
မန်ယူအသင်းရဲ့ လူငယ် ကစားသမား အာမက်ဟာ လက်ရှိမှာတော့
ဒဏ်ရာအခြေအနေက ပြန်လည်သက်သာလာပြီဖြစ်တာကြောင့် လာမယ့်
ဇန်နဝါရီမှာ အငှားထွက် ကစားဖို့ရှိနေပြီး ၎င်းကို ပြီးခဲ့တဲ့ နွေရာသီဈေးကွက်မှာ
ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ဖူးတဲ့ ဖီယင်နု အသင်းက နောက်တစ်ကြိမ်
ကြိုးစားလာဖွယ်ရှိနေပါတယ်။
အာမက်ဟာ နွေရာသီဈေးကွက် ပိတ်ခါနီးမှာ ဖီယင်နု အသင်းထံ ရောက်ရှိဖို့
သဘောတူညီရရှိတဲ့ အနေအထားထိဖြစ်ခဲ့ပေမယ့် ဒဏ်ရာ ရသွားခဲ့တာကြောင့်
အငှားထွက် ကစားမယ့်အခြေအနေနဲ့ လွဲချော်ခဲ့ရတာပါ။ ဒါပေမယ့် ဖီယင်နု
အသင်းဟာ အာမက်ကို လက်ရှိအချိန်အထိ စိတ်ဝင်စားနေဆဲဖြစ်ပြီး
လာမယ့် ဇန်နဝါရီ ဈေးကွက်မှာ အငှားနဲ့ ခေါ်ယူနိုင်ဖို့ ကြိုးစားလာနိုင်ဖွယ်ရှိပါတယ်။
ဒါ့အပြင် ချန်ပီယံရှစ် ကလပ်အသင်းဖြစ်တဲ့ ရှက်ဖီးယူနိုက်တက်အသင်းကလည်း
အာမက်ကို ခေါ်ယူဖို့စောင့်ကြည့်နေပြီး ဇန်နဝါရီ ဈေးကွက်အတွင်း
ချိတ်ဆက်မှု ပြုလာနိုင်ချေရှိနေပါတယ်။ အီတလီသတင်းထောက်
ဖာဘရီစီယို ရိုမာနို ရဲ့ ပြောဆိုမှုအရလည်း အာမက်ရဲ့ ကြံ့ခိုင်မှု အခြေအနေ
ကောင်းမွန်လာပြီးနောက်မှာ ၎င်းကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့
အသင်းပေါင်းများစွာရှိတယ်လို့ သိရပါတယ်။
zawgyi
ဖီယင္ႏုအသင္းက အငွားထြက္ ကစားဖို႔ရွိေနတဲ့ အာမက္ကို ေနာက္တစ္ႀကိမ္ ႀကိဳးစားလာဖြယ္ရွိ
မန္ယူအသင္းရဲ႕ လူငယ္ ကစားသမား အာမက္ဟာ လက္ရွိမွာေတာ့
ဒဏ္ရာအေျခအေနက ျပန္လည္သက္သာလာၿပီျဖစ္တာေၾကာင့္ လာမယ့္
ဇန္နဝါရီမွာ အငွားထြက္ ကစားဖို႔ရွိေနၿပီး ၎ကို ၿပီးခဲ့တဲ့ ေႏြရာသီေဈးကြက္မွာ
ေခၚယူဖို႔ ခ်ိတ္ဆက္ခဲ့ဖူးတဲ့ ဖီယင္ႏု အသင္းက ေနာက္တစ္ႀကိမ္
ႀကိဳးစားလာဖြယ္ရွိေနပါတယ္။
အာမက္ဟာ ေႏြရာသီေဈးကြက္ ပိတ္ခါနီးမွာ ဖီယင္ႏု အသင္းထံ ေရာက္ရွိဖို႔
သေဘာတူညီရရွိတဲ့ အေနအထားထိျဖစ္ခဲ့ေပမယ့္ ဒဏ္ရာ ရသြားခဲ့တာေၾကာင့္
အငွားထြက္ ကစားမယ့္အေျခအေနနဲ႔ လြဲေခ်ာ္ခဲ့ရတာပါ။ ဒါေပမယ့္ ဖီယင္ႏု
အသင္းဟာ အာမက္ကို လက္ရွိအခ်ိန္အထိ စိတ္ဝင္စားေနဆဲျဖစ္ၿပီး
လာမယ့္ ဇန္နဝါရီ ေဈးကြက္မွာ အငွားနဲ႔ ေခၚယူႏိုင္ဖို႔ ႀကိဳးစားလာႏိုင္ဖြယ္ရွိပါတယ္။
ဒါ့အျပင္ ခ်န္ပီယံရွစ္ ကလပ္အသင္းျဖစ္တဲ့ ရွက္ဖီးယူႏိုက္တက္အသင္းကလည္း
အာမက္ကို ေခၚယူဖို႔ေစာင့္ၾကည့္ေနၿပီး ဇန္နဝါရီ ေဈးကြက္အတြင္း
ခ်ိတ္ဆက္မႈ ျပဳလာႏိုင္ေခ်ရွိေနပါတယ္။ အီတလီသတင္းေထာက္
ဖာဘရီစီယို ႐ိုမာႏို ရဲ႕ ေျပာဆိုမႈအရလည္း အာမက္ရဲ႕ ႀကံ့ခိုင္မႈ အေျခအေန
ေကာင္းမြန္လာၿပီးေနာက္မွာ ၎ကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနတဲ့
အသင္းေပါင္းမ်ားစြာရွိတယ္လို႔ သိရပါတယ္။