ဖူလ်ဟမ်မှာ ကိုဗစ်ပိုးတွေ့နှုန်း မြင့်မားနေလို့ ဘန်လေနဲ့ပွဲကိုပါ ထပ်မံရွှေ့ဆိုင်းလိုက်ရ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဖူလ်ဟမ်အသင်းမှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုနှုန်း မြင့်တက်နေတာကြောင့် တနင်္ဂနွေနေ့မှာ ဘန်လေနဲ့ကစားဖို့ စီစဉ်ထားတဲ့ ပရီးမီးယားလိဂ်ပွဲကို ရွှေ့ဆိုင်းလိုက်ရကြောင်း သိရပါတယ်။


ဖူလ်ဟမ်အသင်းရဲ့ ထရိန်နင်ကွင်းမှာ ကိုဗစ်ဗိုင်းရပ်စ် Outbreak ဖြစ်သွားပြီးနောက် ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ ကစားဖို့ စီစဉ်ထားတဲ့ စပါးနဲ့ဖူလ်ဟမ်အသင်းတို့ရဲ့ပွဲကို ပွဲချိန်မရောက်ခင် နာရီပိုင်းအလိုကျမှ ရွှေ့ဆိုင်းလိုက်ရပြီး ယခုတစ်ပတ်အစောပိုင်းက ဖူလ်ဟမ်အသင်မှာ ကိုဗစ်ပိုးတွေ့သူအရေအတွက် ပိုများလာတာကြောင့် တနင်္ဂနွေနေ့ည ၆နာရီခွဲမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဘန်လေ-ဖူလ်ဟမ်ပွဲကို တရားဝင်ရွှေ့ဆိုင်းလိုက်တာဖြစ်ပါတယ်။


ဖူလ်ဟမ်အသင်းဟာ ဒေသစံတော်ချိန် ယနေ့နံနက်ပိုင်းမှာ ထရိန်နင်ဆင်းပြီး နေ့လယ်ပိုင်းမှာ ဘန်လေကို ခရီးထွက်ခွာဖို့ စီစဉ်ထားပေမယ့် အုတော့ Motspur Park ထရိန်နင်စင်တာကို မသွားဖို့ ညွန်ကြားချက်ထွက်ပေါ်လာပါတယ်။

ဖူလ်ဟမ်အသင်းနည်းပြ စကော့ပါကားကလည်း သူ့အိမ်သားတစ်ဦး ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရလို့ ဆောက်သမ်တန်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ဘောက်ဆင်ဒေးပွဲကို လွဲချော်ခဲ့ရပါတယ်။


ဘန်လေ-ဖူလ်ဟမ်ပွဲက ယခုရာသီမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေ့ဆိုင်းရတဲ့ စတုတ္ထမြောက်ပရီးမီးယားလိဂ်ပွဲဖြစ်လာပြီး စပါး-ဖူလ်ဟမ်၊ အက်စတွန်ဗီလာ – နယူးကာဆယ်ပွဲနဲ့ အဲဗာတန် – မန်စီးတီးပွဲတွေဖြစ်ပါတယ်။


ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ”ဒီမနက်(စနေမနက်)မှာပြုလုပ်ခဲ့တဲ့ ပရီးမီးယားလိဂ်ဘုတ်အဖွဲ့ရဲ့အစည်းအဝေးမှာ ချမှတ်ခဲ့တဲ့ဆုံးဖြတ်ချက်အရ ဘန်လေ – ဖူလ်ဟမ်ပွဲကို ရွှေ့ဆိုင်းလိုက်ပါတယ်။ စပါး-ဖူလ်ဟမ်ပွဲကို ရွှေ့ဆိုင်းလိုက်ပြီးနောက် ဖူလ်ဟမ်အသင်းသားတွေကို ပြန်လည်ဆေးစစ်ခဲ့ရာမှာ ဒီမနက်ဆေးစစ်ချက်အဖြေတွေအရ နောက်ထပ်ပိုးတွေ့သူတွေ မြင့်တက်လာပါတယ်”


”ဘန်လေနဲ့ပွဲကို ပြန်လည်စီစဉ်ပေးဖို့ ဖူလ်ဟမ်အသင်းက တောင်းဆိုလာပြီးနောက် ပရီးမီးယားလိဂ်ဘုတ်အဖွဲ့က ဆေးဘက်ဆိုင်ရာက အကြံဉာဏ်တွေရယူပြီး အဲဒီပွဲကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာပါ။ ကစားသမားတွေနဲ့ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးက အရေးကြီးဆုံးပါ”လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။


”မကြာသေးခင်ကမှ ပြုလုပ်ခဲ့တဲ့ စစ်ဆေးမှုတွေအရ Positive သမားတွေ ပိုများလာလို့ ဘန်လေနဲ့ပွဲကို ရွှေ့ဆိုင်းလိုက်ပါတယ်။ Positive တွေ့သူတွေလည်း ဗြိတိန်အစိုးရနဲ့ ပရီးမီးယားလိဂ်ရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ ကွာရန်တင်းဝင်နေပါတယ်”လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဖူလ္ဟမ္မွာ ကုိဗစ္ပိုးေတြ႕ႏႈန္း ျမင့္မားေနလုိ႔ ဘန္ေလနဲ႔ပြဲကိုပါ ထပ္မံေရႊ႕ဆုိင္းလုိက္ရ

