
ဘာစီလိုနာလူငယ်ပါရမီရှင်ဂါဗီဟာဘောလုံးကစားတဲ့အခါ
ဖိနပ်ကြိုးမစည်းဘဲကစားလေ့ရှိပါတယ်။
အသက်၁၇နှစ်အရွယ်သာရှိသေးတဲ့ဂါဗီဟာဥရောပရဲ့အလားအလာအကောင်းဆုံး
လူငယ်ကွင်းလယ်ကစားသမားများထဲမှတစ်ဦးဖြစ်ပါတယ်။
သူနဲ့ပတ်သက်ပြီးထူးခြားချက်တွေထဲကတစ်ခုကတော့ပွဲကစားတဲ့အခါ
ဖိနပ်ကြိုးမစည်းဘဲကစားလေ့ရှိတာပါ။
ယနေ့မှာတော့သူဘာကြောင့် ဖိနပ်ကြိုးမစည်းဘဲကစားရသလဲဆိုတာ
လျို့ဝှက်ချက်ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။တကယ့်ကိုရိုးရိုးလေးပါ။
သူဟာဖိနပ်ကြိုးမစည်းတတ်မှုနဲ့အတူဖိနပ်ကြိုးမစည်းဘဲကစားလေ့ရှိတာပါ။
စပိန်ဂျာနယ်လစ်မာ့ခ်မာဘာပရက်က “ဂါဗီကငယ်ငယ်ကတည်းက
ဖိနပ်ကြိုးမစည်းဘဲကစားလာခဲ့တာပါ။ဘယ်လိုကြိုးချည်ရမလဲမသိလို့
ဒီလိုကစားလာတာပါ။သူကတော့ဂရုမစိုက်ပါဘူး။
ဒီလိုပဲကစားနေပါတယ်”လို့ပြောကြားသွားပါတယ်။
ဂါဗီကိုယခင်တုန်းကဘာစီလိုနာကစားဖော်တစ်ဦးဦးက
ဖိနပ်ကြိုးစည်းပေးလေ့ရှိပါတယ်။မကြာသေးမီတုန်းဂါဗီရဲ့ကစားဖော်
နီကိုဂွန်ဇာလက်ဇ်ဟာစပိန်လက်ရွေးစင်ကိုဖိနပ်ကြိုးစည်းပေးနေတဲ့ဓာတ်ပုံအား
အင်စတာဂရမ်မှာ တင်ကာ “သင်ယူရမယ့်အချိန်ရောက်လာပြီ”ဆိုပြီး
နောက်ပြောင်တင်ခဲ့ပါသေးတယ်။
ဂါဗီဟာယခုရာသီမှာဘာစီလိုနာအတွက်ပြိုင်ပွဲအရပ်ရပ်မှာ၂၁ပွဲအထိ
ကစားခွင့်ရရှိထားသူဖြစ်ပြီးစပိန်အသင်းတွင်လည်းပုံမှန်ကစားခွင့်ရနေပါတယ်။
ဘာစီလိုနာဟာဂါဗီကိုငါးနှစ်စာချုပ်သစ်ချုပ်ဆိုနိုင်ရေးကြိုးပမ်းနေပါတယ်။
ဂါဗီရဲ့လက်ရှိစာချုပ်မှာသူ့ကိုပေါင်၄၂.၆သန်းဖြင့်ခေါ်ယူနိုင်တဲ့အချက်ပါဝင်နေမှုကြောင့်
ဘာစီလိုနာအနေဖြင့်သူ့ကိုဆုံးရှုံးရရေးစိုးရိမ်နေရပါတယ်။
zawgyi
ဖိနပ္ႀကိဳးမစည္းတတ္မႈနဲ႔အတူ ဖိနပ္ႀကိဳးမစည္းဘဲကစားေလ့တဲ့ ဂါဗီ
ဘာစီလိုနာလူငယ္ပါရမီရွင္ဂါဗီဟာေဘာလုံးကစားတဲ့အခါ
ဖိနပ္ႀကိဳးမစည္းဘဲကစားေလ့ရွိပါတယ္။
အသက္၁၇ႏွစ္အ႐ြယ္သာရွိေသးတဲ့ဂါဗီဟာဥေရာပရဲ႕အလားအလာအေကာင္းဆုံး
လူငယ္ကြင္းလယ္ကစားသမားမ်ားထဲမွတစ္ဦးျဖစ္ပါတယ္။
သူနဲ႔ပတ္သက္ၿပီးထူးျခားခ်က္ေတြထဲကတစ္ခုကေတာ့ပြဲကစားတဲ့အခါ
ဖိနပ္ႀကိဳးမစည္းဘဲကစားေလ့ရွိတာပါ။ယေန႔မွာေတာ့သူဘာေၾကာင့္
ဖိနပ္ႀကိဳးမစည္းဘဲကစားရသလဲဆိုတာလ်ိဳ႕ဝွက္ခ်က္
ထြက္ေပၚလာခဲ့ၿပီျဖစ္ပါတယ္။တကယ့္ကို႐ိုး႐ိုးေလးပါ။
သူဟာဖိနပ္ႀကိဳးမစည္းတတ္မႈနဲ႔အတူဖိနပ္ႀကိဳးမစည္းဘဲကစားေလ့ရွိတာပါ။
စပိန္ဂ်ာနယ္လစ္မာ့ခ္မာဘာပရက္က “ဂါဗီကငယ္ငယ္ကတည္းက
ဖိနပ္ႀကိဳးမစည္းဘဲကစားလာခဲ့တာပါ။ဘယ္လိုႀကိဳးခ်ည္ရမလဲမသိလို႔
ဒီလိုကစားလာတာပါ။သူကေတာ့ဂ႐ုမစိုက္ပါဘူး။
ဒီလိုပဲကစားေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။
ဂါဗီကိုယခင္တုန္းကဘာစီလိုနာကစားေဖာ္တစ္ဦးဦးက
ဖိနပ္ႀကိဳးစည္းေပးေလ့ရွိပါတယ္။မၾကာေသးမီတုန္းဂါဗီရဲ႕ကစားေဖာ္
နီကိုဂြန္ဇာလက္ဇ္ဟာစပိန္လက္ေ႐ြးစင္ကိုဖိနပ္ႀကိဳးစည္းေပးေနတဲ့ဓာတ္ပုံအား
အင္စတာဂရမ္မွာ တင္ကာ “သင္ယူရမယ့္အခ်ိန္ေရာက္လာၿပီ”ဆိုၿပီး
ေနာက္ေျပာင္တင္ခဲ့ပါေသးတယ္။
ဂါဗီဟာယခုရာသီမွာဘာစီလိုနာအတြက္ၿပိဳင္ပြဲအရပ္ရပ္မွာ၂၁ပြဲအထိ
ကစားခြင့္ရရွိထားသူျဖစ္ၿပီးစပိန္အသင္းတြင္လည္းပုံမွန္ကစားခြင့္ရေနပါတယ္။
ဘာစီလိုနာဟာဂါဗီကိုငါးႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ေရးႀကိဳးပမ္းေနပါတယ္။
ဂါဗီရဲ႕လက္ရွိစာခ်ဳပ္မွာသူ႔ကိုေပါင္၄၂.၆သန္းျဖင့္ေခၚယူႏိုင္တဲ့အခ်က္ပါဝင္ေနမႈေၾကာင့္
ဘာစီလိုနာအေနျဖင့္သူ႔ကိုဆုံးရႈံးရေရးစိုးရိမ္ေနရပါတယ္။