ဖာမီနိုရဲ့ နောက်ကျအနိုင်ဂိုးကြောင့် လီဗာပူး ထိပ်ဆုံးပြန်ရောက်ပြီး မော်ရင်ဟိုရဲ့ သရေမဟာဗျူဟာ အန်ဖီးလ်မှာ အလုပ်မဖြစ်ခဲ့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပရီးမီးယားလိဂ်ကြားရက်ပွဲစဉ်မှာ ပရိသတ်စိတ်ဝင်စားမှု အများဆုံးပွဲဖြစ်သလို ချန်ပီယံဆုအတွက် ထိပ်ဆုံးနေရာမှာ အပြိုင်ဖြစ်နေတဲ့ အန်ဖီးလ်အားပြိုင်ပွဲမှာ တော့ လီဗာပူးက တိုက်စစ်မှူးဖာမီနိုရဲ့ နောက်ဆုံးမိနစ်သွင်းဂိုးနဲ့ အနိုင်ရသွားခဲ့ပါ တယ်။

မော်ရင်ဟိုအနေနဲ့ ဒီရာသီမှာ အသင်းကြီးအချင်းချင်းတွေ့ဆုံမှုမှာ ပထမ ဆုံးရှုံးပွဲကြုံသွားခဲ့တာဖြစ်ပြီး အထိနာခဲ့တယ်လို့ ဆိုရမှာပါ။ ဒီပွဲမှာ စပါးဟာ မော်ရင်ဟိုရဲ့ပုံစံအတိုင်း တန်ပြန်တိုက်စစ်အတွက်ပဲ ပြင်ဆင်ထားခဲ့ပြီး မန်စီးတီး၊ အာဆင်နယ်တို့ပွဲတုန်းကလို ပြိုင်ဘက်အသင်းကို ဘောလုံးပေးကစားတဲ့ နည်းဗျူဟာကိုပဲ ကျင့်သုံးခဲ့တာပါ။

လီဗာပူးဘက်မှာ နည်းပြကလော့ပ်ဟာ ဗဟို နောက်ခံလူနေရာမှာ ဗန်ဒိုက်၊ ဂိုမက်ဇ်၊ မာတစ်တို့ မကစားနိုင်တဲ့အချိန်မှာ ဆယ်ကျော်သက်ကစားသမားလေး ဝီလျံကို ယုံယုံကြည်ကြည်ပွဲထုတ်ခဲ့ပြီး သူဟာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ထိန်းချုပ်ကစားသွားနိုင်တာ တွေ့ရပါတယ်။

ပွဲစကတည်းက ၂ သင်းစလုံး ခပ်သွက်သွက်ကစားသွားခဲ့ကြပြီး အပြန်အလှန် အခွင့်အရေးတွေလည်း ရခဲ့ပါတယ်။ ပထမပိုင်း ၂၆ မိနစ်မှာ ဆာလက်တစ် ယောက် နောက်ခံလူ ဒိုင်ယာ လူကပ်ထားတဲ့ကြားကနေ မရမကကန်သွင်းတဲ့ ဘောလုံးက ဒိုင်ယာရဲ့ခြေထောက်ကိုထိပြီး လမ်းကြောင်းပြောင်းဂိုးဝင်သွားခဲ့တဲ့ အတွက် လီဗာပူး ဦးဆောင်ဂိုးစရခဲ့တာပါ။

ဒါပေမဲ့ လီဗာပူးရဲ့ဦးဆောင်ဂိုးက ၇ မိနစ်ပဲခံပြီး ၃၃ မိနစ်မှာ ဆွန်ဟောင်မင်က လူကျွံဘောထောင်ချောက်ကနေ ပြေး ထွက်ပြီး ဂိုးသမားနဲ့တစ်ဦးချင်းအတွေ့မှာ အပိုင်ကန်သွင်းသွားခဲ့တဲ့အတွက် ပွဲက အရှိန်ပိုတက်သွားခဲ့ပါတယ်။ တစ်ဂိုးစီသရေဖြစ်သွားပြီးနောက်ပိုင်း မော်ရင်ဟိုက လီဗာပူးကို ဘောလုံးပေးကစားတဲ့ သူ့ရဲ့စနစ်ကို ပိုအသက်သွင်းခဲ့ပြီး သရေထိန်း နိုင်ဖို့ ကြိုးစားခဲ့တာပါ။

