ဖာနန်ဒက်စ်ရဲ့ဖရီးကစ်ဂိုးကို ခေါင်းငုံ့ရှောင်ခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ အယ်ကန်တာရာ

အိုးလ်ထရက်ဖို့ဒ်က အက်ဖ်အေဖလားပွဲစဉ်မှာ မန်ယူအတွက် အနိုင်ဂိုးကို ဖာနန်ဒက်စ်က ဖရီးကစ်ကနေ တိုက်ရိုက်ကန်သွင်းချိန် သူ့ဆီတည့်တည့်လာတဲ့ ဘောလုံးကို ခေါင်းငုံ့ရှောင်ခဲ့တယ်လို့ လီဗာပူးကွင်းလယ်လူအယ်ကန်တာရာတစ်ယောက် စွပ်စွဲခံနေရပါတယ်။

၂-၂ စီ သရေဖြစ်နေချိန် ၇၈ မိနစ်မှာ ဖာနန်ဒက်စ်ဟာ မန်ယူအတွက် အနိုင်ဂိုးဖြစ်ပေမယ့် ဖရီးကစ်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာပါ။

ဖာနန်ဒက်စ်ရဲ့အဲဒီဖရီးကစ်မှာ wall ကာတဲ့ အယ်ကန်တာရာဟာ ခေါင်းငုံ့ရှောင်မယ့်အစား ခုန်လိုက်မယ်ဆိုရင် ဂိုးဝင်မှာ မဟုတ်လောက်ဘူးလို့ တချို့ပရိသတ်တွေက မေးခွန်းထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။

တကယ်လည်း အယ်ကန်တာရာဟာ သူ့ဆီတည့်တည့်လာတဲ့ဘောလုံးကို ခေါင်းငု့ံ့ရှောင်ခဲ့ပုံပေါ်ပြီး သူ့နောက်မှာ ကပ်ရပ်နေတဲ့မန်ယူကွင်းလယ်လူပေါ့ဂ်ဘာကလည်း ရှောင်ပေးလိုက်တာ တွေ့ရပါတယ်။

ဒါကြောင့်လည်း ဆိုရှယ်မီဒီယာထက်မှာ ပရိသတ်တွေက အယ်ကန်တာရာသာ ခေါင်းငုံ့မရှောင်ဘူးဆိုရင် ဂိုးဝင်မှာ မဟုတ်ဘူးဆိုပြီး အဲဒီလီဗာပူးကွင်းလယ်လူကို ပြစ်တင်ဝေဖန်မှုပြုလုပ်နေကြပါတယ်။

ချန်ပီယံလိဂ်မှာ ၂ ကြိမ်တိုင်ဗိုလ်စွဲခဲ့ဖူးတဲ့ အယ်ကန်တာရာဟာ ပြီးခဲ့တဲ့စက်တင်ဘာမှာ ဘိုင်ယန်ကနေ အလွတ်ထွက်ခွာပြီး လီဗာပူးကို ပြောင်းရွှေ့လာခဲ့တာဖြစ်ကာ ခေါ်ယူမှုကောင်းတစ်ခုလို့ ထင်မှတ်ခဲ့ကြတာပါ။

ဒါပေမဲ့ ၄ လတိုင်ရှိသွားပြီဖြစ်ပေမယ့် အယ်ကန်တာရာရဲ့လီဗာပူးကစားသမားဘဝဟာ ထင်ထားသလို ဖြစ်မလာသေးဘဲ ဒဏ်ရာကြောင့် ကြားထဲမှာ နားလိုက်ရပါသေးတယ်။

ဒါ့အပြင် လီဗာပူးဟာ အယ်ကန်တာရာ ပွဲထွက်ပါတိုင်း တစ်ပွဲမှ အနိုင်မရဆဲဖြစ်နေကာ အသင်းကွင်းလယ်လူဟောင်းဖြစ်တဲ့ ဟာမန်းကဆိုရင် အဲဒီစပိန်သားကြောင့် လီဗာပူူးဟာ ပိုကောင်းမလာဘဲ ပိုဆိုးသွားတယ်လို့ ဝေဖန်သုံးသပ်ထားပါတယ်။

Zawgyi

ဖာနန္ဒက္စ္ရဲ႕ဖရီးကစ္ဂိုးကို ေခါင္းငုံ႔ေရွာင္ခဲ့တယ္လုိ႔ စြပ္စြဲခံေနရတဲ့ အယ္ကန္တာရာ