ဖူလ္ဟမ္အသင္းမွာ ကို႐ိုနာဗုိင္းရပ္စ္ျဖစ္ပြားမႈႏႈန္း ျမင့္တက္ေနတာေၾကာင့္ တနဂၤေႏြေန႔မွာ ဘန္ေလနဲ႔ကစားဖို႔ စီစဥ္ထားတဲ့ ပရီးမီးယားလိဂ္ပဲြကို ေရႊ႕ဆုိင္းလုိက္ရေၾကာင္း သိရပါတယ္။ ဖူလ္ဟမ္အသင္းရဲ႕ ထရိန္နင္ကြင္းမွာ ကုိဗစ္ဗုိင္းရပ္စ္ Outbreak ျဖစ္သြားၿပီးေနာက္ ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔မွာ ကစားဖို႔ စီစဥ္ထားတဲ့ စပါးနဲ႔ဖူလ္ဟမ္အသင္းတုိ႔ရဲ႕ပြဲကို ပြဲခ်ိန္မေရာက္ခင္ နာရီပိုင္းအလုိက်မွ ေရႊ႕ဆုိင္းလုိက္ရၿပီး ယခုတစ္ပတ္အေစာပိုင္းက ဖူလ္ဟမ္အသင္မွာ ကိုဗစ္ပိုးေတြ႕သူအေရအတြက္ ပိုမ်ားလာတာေၾကာင့္ တနဂၤေႏြေန႔ည ၆နာရီခြဲမွာ က်င္းပဖို႔ စီစဥ္ထားတဲ့ ဘန္ေလ-ဖူလ္ဟမ္ပြဲကို တရား၀င္ေရႊ႕ဆုိင္းလုိက္တာျဖစ္ပါတယ္။

ဖူလ္ဟမ္အသင္းဟာ ေဒသစံေတာ္ခ်ိန္ ယေန႔နံနက္ပိုင္းမွာ ထရိန္နင္ဆင္းၿပီး ေန႔လယ္ပိုင္းမွာ ဘန္ေလကို ခရီးထြက္ခြာဖို႔ စီစဥ္ထားေပမယ့္ အုေတာ့ Motspur Park ထရိန္နင္စင္တာကို မသြားဖုိ႔ ညြန္ၾကားခ်က္ထြက္ေပၚလာပါတယ္။ ဖူလ္ဟမ္အသင္းနည္းျပ စေကာ့ပါကားကလည္း သူ႕အိမ္သားတစ္ဦး ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံခဲ့ရလုိ႔ ေဆာက္သမ္တန္နဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ ေဘာက္ဆင္ေဒးပြဲကို လြဲေခ်ာ္ခဲ့ရပါတယ္။ ဘန္ေလ-ဖူလ္ဟမ္ပဲြက ယခုရာသီမွာ ကို႐ိုနာဗုိင္းရပ္စ္ေၾကာင့္ ေရႊ႕ဆုိင္းရတဲ့ စတုတၳေျမာက္ပရီးမီးယားလိဂ္ပြဲျဖစ္လာၿပီး စပါး-ဖူလ္ဟမ္၊ အက္စတြန္ဗီလာ – နယူးကာဆယ္ပဲြနဲ႔ အဲဗာတန္ – မန္စီးတီးပြဲေတြျဖစ္ပါတယ္။

ပရီးမီးယားလိဂ္အဖြဲ႕ခ်ဳပ္က ”ဒီမနက္(စေနမနက္)မွာျပဳလုပ္ခဲ့တဲ့ ပရီးမီးယားလိဂ္ဘုတ္အဖြဲ႕ရဲ႕အစည္းအေ၀းမွာ ခ်မွတ္ခဲ့တဲ့ဆုံးျဖတ္ခ်က္အရ ဘန္ေလ – ဖူလ္ဟမ္ပြဲကို ေရႊ႕ဆုိင္းလုိက္ပါတယ္။ စပါး-ဖူလ္ဟမ္ပြဲကို ေရႊ႕ဆုိင္းလုိက္ၿပီးေနာက္ ဖူလ္ဟမ္အသင္းသားေတြကို ျပန္လည္ေဆးစစ္ခဲ့ရာမွာ ဒီမနက္ေဆးစစ္ခ်က္အေျဖေတြအရ ေနာက္ထပ္ပိုးေတြ႕သူေတြ ျမင့္တက္လာပါတယ္”

”ဘန္ေလနဲ႔ပြဲကို ျပန္လည္စီစဥ္ေပးဖုိ႔ ဖူလ္ဟမ္အသင္းက ေတာင္းဆုိလာၿပီးေနာက္ ပရီးမီးယားလိဂ္ဘုတ္အဖြဲ႕က ေဆးဘက္ဆုိင္ရာက အႀကံဉာဏ္ေတြရယူၿပီး အဲဒီပြဲကို ေရႊ႕ဆုိင္းဖို႔ ဆုံးျဖတ္လုိက္တာပါ။ ကစားသမားေတြနဲ႔ ၀န္ထမ္းေတြရဲ႕ က်န္းမာေရးက အေရးႀကီးဆုံးပါ”လုိ႔ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ”မၾကာေသးခင္ကမွ ျပဳလုပ္ခဲ့တဲ့ စစ္ေဆးမႈေတြအရ Positive သမားေတြ ပိုမ်ားလာလုိ႔ ဘန္ေလနဲ႔ပြဲကို ေရႊ႕ဆုိင္းလုိက္ပါတယ္။ Positive ေတြ႕သူေတြလည္း ၿဗိတိန္အစိုးရနဲ႔ ပရီးမီးယားလိဂ္ရဲ႕ လမ္းညႊန္ခ်က္ေတြနဲ႔အညီ ကြာရန္တင္း၀င္ေနပါတယ္”လုိ႔ ေၾကညာခ်က္ထုတ္ျပန္ခ့ဲပါတယ္။