၂ သင်းစလုံး အနေအထားအရ စပါးဘက်က ဟယ်ရီကိန်း အပိုင်ခေါင်းတိုက်ချက်အပါအဝင် တိုင်ထိထွက်တာရှိသလို လီဗာပူးရဲ့ မာနေး ကန်ချက်ကလည်း ဘားတန်းထိထွက်သွားခဲ့တဲ့အတွက် အပြန်အလှန်အနေ အထားရှိခဲ့တာပါ။

မော်ရင်ဟို မှန်းထားတဲ့အတိုင်း သရေတစ်ပေါက် ထွက်လာဖို့ရှိ ပေမယ့် ကံကြမ္မာက လီဗာပူးဘက်မှာရှိသွားခဲ့ပြီး ပွဲပြီးခါနီးမှာ ဖာမီနိုရဲ့ခေါင်းတိုက် ချက် ဂိုးဝင်သွားခဲ့တာကြောင့် လီဗာပူးက အမှတ်ပေးဇယားထိပ်ဆုံးကို ဦးဆောင် ခွင့်ရသွားခဲ့ပြီး မော်ရင်ဟိုရဲ့နည်းဗျူဟာအစီအစဉ်ကို ဂျာဂင်ကလော့ပ် ဖျက်ဆီး နိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဖာမီႏိုရဲ႕ ေနာက္က်အႏိုင္ဂိုးေၾကာင့္ လီဗာပူး ထိပ္ဆုံးျပန္ေရာက္ၿပီး ေမာ္ရင္ဟိုရဲ႕ သေရမဟာဗ်ဴဟာ အန္ဖီးလ္မွာ အလုပ္မျဖစ္ခဲ့

ပရီးမီးယားလိဂ္ၾကားရက္ပြဲစဥ္မွာ ပရိသတ္စိတ္ဝင္စားမႈ အမ်ားဆုံးပြဲျဖစ္သလို ခ်န္ပီယံဆုအတြက္ ထိပ္ဆုံးေနရာမွာ အၿပိဳင္ျဖစ္ေနတဲ့ အန္ဖီးလ္အားၿပိဳင္ပြဲမွာ ေတာ့ လီဗာပူးက တိုက္စစ္မႉးဖာမီႏိုရဲ႕ ေနာက္ဆုံးမိနစ္သြင္းဂိုးနဲ႔ အႏိုင္ရသြားခဲ့ပါ တယ္။ ေမာ္ရင္ဟိုအေနနဲ႔ ဒီရာသီမွာ အသင္းႀကီးအခ်င္းခ်င္းေတြ႕ဆုံမႈမွာ ပထမ ဆုံးရႈံးပြဲႀကဳံသြားခဲ့တာျဖစ္ၿပီး အထိနာခဲ့တယ္လို႔ ဆိုရမွာပါ။ ဒီပြဲမွာ စပါးဟာ ေမာ္ရင္ဟိုရဲ႕ပုံစံအတိုင္း တန္ျပန္တိုက္စစ္အတြက္ပဲ ျပင္ဆင္ထားခဲ့ၿပီး မန္စီးတီး၊ အာဆင္နယ္တို႔ပြဲတုန္းကလို ၿပိဳင္ဘက္အသင္းကို ေဘာလုံးေပးကစားတဲ့ နည္းဗ်ဴဟာကိုပဲ က်င့္သုံးခဲ့တာပါ။

