ဖီဖာအကောင်းဆုံးဆုပေးရာမှာ ရော်နယ်ဒိုကို ချန်လှပ်ပြီး ပီအက်စ်ဂျီအတွဲကို မဲပေးခဲ့တဲ့ မက်ဆီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဖီဖာအကောင်းဆုံးဆုမဲပေးရာမှာတော့ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီဟာ ရော်နယ်ဒိုကို ချန်လှပ်ခဲ့ပြီး လီဝန်ဒေါစကီးကိုတော့ မဲပေးခဲ့ပါတယ်။
ဘိုင်ယန်အသင်းနဲ့အတူ ၂၀၁၉ -၂၀ ရာသီတုန်းက ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့တဲ့ လီဝန်ဒေါစကီးဟာ ပရိသတ်တွေ ၊ ဂျာနယ်လစ်တွေ ၊ နိုင်ငံအသင်းနည်းပြတွေ နဲ့ အသင်းခေါင်းဆောင်တွေရဲ့ရွေးချယ်မှုနဲ့အတူ ဇူးရစ်မှာ ကျင်းပခဲ့တဲ့ဆုပေးပွဲမှာ တစ်ဦးချင်းအကောင်းဆုံးဆုကို ရရှိခဲ့ပါတယ်။
ပိုလန်သားဟာ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်အသင်းအတွက် ၄၇ ပွဲမှာ ၅၅ ဂိုးအထိ သွင်းယူနိုင်ခဲ့သလို အသင်းနဲ့အတူ ဖလား ၃ လုံးချန်ပီယံဖြစ်ရေးမှာလည်း အဓိကနေရာကနေ ပါဝင်ခဲ့ပါတယ်။

အဆိုပါစွမ်းဆောင်ရည်တွေကြောင့် လီဝန်ဒေါစကီးဟာ ဆန်ခါတင် ၃ ယောက်စာရင်းမှာ မက်ဆီ နဲ့ ရော်နယ်ဒိုကိုကျော်ဖြတ်ပြီး ရရှိခဲ့တာဖြစ်ပါတယ်။
ကြာသပတေးနေ့ ဆုပေးပွဲမတိုင်ခင်မှာ ဖီဖာက ရွေးချယ်ရမယ့်ကစားသမားတွေရဲ့နောက်ဆုံးမဲပေးမှုကို ပရိသတ်တွေထံကနေ ကောက်ခံခဲ့ပါတယ်။
ဆုစာရင်းမှာတော့ ပြီးခဲ့တဲ့ရာသီက ဂျူဗင်တပ်စ်အသင်းကို ၉ ကြိမ်ဆက် စီးရီးအေချန်ပီယံဖြစ်စေခဲ့တဲ့ ရော်နယ်ဒိုအပြင် ၊ လီဝန်ဒေါစကီး ၊ မက်ဆီ ၊ မက်ပီတို့လည်း ပါဝင်ခဲ့ကြပါတယ်။

မက်ဆီကတော့ အပြီးသတ်ရွေးချယ်မှုမှာ ဘာစီလိုနာအသင်းဖော်ဟောင်း နေမာ နဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး မက်ပီ ၊ အဆုံးသတ်မှာတော့ လီဝန်ဒေါစကီးကို ရွေးချယ်ခဲ့ကာ ရော်နယ်ဒိုကို ချန်လှပ်ခဲ့ပါတယ်။
အဆိုပါပီအက်စ်ဂျီစတား ၂ ဦးဟာ ပြီးခဲ့တဲ့ရာသီက ပီအက်စ်ဂျီကို ချန်ပီယံလိဂ်ဖိုင်နယ်အထိ ရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။
အာဂျင်တီးနားသားရဲ့ ပီအက်စ်ဂျီစတား ၂ ဦးကို ရွေးချယ်မှုကြောင့် သတင်းတွေကလည်း မက်ဆီဟာ လာမယ့်နှစ်မှာ ပီအက်စ်ဂျီကိုပြောင်းဖွယ်ရှိနေတယ်လို့ သတင်းတွေက ပိုမိုကျယ်လောင်လာခဲ့ပါတယ်။

