ရဲ့တွစ်တာပို့စ် နာမည်ကြီးနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်ဟာ ၂၀၂၀ ဇန်နဝါရီလက ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို စပို့တင်းလစ္စဘွန်းကနေ ခေါ်ယူခဲ့ပြီးချိန်ကတည်းက လုံးဝကိုပြောင်းလဲသွားပြီး ယခုအခါ ပရီးမီးယားလိဂ်ချန်ပီယံဆုကိုပါ စိန်ခေါ်နိုင်တဲ့အနေအထားကို ရောက်ရှိနေပါတယ်။

ဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်ပွဲ ၃၀မှာ ၁၉ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၄ကြိမ်အထိ ပြုလုပ်ပေးထားနိုင်ပေမယ့် အဲဒီအချက်အလက်တွေက အာဆင်နယ်ပရိသတ်တစ်ဦးကို မဆွဲဆောင်နိုင်ဘဲ အဲဒီပရိသတ်က အာဆင်နယ်တောင်ပံကစားသမား ပီပီက ဖာနန်ဒက်စ်ထက် ပိုကောင်းတဲ့ကစားသမားခေါ်ယူမှုဖြစ်တယ်လို့ တွစ်တာမှာ ပို့စ်တင်လိုက်ပါတယ်။

ပီပီဟာ ပရီးမီးယားလိဂ် ၄၂ပွဲမှာ ၇ဂိုးပဲသွင်းယူထားသလို ဂိုးဖန်တီးမှုလည်း ၆ကြိမ်ပဲ ပြုလုပ်ပေးထားနိုင်ပါတယ်။ ဒါပေမဲ့ ဆမ်ဆိုတဲ့ အာဆင်နယ်ပရိသတ်ကတော့ ပီပီဟာ အာဆင်နယ်အသင်းကို အက်ဖ်အေဖလားချန်ပီယံဖြစ်စေဖို့ ကူညီပေးနိုင်ခဲ့ပြီး ဖာနန်ဒက်စ်ကတော့ အခုချိန်အထိ ယူနိုက်တက်နဲ့အတူ ဘာဆုဖလားမှမရယူနိုင်သေးလို့ ထောက်ပြခဲ့တာဖြစ်ပါတယ်။

သူ တင်ထားတဲ့ပို့စ်မှာ ပီပီက ယမန်နှစ်အက်ဖ်အေဖလား ကွာတားမှာ ဂိုးသွင်း၊ ဆီမီးမှာ ဂိုးဖန်တီး၊ ဖိုင်နယ်မှာ ဂိုးဖန်တီးပေးခဲ့ပေမယ့် ဖာနန်ဒက်စ်ကတော့ သွင်းဂိုးနဲ့ဂိုးဖန်တီးမှုဘယ်လောက်များများ ကျရှုံးဖို့အတွက်ပဲဖြစ်လာခဲ့တာဖြစ်ကြောင်း ပါဝင်ခဲ့ပါတယ်။

ဒါပေမဲ့ နှစ်ဘက်အသင်းပရိသတ်အားလုံး အဲဒီဖန်ကို ပြန်လည်တုံ့ပြန်ခဲ့ကြပြီး သူ့ရဲ့ရှုထောင့်ကနေ ဆုံးဖြတ်မယ်ဆိုရင် ၂၀၀၄ နောက်ပိုင်း ဘယ်အာဆင်နယ်ကစားသမားပဲဖြစ်ဖြစ် ဖီးလ်ဂျုံးစ်လောက် ပိုကောင်းမှာမဟုတ်ဘူးလို့ ထောက်ပြခဲ့ကြပါတယ်။

”အန်ဒါဆန်က အွန်နရီ၊ ကမ်းဘဲလ်၊ ဘားကမ့်၊ အိုဇေးလ်၊ အူဘာမီယန်၊ ပီပီ၊ လာကာဇက်နဲ့ အာဆင်နယ်အသင်းသားအားလုံးပေါင်းထက် ပိုအောင်မြင်တဲ့ ကစားသမားခေါ်ယူမှုဖြစ်ပါတယ်”။ ”ခင်ဗျားရဲ့လော့ဂျစ်အရဆို အန်ဒါဆန်က ခင်ဗျားတို့ရဲ့ ဂန္ထဝင်ကြီး အွန်နရီထက် ပိုအောင်မြင်တဲ့ခေါ်ယူမှုဖြစ်မှာပေါ့နော်”

