ဖွင့်လှစ်မှုနဲ့ခြေစွမ်းအရ အနီးစပ်ဆုံးဖြစ်နိုင်မယ့် စနေညဘွန်ဒက်စ်လီဂါ(Super Zay)
စတုဂတ် – အော့စ်ဘတ်
တန်းဆင်းဇုန်ထဲက စတုဂတ်ဟာ သူတို့နဲ့ ၃ မှတ်သာကွာတဲ့
တန်းဆင်းဇုန်အထက်နားက အော့စ်ဘတ်ကို =၈၅ ဆိုတာ ဈေးပြင်းပါတယ်။
နောက်ဆုံးအိမ်ကွင်းပွဲမှာလည်း စတုဂတ်ဟာ ဂလက်ဘတ်ကိုအနိုင်ကန်ထားတာပါ။
အော့စ်ဘတ်ကတော့ ဒီရာသီအဝေးကွင်းမှာ ခြေစွမ်းရော ရလဒ်ပါ သာမန်ပါပဲ။
ဒါကြောင့် ဘော်ဒီအပေါ် ဂိုးအောက်ဆိုရင် နှစ်ကွက်စလုံးဝင်နိုင်ပါတယ်။
မိန့်ဇ် – ဘီလီဖီးလ်
မိန့်ဇ်-ဘီလီဖီးလ်ပွဲက ဂိုးပေါင်းဈေးဟာ ဒီတစ်ပတ်ဘွန်ဒက်စ်လီဂါရဲ့အနိမ့်ဆုံးပါ။
ဒါပေမဲ့ မိန့်ဇ်ရဲ့အကျောပေးမှုက ၁+၅၀ ကနေ ၁+၂၀ ဖြစ်သွားတယ်။
ဒါကလည်း ဧည့်သည်ဘီလီဖီးလ်ဟာ ဒီရာသီသွင်းဂိုးအနည်းဆုံးအသင်းဖြစ်ကာ
နောက်ဆုံး ၃ ပွဲဆက်မှာ ဂိုးမသွင်းနိုင်ဘဲနဲ့ ရှုံးထားလို့ပါ။
ဘော်ဒီထက်စာရင် ဂိုးအောက်က ပိုသေချာမယ်ထင်တယ်။
ဟာသာဘာလင် – ဟော်ဖန်ဟိမ်း
ဟာသာဘာလင်ရဲ့အဖြစ်က free fall ကျလာသလားတောင် ထင်ရတယ်။
ဘာကြောင့်လဲဆို ၅ ပွဲဆက်အရှုံးကြောင့် သူတို့ဟာ တန်းဆင်းဇုန်ထဲရောက်သွားတာပါ။
ဒါ့အပြင် အဲဒီ ၅ ပွဲစလုံးမှာ အနိမ့်ဆုံး ၂ ဂိုးနှုန်းပေးခဲ့ရတာပါ။
ပြီးခဲ့တဲ့အပတ်က ဘိုင်ယန်ကို သရေကန်နိုင်ခဲ့တဲ့ဟော်ဖန်ဟိမ်းကတော့
အကောင်းဆုံးပုံစံရနေချိန်ဖြစ်ပြီး ဟာသာနဲ့ နောက်ဆုံးတွေ့ဆုံမှု
၆ ပွဲမှာလည်း ၅ ပွဲနိုင်ထားပါတယ်။ ဧည့်သည်သွင်းဂိုးတွေကို ရေတွက်ကြည့်ချင်တယ်။
ဂရူသာဖတ် – ဖရိုင်းဘတ်
ဇယားအောက်ခြေက ဂရူသာဖတ်ဟာ တန်းဆင်းရဖို့
သေချာသလောက်ဖြစ်နေတဲ့အသင်းပါ။ နောက်ဆုံးအိမ်ကွင်းပွဲမှာလည်း
လစ်ပ်ဇစ်ကို ဂိုးအလှူပေးထားရပါတယ်။ ဖရိုင်းဘတ်ကတော့
နောက်ဆုံးဘွန်ဒက်စ် ၅ ပွဲစလုံးမှာ ရှုံးပွဲမရှိခဲ့ဘဲ ၃ ပွဲနိုင်ထားတာပါ။
ဒါ့အပြင် ဖရိုင်းဘတ်ဟာ ဂရူသာဖတ်နဲ့နောက်ဆုံးတွေ့ဆုံမှု
၅ ပွဲစလုံးကိုလည်း နိုင်ထားပါတယ်။ ဖရိုင်းဘတ်အတွက်
အမှတ်ပြည့်ရဖို့ဆို ခက်ခဲမယ်မထင်ဘူး။
ဘိုင်ယန်မြူးနစ် -ယူနီယံဘာလင်
အခုနောက်ပိုင်းဘွန်ဒက်စ်လီဂါမှာ ဘိုင်ယန်ဟာ ယုံကြည်လို့မရတော့ပါဘူး။
အဲဒီမှာ နောက်ဆုံး ၃ ပွဲဆက် အောက်စုံတွေချည်း ကန်ခဲ့တာပါ။
ဒီတစ်ပတ် သူတို့ဧည့်ခံရမယ့်ယူနီယံဘာလင်ဆိုတာကလည်း တန်းတက်လာပြီး
ဘိုင်ယန်အိမ်ကွင်းမှာ နှစ်ကြိမ်စလုံးကြေးအောင်ခဲ့တဲ့အသင်းပါ။
ဒါကြောင့် ဘော်ဒီဈေး ၂-၃၀ မှာ ဘိုင်ယန် ၃ ဂိုးပြတ်ဖို့ လွယ်မယ်မထင်ပါဘူး။
ဂိုးပြတ်မရှုံးနိုင်တဲ့ဧည့်သည်နဲ့စွန့်စားချင်တယ်။
zawgyi
စတုဂတ် – အော့စ်ဘတ်
မိန့်ဇ် – ဘီလီဖီးလ်
ဂရူသာဖတ် – ဖရိုင်းဘတ်