နေမာကလည်း မကြာသေးခင်တုန်းကမှ သူဟာ ဘာစီလိုနာအသင်းဖော်ဟောင်း မက်ဆီနဲ့အတူတွဲဖက်ကစားချင်တယ်လို့ ပြောကြားခဲ့ပြီး လိုအပ်ရင် သူ့နေရာကိုတောင် ပေးကစားနိုင်တယ်လို့ ဆိုထားခဲ့တာဖြစ်ပါတယ်။
အသက် ၃၃ နှစ်သားဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ဘာစီလိုနာကနေ ထွက်ခွာဖို့နီးစပ်ခဲ့ပေမယ့် ဥပဒေကြောင်းအရ ရင်ဆိုင်ရမှာဖြစ်တာကြောင့် ဆုံးဖြတ်ချက်ပြန်လည်ပြောင်းလဲခဲ့ပြီး ဘာစီလိုနာမှာ ဆက်နေခဲ့ပါတယ်။

မန်စီးတီး နဲ့ အင်တာတို့ကလည်း ပီအက်စ်ဂျီနဲ့အပြိုင် မက်ဆီကို ခေါ်ယူဖွယ်ရှိနေပါတယ်။ ဘာစီလိုစတားရဲ့စာချုပ်သက်တမ်းက ရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး နွေရာသီမှာ နူးကမ့်ကို ကြိမ်းသေစွန့်ခွာဖွယ်ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဖီဖာအေကာင္းဆံုးဆုေပးရာမွာ ေရာ္နယ္ဒိုကို ခ်န္လွပ္ျပီး ပီအက္စ္ဂ်ီအတြဲကို မဲေပးခဲ့တဲ့ မက္ဆီ
=======================

ဖီဖာအေကာင္းဆံုးဆုမဲေပးရာမွာေတာ့ ဘာစီလိုနာတိုက္စစ္မွဴး မက္ဆီဟာ ေရာ္နယ္ဒိုကို ခ်န္လွပ္ခဲ့ျပီး လီ၀န္ေဒါစကီးကိုေတာ့ မဲေပးခဲ့ပါတယ္။
ဘိုင္ယန္အသင္းနဲ႔အတူ ၂၀၁၉ -၂၀ ရာသီတုန္းက ေျခစြမ္းေကာင္းေတြျပသႏိုင္ခဲ့တဲ့ လီ၀န္ေဒါစကီးဟာ ပရိသတ္ေတြ ၊ ဂ်ာနယ္လစ္ေတြ ၊ ႏုိင္ငံအသင္းနည္းျပေတြ နဲ႔ အသင္းေခါင္းေဆာင္ေတြရဲ႕ေရြးခ်ယ္မႈနဲ႔အတူ ဇူးရစ္မွာ က်င္းပခဲ့တဲ့ဆုေပးပြဲမွာ တစ္ဦးခ်င္းအေကာင္းဆံုးဆုကို ရရွိခဲ့ပါတယ္။
ပိုလန္သားဟာ ျပီးခဲ့တဲ့ရာသီက ဘိုင္ယန္အသင္းအတြက္ ၄၇ ပြဲမွာ ၅၅ ဂိုးအထိ သြင္းယူႏုိင္ခဲ့သလို အသင္းနဲ႔အတူ ဖလား ၃ လံုးခ်န္ပီယံျဖစ္ေရးမွာလည္း အဓိကေနရာကေန ပါ၀င္ခဲ့ပါတယ္။
အဆိုပါစြမ္းေဆာင္ရည္ေတြေၾကာင့္ လီ၀န္ေဒါစကီးဟာ ဆန္ခါတင္ ၃ ေယာက္စာရင္းမွာ မက္ဆီ နဲ႔ ေရာ္နယ္ဒုိကုိေက်ာ္ျဖတ္ျပီး ရရွိခဲ့တာျဖစ္ပါတယ္။
ၾကာသပေတးေန႔ ဆုေပးပြဲမတိုင္ခင္မွာ ဖီဖာက ေရြးခ်ယ္ရမယ့္ကစားသမားေတြရဲ႕ေနာက္ဆံုးမဲေပးမႈကို ပရိသတ္ေတြထံကေန ေကာက္ခံခဲ့ပါတယ္။