”ဒါဆိုရင် မာချီဒါနဲ့ အူဘာမီယန်ကို ယှဉ်ကြည့်လိုက်လေ”။ ”ဖာနန်ဒက်စ်က ကျွန်တော်တို့အသင်းကို အမှတ်ပေးချန်ပီယံစိန်ခေါ်တဲ့အသင်းအဖြစ် ပြောင်းလဲပေးနိုင်ချိန်မှာ ပီပီကတော့ အာဆင်နယ်ကို တန်းမဆင်းရရေးရုန်းကန်ရတဲ့အသင်းအဖြစ် ပြောင်းလဲပေးခဲ့တာပဲ”

”ခင်ဗျားရဲ့လော့ဂျစ်အရဆိုရင် ဖီးလ်ဂျုံးစ်က နောက်ဆုံးဆယ်စုနှစ်အတွင်း အာဆင်နယ်ကစားသမားအားလုံးထက် ပိုအောင်မြင်တဲ့ကစားသမားခေါ်ယူမှုဖြစ်မှာပေါ့”။

”ကျွန်တော်လည်း အာဆင်နယ်ဖန်ပါ။ ပီပီရဲ့အချက်အလက်တွေက မှန်ပါတယ်။ ဒါပေမဲ့ ပီပီကို ဖာနန်ဒက်စ်နဲ့ သွားပြီးနှိုင်းယှဉ်လို့တော့မရပါဘူး”လို့ ယူနိုက်တက်ရော အာဆင်နယ်ပရိသတ်တွေကပါ လူမှုမီဒီယာမှာ အသီးသီးမှတ်ချက်ပေးခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဖာနန္ဒက္စ္ထက္ ပီပီ ပိုေကာင္းတယ္ဆုိတဲ့ အာဆင္နယ္ဖန္တစ္ေယာက္ရဲ႕တြစ္တာပုိ႔စ္ နာမည္ႀကီးေန

ယူႏုိက္တက္ဟာ ၂၀၂၀ ဇန္န၀ါရီလက ကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္ကို စပို႔တင္းလစၥဘြန္းကေန ေခၚယူခဲ့ၿပီးခ်ိန္ကတည္းက လုံး၀ကိုေျပာင္းလဲသြားၿပီး ယခုအခါ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကိုပါ စိန္ေခၚႏုိင္တဲ့အေနအထားကို ေရာက္ရွိေနပါတယ္။ ဖာနန္ဒက္စ္ဟာ ပရီးမီးယားလိဂ္ပြဲ ၃၀မွာ ၁၉ဂိုးသြင္းယူကာ ဂိုးဖန္တီးမႈ ၁၄ႀကိမ္အထိ ျပဳလုပ္ေပးထားႏိုင္ေပမယ့္ အဲဒီအခ်က္အလက္ေတြက အာဆင္နယ္ပရိသတ္တစ္ဦးကို မဆြဲေဆာင္ႏိုင္ဘဲ အဲဒီပရိသတ္က အာဆင္နယ္ေတာင္ပံကစားသမား ပီပီက ဖာနန္ဒက္စ္ထက္ ပိုေကာင္းတဲ့ကစားသမားေခၚယူမႈျဖစ္တယ္လုိ႔ တြစ္တာမွာ ပုိ႔စ္တင္လုိက္ပါတယ္။ ပီပီဟာ ပရီးမီးယားလိဂ္ ၄၂ပဲြမွာ ၇ဂိုးပဲသြင္းယူထားသလုိ ဂုိးဖန္တီးမႈလည္း ၆ႀကိမ္ပဲ ျပဳလုပ္ေပးထားႏုိင္ပါတယ္။

