ဖာနန်ဒက်စ်ရဲ့ပင်နယ်တီသွင်းဂိုးမှတ်တမ်းကို ထပ်မံထိုးနှက်လိုက်တဲ့ မော်ရင်ညို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စပါးအသင်းနည်းပြ ဟိုဆေးမော်ရင်ညိုဟာ သောကြာညမှာ ယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ် ပင်နယ်တီကနေ ဂိုးထပ်မံသွင်းယူနိုင်ခဲ့ပြီးနောက် သူ့ရဲ့ပင်နယ်တီသွင်းဂိုးမှတ်တမ်းကို ထပ်မံထိုးနှက်လိုက်ပြန်ပါတယ်။

ဖာနန်ဒက်စ်ဟာ ယမန်နှစ်ဇန်နဝါရီလက စပို့တင်းလစ္စဘွန်းကနေ ရောက်လာပြီးချိန်ကတည်းက အထူးခြေစွမ်းပြနေပြီး အသင်းကလည်း လက်ရှိအချိန်မှာ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့ အမှတ်တူအနေအထားမှာ ရပ်တည်နေပါတယ်။

သူဟာ နှစ်သစ်ကူးပွဲစဉ်အဖြစ် ဗီလာကို ၂-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာလည်း ပင်နယ်တီကနေ ဒုတိယမြောက်ဂိုး သွင်းယူနိုင်ခဲ့ရာ ယူနိုက်တက်အတွက် ပင်နယ်တီကနေ သွင်းယူပေးမှု ၁၅ဂိုးမြောက်ဖြစ်လာပါတယ်။

စနေညအစောဆုံးပွဲအဖြစ် လိဒ်ယူနိုက်တက်ကို ၃-၀ ဂိုးနဲ့အနိုင်ရခဲ့ပြီးနောက် အဲဒီပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့တိုက်စစ်မှူး ဆွန်ဟောင်မင်လည်း အသင်းအတွက် ဂိုး ၁၀၀ပြည့်မြောက်ခဲ့ပြီး မော်ရင်ညိုကလည်း ဆွန်ဟောင်မင်ကိုချီးကျူးရင်း အသင်းဟောင်းကိုပါ ထိုးနှက်သွားပါတယ်။

ဆွန်ဟောင်မင်ရဲ့ ဂိုးသွင်းမိုင်တိုင်နဲ့ပတ်သက်လို့ ပေါ်တူဂီနိုင်ငံသား မော်ရင်ညိုက ”ဆွန်ဟောင်မင်က ဘယ်လိုလူစားမျိုးလဲဆိုတာ ပရိသတ်တွေကို ရှင်းပြဖို့ လိုမယ်ထင်ပါတယ်။ ပွတ်ရှ်ကပ်စ်ဆု ပူပူနွေးနွေးရထားတယ်။ စပါးအတွက် ဂိုး ၁၀၀ပြည့်ထားတယ်”

”ပင်နယ်တီသွင်းဂိုးတွေထည့်မတွက်ရင် ဆွန်ဟောင်မင်လည်း ပရီးမီးယားလိဂ်ထိပ်တန်းသွင်းရှင် ထိပ်ဆုံး ၃ဦးစာရင်း ဝင်လောက်ပါတယ်။ တချို့ကစားသမားတွေက တစ်ရာသီအတွင်း ပင်နယ်တီကနေ ၁၀ဂိုးလောက်သွင်းတတ်ကြပါတယ်။ ဟယ်ရီကိန်းကို ပြောနေတာမဟုတ်ဘူးနော်။ ဆွန်အတွက် အရမ်းပျော်ရွှင်ရပါတယ်”လို့ ပြောပါတယ်။

ဒီလိုပေါ်တူဂီတစ်နိုင်ငံတည်းသားကို မော်ရင်ညို ဝေဖန်တာ အခုက ပထမဆုံးအကြိမ်မဟုတ်ဘဲ သူ့ရဲ့အသင်းဟောင်းကို ဖာနန်ဒက်စ် ရောက်လာပြီးချိန်ကတည်းကဆိုရင် စုစုပေါင်း ၄ကြိမ်ရှိနေပြီဖြစ်ပါတယ်။

ဖာနန်ဒက်စ်ဟာ ၂၀၂၀ ဖေဖော်ဝါရီက ပရီးမီးယားလိဂ်မှာ ပွဲထွက်ကစားခဲ့ပြီးချိန်ကတည်းက ပင်နယ်တီကနေ ၉ဂိုးသွင်းယူထားရာ အဲဒီကာလအတွင်း ပရီးမီးယားလိဂ်မှာ ပင်နယ်တီသွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေပြီး သူ့နောက်က ဒုတိယနေရာကပြိုင်ဘက်ထက် ၂ဂိုးပိုများပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဖာနန္ဒက္စ္ရဲ႕ပင္နယ္တီသြင္းဂိုးမွတ္တမ္းကို ထပ္မံထိုးႏွက္လုိက္တဲ့ ေမာ္ရင္ညိဳ