အိုးလ္ထရက္ဖို႔ဒ္က အက္ဖ္ေအဖလားပြဲစဥ္မွာ မန္ယူအတြက္ အႏိုင္ဂိုးကို ဖာနန္ဒက္စ္က ဖရီးကစ္ကေန တိုက္ရုိက္ကန္သြင္းခ်ိန္ သူ႔ဆီတည့္တည့္လာတဲ့ ေဘာလုံးကို ေခါင္းငုံ႔ေရွာင္ခဲ့တယ္လုိ႔ လီဗာပူးကြင္းလယ္လူအယ္ကန္တာရာတစ္ေယာက္ စြပ္စြဲခံေနရပါတယ္။

၂-၂ စီ သေရျဖစ္ေနခ်ိန္ ၇၈ မိနစ္မွာ ဖာနန္ဒက္စ္ဟာ မန္ယူအတြက္ အႏိုင္ဂိုးျဖစ္ေပမယ့္ ဖရီးကစ္ဂိုးကို သြင္းယူေပးႏိုင္ခဲ့တာပါ။

ဖာနန္ဒက္စ္ရဲ႕အဲဒီဖရီးကစ္မွာ wall ကာတဲ့ အယ္ကန္တာရာဟာ ေခါင္းငုံ႔ေရွာင္မယ့္အစား ခုန္လုိက္မယ္ဆုိရင္ ဂိုး၀င္မွာ မဟုတ္ေလာက္ဘူးလို႔ တခ်ိဳ႕ပရိသတ္ေတြက ေမးခြန္းထုတ္ခဲ့ၾကတာ ျဖစ္ပါတယ္။

တကယ္လည္း အယ္ကန္တာရာဟာ သူ႔ဆီတည့္တည့္လာတဲ့ေဘာလုံးကို ေခါင္းငု႔႔ံေရွာင္ခဲ့ပုံေပၚၿပီး သူ႔ေနာက္မွာ ကပ္ရပ္ေနတဲ့မန္ယူကြင္းလယ္လူေပါ့ဂ္ဘာကလည္း ေရွာင္ေပးလုိက္တာ ေတြ႕ရပါတယ္။

ဒါေၾကာင့္လည္း ဆုိရွယ္မီဒီယာထက္မွာ ပရိသတ္ေတြက အယ္ကန္တာရာသာ ေခါင္းငုံ႔မေရွာင္ဘူးဆုိရင္ ဂိုး၀င္မွာ မဟုတ္ဘူးဆုိၿပီး အဲဒီလီဗာပူးကြင္းလယ္လူကို ျပစ္တင္ေ၀ဖန္မႈျပဳလုပ္ေနၾကပါတယ္။

ခ်န္ပီယံလိဂ္မွာ ၂ ႀကိမ္တုိင္ဗုိလ္စြဲခဲ့ဖူးတဲ့ အယ္ကန္တာရာဟာ ၿပီးခဲ့တဲ့စက္တင္ဘာမွာ ဘိုင္ယန္ကေန အလြတ္ထြက္ခြာၿပီး လီဗာပူးကို ေျပာင္းေရႊ႕လာခဲ့တာျဖစ္ကာ ေခၚယူမႈေကာင္းတစ္ခုလုိ႔ ထင္မွတ္ခဲ့ၾကတာပါ။

ဒါေပမဲ့ ၄ လတိုင္ရွိသြားၿပီျဖစ္ေပမယ့္ အယ္ကန္တာရာရဲ႕လီဗာပူးကစားသမားဘ၀ဟာ ထင္ထားသလို ျဖစ္မလာေသးဘဲ ဒဏ္ရာေၾကာင့္ ၾကားထဲမွာ နားလုိက္ရပါေသးတယ္။

ဒါ့အျပင္ လီဗာပူးဟာ အယ္ကန္တာရာ ပြဲထြက္ပါတိုင္း တစ္ပြဲမွ အႏိုင္မရဆဲျဖစ္ေနကာ အသင္းကြင္းလယ္လူေဟာင္းျဖစ္တဲ့ ဟာမန္းကဆုိရင္ အဲဒီစပိန္သားေၾကာင့္ လီဗာပူူးဟာ ပိုေကာင္းမလာဘဲ ပိုဆုိးသြားတယ္လုိ႔ ေ၀ဖန္သုံးသပ္ထားပါတယ္။