ဖွင့်လှစ်မှုနဲ့ခြေစွမ်းအရ အနီးစပ်ဆုံးဖြစ်နိုင်မယ့် တနင်္ဂနွေည ဘွန်ဒက်စ်လီဂါကို ချဉ်းကပ်ခြင်း(Super Zay)
ဟာသာဘာလင် vs လေဗာကူဆင်
၄ ပွဲနိုင်၊ ၆ ပွဲရှုံးထားတာကြောင့် ဟာသာဘာလင်ဟာ ဒီရာသီဘွန်ဒက်စ်လီဂါမှာ
သရေပွဲမရှိသေးပါဘူး။ နောက်ဆုံးအိမ်ကွင်းပွဲမှာတော့ သူတို့ဟာ ဂလက်ဘတ်ကို
အနိုင်ရထားပြီး ဒီရာသီအိမ်ကွင်း ၄ ပွဲမှာ ၂ ပွဲအနိုင်ရထားတာပါ။ လေဗာကူဆင်ကတော့
ဘိုင်ယန်ကိုရှုံးပြီးနောက်ပိုင်း ပြိုင်ပွဲအရပ်ရပ်တောက်လျှောက်နိုင်ပွဲပျောက်နေမှုကို
ပြီးခဲ့တဲ့ကြားရက် ဘက်တစ်နဲ့ယူရိုပါလိဂ်ပွဲစဉ်မှာ ဂိုးပြတ်နိုင်ပွဲနဲ့အဆုံးသတ်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ လေဗာကူဆင်ရဲ့ဒဏ်ရာပြသနာတွေက လျော့ပါးသွားခြင်းမရှိဘဲ
ပက်ထရစ်ရှ်အပါအဝင် အဓိကကစားသမားအချို့ဒဏ်ရာရနေကြတာပါ။
လေဗာကူဆင်ဟာ ဟာသာဘာလင်နဲ့နောက်ဆုံးတွေ့ဆုံမှု ၄ ပွဲစလုံးမှာလည်း
ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ မရှုံးနိုင်တဲ့အိမ်ရှင်နဲ့လက်တွဲမယ်။
ကိုလုံး vs ယူနီယံဘာလင်
ယူနီယံဘာလင်ဟာ ကိုလုံးနဲ့ဘွန်ဒက်စ်လီဂါတွေ့ဆုံမှု ၄ ပွဲစလုံးကို အနိုင်ရထားပေမယ့်
လောလောဆယ် ပွဲဆက်များနေပြီး ရလဒ်ပိုင်းလည်း အကျဘက်ရောက်နေပါတယ်။
သူတို့ဟာ ဒီရာသီအိမ်ကွင်းမာပေမယ့် အဝေးကွင်းမှာ တစ်ပွဲပဲနိုင်သေးပြီး
အဝေးကွင်းပွဲတိုင်း သွင်းဂိုး၊ ပေးဂိုးရှိထားပါတယ်။ ကိုလုံးကတော့ ဒီရာသီအိမ်ကွင်း
ရှုံးပွဲမရှိသေးဘဲ အိမ်ကွင်း ၅ ပွဲမှာ ၃ ပွဲအနိုင်ရထားကာ အိမ်ကွင်းပွဲတိုင်းလည်း
ဂိုးရထားပါတယ်။ ဒါပေမဲ့ ကိုလုံးဟာ အိမ်ကွင်းပွဲတိုင်းမှာလည်း ဂိုးပေးထားရပါတယ်။
အိမ်ကွင်းပွဲတိုင်းသွင်းဂိုး၊ပေးဂိုးရှိတဲ့အသင်းနဲ့ အဝေးကွင်းပွဲတိုင်းသွင်းဂိုး၊ပေးဂိုးရှိတဲ့
နှစ်သင်းတွေ့တဲ့ပွဲဖြစ်ပြီး ဂိုးပေါင်းဈေးလည်းမနိမ့်တာကြောင့် ဂိုးပေါ်ဝင်မှာပါ။
ဂရူသာဖတ် vs ဖရန့်ဖတ်
ဂရူသာဖတ်ဟာ အိမ်ဖြည့်အနေနဲ့ ဘွန်ဒက်စ်လီဂါကို တန်းတက်လာသလားလို့ထင်ရအောင်
အခုချိန်ထိ ၁ မှတ်သာရထားပြီး ဇယားအောက်ခြေမှာ မြဲနေတာပါ။ သူတို့ဟာ
နောက်ဆုံးဘွန်ဒက်စ်လီဂါ ၈ ပွဲဆက်လည်း ရှုံးထားပါတယ်။ ဖရန့်ဖတ်ကလည်း
ဒီရာသီအခြေအနေဆိုးနေပြီး တန်းဆင်းဇုန်နားရောက်နေတာပါ။ လက်ရှိအခြေအနေကနေ
ရုန်းထွက်နိုင်ဖို့ဆိုရင် ဂရူသာဖတ်လို အမှတ်လှူတဲ့အသင်းနဲ့တွေ့ဆုံခိုက်
အမှတ်ပြည့်ယူထားနိုင်ဖို့ လိုပါတယ်။ ခံစစ်အပွင့်ကြီးနဲ့ တိုက်စစ်ကစားနေတဲ့အိမ်ရှင်ကြောင့်
တစ်ဂိုးသွင်းတာနဲ့အဆင်ပြေမယ့် ဧည့်သည်ပဲ စဉ်းစားမယ်။
zawgyi
၎ ပွဲနိုင်၊ ၆ ပွဲရှုံးထားတာကြောင့် ဟာသာဘာလင်ဟာ ဒီရာသီဘွန်ဒက်စ်လီဂါမှာ
ဂရူသာဖတ် vs ဖရန့်ဖတ်