ဖူလ်ဟမ်ကိုသရေကျခဲ့ပြီး စပါးကို ကျော်တက်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရတဲ့ လီဗာပူး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အစောပိုင်းပွဲစဉ်မှာ စပါးအသင်းက ပဲလေ့စ်အသင်းကို မထင်မှတ်ဘဲ သရေကျသွားခဲ့တာကို နောက်မှကစားရတဲ့ လီဗာပူးက ဖူလ်ဟမ်ကို အနိုင်မရခဲ့တဲ့ အတွက် အမှတ်ပေးဇယားထိပ်ဆုံးကို တက်ရောက်ခွင့်ဆုံးရှုံးသွားခဲ့ပါတယ်။ လီဗာပူးဟာ ဖူလ်ဟမ်ကိုနိုင်လိုက်ရင် အမှတ်ပေးဇယားကို ဦးဆောင်နိုင်မှာဖြစ်သ လို လာမယ့်ကြားရက်မှာ စပါးအသင်းနဲ့ ထိပ်တိုက်တွေ့မယ့်ပွဲအတွက်လည်း အသာစီးရခဲ့မှာဖြစ်ပါတယ်။

ဖူလ်ဟမ်ကတော့ ဒီနှစ်ပွဲမှာ မထင်မှတ်လောက်အောင် ကစားပုံကောင်းနေခဲ့ပြီး လီဗာပူးကို ရှိန်မနေဘဲ ပွဲစ ကတည်းက တိုက်စစ်ဖွင့်ကစားသွားခဲ့တာပါ။ လန်ဒန်မှာ ပရိသတ်တွေကို ဦးရေ ၂၀၀၀ အထိ ကွင်းထဲကိုခွင့်ပြုထားပြီဖြစ်တဲ့အတွက် အိမ်ရှင်ပရိသတ်တွေရဲ့ အားပေးမှုကလည်း ဖူလ်ဟမ်ကို ပိုပြီးအားတက်စေခဲ့တာပါ။

အိမ်ရှင်အသင်းအတွက် ဦးဆောင်ဂိုးကို ပထမပိုင်း ၂၅ မိနစ်မှာကတည်းက ထောင့်ကန်ဘောကနေ ပြန်လျှံထွက်လာတဲ့ဘောလုံးကို လွတ်ခ်မန်းက မျှောပေး တာကနေ လူကပ်ထားခြင်းမခံရတဲ့ ရိဒ်က ထောင့်ဖြတ်အနေအထားနဲ့ လှလှပပ ကန်သွင်းခဲ့တာလည်း ဖြစ်ပါတယ်။

ဒီကန်ချက်က သေသပ်ကောင်းမွန်ခဲ့ပြီး လီဗာပူးဂိုးသမား အယ်လစ်ဆန် ဘယ်လိုမှမကာကွယ်နိုင်ခဲ့ပါဘူး။ ဒီပွဲမှာ လီဗာပူးဟာ ချေပဂိုးရလိုဇောနဲ့ တက်ဖိခဲ့ပေမယ့်လည်း ဖူလ်ဟမ်က တန်ပြန်ခြိမ်းခြောက်မှုတွေ နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဒုတိယပိုင်းမှာ ချေပဂိုးရဖို့အတွက် ကလော့ပ်ဟာ အသင်း ကို ပိုမိုဖိအားပေးကစားတဲ့ပုံစံမျိုး အသုံးပြုခဲ့ပေမယ့်လည်း ဖူလ်ဟမ်ဘက်ကို ထိရောက်တဲ့အပိုင်ကန်သွင်းခွင့်တော့ မရခဲ့ပါဘူး။

ဒုတိယပိုင်းစကတည်းက နောက်ခံလူ မာတစ်နေရာမှာ မီနာမီနိုကိုထည့်ပြီး လီဗာပူးတိုက်စစ်မြှင့်ခဲ့ပေမယ့် ချေပဂိုးကို ၇၉ မိနစ်ကျမှ ဆာလက်က ပင်နယ်တီကတစ်ဆင့် သွင်းယူပေးနိုင်ခဲ့ တာပါ။

ဂျိုတာ ဒဏ်ရာရနေတဲ့အတွက် ပွဲပြီးခါနီးမှာ ဆာလက်အစား အိုရီဂီ ဝင်ရောက်ကစားသွားခဲ့ပြီး နိုင်ပွဲရဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ သရေနဲ့သာ ပြီးဆုံးသွားခဲ့ ပါတယ်။

ဖူလ်ဟမ်အတွက်ကတော့ အဖိုးတန်တဲ့ တစ်မှတ်ဖြစ်ပြီး လီဗာပူးအတွက်ကတော့ အရမ်းကိုနစ်နာခဲ့ရတယ်လို့ ဆိုနိုင်ပါ တယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဖူလ္ဟမ္ကိုသေရက်ခဲ့ၿပီး စပါးကို ေက်ာ္တက္ႏိုင္မယ့္ အခြင့္အေရးကို လက္လႊတ္ခဲ့ရတဲ့ လီဗာပူး

