ဖီဖာဥက္ကဋ္ဌ အင်ဖာတီနိုလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ လာဇီယိုကစားသမား ၉ ဦး ဗိုင်းရပ်စ်ပိုးတွေ့ရှိထားပြီး ဘရုဂျက်နဲ့ပွဲ မသေချာသေး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

တစ်ကမ္ဘာလုံးကို ဒုက္ခပေးနေတဲ့ ကိုရိုနာကိုဗစ်ဗိုင်းရပ်စ်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ် တုန်းက စီရော်နယ်ဒိုဆီကိုရောက်လာခဲ့ပြီး အခုတစ်ခါမှာတော့ ဖီဖာဥက္ကဋ္ဌ အင်ဖာ တီနိုဆီကို ရောက်သွားခဲ့ပါတယ်။

အခုဆိုရင် ဖီဖာဥက္ကဋ္ဌဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရပြီး အနည်းဆုံး ၁၀ ရက် Q ဝင်ရဖို့ရှိပါတယ်။

ဖီဖာရဲ့ တရားဝင် ထုတ်ပြန်ကြေညာချက်မှာ ဥက္ကဋ္ဌအနေနဲ့ ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဥက္ကဋ္ဌနဲ့ ဆက်ဆံပြောဆိုခဲ့တဲ့သူတွေအားလုံးကို အမြန်ဆုံးဆက် သွယ်ပေးဖို့နဲ့ ကိုယ့်ဘာသာ Q ဝင်မယ့်အစီအစဉ်ပြုလုပ်ဖို့ ကြေညာထားခဲ့ပါတယ်။

အင်ဖာတီနိုဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ လာမယ့် ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ ကို ပရိသတ်မပါဘဲကျင်းပဖို့မဖြစ်နိုင်ဘူးလို့ ပြောဆိုခဲ့တဲ့သူပါ။

အင်ဖာတီနိုက “ကို ရိုနာဗိုင်းရပ်စ်က ကမ္ဘာ့ကပ်ရောဂါဖြစ်ပြီး အခုဆိုရင် ဘောလုံးလောကကို အတော် လေးခြိမ်းခြောက်နေပါပြီ။

ဒုတိယကမ္ဘာစစ်အပြီး ဘောလုံးပွဲတွေကို အထိခိုက်ဆုံး ပြဿနာတစ်ခုဖြစ်နေတာပါ။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပရိသတ်တွေမပါဘဲ ကျင်းပရမယ်လို့တော့ ကျွန်တော်မထင်ပါဘူး” လို့ ပြောကြားသွားပါတယ်။

အခုဆို ရင် ဘောလုံးလောကက နာမည်ကြီးတွေဖြစ်တဲ့ အီဘရာဟီမိုဗစ်၊ စီရော်နယ်ဒို၊ ဒေးဗစ်မိုယက်စ်၊ အာတီတာတို့လည်း ဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုနဲ့ပတ်သက်ခဲ့တဲ့သူ တွေပါ။

ဥရောပမှာ တတိယလှိုင်းပုံစံမျိုး တစ်ကျော့ပြန်ခေါင်းထောင်လာတဲ့ ကိုရို နာဗိုင်းရပ်စ်ပြန့်ပွားတဲ့ကိစ္စကြောင့် ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်တဲ့ လာဇီယိုနဲ့ ဘရုဂျက်ပွဲ စဉ်ရဲ့အနေအထားက မရေမရာဖြစ်နေပါတယ်။

လာဇီယိုအသင်းမှာ အဓိကတိုက် စစ်မှူး အင်မိုဘိုင်းအပါအဝင် ကစားသမား ၉ ဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရ ပြီး ပထမအသင်းအနေနဲ့ ကစားသမား ၁၂ ဦးပဲ လေ့ကျင့်ခန်းဆင်းနေရပါတယ်။

အီတလီဟာ ဥရောပမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးဖြစ်ပွားမှုနှုန်းမြင့်မားတဲ့နိုင်ငံတစ်ခုဖြစ် ပြီး ပြီးခဲ့တဲ့စီးရီးအေပွဲစဉ်တုန်းကလည်း နာပိုလီကစားသမားတွေ ဗိုင်းရပ်စ်ကိစ္စ ကြောင့် ဂျူဗင်တပ်နဲ့ပွဲစဉ်ကို

ဒေသဆိုင်ရာကျန်းမာရေးအာဏာပိုင်တွေက သွား ရောက်ကစားခွင့်မပြုတဲ့အတွက် အရှုံးပေးခဲ့ရတဲ့ဖြစ်ရပ်ရှိခဲ့ဖူးပါတယ်။

ဒါကြောင့် လာဇီယိုရဲ့ ဘရုဂျက်နဲ့ချန်ပီယံလိဂ်ပွဲစဉ်ကလည်း ဘယ်လိုဖြစ်လာဦးမလဲဆိုတာ စောင့်ကြည့်ရမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဖီဖာဥကၠ႒ အင္ဖာတီႏိုလည္း ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရ

