
ဒေါ့မွန်စတားအာလင်းဟာလန်းဟာလာဖေဖော်ဝါရီလတွင်
အနာဂတ်ကိုဆုံးဖြတ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။
နော်ဝေတိုက်စစ်မှူးဟာ၂၀၂၀ခုနှစ်ဇန်နဝါရီတွင်ရက်ဘူးလ်ဆဲလ်ဘတ်မှ
ဒေါ့မွန်သို့ပြောင်းရွှေ့လာသူဖြစ်ပြီးစာချုပ်သက်တမ်းမှာ
၂၀၂၃ခုနှစ်၊ဇွန်လတွင်ကုန်ဆုံးပါမယ်။
ဒါပေမဲ့ဟာလန်းရဲ့ဒေါ့မွန်နှင့်ချုပ်ဆိုထားတဲ့စာချုပ်အတွင်းတွင်
၂၀၂၂ခုနှစ်နွေရာသီတွင်စာချုပ်ဖျက်သိမ်းကြေးပေါင်၆၈သန်းဖြင့်
ခေါ်ယူနိုင်မယ့်အချက်ပါဝင်နေပါတယ်။ဒါကြောင့်လည်းရီးရဲလ်မက်ဒရစ်၊
ဘာစီလိုနာ၊ယူနိုက်တက်၊မန်စီးတီး၊ဘိုင်ယန်မြူးနစ်အပါအဝင်
ဥရောပထိပ်သီးကလပ်များကခေါ်ယူရန်စိတ်ဝင်စားနေပါတယ်။
တဖက်တွင် ဒေါ့မွန်ဟာလည်းအသင်းရဲ့အရေးပါဆုံးကစားသမားတစ်ဦးဖြစ်တဲ့
အာလင်းဟာလန်းကိုခေါ်ယူရေးငွေကြေးများစွာရင်းနှီးမြှပ်နှံမှုပြုလုပ်ရန်စီစဉ်နေပါတယ်။
Bild ရဲ့ဖော်ပြချက်အရဒေါ့မွန်ဟာကလပ်သမိုင်းတစ်လျှောက်
အမြင့်မားဆုံးလုပ်ခအဖြစ် အာလင်းဟာလန်းကို တစ်ပတ်လုပ်ခ
ပေါင်၂၆၀၀၀၀ (တစ်နှစ်လုပ်ခပေါင်၁၃.၄သန်း)အထိအထိပေးရန်စီစဉ်နေပါတယ်။
အာလင်းဟာလန်းအနေဖြင့်ဒေါ့မွန်ရဲ့အင်္ကျီစပွန်ဆာ Puma ထံမှလည်း
အပိုဆုကြေးငွေပေါင်၆.၇သန်းအထိရရှိဦးမှာဖြစ်ကြောင်းသိရပါတယ်။
ဒါ့အပြင် Bild က Puma ဟာအာလင်းဟာလန်းကို
သူ့ရဲ့လက်ရှိစပွန်ဆာ Nike နှင့်ချုပ်ဆိုထားတဲ့စာချုပ်ကိုဖျက်သိမ်းပြီး
သူတို့နှင့်စပွန်ဆာ စာချုပ်ချုပ်ဆိုရန်လည်း တွန်းအားပေးသွားမယ်လို့သိရပါတယ်။
ဟာလန်းရဲ့အေးဂျင့်မီနိုရိုင်အိုလာ၊ဖခင်ဖြစ်သူအယ်ဖင်းဟာလန်းတို့ဟာ
လာမယ့်ဇန်နဝါရီလတွင်ဒေါ့မွန်၊ Puma တို့နှင့်ဆွေးနွေးမှုများပြုလုပ်သွားပါမယ်။
ဟာလန်းအနေဖြင့်ဒေါ့မွန်၊ Puma တို့ရဲ့ကမ်းလှမ်းမှုကိုလက်ခံလာပါက
အနည်းဆုံးတစ်နှစ်လုပ်ခပေါင်၁၆.၈သန်း(ယူရိုသန်း၂၀)အထိရရှိလာမှာဖြစ်ကာ
