ဖရန့်ဖတ် vs ယူနီယံဘာလင်
နှစ်သင်းစလုံးကတော့ ကြားရက်ထဲမှာ ဥရောပပွဲစဉ်ကစားထားကြတာပါ။
လောလောဆယ် ဖရန့်ဖတ်က ဒီရာသီပြည်တွင်းမှာ ပထမဆုံးအကြိမ်အဖြစ်
နိုင်ပွဲဆက်ထားပေမယ့် အဝေးကွင်းတွေမှာသာဖြစ်ပြီး အိမ်ကွင်း တစ်ပွဲမှ မပါသေးပါဘူး။
ဘွန်ဒက်စ်လီဂါက ဖရန့်ဖတ်ရဲ့အိမ်ကွင်း ၅ ပွဲမှာ ၄ ပွဲက သရေဖြစ်ထားတာပါ။
ပြီးခဲ့တဲ့ရာသီကဆိုရင် ဖရန့်ဖတ်ဟာ သရေပွဲအများဆုံးအသင်းဖြစ်ခဲ့ပြီး
၁၄ ပွဲတောင် သရေကျခဲ့တာပါ။ ယူနီယံဘာလင်ကတော့ ဒီရာသီဘွန်ဒက်စ်လီဂါမှာ
အဝေးကွင်းပွဲတိုင်းဂိုးရထားပြီး အဝေးကွင်းမှာ ဒေါ့မန်တစ်သင်းတည်းကိုသာ
ရှုံးထားတာပါ။ =၃၀ နဲ့ ဖရန့်ဖတ်ရဲ့အကျောပေးမှုလည်း ပျော့တာကြောင့်
ယူနီယံဘာလင် အနိမ့်ဆုံးသရေမှာပါ။
လစ်ပ်ဇစ် vs လေဗာကူဆင်
လစ်ပ်ဇစ်ဟာ ကြားရက်ချန်ပီယံလိဂ်မှာ ဂိုးပြတ်အနိုင်ရထားတယ်ဆိုပေမယ့်
နည်းပြသစ်ဂျက်စ်မက်ချ်လက်ထက် ပြည်တွင်းမှာတော့ တာထွက်နှေးခဲ့ပါတယ်။
ပြည်တွင်းမှာ အဝေးကွင်းနိုင်ပွဲမရှိသေးပေမယ့် အိမ်ကွင်းမှာတော့
နောက်ဆုံး ၄ ပွဲဆက်နိုင်ထားတာပါ။ လေဗာကူဆင်ကတော့ တိုက်စစ်မှာ
လူပြန်စုံလာပြီဖြစ်သလို အခုရာသီပြည်တွင်းမှာလည်း အဝေးကွင်းရှုံးပွဲမရှိသေးပါဘူး။
ဒါပေမဲ့ လေဗာကူဆင်ဟာ အဝေးကွင်းမှာ ဒီ့အရင်က
အသင်းကြီးတစ်သင်းနဲ့မှကို မတွေ့တာပါ။ သူတို့နှစ်သင်းကြားက
နောက်ပိုင်းတွေ့ဆုံမှုတွေမှာတော့ အကြိတ်အနယ်နဲ့ ဂိုးမများခဲ့ပါဘူး။
ဒါကြောင့် ဂိုးအောက်နဲ့စွန့်စားကြည့်မယ်။
zawgyi
ဖွင့်လှစ်မှုနဲ့ခြေစွမ်းအရ အနီးစပ်ဆုံးဖြစ်နိုင်မယ့် တနင်္ဂနွေည ဘွန်ဒက်စ်လီဂါကို ချဉ်းကပ်ခြင်း(Super Zay)
လစ်ပ်ဇစ် vs လေဗာကူဆင်
နည်းပြသစ်ဂျက်စ်မက်ခ်ျလက်ထက် ပြည်တွင်းမှာတော့ တာထွက်နှေးခဲ့ပါတယ်။