ဒါေပမဲ့ ဆမ္ဆိုတဲ့ အာဆင္နယ္ပရိသတ္ကေတာ့ ပီပီဟာ အာဆင္နယ္အသင္းကို အက္ဖ္ေအဖလားခ်န္ပီယံျဖစ္ေစဖို႔ ကူညီေပးႏုိင္ခဲ့ၿပီး ဖာနန္ဒက္စ္ကေတာ့ အခုခ်ိန္အထိ ယူႏုိက္တက္နဲ႔အတူ ဘာဆုဖလားမွမရယူႏုိင္ေသးလုိ႔ ေထာက္ျပခဲ့တာျဖစ္ပါတယ္။ သူ တင္ထားတ့ဲပုိ႔စ္မွာ ပီပီက ယမန္ႏွစ္အက္ဖ္ေအဖလား ကြာတားမွာ ဂိုးသြင္း၊ ဆီမီးမွာ ဂိုးဖန္တီး၊ ဖုိင္နယ္မွာ ဂိုးဖန္တီးေပးခဲ့ေပမယ့္ ဖာနန္ဒက္စ္ကေတာ့ သြင္းဂိုးနဲ႔ဂိုးဖန္တီးမႈဘယ္ေလာက္မ်ားမ်ား က်႐ံႈးဖို႔အတြက္ပဲျဖစ္လာခဲ့တာျဖစ္ေၾကာင္း ပါ၀င္ခဲ့ပါတယ္။ ဒါေပမဲ့ ႏွစ္ဘက္အသင္းပရိသတ္အားလုံး အဲဒီဖန္ကို ျပန္လည္တုံ႔ျပန္ခဲ့ၾကၿပီး သူ႕ရဲ႕႐ႈေထာင့္ကေန ဆုံးျဖတ္မယ္ဆုိရင္ ၂၀၀၄ ေနာက္ပိုင္း ဘယ္အာဆင္နယ္ကစားသမားပဲျဖစ္ျဖစ္ ဖီးလ္ဂ်ံဳးစ္ေလာက္ ပိုေကာင္းမွာမဟုတ္ဘူးလုိ႔ ေထာက္ျပခဲ့ၾကပါတယ္။

”အန္ဒါဆန္က အြန္နရီ၊ ကမ္းဘဲလ္၊ ဘားကမ့္၊ အုိေဇးလ္၊ အူဘာမီယန္၊ ပီပီ၊ လာကာဇက္နဲ႔ အာဆင္နယ္အသင္းသားအားလံုးေပါင္းထက္ ပိုေအာင္ျမင္တဲ့ ကစားသမားေခၚယူမႈျဖစ္ပါတယ္”။ ”ခင္ဗ်ားရဲ႕ေလာ့ဂ်စ္အရဆို အန္ဒါဆန္က ခင္ဗ်ားတုိ႔ရဲ႕ ဂႏၳ၀င္ႀကီး အြန္နရီထက္ ပိုေအာင္ျမင္တဲ့ေခၚယူမႈျဖစ္မွာေပါ့ေနာ္။ ဒါဆိုရင္ မာခ်ီဒါနဲ႔ အူဘာမီယန္ကို ယွဥ္ၾကည့္လုိက္ေလ”။ ”ဖာနန္ဒက္စ္က ကၽြန္ေတာ္တုိ႔အသင္းကို အမွတ္ေပးခ်န္ပီယံစိန္ေခၚတဲ့အသင္းအျဖစ္ ေျပာင္းလဲေပးႏိုင္ခ်ိန္မွာ ပီပီကေတာ့ အာဆင္နယ္ကို တန္းမဆင္းရေရး႐ုန္းကန္ရတဲ့အသင္းအျဖစ္ ေျပာင္းလဲေပးခဲ့တာပဲ”

”ခင္ဗ်ားရဲ႕ေလာ့ဂ်စ္အရဆုိရင္ ဖီးလ္ဂ်ံဳးစ္က ေနာက္ဆုံးဆယ္စုႏွစ္အတြင္း အာဆင္နယ္ကစားသမားအားလုံးထက္ ပိုေအာင္ျမင္တဲ့ကစားသမားေခၚယူမႈျဖစ္မွာေပါ့”။ ”ကၽြန္ေတာ္လည္း အာဆင္နယ္ဖန္ပါ။ ပီပီရဲ႕အခ်က္အလက္ေတြက မွန္ပါတယ္။ ဒါေပမဲ့ ပီပီကို ဖာနန္ဒက္စ္နဲ႔ သြားၿပီးႏိႈင္းယွဥ္လုိ႔ေတာ့မရပါဘူး”လုိ႔ ယူႏုိက္တက္ေရာ အာဆင္နယ္ပရိသတ္ေတြကပါ လူမႈမီဒီယာမွာ အသီးသီးမွတ္ခ်က္ေပးခဲ့ပါတယ္။