
မန်ယူအသင်းဟာ မနက်ဖြန်ည (၁၀) နာရီမှာ ပရီးမီးယားလိဂ် ပွဲစဉ် (၉) အဖြစ်
လီဗာပူးလ်အသင်းကို အိမ်ကွင်း အိုးလ်ထရက်ဒ်ဖို့ဒ်မှာ ဧည့်ခံကစားသွားဖို့ရှိနေပါတယ်။
မနေ့က ပြုလုပ်ခဲ့တဲ့ ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ နည်းပြဆိုးလ်ရှားရဲ့
ပြောဆိုချက်အရ အသင်းရဲ့ အဓိက ကွင်းလယ် ကစားသမားတွေဖြစ်တဲ့
ဖာနန်ဒက်စ် နဲ့ ဖရက်ဒ်တို့ဟာ ကြံ့ခိုင်မှု အနေအထားအရ အသင့်မဖြစ်တာကြောင့်
မနက်ဖြန်ပွဲကို ပါဝင်နိုင်ဖို့ မသေချာသေးတဲ့ အနေအထားမှာ ရှိနေတယ်လို့ သိရပါတယ်။
နည်းပြဆိုးလ်ရှားကတော့ အဆိုပါ ပွဲစဉ်မှာ အဓိက ကစားသမား အစုံအလင် နဲ့
ပွဲထွက်လာနိုင်ဖို့ မျှော်လင့်နေပြီး ဖာနန်ဒက်စ်ကလည်း အဆိုပါ ပွဲမှာ ပါဝင်နိုင်အောင်
ကြံ့ခိုင်မှု အပြည့်အဝ ရဖို့ အတွက် အစွမ်းကုန်ကြိုးစားနေတယ်လို့သိရပါတယ်။
တကယ်လို့သာ ဖာနန်ဒက်စ် နဲ့ ဖရက်ဒ်တို့ နှစ်ဦးလုံးသာ မပါဝင်နိုင်ခဲ့ရင်
မန်ယူအသင်းရဲ့ ကွင်းလယ်ဟာ အားနည်ချက်ရှိလာနိုင်တယ်လို့ ဆိုရမှာဖြစ်ပေမယ့်
တစ်ဖက်က ပြန်ကြည့်ရင်တော့ ပွဲထွက်ခွင့် ကောင်းကောင်းမရသေးတဲ့
ဗန်ဒီဘိခ်အတွက်တော့ ကြီးမားတဲ့ အခွင့်အရေးကောင်း တစ်ခုဖြစ်လာနိုင်ပါတယ်။
မန်ယူအသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး (၃) ပွဲမှာ နိုင်ပွဲဆက်တိုက်
ပျောက်ဆုံးနေလို့ မဖြစ်မနေ အနိုင်ပြန်ရဖို့ လိုအပ်နေသလို နည်းပြဆိုးလ်ရှား
အတွက်လည်း ၎င်းရဲ့ နည်းပြရာထူး တည်မြဲရေးအတွက် အဆိုပါ ပွဲစဉ်ဟာ
အဆုံးအဖြတ်သဖွယ်ဖြစ်လာနိုင်တာကြောင့် ကစားကွက် အခင်းအကျင်းပိုင်းမှာ
အမှားခံလို့ မရတော့တဲ့ အခြေအနေဖြစ်လို့နေပါတယ်။
zawgyi
ဖာနန္ဒက္စ္ နဲ႔ ဖရက္ဒ္တို႔ဟာ ႀကံ့ခိုင္မႈ အေနအထားအရ အသင့္မျဖစ္တာေၾကာင့္ လီဗာပူးလ္နဲ႔ပြဲကို ပါဝင္ႏိုင္ဖို႔ မေသခ်ာေသး
မန္ယူအသင္းဟာ မနက္ျဖန္ည (၁၀) နာရီမွာ ပရီးမီးယားလိဂ္ ပြဲစဥ္ (၉) အျဖစ္
လီဗာပူးလ္အသင္းကို အိမ္ကြင္း အိုးလ္ထရက္ဒ္ဖို႔ဒ္မွာ ဧည့္ခံကစားသြားဖို႔ရွိေနပါတယ္။
မေန႔က ျပဳလုပ္ခဲ့တဲ့ ပြဲမတိုင္မီ သတင္းစာရွင္းလင္းပြဲမွာ နည္းျပဆိုးလ္ရွားရဲ႕
ေျပာဆိုခ်က္အရ အသင္းရဲ႕ အဓိက ကြင္းလယ္ ကစားသမားေတြျဖစ္တဲ့
ဖာနန္ဒက္စ္ နဲ႔ ဖရက္ဒ္တို႔ဟာ ႀကံ့ခိုင္မႈ အေနအထားအရ အသင့္မျဖစ္တာေၾကာင့္
မနက္ျဖန္ပြဲကို ပါဝင္ႏိုင္ဖို႔ မေသခ်ာေသးတဲ့ အေနအထားမွာ ရွိေနတယ္လို႔ သိရပါတယ္။
နည္းျပဆိုးလ္ရွားကေတာ့ အဆိုပါ ပြဲစဥ္မွာ အဓိက ကစားသမား အစုံအလင္ နဲ႔
ပြဲထြက္လာႏိုင္ဖို႔ ေမွ်ာ္လင့္ေနၿပီး ဖာနန္ဒက္စ္ကလည္း အဆိုပါ ပြဲမွာ ပါဝင္ႏိုင္ေအာင္
ႀကံ့ခိုင္မႈ အျပည့္အဝ ရဖို႔ အတြက္ အစြမ္းကုန္ႀကိဳးစားေနတယ္လို႔သိရပါတယ္။
တကယ္လို႔သာ ဖာနန္ဒက္စ္ နဲ႔ ဖရက္ဒ္တို႔ ႏွစ္ဦးလုံးသာ မပါဝင္ႏိုင္ခဲ့ရင္
မန္ယူအသင္းရဲ႕ ကြင္းလယ္ဟာ အားနည္ခ်က္ရွိလာႏိုင္တယ္လို႔ ဆိုရမွာျဖစ္ေပမယ့္
တစ္ဖက္က ျပန္ၾကည့္ရင္ေတာ့ ပြဲထြက္ခြင့္ ေကာင္းေကာင္းမရေသးတဲ့
ဗန္ဒီဘိခ္အတြက္ေတာ့ ႀကီးမားတဲ့ အခြင့္အေရးေကာင္း တစ္ခုျဖစ္လာႏိုင္ပါတယ္။
မန္ယူအသင္းဟာ ပရီးမီးယားလိဂ္ ေနာက္ဆုံး (၃) ပြဲမွာ ႏိုင္ပြဲဆက္တိုက္
ေပ်ာက္ဆုံးေနလို႔ မျဖစ္မေန အႏိုင္ျပန္ရဖို႔ လိုအပ္ေနသလို နည္းျပဆိုးလ္ရွား
အတြက္လည္း ၎ရဲ႕ နည္းျပရာထူး တည္ၿမဲေရးအတြက္ အဆိုပါ ပြဲစဥ္ဟာ
အဆုံးအျဖတ္သဖြယ္ျဖစ္လာႏိုင္တာေၾကာင့္ ကစားကြက္ အခင္းအက်င္းပိုင္းမွာ
အမွားခံလို႔ မရေတာ့တဲ့ အေျခအေနျဖစ္လို႔ေနပါတယ္။