ဘိုင်ယန်မြူးနစ်ဂိုးသွင်းစက်လီဝန်ဒေါ့စကီးနှင့်အကျိုးခံစားခွင့်အတူတူဖြစ်လာပါမယ်။
ဟာလန်းဟာလွန်ခဲ့နှစ်နှစ်ခန့်တုန်းကဒေါ့မွန်သို့ပြောင်းရွှေ့လာပြီးနောက်
ပြိုင်ပွဲအရပ်ရပ်မှာ၇၅ပွဲကစားထားရာမှာ၇၆ဂိုးသွင်းယူထားပါတယ်။
လတ်တလောသတင်းများအရတိုက်စစ်မှူးရှာဖွေနေတဲ့ပရီးမီးယားလိဂ်ချန်ပီယံ
မန်စီးတီးဟာအာလင်းဟာလန်းကိုခေါ်ယူရေးအတွက်
ရေကုန်ရေခမ်းကြိုးပမ်းသွားမယ်လို့သတင်းထွက်နေပါတယ်။
တဖက်တွင်ယူနိုက်တက်နည်းပြရေးဖ်ရန်းနစ်ခ်ကလည်းဟာလန်းကို
အိုးထရက်ဖို့ဒ်သို့ခေါ်ဆောင်နိုင်ရေးအတွက်ဖခင်ဖြစ်သူအယ်ဖင်းဟာလန်းနှင့်
ဆွေးနွေးနေကြောင်းသတင်းထွက်နေပါတယ်။
ယူနိုက်တက်ဟာလွန်ခဲ့နှစ်နှစ်ဝန်းကျင်တုန်းကလည်းဟာလန်းကို
ခေါ်ယူရေးကြိုးပမ်းခဲ့ဖူးကာကစားသမားဘက်ကဒေါ့မွန်ကို
ရွေးချယ်ခဲ့မှုကြောင့် မအောင်မြင်ခဲ့တာဖြစ်ပါတယ်။
zawgyi
ေဖေဖာ္ဝါရီမွာ အၿပီးသတ္ဆုံးျဖတ္ရေတာ့မယ့္ ဟာလန္းရဲ႕ အနာဂတ္
ေဒါ့မြန္စတားအာလင္းဟာလန္းဟာလာေဖေဖာ္ဝါရီလတြင္
အနာဂတ္ကိုဆုံးျဖတ္သြားမည္ျဖစ္ေၾကာင္းသိရပါတယ္။
ေနာ္ေဝတိုက္စစ္မႉးဟာ၂၀၂၀ခုႏွစ္ဇန္နဝါရီတြင္ရက္ဘူးလ္ဆဲလ္ဘတ္မွ
ေဒါ့မြန္သို႔ေျပာင္းေ႐ႊ႕လာသူျဖစ္ၿပီးစာခ်ဳပ္သက္တမ္းမွာ
၂၀၂၃ခုႏွစ္၊ဇြန္လတြင္ကုန္ဆုံးပါမယ္။
ဒါေပမဲ့ဟာလန္းရဲ႕ေဒါ့မြန္ႏွင့္ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္အတြင္းတြင္
၂၀၂၂ခုႏွစ္ေႏြရာသီတြင္စာခ်ဳပ္ဖ်က္သိမ္းေၾကးေပါင္၆၈သန္းျဖင့္
ေခၚယူႏိုင္မယ့္အခ်က္ပါဝင္ေနပါတယ္။ဒါေၾကာင့္လည္းရီးရဲလ္မက္ဒရစ္၊
ဘာစီလိုနာ၊ယူႏိုက္တက္၊မန္စီးတီး၊ဘိုင္ယန္ျမဴးနစ္အပါအဝင္
ဥေရာပထိပ္သီးကလပ္မ်ားကေခၚယူရန္စိတ္ဝင္စားေနပါတယ္။
တဖက္တြင္ ေဒါ့မြန္ဟာလည္းအသင္းရဲ႕အေရးပါဆုံးကစားသမားတစ္ဦးျဖစ္တဲ့
အာလင္းဟာလန္းကိုေခၚယူေရးေငြေၾကးမ်ားစြာရင္းႏွီးျမႇပ္ႏွံမႈျပဳလုပ္ရန္စီစဥ္ေနပါတယ္။