အေစာပိုင္းပြဲစဥ္မွာ စပါးအသင္းက ပဲေလ့စ္အသင္းကို မထင္မွတ္ဘဲ သေရက်သြားခဲ့တာကို ေနာက္မွကစားရတဲ့ လီဗာပူးက ဖူလ္ဟမ္ကို အႏိုင္မရခဲ့တဲ့ အတြက္ အမွတ္ေပးဇယားထိပ္ဆံုးကို တက္ေရာက္ခြင့္ဆံုးရႈံးသြားခဲ့ပါတယ္။ လီဗာပူးဟာ ဖူလ္ဟမ္ကိုႏိုင္လိုက္ရင္ အမွတ္ေပးဇယားကို ဦးေဆာင္ႏိုင္မွာျဖစ္သ လို လာမယ့္ၾကားရက္မွာ စပါးအသင္းနဲ႔ ထိပ္တိုက္ေတြ႕မယ့္ပြဲအတြက္လည္း အသာစီးရခဲ့မွာျဖစ္ပါတယ္။ ဖူလ္ဟမ္ကေတာ့ ဒီႏွစ္ပြဲမွာ မထင္မွတ္ေလာက္ေအာင္ ကစားပံုေကာင္းေနခဲ့ၿပီး လီဗာပူးကို ရွိန္မေနဘဲ ပြဲစ ကတည္းက တိုက္စစ္ဖြင့္ကစားသြားခဲ့တာပါ။ လန္ဒန္မွာ ပရိသတ္ေတြကို ဦးေရ ၂၀၀၀ အထိ ကြင္းထဲကိုခြင့္ျပဳထားၿပီျဖစ္တဲ့အတြက္ အိမ္ရွင္ပရိသတ္ေတြရဲ႕ အားေပးမႈကလည္း ဖူလ္ဟမ္ကို ပိုၿပီးအားတက္ေစခဲ့တာပါ။

အိမ္ရွင္အသင္းအတြက္ ဦးေဆာင္ဂိုးကို ပထမပိုင္း ၂၅ မိနစ္မွာကတည္းက ေထာင့္ကန္ေဘာကေန ျပန္လွ်ံထြက္လာတဲ့ေဘာလံုးကို လြတ္ခ္မန္းက ေမွ်ာေပး တာကေန လူကပ္ထားျခင္းမခံရတဲ့ ရိဒ္က ေထာင့္ျဖတ္အေနအထားနဲ႔ လွလွပပ ကန္သြင္းခဲ့တာလည္း ျဖစ္ပါတယ္။ ဒီကန္ခ်က္က ေသသပ္ေကာင္းမြန္ခဲ့ၿပီး လီဗာပူးဂိုးသမား အယ္လစ္ဆန္ ဘယ္လုိမွမကာကြယ္ႏိုင္ခဲ့ပါဘူး။ ဒီပြဲမွာ လီဗာပူးဟာ ေခ်ပဂိုးရလိုေဇာနဲ႔ တက္ဖိခဲ့ေပမယ့္လည္း ဖူလ္ဟမ္က တန္ျပန္ၿခိမ္းေျခာက္မႈေတြ နဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။

ဒုတိယပိုင္းမွာ ေခ်ပဂိုးရဖို႔အတြက္ ကေလာ့ပ္ဟာ အသင္း ကို ပိုမိုဖိအားေပးကစားတဲ့ပံုစံမ်ဳိး အသံုးျပဳခဲ့ေပမယ့္လည္း ဖူလ္ဟမ္ဘက္ကို ထိေရာက္တဲ့အပိုင္ကန္သြင္းခြင့္ေတာ့ မရခဲ့ပါဘူး။ ဒုတိယပိုင္းစကတည္းက ေနာက္ခံလူ မာတစ္ေနရာမွာ မီနာမီႏိုကိုထည့္ၿပီး လီဗာပူးတိုက္စစ္ျမွင့္ခဲ့ေပမယ့္ ေခ်ပဂိုးကို ၇၉ မိနစ္က်မွ ဆာလက္က ပင္နယ္တီကတစ္ဆင့္ သြင္းယူေပးႏိုင္ခဲ့ တာပါ။ ဂ်ဳိတာ ဒဏ္ရာရေနတဲ့အတြက္ ပြဲၿပီးခါနီးမွာ ဆာလက္အစား အိုရီဂီ ၀င္ေရာက္ကစားသြားခဲ့ၿပီး ႏိုင္ပြဲရဖို႔ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ဘဲ သေရနဲ႔သာ ၿပီးဆံုးသြားခဲ့ ပါတယ္။ ဖူလ္ဟမ္အတြက္ကေတာ့ အဖိုးတန္တဲ့ တစ္မွတ္ျဖစ္ၿပီး လီဗာပူးအတြက္ကေတာ့ အရမ္းကိုနစ္နာခဲ့ရတယ္လို႔ ဆုိႏိုင္ပါ တယ္။