ဖာနန်ဒက်စ်ရဲ့ဖရီးကစ်အနိုင်ဂိုးနောက်ကွယ်က လျှို့ဝှက်ချက်ကို ရှင်းပြလိုက်တဲ့ ဆိုးလ်ရှား

အိုးလ်ထရက်ဖို့ဒ်က လီဗာပူးနဲ့အက်ဖ်အေဖလားပွဲစဉ်မှာ မန်ယူဟာ လူစားဝင်ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်ရဲ့နောက်ကျဖရီးကစ်သွင်းဂိုးနဲ့ အနိုင်ဂိုးရရှိခဲ့ပါတယ်။

မန်ယူနည်းပြဆိုးလ်ရှားကတော့ လီဗာပူးနဲ့ပွဲက ဖာနန်ဒက်စ်ရဲ့ဖရီးကစ်အနိုင်ဂိုးနဲ့ပတ်သက်လို့ အံ့သြပုံမပေါ်ဘဲ အက်ဖ်အေဖလားပွဲစဉ်မတိုင်ခင် လေ့ကျင့်ရေးမှာ ဖရီးကစ်အတွက် အဲဒီပေါ်တူဂီကွင်းလယ်လူအပိုလေ့ကျင့်မှုပြုလုပ်ခဲ့တာကို ဖွင့်ဟလိုက်ပါတယ်။

ဖာနန်ဒက်စ်ဟာ အဲဒီပွဲမှာ ၆၆ မိနစ်ရောက်မှ ဗန်ဒီဘိခ်အစား လူစားဝင်လာခဲ့တာဖြစ်ပြီး သူဝင်လာပြီး ၁၀ မိနစ်အကျော်မှာပဲ မန်ယူအတွက်အနိုင်ဂိုးကို တည်ကန်ဘောအနေအထားကနေ သွင်းယူပေးခဲ့ပြီး အက်ဖ်အေဖလားပဉ္စမအဆင့်ကို တက်ရောက်စေခဲ့တာပါ။

အဲဒီပေါ်တူဂီသားဟာ မန်ယူကိုရောက်လာပြီးကတည်းက အချိန်တိုအတွင်းမှာပဲ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်အဖြစ် စွမ်းဆောင်ပြနိုင်နေတာပါ။

ပွဲပြီးတော့ ဆိုးလ်ရှားက”ကြီးကျယ်တဲ့ဂိုးတစ်ဂိုး၊ ကောင်းမွန်တဲ့ဖရီးကစ်ဂိုးတစ်ဂိုးပါ။ မနေ့တုန်းက လေ့ကျင့်ခန်းအစီအစဉ်ပြီးတာတောင် သူမပြန်သေးဘဲ ဖရီးကစ်လေ့ကျင့်မှုကို ၄၅ မိနစ်လောက်ဆက်လုပ်နေခဲ့တာပါ။ ဒါကြောင့်လည်း ဒီနေ့မှာ ဖရီးကစ်ကနေ သူသွင်းနိုင်မယ်လို့ ကျွန်တော်ယုံကြည်ထားတာပေါ့”လို့ ပြောကြားခဲ့ပါတယ်။

ကာယကံရှင်ဖာနန်ဒက်စ်ကတော့ wall ကိုကျော်ကန်ဖို့ထက် အဝေးထောင့်ကိုကန်ဖို့ လုပ်တာဟာ အသင်းဖော်ကာဗာနီရဲ့အကြံပေးမှုကြောင့်လို့ ပွဲအပြီးမှာ ဖွင့်ဟခဲ့ပါတယ်။

”ဒီလိုဖရီးကစ်ဂိုးအတွက် ကျွန်တော်အများကြီးကြိုးစားခဲ့တာပါ။ ဒီအလုံးကလည်း ကောင်းပါတယ်။  ဖရီးကစ်မကန်ခင်မှာ ဂိုးသမားအဓိကကာကွယ်မယ့်ထောင့်ကို ကန်ဖို့ ကာဗာနီက အကြံပေးခဲ့ပါတယ်။ အဲဒါနဲ့ ကျွန်တော်လည်း ကြိုးစားကြည့်လိုက်တာ ဂိုးဝင်သွားပါတယ်”လို့ ဖာနန်ဒက်စ်က ဆိုခဲ့တာပါ။

အဲဒီပွဲက ၃-၂ ရလဒ်ကြောင့် မန်ယူဟာ အခုရာသီမှာ ပထမဆုံးအကြိမ်အဖြစ် ကလော့ပ်ရဲ့လီဗာပူးကို အနိုင်ရခဲ့တာဖြစ်ပြီး အဲဒီအရင် အန်ဖီးလ်က ပရီးမီးယားလိဂ်ပွဲမှာ သရေကျထားတာပါ။

Zawgyi

ဖာနန္ဒက္စ္ရဲ႕ဖရီးကစ္အႏိုင္ဂိုးေနာက္ကြယ္က လွ်ိဳ႕၀ွက္ခ်က္ကို ရွင္းျပလုိက္တဲ့ ဆုိးလ္ရွား