ဆုစာရင္းမွာေတာ့ ျပီးခဲ့တဲ့ရာသီက ဂ်ဴဗင္တပ္စ္အသင္းကို ၉ ၾကိမ္ဆက္ စီးရီးေအခ်န္ပီယံျဖစ္ေစခဲ့တဲ့ ေရာ္နယ္ဒိုအျပင္ ၊ လီ၀န္ေဒါစကီး ၊ မက္ဆီ ၊ မက္ပီတို႔လည္း ပါ၀င္ခဲ့ၾကပါတယ္။
မက္ဆီကေတာ့ အျပီးသတ္ေရြးခ်ယ္မႈမွာ ဘာစီလိုနာအသင္းေဖာ္ေဟာင္း ေနမာ နဲ႔ ပီအက္စ္ဂ်ီတိုက္စစ္မွဴး မက္ပီ ၊ အဆံုးသတ္မွာေတာ့ လီ၀န္ေဒါစကီးကို ေရြးခ်ယ္ခဲ့ကာ ေရာ္နယ္ဒိုကို ခ်န္လွပ္ခဲ့ပါတယ္။
အဆိုပါပီအက္စ္ဂ်ီစတား ၂ ဦးဟာ ျပီးခဲ့တဲ့ရာသီက ပီအက္စ္ဂ်ီကို ခ်န္ပီယံလိဂ္ဖိုင္နယ္အထိ ေရာက္ေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။
အာဂ်င္တီးနားသားရဲ႕ ပီအက္စ္ဂ်ီစတား ၂ ဦးကို ေရြးခ်ယ္မႈေၾကာင့္ သတင္းေတြကလည္း မက္ဆီဟာ လာမယ့္ႏွစ္မွာ ပီအက္စ္ဂ်ီကိုေျပာင္းဖြယ္ရွိေနတယ္လုိ႔ သတင္းေတြက ပိုမိုက်ယ္ေလာင္လာခဲ့ပါတယ္။
ေနမာကလည္း မၾကာေသးခင္တုန္းကမွ သူဟာ ဘာစီလိုနာအသင္းေဖာ္ေဟာင္း မက္ဆီနဲ႔အတူတြဲဖက္ကစားခ်င္တယ္လို႔ ေျပာၾကားခဲ့ျပီး လိုအပ္ရင္ သူ႕ေနရာကိုေတာင္ ေပးကစားႏုိင္တယ္လို႔ ဆိုထားခဲ့တာျဖစ္ပါတယ္။

အသက္ ၃၃ ႏွစ္သားဟာ ျပီးခဲ့တဲ့ေႏြရာသီတုန္းက ဘာစီလိုနာကေန ထြက္ခြာဖို႔နီးစပ္ခဲ့ေပမယ့္ ဥပေဒေၾကာင္းအရ ရင္ဆုိင္ရမွာျဖစ္တာေၾကာင့္ ဆံုးျဖတ္ခ်က္ျပန္လည္ေျပာင္းလဲခဲ့ျပီး ဘာစီလိုနာမွာ ဆက္ေနခဲ့ပါတယ္။
မန္စီးတီး နဲ႔ အင္တာတို႔ကလည္း ပီအက္စ္ဂ်ီနဲ႔အျပိဳင္ မက္ဆီကို ေခၚယူဖြယ္ရွိေနပါတယ္။ ဘာစီလိုစတားရဲ႕စာခ်ဳပ္သက္တမ္းက ရာသီအကုန္မွာ ကုန္ဆံုးမွာျဖစ္ျပီး ေႏြရာသီမွာ ႏူးကမ့္ကို ၾကိမ္းေသစြန္႔ခြာဖြယ္ရွိေနပါတယ္။