
အဖြေရှာကြည့်မိတဲ့ စနေည စီးရီးအေ အမေးပုစ္ဆာ (ကောင်းပိုင်)
ဖီအိုရင်တီးနား vs ဆလာနီတာနာ
နောက်ဆုံး ၄ပွဲမှာ ၃ပွဲနိုင်ခဲ့တာမို့ ဖီအိုရင်တီးနား အဆင့်၆ ကိုတက်လာတယ်။
ဖီအိုရင်တီးနားဟာ လတ်တလောအိမ်ကွင်းရလဒ်အကောင်းဆုံးအသင်းလည်း
ဖြစ်နေပြီး ၄ ပွဲဆက်နိုင်ခဲ့ရာမှာ ၁ပွဲအနည်းဆုံး ၃ဂိုးသွင်းနိုင်ခဲ့တယ်။
ဗလာဟိုဗစ်၊ ဆာပိုနာရာ၊ ဂွန်ဇာလက်ဇ်တို့ဦးဆောင်တဲ့တိုက်စစ်က ဆလာနီတာနာ
ခံစစ်လောက်တော့ မှုစရာမရှိပါဘူး။ ဆလာနီတာနာက နောက်ဆုံး ၆ပွဲမှာ ၅ပွဲရှုံးခဲ့ပြီး
တိုက်စစ်ကလည်း ၁ဂိုးသာသွင်းနိုင်ခဲ့ပါတယ်။ စပီဇီယာနဲ့ဂျီနိုအာပြီးရင်လည်း
ဆလာနီတာနာခံစစ်ကအညံ့ဆုံးပါပဲ။ဖီအိုရင်တီးနား အနိုင်ပြတ်သားဖို့သေချာပါတယ်။
ရွေးချယ်မှု – ဖီအိုရင်တီးနား
ဗီနီဇီယာ vs ဂျူဗင်တပ်
၃ပွဲဆက်ရှုံးခဲ့တာမို့ ဗီနီဇီယာခြေစွမ်းပြန်ယိမ်းယိုင်သွားတာအထင်အရှားပါပဲ။
အဲဒီ ၃ပွဲမှာ ၁၀ဂိုးပေးခဲ့ရပြီး ဗီရိုနာနဲ့အိမ်ကွင်းပွဲမှာဆိုရင် ပထမပိုင်း ၃ဂိုးပြတ်
နိုင်နေပြီးမှ ဒုတိယပိုင်းမှာ ၄ဂိုးပြန်ပေးရပြီး ရှုံးချက်နာခဲ့တာပါ။ ဂျူဗင်တပ်က
ပြိုင်ပွဲစုံ ၃ပွဲဆက်ပေးဂိုးမရှိနိုင်ပြီး လမ်းကြောင်းမှန်ပေါ်ပြန်ရောက်စပြုလာပါပြီ။
ဂျူဗင်တပ်တိုက်စစ်က ထိပ်ဆုံး ၁၂သင်းထဲမှာအားအနည်းဆုံးဆိုပေမယ့်
အသင်းငယ်လေးတွေရဲ့ခံစစ်ကိုဖြတ်ကျော်ဂိုးသွင်းဖို့တော့လုံလောက်ပါတယ်။
ဆလာနီတာနာနဲ့ လာဇီယိုကွင်းတုန်းကလို ဂျူဗင်တပ် ၂ဂိုးပြတ်နိုင်ဦးမှာပါ။
ရွေးချယ်မှု – ဂျူဗင်တပ်
အူဒီးနီးစ် vs အေစီမီလန်
အမ်ပိုလီကိုရှုံးခဲ့တဲ့ပွဲအပြီး အူဒီးနီးစ်နည်းပြဂေါ့တီအထုတ်ခံလိုက်ရပါပြီ။
ဒါကြောင့် ဒီပွဲကို ယာယီနည်းပြနဲ့ ပွဲထွက်လာမှာပါ။ အူဒီးနီးစ်ဟာ ဂေါ့တီ
လက်ထက်မှာကတည်းက အိမ်ကွင်းအညံ့ကြီးမဟုတ်ဘဲ ၄ပွဲဆက်ရှုံးပွဲမရှိခဲ့ပါဘူး။
အေစီမီလန်ကတော့ ဥရောပစွန့်စားခန်း အဆုံးသတ်သွားပေမယ့်စီးရီးအေမှာ
ထိပ်ဆုံးကဦးဆောင်နေပါတယ်။ စီးရီးအေပွဲတွေဆိုရင် အေစီမီလန်ခြေပိုတွေ့
တတ်သလို နောက်ဆုံးအဝေးကွင်း ၆ပွဲမှာလည်း ၅ပွဲနိုင်ခဲ့ပါတယ်။ ဒါပေမဲ့
အဆင့်၁၅မှာရပ်တည်နေတဲ့အသင်းကို ထိပ်ဆုံးအသင်းက သရေအရှုံးပဲ
ပေးထားရတာကတော့ ပျော့လွန်းပါတယ်။ အူဒီးနီးစ်ရဲ့အိမ်ကွင်းစွမ်းဆောင်ရည်ကို
အရဲစွန့်ယုံကြည်လိုက်ပါ။
ရွေးချယ်မှု – အူဒီးနီးစ်
Zawgyi
