ဗန္ဒီဘိခ္အတြက္ စိုးရိမ္စကား​ေျပာတဲ့ ဖာဒီနန္

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဗန်ဒီဘိခ်အတွက် စိုးရိမ်စကားပြောတဲ့ ဖာဒီနန်ယူနိုက်တက်ကစားသမားဟောင်း ဖာဒီနန်ကတော့ ဗန်ဒီဘိခ်အတွက် စိုးရိမ်နေပါတယ်။ယူနိုက်တက်အသင်းမှာ ဒတ်ခ်ျကစားသမားတစ်ယောက်ရှေ့ဆက် နေရာမရ၊ ပွဲမထွက်ရမှာကို စိုးရိမ်နေတာပါ။

ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းအတွက်ပေါင် ၄၀ သန်းနဲ့ခေါ်ယူခဲ့တဲ့ ဗန်ဒီဘိခ်ဟာ ပွဲထွက်ခွင့်တွေ ဆက်တိုက်ပျောက်ခဲ့ပြီးကာမှ မနေ့က ဝက်ဖို့ဒ်နဲ့ ပွဲမှာ ပြန်လည် ပါဝင်လာတာပါ။

“ဗန်ဒီဘိခ် မိနစ်များများ မကစားရတာကိုတော့ ကျွန်တော် တကယ်အံ့အားသင့်မိပါတယ်။ သူပွဲထွက်ခွင့်တွေ ပိုမိုလိုချင်နေတယ် ဆိုတာ ကျွန်တော့် အနေနဲ့ ရာနှုန်းပြည့် သေချာပေါက်ပြောရဲပါတယ်။ သူနဲ့ ပတ်သက်တဲ့အခြေအနေတစ်ခုလုံးမှာ စိတ်ဝင်စားဖွယ်အချက်ကတော့ အသင်းမပြောင်းခင် ဘာတွေစေ့စပ်ညှိနှိုင်းခဲ့လဲ၊ ဘာစကားတွေပြောဆိုခဲ့သလဲဆိုတာပါ”

“ခင်ဗျားတို့အနေနဲ့ တစ်နေရာရာကို သွားဖို့ စာချုပ်တစ်ခုကိုညှိနှိုင်းတဲ့ အခါ၊ ကိုယ်ဘယ်ကလပ်ကို ပြောင်းတော့မယ်ဆိုတာ သိတဲ့အခါ၊ ကိုယ်ဘာသာ ဘယ်လိုစတင်မလဲဆိုတာသိရမယ်။ အဲလိုမဟုတ်ရင် အသင်းက သူတို့ပုံစံနဲ့ပဲသွားလိမ့်မယ်” “အဲဒါကအရေးကြီးတဲ့အပိုင်းပါ။ ကျွန်တော်တို့က ခုထိတိကျတဲ့ အဖြေသိလို့ရယ်မဟုတ်ပါဘူး။ သူ့ရဲ့ အေးဂျင့်နဲ့လည်း ဆိုင်ပါလိမ့်မယ်။ဗန်ဒီဘိခ်ကတော့ ပွဲများများ ကစားဖို့ မျှော်လင့်ထားမှာပါပဲ။ သူ့အနေနဲ့ ယူနိုက်တက်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်ချင်မှာပါ။”

“ယူရိုပြိုင်ပွဲမှာ ပါဝင်ကစားခွင့်အတွက်လည်း ဗန်ဒီဘိခ်မှာ စိတ်ပူစရာတွေ ရှိချင်ရှိပါလိမ့်မယ်။”ဆိုပြီး ဖာဒီနန်ကပြောဆိုထားပါတယ်။ ဗန်ဒီဘိခ်တစ်ယောက်ပွဲထွက်ခွင့် မရပါက အသင်းပြောင်းနိုင်တယ် ဆိုတဲ့ အသံတွေလည်း ထွက်ထားပါတယ်။ ဗန်ဒီဘိခ်ဟာဝက်ဖို့ဒ်နဲ့ပွဲမှာ ဘောလုံးပေးပို့မှု၊ ဘောလုံးဆယ်ယူမှု ကောင်းကောင်း လုပ်ဆောင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဗန္ဒီဘိခ္အတြက္ စိုးရိမ္စကား​ေျပာတဲ့ ဖာဒီနန္ယူႏိုက္တက္ကစားသမား​ေဟာင္း ဖာဒီနန္က​ေတာ့ ဗန္ဒီဘိခ္အတြက္ စိုးရိမ္​ေနပါတယ္။ယူႏိုက္တက္အသင္းမွာ ဒတ္ခ္်ကစားသမားတစ္​ေယာက္ေရွ႕ဆက္ ​ေနရာမရ၊ ပြဲမထြက္ရမွာကို စိုးရိမ္​ေနတာပါ။ ၿပီးခဲ့တဲ့ အ​ေျပာင္းအ​ေ႐ႊ႕မွာ ယူႏိုက္တက္အသင္းအတြက္ေပါင္ ၄၀ သန္းနဲ႔​ေခၚယူခဲ့တဲ့ ဗန္ဒီဘိခ္ဟာ ပြဲထြက္ခြင့္​ေတြ ဆက္တိုက္​ေပ်ာက္ခဲ့ၿပီးကာမွ မ​ေန႔က ၀က္ဖို႔ဒ္နဲ႔ ပြဲမွာ ျပန္လည္ ပါ၀င္လာတာပါ။