လီဗာပူးဘက္မွာ နည္းျပကေလာ့ပ္ဟာ ဗဟို ေနာက္ခံလူေနရာမွာ ဗန္ဒိုက္၊ ဂိုမက္ဇ္၊ မာတစ္တို႔ မကစားႏိုင္တဲ့အခ်ိန္မွာ ဆယ္ေက်ာ္သက္ကစားသမားေလး ဝီလ်ံကို ယုံယုံၾကည္ၾကည္ပြဲထုတ္ခဲ့ၿပီး သူဟာ စပါးတိုက္စစ္မႉး ဟယ္ရီကိန္းကို ထိန္းခ်ဳပ္ကစားသြားႏိုင္တာ ေတြ႕ရပါတယ္။ ပြဲစကတည္းက ၂ သင္းစလုံး ခပ္သြက္သြက္ကစားသြားခဲ့ၾကၿပီး အျပန္အလွန္ အခြင့္အေရးေတြလည္း ရခဲ့ပါတယ္။ ပထမပိုင္း ၂၆ မိနစ္မွာ ဆာလက္တစ္ ေယာက္ ေနာက္ခံလူ ဒိုင္ယာ လူကပ္ထားတဲ့ၾကားကေန မရမကကန္သြင္းတဲ့ ေဘာလုံးက ဒိုင္ယာရဲ႕ေျခေထာက္ကိုထိၿပီး လမ္းေၾကာင္းေျပာင္းဂိုးဝင္သြားခဲ့တဲ့ အတြက္ လီဗာပူး ဦးေဆာင္ဂိုးစရခဲ့တာပါ။

ဒါေပမဲ့ လီဗာပူးရဲ႕ဦးေဆာင္ဂိုးက ၇ မိနစ္ပဲခံၿပီး ၃၃ မိနစ္မွာ ဆြန္ေဟာင္မင္က လူကြၽံေဘာေထာင္ေခ်ာက္ကေန ေျပး ထြက္ၿပီး ဂိုးသမားနဲ႔တစ္ဦးခ်င္းအေတြ႕မွာ အပိုင္ကန္သြင္းသြားခဲ့တဲ့အတြက္ ပြဲက အရွိန္ပိုတက္သြားခဲ့ပါတယ္။ တစ္ဂိုးစီသေရျဖစ္သြားၿပီးေနာက္ပိုင္း ေမာ္ရင္ဟိုက လီဗာပူးကို ေဘာလုံးေပးကစားတဲ့ သူ႔ရဲ႕စနစ္ကို ပိုအသက္သြင္းခဲ့ၿပီး သေရထိန္း ႏိုင္ဖို႔ ႀကိဳးစားခဲ့တာပါ။ ၂ သင္းစလုံး အေနအထားအရ စပါးဘက္က ဟယ္ရီကိန္း အပိုင္ေခါင္းတိုက္ခ်က္အပါအဝင္ တိုင္ထိထြက္တာရွိသလို လီဗာပူးရဲ႕ မာေနး ကန္ခ်က္ကလည္း ဘားတန္းထိထြက္သြားခဲ့တဲ့အတြက္ အျပန္အလွန္အေန အထားရွိခဲ့တာပါ။

ေမာ္ရင္ဟို မွန္းထားတဲ့အတိုင္း သေရတစ္ေပါက္ ထြက္လာဖို႔ရွိ ေပမယ့္ ကံၾကမၼာက လီဗာပူးဘက္မွာရွိသြားခဲ့ၿပီး ပြဲၿပီးခါနီးမွာ ဖာမီႏိုရဲ႕ေခါင္းတိုက္ ခ်က္ ဂိုးဝင္သြားခဲ့တာေၾကာင့္ လီဗာပူးက အမွတ္ေပးဇယားထိပ္ဆုံးကို ဦးေဆာင္ ခြင့္ရသြားခဲ့ၿပီး ေမာ္ရင္ဟိုရဲ႕နည္းဗ်ဴဟာအစီအစဥ္ကို ဂ်ာဂင္ကေလာ့ပ္ ဖ်က္ဆီး ႏိုင္ခဲ့ပါတယ္။