လာဇီယိုကစားသမား ၉ ဦး ဗိုင္းရပ္စ္ပိုးေတြ႕ရွိထားၿပီး ဘရုဂ်က္နဲ႔ပြဲ မေသခ်ာေသး

တစ္ကမာၻလံုးကို ဒုကၡေပးေနတဲ့ ကိုရိုနာကိုဗစ္ဗိုင္းရပ္စ္ဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္ တုန္းက စီေရာ္နယ္ဒုိဆီကိုေရာက္လာခဲ့ၿပီး အခုတစ္ခါမွာေတာ့ ဖီဖာဥကၠ႒ အင္ဖာ တီႏိုဆီကို ေရာက္သြားခဲ့ပါတယ္။
အခုဆိုရင္ ဖီဖာဥကၠ႒ဟာ ကိုရိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံေနရၿပီး အနည္းဆံုး ၁၀ ရက္ Q ၀င္ရဖို႔ရွိပါတယ္။

ဖီဖာရဲ႕ တရား၀င္ ထုတ္ျပန္ေၾကညာခ်က္မွာ ဥကၠ႒အေနနဲ႔ ဗိုင္းရပ္စ္ပိုးကူးစက္ခံထားရၿပီး ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္း ဥကၠ႒နဲ႔ ဆက္ဆံေျပာဆိုခဲ့တဲ့သူေတြအားလံုးကို အျမန္ဆံုးဆက္ သြယ္ေပးဖို႔နဲ႔ ကိုယ့္ဘာသာ Q ၀င္မယ့္အစီအစဥ္ျပဳလုပ္ဖို႔ ေၾကညာထားခဲ့ပါတယ္။

အင္ဖာတီႏိုဟာ ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ လာမယ့္ ၂၀၂၂ ကာတာကမာၻ႔ဖလားၿပိဳင္ပြဲ ကို ပရိသတ္မပါဘဲက်င္းပဖို႔မျဖစ္ႏိုင္ဘူးလို႔ ေျပာဆုိခဲ့တဲ့သူပါ။

အင္ဖာတီႏိုက “ကို ရိုနာဗိုင္းရပ္စ္က ကမာၻ႔ကပ္ေရာဂါျဖစ္ၿပီး အခုဆိုရင္ ေဘာလံုးေလာကကို အေတာ္ ေလးၿခိမ္းေျခာက္ေနပါၿပီ။

ဒုတိယကမာၻစစ္အၿပီး ေဘာလံုးပြဲေတြကို အထိခိုက္ဆံုး ျပႆနာတစ္ခုျဖစ္ေနတာပါ။

၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲကို ပရိသတ္ေတြမပါဘဲ က်င္းပရမယ္လို႔ေတာ့ ကၽြန္ေတာ္မထင္ပါဘူး” လို႔ ေျပာၾကားသြားပါတယ္။

အခုဆုိ ရင္ ေဘာလံုးေလာကက နာမည္ႀကီးေတြျဖစ္တဲ့ အီဘရာဟီမုိဗစ္၊ စီေရာ္နယ္ဒို၊ ေဒးဗစ္မိုယက္စ္၊ အာတီတာတို႔လည္း ဗိုင္းရပ္စ္ေရာဂါျဖစ္ပြားမႈနဲ႔ပတ္သက္ခဲ့တဲ့သူ ေတြပါ။

ဥေရာပမွာ တတိယလႈိင္းပံုစံမ်ဳိး တစ္ေက်ာ့ျပန္ေခါင္းေထာင္လာတဲ့ ကိုရို နာဗိုင္းရပ္စ္ျပန္႔ပြားတဲ့ကိစၥေၾကာင့္ ခ်န္ပီယံလိဂ္ပြဲစဥ္ျဖစ္တဲ့ လာဇီယိုနဲ႔ ဘရုဂ်က္ပြဲ စဥ္ရဲ႕အေနအထားက မေရမရာျဖစ္ေနပါတယ္။

လာဇီယိုအသင္းမွာ အဓိကတိုက္ စစ္မွဴး အင္မုိဘိုင္းအပါအ၀င္ ကစားသမား ၉ ဦး ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံထားရ ၿပီး ပထမအသင္းအေနနဲ႔ ကစားသမား ၁၂ ဦးပဲ ေလ့က်င့္ခန္းဆင္းေနရပါတယ္။

အီတလီဟာ ဥေရာပမွာ ကိုရိုနာဗိုင္းရပ္စ္ပိုးျဖစ္ပြားမႈႏႈန္းျမင့္မားတဲ့ႏိုင္ငံတစ္ခုျဖစ္ ၿပီး ၿပီးခဲ့တဲ့စီးရီးေအပြဲစဥ္တုန္းကလည္း နာပိုလီကစားသမားေတြ ဗိုင္းရပ္စ္ကိစၥ ေၾကာင့္ ဂ်ဴဗင္တပ္နဲ႔ပြဲစဥ္ကို ေဒသဆိုင္ရာက်န္းမာေရးအာဏာပိုင္ေတြက သြား ေရာက္ကစားခြင့္မျပဳတ့ဲအတြက္ အရႈံးေပးခဲ့ရတဲ့ျဖစ္ရပ္ရွိခဲ့ဖူးပါတယ္။

ဒါေၾကာင့္ လာဇီယိုရဲ႕ ဘရုဂ်က္နဲ႔ခ်န္ပီယံလိဂ္ပြဲစဥ္ကလည္း ဘယ္လုိျဖစ္လာဦးမလဲဆိုတာ ေစာင့္ၾကည့္ရမွာပါ။