“ဗန္ဒီဘိခ္ မိနစ္မ်ားမ်ား မကစားရတာကို​ေတာ့ ကြၽန္​ေတာ္ တကယ္အံ့အားသင့္မိပါတယ္။ သူပြဲထြက္ခြင့္​ေတြ ပိုမိုလိုခ်င္​​ေနတယ္ ဆိုတာ ကြၽန္​ေတာ့္ အ​​ေနနဲ႔ ရာႏႈန္းျပည့္ ​​ေသခ်ာ​ေပါက္​ေျပာရဲပါတယ္။ သူနဲ႔ ပတ္သက္တဲ့အေျခအေနတစ္ခုလုံးမွာ စိတ္ဝင္စားဖြယ္အခ်က္က​ေတာ့ အသင္းမ​ေျပာင္းခင္ ဘာ​ေတြေစ့စပ္ညႇိႏႈိင္းခဲ့လဲ၊ ဘာစကား​ေတြေျပာဆိုခဲ့သလဲဆိုတာပါ” “ခင္ဗ်ားတို႔အ​ေနနဲ႔ တစ္ေနရာရာကို သြားဖို႔ စာခ်ဳပ္တစ္ခုကိုညႇိႏႈိင္းတဲ့ အခါ၊ ကိုယ္ဘယ္ကလပ္ကို ​ေျပာင္း​ေတာ့မယ္ဆိုတာ သိတဲ့အခါ၊ ကိုယ္ဘာသာ ဘယ္လိုစတင္မလဲဆိုတာသိရမယ္။ အဲလိုမဟုတ္ရင္ အသင္းက သူတို႔ပုံစံနဲ႔ပဲသြားလိမ့္မယ္”

“အဲဒါကအေရးႀကီးတဲ့အပိုင္းပါ။ ကြၽန္​ေတာ္တို႔က ခုထိတိက်တဲ့ အ​ေျဖသိလို႔ရယ္မဟုတ္ပါဘူး။ သူ႔ရဲ႕ ​ေအးဂ်င့္နဲ႔လည္း ဆိုင္ပါလိမ့္မယ္။ဗန္ဒီဘိခ္က​ေတာ့ ပြဲမ်ားမ်ား ကစားဖို႔ ​ေမွ်ာ္လင့္ထားမွာပါပဲ။ သူ႔အ​ေနနဲ႔ ယူႏိုက္တက္ရဲ႕ အ​ေရးႀကီးတဲ့ အစိတ္အပိုင္း ျဖစ္ခ်င္မွာပါ။” “ယူ႐ိုၿပိဳင္ပြဲမွာ ပါ၀င္ကစားခြင့္အတြက္လည္း ဗန္ဒီဘိခ္မွာ စိတ္ပူစရာ​ေတြ ရွိခ်င္ရွိပါလိမ့္မယ္။”ဆိုၿပီး ဖာဒီနန္က​ေျပာဆိုထားပါတယ္။ ဗန္ဒီဘိခ္တစ္​ေယာက္ပြဲထြက္ခြင့္ မရပါက အသင္း​ေျပာင္းႏိုင္တယ္ ဆိုတဲ့ အသံ​ေတြလည္း ထြက္ထားပါတယ္။ ဗန္ဒီဘိခ္ဟာ၀က္ဖို႔ဒ္နဲ႔ပြဲမွာ ​ေဘာလုံး​ေပးပို႔မႈ၊ ေဘာလုံးဆယ္ယူမႈ ​ေကာင္း​ေကာင္း လုပ္​ေဆာင္ခဲ့ပါတယ္။