ဖွင့်လှစ်မှုနဲ့ခြေစွမ်းအရ အနီးစပ်ဆုံးဖြစ်နိုင်မယ့် စနေညဘွန်ဒက်စ်လီဂါ(Super Zay)
ဂရူသာဖတ် vs အော့စ်ဘတ်
ကြားရက်မှာ ကစားခဲ့တဲ့ ဒေါ့မန်နဲ့ပွဲမှာ ထင်မှတ်ထားသလိုပဲ ဂိုးပြတ်ရှုံးခဲ့ပေမယ့်
ဇယားအောက်ခြေက ဂရူသာဖတ်ဟာ ပြီးခဲ့တဲ့အပတ်က အိမ်ကွင်းမှာ
သူတို့ရဲ့ဒီရာသီပထမဆုံးဘွန်ဒက်စ်လီဂါနိုင်ပွဲကို စတင်ရရှိခဲ့ပါတယ်။
အော့စ်ဘတ်ကလည်း ပြီးခဲ့တဲ့အပတ်ကမှ ပထမဆုံးအဝေးကွင်းနိုင်ပွဲစရခဲ့တာပါ။
နောက်ပိုင်းအိမ်ကွင်းပွဲတွေမှာ ဂရူသာဖတ်ခြေစွမ်းတိုးတက်လာလို့
မရှုံးနိုင်တဲ့အိမ်ရှင်နဲ့ စွန့်စားချင်တယ်။
ဘိုချမ် vs ယူနီယံဘာလင်
ဘိုချမ်ဟာ ကြားရက်ထဲမှာ တန်းဆင်းဇုန်ထဲက ဘီလီဖီးလ်ကို ရှုံးနိမ့်ခဲ့ပေမယ့်
နောက်ဆုံး ၉ ပွဲမှာ ၅ ပွဲနိုင်ထားပြီး နောက်ဆုံးအိမ်ကွင်းပွဲမှာလည်း
ဒေါ့မန်လိုအသင်းကို သရေကန်နိုင်ခဲ့တာပါ။ ယူနီယံဘာလင်ကတော့
နောက်ဆုံး ၂ ပွဲဆက် နိုင်ပွဲပျောက်ခဲ့သလို အဲဒီ ၂ ပွဲမှာ ဂိုးလည်း မသွင်းနိုင်ခဲ့ပါဘူး။
ဒါ့အပြင် ဘိုချမ်က ယူနီယံနဲ့အိမ်ကွင်းတွေ့ဆုံမှု နောက်ဆုံး ၅ ပွဲစလုံးမှာ ရှုံးပွဲမရှိခဲ့ဘူး။
ဂိုးပေါင်းဈေးလည်းပြုတ်သွားလို့ အောက်စုံဝင်ဖို့ များတယ်။
ဟော်ဖန်ဟိမ်း vs ဂလက်ဘတ်
ကြားရက်ထဲမှာ လေဗာကူဆင်နဲ့ ၂-၂ သရေကန်ခဲ့တဲ့ ဟော်ဖန်ဟိမ်းဟာ
အကောင်းဆုံးပုံစံရနေချိန်ဖြစ်ပြီး အဲဒီမတိုင်ခင် ဘွန်ဒက်စ်လီဂါမှာ
နောက်ဆုံး ၄ ပွဲဆက် နိုင်ထားတာပါ။ နောက်ဆုံး ၄ ပွဲဆက်အရှုံးကြောင့်
ဂလက်ဘတ်ကလည်း လက်ရှိအခြေအနေကနေ အမြန်ဆုံးရုန်းထွက်နိုင်ဖို့
လိုနေပါတယ်။ ရှုံးပွဲဆက်နေတာတောင် ဂလက်ဘတ်ဟာ ဂိုးသွင်းမပြတ်ခဲ့ပါဘူး။
ဂိုးပေါင်းဈေးတက်သွားသလို ဂိုးပေါ်ပိုလှတဲ့ပွဲပါ။
ဖရန့်ဖတ် vs မိန့်ဇ်
နောက်ဆုံးဘွန်ဒက်စ်လီဂါ ၆ ပွဲမှာ ၅ ပွဲနိုင်ထားတဲ့ ဖရန့်ဖတ်က
သူတို့နဲ့ရမှတ်တူမိန့်ဇ်ကို အိမ်ကွင်းမှာ =၃၀ သာ အကျောပေးနိုင်လို့
ဈေးအတော်ပျော့နေပါတယ်။ မိန့်ဇ်ဟာ ဒီရာသီမှာ ခံစစ်ပိုင်းတိုးတက်လာပြီး
၁၆ ဂိုးသာပေးထားရလို့ အမှတ်ဖြတ်ဦးဆောင်နေတဲ့ဘိုင်ယန်နဲ့
ပေးဂိုးအတူတူပါပဲ။ ဒါကြောင့် ဖွင့်လှစ်မှုအရတော့
ဧည့်သည်မိန့်ဇ် အနည်းဆုံးသရေရနိုင်တယ်။
လစ်ပ်ဇစ် vs ဘီလီဖီးလ်
အော့စ်ဘတ်နဲ့ကြားရက်ပွဲမှာ နောက်ကျပင်နယ်တီပေးဂိုးရလို့
လစ်ပ်ဇစ်ဟာ နည်းပြသစ်လက်ထက်မှာ နိုင်ပွဲမဆက်ခဲ့တာပါ။
သူတို့ဟာ ဘွန်ဒက်စ်လီဂါမှာ အဝေးကွင်းနိုင်ပွဲမရသေးပေမယ့်
အိမ်ကွင်းအကောင်းဆုံးအသင်းတွေထဲမှာ ပါဝင်ပြီး အဲဒီက နောက်ဆုံး
အိမ်ကွင်း ၆ ပွဲမှာ ၅ ပွဲနိုင်ထားတာပါ။ ဘိုင်ယန်ကို ဂိုးပြတ်မရှုံးခဲ့တဲ့
ဘီလီဖီးလ်ကို ၂+၄၀ ပေါက်နေလို့ လစ်ပ်ဇစ်ကို ယုံကြည်သင့်တယ်။
ဟာသာဘာလင် vs ဒေါ့မန်
ကြားရက်ထဲမှာ မိန့်ဇ်ကို ရှုံးခဲ့လို့ ဟာသာဘာလင်ဟာ ယာယီနည်းပြသစ်လက်ထက်
ပထမဆုံးရှုံးပွဲ ကြုံခဲ့ရပါတယ်။ ဒါပေမဲ့ ဟာသာဟာ ဒီရာသီဘွန်ဒက်စ်လီဂါမှာ
အိမ်ကွင်းပွဲတိုင်း ဂိုးရထားပါတယ်။ ဒေါ့မန်ကလည်း ဘိုင်ယန်နဲ့ ၆ မှတ်
ပြန်ကွာရေးအတွက် ဒီပွဲအနိုင်ရဖို့ လိုပါတယ်။ တစ်ခုရှိတာက ဒေါ့မန်ဟာ
အဝေးကွင်းဆို အမြဲဂိုးပေးနေရတာပါ။ ဂိုးပေါ်က ပိုစိတ်ချရလိမ့်မယ်။
zawgyi
ဂရူသာဖတ် vs အော့စ်ဘတ်
ဖရန့်ဖတ် vs မိန့်ဇ်
လစ်ပ်ဇစ် vs ဘီလီဖီးလ်
ဟာသာဘာလင် vs ဒေါ့မန်