အေျဖရွာၾကည့္မိတဲ့ စေနည စီးရီးေအ အေမးပုစာၦ (ေကာင္းပိုင္)
ဖီအိုရင္တီးနား ဆလာနီတာနာ
ေနာက္ဆုံး ၄ပြဲမွာ ၃ပြဲႏိုင္ခဲ့တာမို႔ ဖီအိုရင္တီးနား အဆင့္၆ ကိုတက္လာတယ္။
ဖီအိုရင္တီးနားဟာ လတ္တေလာအိမ္ကြင္းရလဒ္အေကာင္းဆုံးအသင္းလည္း
ျဖစ္ေနၿပီး ၄ ပြဲဆက္ႏိုင္ခဲ့ရာမွာ ၁ပြဲအနည္းဆုံး ၃ဂိုးသြင္းႏိုင္ခဲ့တယ္။
ဗလာဟိုဗစ္၊ ဆာပိုနာရာ၊ ဂြန္ဇာလက္ဇ္တို႔ဦးေဆာင္တဲ့တိုက္စစ္က ဆလာနီတာနာ
ခံစစ္ေလာက္ေတာ့ မႈစရာမရွိပါဘူး။ ဆလာနီတာနာက ေနာက္ဆုံး ၆ပြဲမွာ ၅ပြဲရႈံးခဲ့ၿပီး
တိုက္စစ္ကလည္း ၁ဂိုးသာသြင္းႏိုင္ခဲ့ပါတယ္။ စပီဇီယာနဲ႔ဂ်ီႏိုအာၿပီးရင္လည္း
ဆလာနီတာနာခံစစ္ကအညံ့ဆုံးပါပဲ။ဖီအိုရင္တီးနား အႏိုင္ျပတ္သားဖို႔ေသခ်ာပါတယ္။
ေ႐ြးခ်ယ္မႈ – ဖီအိုရင္တီးနား
ဗီနီဇီယာ ဂ်ဴဗင္တပ္
၃ပြဲဆက္ရႈံးခဲ့တာမို႔ ဗီနီဇီယာေျခစြမ္းျပန္ယိမ္းယိုင္သြားတာအထင္အရွားပါပဲ။
အဲဒီ ၃ပြဲမွာ ၁၀ဂိုးေပးခဲ့ရၿပီး ဗီ႐ိုနာနဲ႔အိမ္ကြင္းပြဲမွာဆိုရင္ ပထမပိုင္း ၃ဂိုးျပတ္
ႏိုင္ေနၿပီးမွ ဒုတိယပိုင္းမွာ ၄ဂိုးျပန္ေပးရၿပီး ရႈံးခ်က္နာခဲ့တာပါ။ ဂ်ဴဗင္တပ္က
ၿပိဳင္ပြဲစုံ ၃ပြဲဆက္ေပးဂိုးမရွိႏိုင္ၿပီး လမ္းေၾကာင္းမွန္ေပၚျပန္ေရာက္စျပဳလာပါၿပီ။
ဂ်ဴဗင္တပ္တိုက္စစ္က ထိပ္ဆုံး ၁၂သင္းထဲမွာအားအနည္းဆုံးဆိုေပမယ့္
အသင္းငယ္ေလးေတြရဲ႕ခံစစ္ကိုျဖတ္ေက်ာ္ဂိုးသြင္းဖို႔ေတာ့လုံေလာက္ပါတယ္။
ဆလာနီတာနာနဲ႔ လာဇီယိုကြင္းတုန္းကလို ဂ်ဴဗင္တပ္ ၂ဂိုးျပတ္ႏိုင္ဦးမွာပါ။
ေ႐ြးခ်ယ္မႈ – ဂ်ဴဗင္တပ္
အူဒီးနီးစ္ ေအစီမီလန္
အမ္ပိုလီကိုရႈံးခဲ့တဲ့ပြဲအၿပီး အူဒီးနီးစ္နည္းျပေဂါ့တီအထုတ္ခံလိုက္ရပါၿပီ။
ဒါေၾကာင့္ ဒီပြဲကို ယာယီနည္းျပနဲ႔ ပြဲထြက္လာမွာပါ။ အူဒီးနီးစ္ဟာ ေဂါ့တီ
လက္ထက္မွာကတည္းက အိမ္ကြင္းအညံ့ႀကီးမဟုတ္ဘဲ ၄ပြဲဆက္ရႈံးပြဲမရွိခဲ့ပါဘူး။
ေအစီမီလန္ကေတာ့ ဥေရာပစြန႔္စားခန္း အဆုံးသတ္သြားေပမယ့္စီးရီးေအမွာ
ထိပ္ဆုံးကဦးေဆာင္ေနပါတယ္။ စီးရီးေအပြဲေတြဆိုရင္ ေအစီမီလန္ေျခပိုေတြ႕
တတ္သလို ေနာက္ဆုံးအေဝးကြင္း ၆ပြဲမွာလည္း ၅ပြဲႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့
အဆင့္၁၅မွာရပ္တည္ေနတဲ့အသင္းကို ထိပ္ဆုံးအသင္းက သေရအရႈံးပဲ
ေပးထားရတာကေတာ့ ေပ်ာ့လြန္းပါတယ္။ အူဒီးနီးစ္ရဲ႕အိမ္ကြင္းစြမ္းေဆာင္ရည္ကို
အရဲစြန႔္ယုံၾကည္လိုက္ပါ။
ေ႐ြးခ်ယ္မႈ – အူဒီးနီးစ္