စပါးအသင္းနည္းျပ ဟုိေဆးေမာ္ရင္ညိဳဟာ ေသာၾကာညမွာ ယူႏုိက္တက္ကြင္းလယ္လူ ဘ႐ူႏုိဖာနန္ဒက္စ္ ပင္နယ္တီကေန ဂိုးထပ္မံသြင္းယူႏုိင္ခဲ့ၿပီးေနာက္ သူ႕ရဲ႕ပင္နယ္တီသြင္းဂိုးမွတ္တမ္းကို ထပ္မံထုိးႏွက္လုိက္ျပန္ပါတယ္။ ဖာနန္ဒက္စ္ဟာ ယမန္ႏွစ္ဇန္န၀ါရီလက စပို႔တင္းလစၥဘြန္းကေန ေရာက္လာၿပီးခ်ိန္ကတည္းက အထူးေျခစြမ္းျပေနၿပီး အသင္းကလည္း လက္ရွိအခ်ိန္မွာ အမွတ္ေပးဇယားထိပ္ဆုံးက လီဗာပူးနဲ႔ အမွတ္တူအေနအထားမွာ ရပ္တည္ေနပါတယ္။ သူဟာ ႏွစ္သစ္ကူးပြဲစဥ္အျဖစ္ ဗီလာကို ၂-၁ ဂိုးနဲ႔အႏုိင္ရခဲ့တဲ့ပြဲမွာလည္း ပင္နယ္တီကေန ဒုတိယေျမာက္ဂုိး သြင္းယူႏုိင္ခဲ့ရာ ယူႏုိက္တက္အတြက္ ပင္နယ္တီကေန သြင္းယူေပးမႈ ၁၅ဂိုးေျမာက္ျဖစ္လာပါတယ္။

စေနညအေစာဆုံးပြဲအျဖစ္ လိဒ္ယူႏုိက္တက္ကို ၃-၀ ဂိုးနဲ႔အႏိုင္ရခဲ့ၿပီးေနာက္ အဲဒီပြဲမွာ ဂိုးသြင္းယူႏုိင္ခဲ့တဲ့တုိက္စစ္မွဴး ဆြန္ေဟာင္မင္လည္း အသင္းအတြက္ ဂိုး ၁၀၀ျပည့္ေျမာက္ခဲ့ၿပီး ေမာ္ရင္ညိဳကလည္း ဆြန္ေဟာင္မင္ကိုခ်ီးက်ဴးရင္း အသင္းေဟာင္းကိုပါ ထုိးႏွက္သြားပါတယ္။ ဆြန္ေဟာင္မင္ရဲ႕ ဂိုးသြင္းမိုင္တုိင္နဲ႔ပတ္သက္လုိ႔ ေပၚတူဂီႏိုင္ငံသား ေမာ္ရင္ညိဳက ”ဆြန္ေဟာင္မင္က ဘယ္လုိလူစားမ်ိဳးလဲဆုိတာ ပရိသတ္ေတြကို ရွင္းျပဖို႔ လိုမယ္ထင္ပါတယ္။ ပြတ္ရွ္ကပ္စ္ဆု ပူပူေႏြးေႏြးရထားတယ္။ စပါးအတြက္ ဂိုး ၁၀၀ျပည့္ထားတယ္”

”ပင္နယ္တီသြင္းဂိုးေတြထည့္မတြက္ရင္ ဆြန္ေဟာင္မင္လည္း ပရီးမီးယားလိဂ္ထိပ္တန္းသြင္းရွင္ ထိပ္ဆုံး ၃ဦးစာရင္း ၀င္ေလာက္ပါတယ္။ တခ်ိဳ႕ကစားသမားေတြက တစ္ရာသီအတြင္း ပင္နယ္တီကေန ၁၀ဂိုးေလာက္သြင္းတတ္ၾကပါတယ္။ ဟယ္ရီကိန္းကို ေျပာေနတာမဟုတ္ဘူးေနာ္။ ဆြန္အတြက္ အရမ္းေပ်ာ္ရႊင္ရပါတယ္”လုိ႔ ေျပာပါတယ္။ ဒီလုိေပၚတူဂီတစ္ႏိုင္ငံတည္းသားကို ေမာ္ရင္ညိဳ ေ၀ဖန္တာ အခုက ပထမဆုံးအႀကိမ္မဟုတ္ဘဲ သူ႕ရဲ႕အသင္းေဟာင္းကို ဖာနန္ဒက္စ္ ေရာက္လာၿပီးခ်ိန္ကတည္းကဆုိရင္ စုစုေပါင္း ၄ႀကိမ္ရွိေနၿပီျဖစ္ပါတယ္။

ဖာနန္ဒက္စ္ဟာ ၂၀၂၀ ေဖေဖာ္၀ါရီက ပရီးမီးယားလိဂ္မွာ ပြဲထြက္ကစားခဲ့ၿပီးခ်ိန္ကတည္းက ပင္နယ္တီကေန ၉ဂိုးသြင္းယူထားရာ အဲဒီကာလအတြင္း ပရီးမီးယားလိဂ္မွာ ပင္နယ္တီသြင္းဂိုးအမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ေနၿပီး သူ႕ေနာက္က ဒုတိယေနရာကၿပိဳင္ဘက္ထက္ ၂ဂိုးပိုမ်ားပါတယ္။