Bild ရဲ႕ေဖာ္ျပခ်က္အရေဒါ့မြန္ဟာကလပ္သမိုင္းတစ္ေလွ်ာက္
အျမင့္မားဆုံးလုပ္ခအျဖစ္ အာလင္းဟာလန္းကို တစ္ပတ္လုပ္ခ
ေပါင္၂၆၀၀၀၀ (တစ္ႏွစ္လုပ္ခေပါင္၁၃.၄သန္း)အထိအထိေပးရန္စီစဥ္ေနပါတယ္။
အာလင္းဟာလန္းအေနျဖင့္ေဒါ့မြန္ရဲ႕အက်ႌစပြန္ဆာ Puma ထံမွလည္း
အပိုဆုေၾကးေငြေပါင္၆.၇သန္းအထိရရွိဦးမွာျဖစ္ေၾကာင္းသိရပါတယ္။
ဒါ့အျပင္ Bild က Puma ဟာအာလင္းဟာလန္းကို
သူ႔ရဲ႕လက္ရွိစပြန္ဆာ Nike ႏွင့္ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္ကိုဖ်က္သိမ္းၿပီး
သူတို႔ႏွင့္စပြန္ဆာ စာခ်ဳပ္ခ်ဳပ္ဆိုရန္လည္း တြန္းအားေပးသြားမယ္လို႔သိရပါတယ္။
ဟာလန္းရဲ႕ေအးဂ်င့္မီႏို႐ိုင္အိုလာ၊ဖခင္ျဖစ္သူအယ္ဖင္းဟာလန္းတို႔ဟာ
လာမယ့္ဇန္နဝါရီလတြင္ေဒါ့မြန္၊ Puma တို႔ႏွင့္ေဆြးေႏြးမႈမ်ားျပဳလုပ္သြားပါမယ္။
ဟာလန္းအေနျဖင့္ေဒါ့မြန္၊ Puma တို႔ရဲ႕ကမ္းလွမ္းမႈကိုလက္ခံလာပါက
အနည္းဆုံးတစ္ႏွစ္လုပ္ခေပါင္၁၆.၈သန္း(ယူ႐ိုသန္း၂၀)အထိရရွိလာမွာျဖစ္ကာ
ဘိုင္ယန္ျမဴးနစ္ဂိုးသြင္းစက္လီဝန္ေဒါ့စကီးႏွင့္အက်ိဳးခံစားခြင့္အတူတူျဖစ္လာပါမယ္။
ဟာလန္းဟာလြန္ခဲ့ႏွစ္ႏွစ္ခန႔္တုန္းကေဒါ့မြန္သို႔ေျပာင္းေ႐ႊ႕လာၿပီးေနာက္
ၿပိဳင္ပြဲအရပ္ရပ္မွာ၇၅ပြဲကစားထားရာမွာ၇၆ဂိုးသြင္းယူထားပါတယ္။
လတ္တေလာသတင္းမ်ားအရတိုက္စစ္မႉးရွာေဖြေနတဲ့ပရီးမီးယားလိဂ္ခ်န္ပီယံ
မန္စီးတီးဟာအာလင္းဟာလန္းကိုေခၚယူေရးအတြက္
ေရကုန္ေရခမ္းႀကိဳးပမ္းသြားမယ္လို႔သတင္းထြက္ေနပါတယ္။
တဖက္တြင္ယူႏိုက္တက္နည္းျပေရးဖ္ရန္းနစ္ခ္ကလည္းဟာလန္းကို
အိုးထရက္ဖို႔ဒ္သို႔ေခၚေဆာင္ႏိုင္ေရးအတြက္ဖခင္ျဖစ္သူအယ္ဖင္းဟာလန္းႏွင့္
ေဆြးေႏြးေနေၾကာင္းသတင္းထြက္ေနပါတယ္။
ယူႏိုက္တက္ဟာလြန္ခဲ့ႏွစ္ႏွစ္ဝန္းက်င္တုန္းကလည္းဟာလန္းကို
ေခၚယူေရးႀကိဳးပမ္းခဲ့ဖူးကာကစားသမားဘက္ကေဒါ့မြန္ကို
ေ႐ြးခ်ယ္ခဲ့မႈေၾကာင့္ မေအာင္ျမင္ခဲ့တာျဖစ္ပါတယ္။