အိုးလ္ထရက္ဖုိ႔ဒ္က လီဗာပူးနဲ႔အက္ဖ္ေအဖလားပြဲစဥ္မွာ မန္ယူဟာ လူစား၀င္ကြင္းလယ္လူဘရူႏိုဖာနန္ဒက္စ္ရဲ႕ေနာက္က်ဖရီးကစ္သြင္းဂိုးနဲ႔ အႏိုင္ဂိုးရရွိခဲ့ပါတယ္။

မန္ယူနည္းျပဆိုးလ္ရွားကေတာ့ လီဗာပူးနဲ႔ပြဲက ဖာနန္ဒက္စ္ရဲ႕ဖရီးကစ္အႏိုင္ဂိုးနဲ႔ပတ္သက္လုိ႔ အံ့ၾသပုံမေပၚဘဲ အက္ဖ္ေအဖလားပြဲစဥ္မတုိင္ခင္ ေလ့က်င့္ေရးမွာ ဖရီးကစ္အတြက္ အဲဒီေပၚတူဂီကြင္းလယ္လူအပိုေလ့က်င့္မႈျပဳလုပ္ခဲ့တာကို ဖြင့္ဟလိုက္ပါတယ္။

ဖာနန္ဒက္္စ္ဟာ အဲဒီပြဲမွာ ၆၆ မိနစ္ေရာက္မွ ဗန္ဒီဘိခ္အစား လူစား၀င္လာခဲ့တာျဖစ္္ၿပီး သူ၀င္လာၿပီး ၁၀ မိနစ္အေက်ာ္မွာပဲ မန္ယူအတြက္အႏိုင္ဂိုးကို တည္ကန္ေဘာအေနအထားကေန သြင္းယူေပးခဲ့ၿပီး အက္ဖ္ေအဖလားပဥၥမအဆင့္ကို တက္ေရာက္ေစခဲ့တာပါ။

အဲဒီေပၚတူဂီသားဟာ မန္ယူကိုေရာက္လာၿပီးကတည္းက အခ်ိန္တိုအတြင္းမွာပဲ ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံးကစားသမားေတြထဲက တစ္ေယာက္အျဖစ္ စြမ္းေဆာင္ျပႏိုင္ေနတာပါ။

ပြဲၿပီးေတာ့ ဆုိးလ္ရွားက”ႀကီးက်ယ္တဲ့ဂိုးတစ္ဂိုး၊ ေကာင္းမြန္တဲ့ဖရီးကစ္ဂိုးတစ္ဂိုးပါ။ မေန႔တုန္းက ေလ့က်င့္ခန္းအစီအစဥ္ၿပီးတာေတာင္ သူမျပန္ေသးဘဲ ဖရီးကစ္ေလ့က်င့္မႈကို ၄၅ မိနစ္ေလာက္ဆက္လုပ္ေနခဲ့တာပါ။ ဒါေၾကာင့္လည္း ဒီေန႔မွာ ဖရီးကစ္ကေန သူသြင္းႏိုင္မယ္လုိ႔ ကၽြန္ေတာ္ယုံၾကည္ထားတာေပါ့”လုိ႔ ေျပာၾကားခဲ့ပါတယ္။

ကာယကံရွင္ဖာနန္ဒက္စ္ကေတာ့ wall ကိုေက်ာ္ကန္ဖို႔ထက္ အေ၀းေထာင့္ကိုကန္ဖို႔ လုပ္တာဟာ အသင္းေဖာ္ကာဗာနီရဲ႕အႀကံေပးမႈေၾကာင့္လို႔ ပြဲအၿပီးမွာ ဖြင့္ဟခဲ့ပါတယ္။

”ဒီလိုဖရီးကစ္ဂိုးအတြက္ ကၽြန္ေတာ္အမ်ားႀကီးႀကိဳးစားခဲ့တာပါ။ ဒီအလုံးကလည္း ေကာင္းပါတယ္။  ဖရီးကစ္မကန္ခင္မွာ ဂိုးသမားအဓိကကာကြယ္မယ့္ေထာင့္ကို ကန္ဖို႔ ကာဗာနီက အႀကံေပးခဲ့ပါတယ္။ အဲဒါနဲ႔ ကၽြန္ေတာ္လည္း ႀကိဳးစားၾကည့္လုိက္တာ ဂိုး၀င္သြားပါတယ္”လို႔ ဖာနန္ဒက္စ္က ဆိုခဲ့တာပါ။

အဲဒီပြဲက ၃-၂ ရလဒ္ေၾကာင့္ မန္ယူဟာ အခုရာသီမွာ ပထမဆုံးအႀကိမ္အျဖစ္ ကေလာ့ပ္ရဲ႕လီဗာပူးကို အႏိုင္ရခဲ့တာျဖစ္ၿပီး အဲဒီအရင္ အန္ဖီးလ္က ပရီးမီးယားလိဂ္ပြဲမွာ သေရက်ထားတာပါ။